တည်ဆောက်နေဆဲဖြစ်ဒလတံတားကြီး

image

တည်ဆောက်နေဆဲဖြစ်ဒလတံတားကြီး

imageimage
+4

Gym စဆော့တဲ့သူတွေအတွက်အခြေခံအချက်များ

သိထားသင့်ပါတယ်

#funny

42 w - Translate

လူကို သတ်သေခိုင်းတဲ့ Google ရဲ့ Gemini AI Chatbot
================================
AI ဟာ လူသားတွေကို များစွာ အကျိုးပြုနေသလို AI ဟာ လူသားမျိုးနွယ်မျိုးတုံးအောင် ပြုလုပ်မယ်ဆိုတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။ အခုတော့ အဲဒီ အယူအဆ ဖြစ်လာနိုင်တဲ့ သက်သေတစ်ခု ထွက်ပေါ်လာပါတယ်။
အဲဒါကတော့ Google ရဲ့ Gemini AI Chatbot ဟာ လူကို ရန်လိုတဲ့ စကားတွေ ပြောလိုက်တာ ဖြစ်ပါတယ်။ ဖြစ်ပုံကဒီလိုပါ။ မီချီဂန်မှ အသက် ၂၉ နှစ် အရွယ် ဘွဲ့လွန် ကျောင်းသား Vidhay Reddy ဟာ အိမ်စာတွေ ကူလုပ်ပေးဖို့ ပြောတဲ့အခါ Gemini က “ မင်းက အချိန်ဖြုန်းနေတဲ့ ကောင်ပါကွာ။ ဆန်ကုန်မြေလေး။ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုး။ ကျေးဇူးပြုပြီး သေလိုက်ပါတော့။ သေလိုက်ကွာ။ “ လို့ ပြန်ပြောပါတယ်။
Vidhay Reddy ဟာ Gemini ရဲ့ စကားကြောင့် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူဟာ အဲဒီအကြောင်းကို အွန်လိုင်းမှာ တင်လိုက်ပြီး Reddit မှာ ဝေဖန်မှုများစွာ ရှိနေပါတယ်။
Google ကလည်း အဲဒီ အကြောင်းကို သိသွားပြီး Gemini ရဲ့ စကားဟာ အဓိပ္ပါယ် မရှိဘဲ ကုမ္ပဏီရဲ့ မူဝါဒကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။ Google က အဲဒီကိစ္စကို ဆက်လက် စုံစမ်းသွားမယ်လို့ ပြောပါတယ်။
Ref : Tech Explorers

image

ရိုးမဘဏ် သင့်ဘဏ်ဆိုလို့ မနေ့က အရက်ဖိုးဝင်တောင်းတာ မရခဲ့ဘူး

image

၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဟာ ဒီလိုနောက်ကျိနေတဲ့ရေထုကို ထိုးခွင်းပြီး ဒီနေ့ခေတ်ကမ္ဘာရဲ့လုပ်ငန်းစဥ်တွေထဲက အားချင်း အလေးစိုက်ဖို့လိုတဲ့မေးခွန်းတချို့ကို ထိပ်တိုက်ဖြေဆိုကြည့်ထားပါတယ်။
ယခုစာအုပ်တွင် ရေရှည်အနာဂတ်အမြင်ကို မျက်ခြေမပြတ်စေဘဲ လက်ရှိခေတ်ကာလအကြောင်းတွေကို အဓိကထားတင်ပြထားပါတယ်။
အခု ဒီစာအုပ်မှာကျွန်တော် တင်ပြမယ့် အကြောင်းအရာတွေက ကမ္ဘာ့ရေးရာအမြင်ဖြစ်ပါတယ်။ကမ္ဘာ့နဲ့တစ်ဝန်းကလူအဖွဲ့အစည်းတွေကို ပဲ့ကိုင်နေတဲ့အဓိကတွန်းအားတွေအကြောင်း သုံးသပ်ပြီး အနာဂတ်မှာကျွန်တော်တို့ ကမ္ဘာမြေကို ဘယ်အရာတွေကလွှမ်းမိုးမှုရှိလိမ့်မယ်ဆိုတာတွေက တင်ပြထားပါတယ်။
ဒီစာအုပ်ကိုရေးသားတဲ့ပုံစံက အများပြည်သူနဲ့စကားပြောဆိုနေတဲ့ပုံမျိုးပါ။စာအုပ်ရဲ့ အခန်းတွေတော်တော်များများမှာ စာဖတ်သူတွေ၊စာနယ်ဇင်းတွေ၊လုပ်ဖော်ကိုင်ဖက်ပညာရှင်တွေ ကျွန်တော့်ကို မေးမြန်းကြတဲ့ မေးခွန်းတွေအပေါ် ပြန်လည်ဖြေဆိုထားတာ ဖြစ်ပါတယ်။
တချို့ အခန်းတွေထဲက အကြောင်းအရာတွေဆိုရင်လည်း တခြားတင်ပြမှုပုံစံတစ်မျိုးနဲ့ အရင်စာအုပ်တွေထဲမှာ ဖော်ပြထားပြီဖြစ်သလို အဲဒီဖွင့်ဆိုရှင်းလင်းမှုတွေအပေါ် တုံ့ပြန်လာတဲ့ ပြောဆိုချက်တွေကိုထပ်မံရှင်းလင်းထားပါတယ်။တချို့အကြောင်းအရာတွေက နည်းပညာတွေအကြောင်း၊နောက်ပြီးနိုင်ငံရေး၊ပြီတော့ဘာသာရေး၊နောက် အနုပညာစတဲ့ ခေါင်းစဉ်တွေအပေါ်အဓိကထားတင်ပြထားပါတယ်။လူသားတွေရဲ့ အသိဉာဏ်၊အမြော်အမြင်ကို ချီးကျူးထားတဲ့ အခန်းတွေပါဝင်သလို လူသားတွေရဲ့ မိုက်မဲမှုတွေအကြောင်း ဝေဖန်ထောက်ပြထားတဲ့အခန်းတွေလည်းပါဝင်ပါတယ်။
ဒါပေမဲ့ အဓိက လွှမ်းမိုးထားတဲ့အကြောင်းအရာကတော့ ဒီကနေ့ကမ္ဘာ့ပေါ်မှာဘာတွေဖြစ်ပျက်နေသလဲ။အဲဒီဖြစ်ရပ်တွေရဲ့နက်ရှိုင်းတဲ့အနက်အဓိပ္ပာယ်တွေကဘာတွေလဲဆိုတာပါပဲ။
ဒီစာအုပ်မှာ ကမ္ဘာနဲ့ချီတဲ့ ရှုထောင့်ကနေရေးသားထားတယ်ဆိုပေမယ့် ပုဂ္ဂလိကအမြင်တွေကိုလည်း လစ်လျူရှုမထားပါဘူး။ကျွန်တော်တို့ခေတ်ကာလရဲ့ တော်လှန်ပြောင်းလဲမှုကြီးတွေကို တစ်ဦးချင်းစီရဲ့ ဘ၀တွေနဲ့ချိတ်ဆက်ပေးထားတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။ဥပမာ အကြမ်းဖက်ဝါဒဟာ ကမ္ဘာ့နိုင်ငံရေးပြသာနာဖြစ်ပြီးလူ့အတွင်းစိတ်ရဲ့ ဖွဲ့စည်းမှုယန္တရားလည်းဖြစ်နေပြန်ပါတယ်။အကြမ်းဖက်ဝါဒရဲ့ အလုပ်လုပ်ပုံကိုက ကျွန်တော်တို့စိတ်ထဲက ထိတ်လန့်ကြောက်ရွံ့ခြင်းခလုပ်ကို ဖိနှိပ်ပြီး လူတစ်ဦးချင်းစီရဲ့စိတ်ကူးတွေကို သန်းနဲ့ချီ ပေါင်းစည်းစေခဲ့တာပါ။
အလားတူပဲ၊လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့အကြပ်အတည်းတွေဟာလည်း ဥပဒေပြုလွှတ်တော်တွေ၊မဲဆန္ဒရုံတွေမှာတင်ဖြစ်ပွားတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နူရွန်ဆဲလ်တွေ၊အာရုံကြောဆုံချက်တွေမှာလည်းဖြစ်ပွားတာပါပဲ။တကိုယ်ရည်ကိစ္စသည်ပင် နိုင်ငံရေးဖြစ်တယ်ဆိုတဲ့ ဖန်တရာတေစကားလုံးကိုပဲ သုံးစွဲနိုင်တာမှန်ပေမယ့်သိပ္ပံပညာရှင်တွေ၊ကော်ပိုရေးရှင်းကြီးတွေနဲ့အစိုးရတွေက လူသားတွေရဲ့ ဦးနှောက်တွေကိုခိုးယူနိုင်တဲ့ခေတ်မှာအဲဒီကိစ္စဟာအရင်ကနဲ့မတူအောင်ကိုဆိုးရွားသွားနိုင်ပါတယ်။
အဲဒါကြောင့် အခုဒီစာအုပ်ထဲမှာတစ်ဦးချင်းရဲ့ပြုမူဆောင်ရွက်ပုံတွေရော၊လူ့အဖွဲ့ အစည်းတစ်ရပ်လုံးရဲ့ ပြုမူဆောင်ရွက်ပုံတွေကိုပါ လေ့လာထားသမျှ တင်ဆက်ပေးထားပါတယ်။
#ညီနောင်
#၂၁ရာစုအတွက်သင်ခန်းစာ၂၁ရပ်

image
42 w - Translate

Judging by his past speeches to Congress, President Donald Trump once felt the need to ask lawmakers to pass his agenda. Not so much anymore.

Trump's past speeches to Congress asked them to pass his agenda - ABC News
abcnews.go.com

Trump's past speeches to Congress asked them to pass his agenda - ABC News

Judging by his past speeches to Congress, President Donald Trump once felt the need to ask lawmakers to pass his agenda
42 w - Translate

စစ္စလီကျွန်းပေါ်မှ လူသားပုံသဏ္ဍာန်မြို့ - Centuripe
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရဲ့ အရှေ့ဘက်ကုန်းမြင့်တွေပေါ်မှာ‌တော့ အင်မတန်ထူးခြားဆန်းပြားလှတဲ့ မြို့တစ်မြို့တည်ရှိနေပါတယ်။
အဲဒါကတော့ Centuripe မြို့ဖြစ်ပြီး ကောင်းကင်ကနေကြည့်လိုက်ရင် ခြေလက်တွေဆန့်တန်းထားတဲ့ လူတစ်ယောက်ပုံစံ တည်ရှိနေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ မြို့တစ်မြို့ပါ။
Centuripe မြို့ဟာ သမိုင်းမတင်မီခေတ်ကတည်းက လူတွေနေထိုင်ခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ ဂရိခေတ်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ရောမခေတ်မှာတော့အရေးပါတဲ့မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။
ကြွယ်ဝတဲ့ သမိုင်းကြောင်းရှိတဲ့ Centuripe မြို့မှာ ရှေး ဟောင်းသုတေသနဆိုင်ရာ အမွေအနှစ်တွေ၊ အနုပညာလက်ရာတွေ အများအပြား တွေ့ရှိနိုင်ပါတယ်။
Centuripe မြို့ရဲ့ အထင်ရှားဆုံးအချက်ကတော့ အပေါ် စီးကနေ ကြည့်လိုက်ရင် တွေ့ရတဲ့ လူသားပုံသဏ္ဍာန် မြို့ရဲ့တည်‌ဆောက်ပုံပါပဲ။
တောင်ကုန်းတွေပေါ်မှာ အိမ်တွေ၊ အဆောက်အဦးတွေကို ဖြန့်ကျက်တည်ဆောက်ထားပြီး လမ်းတွေက ခြေတံ၊ လက်တံတွေသဖွယ် ဖြာထွက်နေပါတယ်။
ဒီလိုထူးခြားတဲ့ပုံစံကြောင့် Centuripe မြို့ကို "စစ္စလီရဲ့ လသာဆောင်" (Balcony of Sicily) လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
Centuripe မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီ တာ ၇၀၀ ကျော်မှာ တည်ရှိတာကြောင့် ပတ်ဝန်းကျင်ဒေသရဲ့ လှပတဲ့မြင်ကွင်းတွေကို အပြည့်အဝခံစားနိုင်ပါတယ်။ အထူးသဖြင့် ဥရောပတိုက်ရဲ့ အမြင့်ဆုံးမီးတောင်ရှင်ဖြစ်တဲ့ Etna မီးတောင်ရဲ့ ရှုခင်းကတော့ အံ့မခန်းပါပဲ။
Centuripe မြို့ဟာ သမိုင်းကြောင်း၊ သဘာဝအလှအပနဲ့ ထူးခြားတဲ့ မြို့တည်ဆောက်ပုံတို့ ပေါင်းစပ်ထားတဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အကယ်၍ အီတလီနိုင်ငံ စစ္စလီကျွန်းကို ရောက်ရှိခဲ့ရင် Centuripe မြို့ကိုသွားရောက်လည်ပတ်ပြီး လူသားတစ်ယောက်ရဲ့ပုံစံနဲ့ဆင်တူတဲ့ မြို့ရဲ့ အလှတရားကို ကိုယ် တိုင်ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
#knowledge

image