35 w - Translate

အတွေးလွန်ခြင်းဆိုတာ စိတ်ရောဂါတစ်မျိုးပါပဲ

အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို အတွေးလွန်တယ်လို့ ခေါ်ပါတယ်။

ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။ အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါ။

- စိတ်ဖိစီးမှု အလွန်အမင်းမြင့်တက်လာမယ်။

- မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။

- မှတ်ဥာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။

- အားငယ်စိတ်တွေ ပိုများလာမယ်။

- ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း
စဉ်းစားလာမယ်။

- အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။

- အိပ်ပျော်ဖို့ ခက်ခဲလာမယ်။

- အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။

- နှလုံးရောဂါ ရလာမယ်။

- စိတ်ရော ကိုယ်ပါ ပင်ပန်းဆင်းရဲလာမယ်။

အဆုံးမှာ သတ်သေတဲ့အထိ အခြေအနေဆိုးနိုင်ပါတယ်။

အတွေးလွန်ခြင်းဟာ ကျွန်တော်တို့ကြုံနေရတဲ့ ပြဿနာတွေအတွက် မှန်ကန်တဲ့အဖြေကို မပေးပါဘူး။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝကိုလည်း အောက်ဆုံးထိရောက်အောင် ဆွဲချနိုင်ပါတယ်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ ဘယ်ကိစ္စမှာမဆို အတွေးလွန်ခြင်းက ကျွန်တော်တို့ကို ဒုက္ခရောက်စေနိုင်ပါတယ်။

ဒါကြောင့် အတွေးလွန်တတ်တဲ့စိတ် ရှိနေပြီဆိုရင် မဖြစ်မနေ ကုသဖို့လိုအပ်ပါတယ်။ ကျွန်တော်လေ့လာထားတဲ့ အတွေးလွန်ခြင်းကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

(၁) မအိပ်ခင်မှာ ပျော်စရာအကြောင်းတွေပဲ တွေးကြည့်ပါ။ အိပ်ရာနိုးရင်လည်း ပျော်စရာကိစ္စကိုပဲ စပြီးတွေးပါ။ နေ့တစ်နေ့ရဲ့အစနဲ့အဆုံးမှာ မကောင်းတဲ့အကြောင်းတွေ လုံးဝမတွေးပါနဲ့။

(၂) အတိတ်က မကောင်းတဲ့ကိစ္စတွေကို ပြန်မတွေးမိအောင်နေပါ။ အနာဂတ်ကိုလည်း ဘယ်တော့မှ ကြိုပြီးမစိုးရိမ်ပါနဲ့။ လက်ရှိအခြေအနေမှာပဲ အကောင်းဆုံးရှေ့ဆက်ဖို့ ကြိုးစားကြည့်ပါ။

(၃) ဘယ်သူမှ Perfect မဖြစ်ဘူးဆိုတဲ့အသိကို ခေါင်းထဲထည့်ထားပါ။ လောကကြီးမှာ အမှားကင်းတဲ့သူ၊ အပြစ်ကင်းတဲ့သူ၊ အားနည်းချက်ကင်းတဲ့သူဆိုတာ မရှိပါဘူး။

(၄) အတွေးမလွန်ဖို့ သတိကပ်ထားပါ။ တစ်ခုခုကို ၅ မိနစ်ထက် ပိုတွေးနေမိပြီဆိုတာနဲ့ အဲ့ဒီအတွေးကို ဖြတ်တောက်လိုက်ပါ။ ပြီးရင် တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။

(၅) ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ မှားရင် ပြန်ပြင်မယ်။ လဲကျရင် ပြန်ထမယ်။ မလိုအပ်တာတွေ မစိုးရိမ်ပါနဲ့။ ကြိုမတွေးပါနဲ့။ ခွန်အားရှိသမျှသာ ကြိုးစားပါ။

(၆) ဘယ်ကိစ္စမှာမဆို အကောင်းမြင်စိတ်မွေးပါ။ အကောင်းဘက်က တမင်လှည့်တွေးပါ။ အကောင်းမြင်ခြင်းက ကြီးတဲ့ပြဿနာကို သေးစေပြီး သေးတဲ့ပြဿနာကို ပပျောက်သွားစေပါတယ်။

(၇) တစ်ယောက်တည်းမနေပါနဲ့။ မိသားစု သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိနေပါစေ။ စိတ်ညစ်စရာတွေကို ရင်ဖွင့်ပါ။ သူတို့နဲ့ တိုင်ပင်ပါ။ အကြံဥာဏ်ယူပါ။

(၈) နေ့တိုင်း ကိုယ်ဝါသနာပါတာကို အနည်းဆုံး မိနစ် ၃၀ လုပ်ပါ။ TV ကြည့်တာ၊ Game ဆော့တာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ဘာပဲဖြစ်ဖြစ်လုပ်ပြီး စိတ်ကိုပျော်အောင်ထားပါ။

(၉) နေ့တိုင်း အားကစားတစ်ခုခုလုပ်ပါ။ Gym ဆော့နိုင်ရင် အကောင်းဆုံးပါပဲ။ အားကစားလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။

(၁၀) အစားကို အချိန်မှန်မှန်စားပါ။ ရေလည်း များများသောက်ပါ။ ညဘက် ၁၁ နာရီဆို မကောင်းတာတွေ မတွေးဘဲ အိပ်ပါ။ ၈ နာရီပြည့်အောင် အိပ်ပါ။

ကျွန်တော်လည်း အခုဆိုရင် ဘာကိစ္စကိုမှ အတွေးမလွန်တော့ပါဘူး။ အတွေးမလွန်တဲ့အခါ ဘဝကပိုပြီး ပျော်ရွှင်စရာ ဖြစ်လာပါတယ်။ အားလုံး အတွေးလွန်ခြင်းမှ ကင်းဝေးကြပါစေ။

Credit to Original Uploader.
#bah #health
#phychology
#အတွေးလွန်ခြင်း
ဒီPostသည်မူရင်းpageတွင်ShareအစားMessဖြစ်နေသဖြင့်Shareမရ၍CopyယူပြီးShareထားခြင်းတာဖြစ်သည်မူရင်းရေးသားသူမှကျွန်တော်မဟုတ်ပါ.

image
35 w - Translate

တောင်ယာ စိုက်ခင်း နဲ့ သဘာဝအလှ
(ရှမ်းတောင် ရွာငံဒေသ )
#vlog
#photographychallengechallenge
#travelblogger

image
35 w - Translate

အညာမြေရဲ့ တောင်ပေါ်ရွာလေး 💙 ပုဂံကိုရောက်ရင် ဒီနေရာလေးကို ရောက်အောင်သွားလည်ကြည့်နော် အရမ်းကို အေးချမ်းသာယာတဲ့ နေရာလေးတစ်ခု 🥰 နေကြာခင်းတွေရယ် သီးပင်စားပင် စိုက်ခင်း အဆင့်" စိုက်ပျိုးထားတဲ့နေရာလေး တောင်ပေါ်ကို ရောက်လေ မြူတွေရယ်နေကြာပန်းခင်းတွေရယ် အေးစိမ်"နဲ့ အရမ်းကို မိုက်တဲ့ နေရာလေးပါ 🌼

ကျတော်ရဲ့ tuk tuk လေးနဲ့လည်း သွားရောက်လည်ပတ်ပြီး အမှတ်တရလေးတွေ ဖန်တီးလို့ရပါတယ်နော် ❤

#ph/09-402753331 📞
#tuktukrental
#photoservice
#bagan
#ပုဂံအမှတ်တရ 🙏

imageimage
35 w - Translate

ဒီနေ့ ၃ မိုင် နံ့သာနီ စိုက်ခင်း
မြေဩဇာကျွေးရင်း ရောက်ခဲ့ ပါတယ်။
2023 August မှာ စိုက်တဲ့ အပင် ၆၅၀ ထဲက
အလှဆုံးအပင်ကတော့ ၁ပင်ထဲပါ။

#myanma_sandalwood
#နံ့သာနီ
#ရွှေတန့်ဆည်_ပျိုးဥယျာဉ်

imageimage
35 w - Translate

မောနီး .. 🌹♥️🌷
မြတ်စွာဘုရား ကို အာရုံပြု နိုးထလာတဲ့..
မနက်ခင်းလေးမှာ .. 🌤️🌦️
မေမြို့ နဝရတ် Resort Hotel အခြားနည်းကျလာပြီ.. 💪

အများအပန်းဖြေရာ ပေ ၄၀ ပေ ၆၀ ခြံကွက်တိုင်းမှာ
Kitchen ပါသော ဘန်ဂလိုလေး တလုံးစီ.. နဲ့
စားပင်သီးပင် အစုံအလင် ၊
အကြိုက်ခူးဆွတ်လို့ရသော ၇ ဧက စိုက်ခင်း ဧရိယာ
ပါသော .. ၁၆.၅ ဧက သစ်ပင်ကြီးများနဲ့ ခြံကြီး ..

ကျွန်တော် အသက်အရွယ်တခု ရောက်လာရင်..
တရားရိပ်သာဖွင့်မယ် ဆိုသော နေရာလဲ ..
ဖြစ်ပါတယ် ..

တရားရိပ်သာ ဆိုပေမဲ့ .. နေရထိုင်ရတာ..
ဟိုတယ် စတိုင်ပါပဲ ..
တရားတော့ ထိုင်ရမယ်.. နော် .. 😍

တရားထိုင်မယ်ဆို ..
ကိုမင်းအေး တရားနာမယ်ဆို ..
ဟိုတယ်က FOC .. 😜😍

မေမြို့ သို့ ပြင်ဦးလွင်.. 🌲🎄🌳
ပြည်သူအများ အပန်းဖြေရာ .. မြို့လေး .. 🌹🌷💐
အေးချမ်းပါစေ ..💦💦💦

image
35 w - Translate

ဆရာ စိုက်ခင်း ဒီအခြေအနေမှ နှံစုပ်ပိုး စတွေ့လို့
ဆေးဖျန်းလိုက်ရင် အနှံမထွက်သေးတဲ့အပင်တွေအတွက်ပါ ကာကွယ်ပီးဖြစ်ပါသလားခင်ဗျာ🙏🙏🙏

imageimage
35 w - Translate

ကြည်တောက်ရှင်းမယ်
၂၀၂၄ စက်တင်ဘာလ ၁၄ရက်နေ့မှ ၁၇ ရက်နေ့အတွင်း
မန္တလေးတိုင်း မကွေးတိုင်း နှင့် နေပြည်တော် မိုးကြီးရေလျှံခဲ့သော ဒေသတွေအားလုံးမှာ နေသာချိန်များစွာရရှိနိုင်ပြီး မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိတော့ပါဘူး ရွာလည်းနေရာကျဲကျဲ မိုးဖွဲဖွဲပါပဲ ရေကြီးရေလျှံကတော့ မိုးကြောင့်တော့ ရေထပ်မံမတိုးနိုင်တော့ပါဘူး
ယခင်လက်ကျန်ရေပဲဖြစ်နိုင်သလို့ ရေအမြန်လျော့ကျသွားနိုင်ပါတယ်
ကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ
ISSUED TIME
13/09/2024 8:21pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
35 w - Translate

Bảtu caves ကို အပေါ်စီးကနေရိုက်ထားတာ မကြည့်ဖူးသေးတဲ့သူတွေအတွက် ?? သူများေတွမတင်ခင် အရင်တင်လိုက်ဦးမယ်
Vlog အရိုက်ကောင်းတာ မန်းကီးတို့နဲ့တွေ့သွားလို့

35 w - Translate

This should happen to all bullies
သေချင်ပါတယ်ဆို အဖော်လိုက်ချင်တဲ့သူကရှိသေး

35 w - Translate

စိုက်ခင်း ထဲမှာ ပိုးတွေကျနေတယ် ...
ဒါပေမယ့် ….
ပန်းတွေ ကတော့ ပွင့်မြဲပွင့်နေဆဲပါပဲ မာရီယာ ...

တို့တွေ ပန်းပွင့်တွေလောက်တော့
သတ္တိကောင်းရပေလိမ့်မယ်..။

#မင်းခိုက်စိုးစံ
#ကျွန်တော်ပြောသောပန်းစကား
Credit: Photo
#home-အိမ်

imageimage