木姐 (မင်္ဂလာမူဆယ် )

imageimage
+4

ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀

ထိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်သို့သွားသည့် ခရီးသွားကားပေါ်တွင် တ ရုတ်နိုင်ငံသားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၄ နာရီခန့်တွင် Muang ခရိုင်ရှိ Yasothon ဘတ်စ်ကားဂိတ်၌ ဘန်ကောက်မှ ခမရတ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ဘတ်စ်ကားကို ရဲတပ်ဖွဲ့ကရှာဖွေရာတွင် ၎င်းတို့ကိုဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ တရုတ်နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အထဲမှနှစ်ဦးသည် ဗီဇာသက်တမ်းကျော်လွန်နေသူများဖြစ်ပြီး၊ ကျန်ခြောက်ဦးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသည့် သံသယရှိသူများ၏အိတ်အတွင်းမှ လက်ကိုင်ဖုန်း ၉၁ လုံးကို တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသော်လည်း သံသယရှိသူများက ဖုန်းများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ဘာသာပြန်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

သံသယရှိသူများသည် ငွေကြေားလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)တွင်ပါဝင်သည်ဟု ယူဆရပြီး၊ နယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ဦးဆောင်သော ဖြိုခွင်းမှုအတွင်း ၎င်းတို့၏လုပ်ငန်းများကို အခြားနေရာသို့ပြောင်းရွှေ့နေဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

Ref: Bangkok Post
Photo: Yasothon Police Station Facebook page

#သတင်းဟင်းလေးအိုးကြီး

image
37 w - Translate

Hercules (1997)

ဂရိနတ်ဘုရား Zeus ၏သား Hercules သည် မကောင်းဆိုးဝါး Hades မှတစ်ဝက်တစ်ပျက်ဘုရားအဖြစ်သို့ပြောင်းလဲသွားသည်။ Hercules သည် သူ၏ မသေနိုင်သော အမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး Zeus က သူ့ကို Olympus တောင်သို့ ပြန်သွားရန် ပြောခဲ့သည်။

ဇာတ်ကားလင့်
https://t.me/c/2186686827/120

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
37 w - Translate

The Mitchells vs. The Machines (2021)

IMDb Rating – 8.1/10
animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်း
ကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာ
နည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုး
စသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်း
တစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာ
အလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/121

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
37 w - Translate

ကလေးဝနှင့် မော်လိုက်ကြားရှိ တံတား ၅ စင်း မီးရှို့ဖျက်ဆီးခံရ
ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်ကြားရှိ တံတား ၅ စင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ကလေးဝ- မော်လိုက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၇/၆-၁၇/၇)ကြား တံတားအမှတ်(၅/၂၉) ပေ(၈၀) တံတား၊ မိုင်တိုင်အမှတ် (၁၉/၀-၁၉/၁) ကြားရှိ တံတားအမှတ် (၄/၃၁) RC အရှည်(၁၃၀)ပေရှိ ပလူဇဝတံတား နှင့် မိုင်တိုင်အမှတ် (၂၀/၃-၂၀/၄)ကြားရှိ တံတားအမှတ် (၅/၃၃) အရှည် (၇၀)ပေရှိ ချောင်းညီအစ်ကိုတံတား အပါအဝင် စိစစ်ဆဲ တံတား ၂ စင်း စုစုပေါင်း တံတား ၅ စင်းကိုအကြမ်းဖက် PDF အဖွဲ့ အင်အား (၂၀၀)ခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားများကို ယမန်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးခဲ့အတွက် ကလေးဝနှင့် မော်လိုက်တို့အကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ရသည်။

တံတားအထူးအဖွဲ့ -၂ က ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ ဆက်သွယ်သွားလာနိုင်ခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခံရသဖြင့် ကလေးဝ- မော်လိုက် လမ်းတစ်လျှောက် ယာဥ်များ သွားလာနိုင်မှုမရှိတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုအတွက် မော်လိုက်ခရိုင်အတွင်း ကုန်ပစ္စည်းများ ပြတ်တောက်လျက်ရှိပြီး ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်သဖြင့် ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

image
37 w - Translate

#နိုင်ငံတကာသတင်း
◼ထရန့်ကိုယ်စားလှယ်နှင့် အပြုသဘောတွေ့ဆုံမှုကို မျှော်လင့်ကြောင်း ဇီလန်စကီးပြော
အမေရိကန်အထူးကိုယ်စားလှယ် ကိသ်ကဲလော့ နှင့် ယနေ့ တွငတွေ့ဆုံသွားမည်ဖြစ်ကာ အမေရိကန်နှင့်အပြုသဘောဆောင်သည့် အရာများလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ညစဉ်မိန့်ခွန်း၌ ပြောကြားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းအား ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်ပြောဆိုခဲ့ပြီးနောက် ဇီလန်စကီး၏‌ပြောကြားချက်ထွက်ပေါခဲ့ခြင်းဖြစ်သည်။
အမေရိကန် ၊ ဥရောပတို့နှင့်ဆိုလျှင် ငြိမ်းချမ်းရေးက ပိုမိုစိတ်ချရမည်ဖြစ်ကြောင်း နှင့် ယင်းမှာ မိမိတို့၏ ရည်မှန်းချက်ဖြစ်ကြောင်း ဇီလန်စကီးကဆိုသည်။
ထို့ပြင် ကမ္ဘာပေါ်တွင် ဩဇာအာဏာအကြီးဆုံးပုဂ္ဂိုလ်မှာ ကရင်မလင် နှင့် လက်တွဲ မလား ၊ ငြိမ်းချမ်း‌‌ရေးနှင့် လက်တွဲမလားဆိုသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်နယ် ထရန့်အား ရည်ညွှန်း၍ ဇီလန်စကီးက ပြောကြားသည်။
“ အနာဂတ်ဟာ ပူတင် နဲ့ ရှိမနေဘဲ ငြိမ်းချမ်းရေး နဲ့ ရှိနေပါတယ်။ ပူတင်နဲ့လက်တွဲမလား ဒါမှမဟုတ် ငြိမ်းချမ်း‌ရေးနဲ့လက်တွဲမလားဆိုတာ ကမ္ဘာပေါ်ကလူတိုင်းအတွက် အင်အားကြီး သူအတွက်ရော ‌ရွေးချယ်စရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ရွေးသင့်ပါတယ်။” ဟု ဇီလန်စကီး က ဆိုသည်။
၎င်းအနေနှင့် ယူကရိန်း၏ စည်းလုံးညီညွတ်မှု ၊ ဥ‌ရောပ၏ စည်းလုံးညီညွတ်မှု နှင့် အမေရိ ကန်နိုင်ငံ၏ လက်တွေ့ကျမှုကိုအားထားနေကြောင်း ယူကရိန်းသမ္မတက ဆက် လက် ပြောကြားသည်။
ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ကျူးကျော်ခဲ့သည့် ပထမတစ်စက္ကန့်မှာပင် ယူကရိန်းက စစ်ပွဲကိုအဆုံးသတ်လိုခဲ့ကြောင်းနှင့် ရုရှားက ထပ်မံမတိုက်ခိုက်ရေး သေချာစေမည့် ငြိမ်းချမ်းရေးမျိုးကိုအလိုရှိကြောင်း ၎င်းကပြောကြားသည်။

image

The Last of Us Season 2 အတွက် ပိုစတာတွေနဲ့အတူ ပြသမယ့်ရက် ထွက်လာပါပြီ။
ဒီ Season မှာ အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Game of the Year ဆုရရှိထားတဲ့ အကောင်းဆုံးဂိမ်းတစ်ခုရဲ့ ဇာတ်လမ်းကို တီဗီဖန်သားပြင်ပေါ်မှာ မကြာခင်ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။

image

The Last of Us Season 2 အတွက် ပိုစတာတွေနဲ့အတူ ပြသမယ့်ရက် ထွက်လာပါပြီ။
ဒီ Season မှာ အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Game of the Year ဆုရရှိထားတဲ့ အကောင်းဆုံးဂိမ်းတစ်ခုရဲ့ ဇာတ်လမ်းကို တီဗီဖန်သားပြင်ပေါ်မှာ မကြာခင်ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။

image

The Last of Us Season 2 အတွက် ပိုစတာတွေနဲ့အတူ ပြသမယ့်ရက် ထွက်လာပါပြီ။
ဒီ Season မှာ အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပြီး Game of the Year ဆုရရှိထားတဲ့ အကောင်းဆုံးဂိမ်းတစ်ခုရဲ့ ဇာတ်လမ်းကို တီဗီဖန်သားပြင်ပေါ်မှာ မကြာခင်ကြည့်ရှုခံစားနိုင်တော့မှာဖြစ်ပါတယ်။

imageimage

ရှင်သန်ခြင်း၏ အဓိပ္ပာယ်
==================
🍀လူတစ်ယောက်က ဘာမှမလုပ်ဘဲ
ထမင်းတစ်နပ် စားနိုင်နေတယ် ...
မပူမပင်ရဘဲ အသက်ရှင်သန်နေနိုင်တယ်ဆိုတာ ...
ဒီလူနဲ့ ပတ်သက်တဲ့တာဝန်ကို
တခြားလူတစ်ယောက်က
ထမ်းပေးထားလို့ပါပဲ။
🍀လူ၅ယောက်ရှိတဲ့ မိသားစုတစ်ခုမှာ...
လူ၄ယောက်က မပူ မပင်
သက်တောင့်သက်သာ နေနိုင်တယ်ဆိုရင်
တစ်ယောက်က ကျန်တဲ့ ၄ယောက်စာရဲ့
တာဝန်ကိုပါ ယူပေးထားတာကြောင့်ပါ။
🍀လူတစ်ယောက် အသက်ရှင်နေဖို့ဆိုတာ...
အသက်ရှင်သန်ရေးဖြစ်တဲ့ စားဝတ်နေရေးကို
ကိုယ်တိုင် တာဝန်ယူရင်ယူ ၊
မယူရင် တခြားတစ်ယောက်က
သူ့တာဝန်ကို ယူထားပေးမှသာ
သူသည် အသက်ရှင်သန်နိုင်ပါတယ်။
ဘာအလုပ်မှမလုပ်ပဲ လူတစ်ယောက်က
ဒီတိုင်း ရှင်သန်နေနိုင်တယ်ဆိုတာမျိုး မရှိဘူး။
🍀အိမ်ထောင်တခုကို
ဦးစီးဦးဆောင်နေကြသူတွေသည်
အသက်ပိုတိုကြတယ်လို့
စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်။
သူတို့ရဲ့ တာဝန်ယူမှုတွေမှာ ...
တာဝန်ယူရတာနဲ့ အညီအမျှရှိနေတဲ့
(အသက်တိုစေနိုင်တဲ့ ) အလုပ်ပင်ပန်းမှု ၊
စိတ်ဖိစည်းမှု ၊ စိတ်ပူပန်မှု ၊ ငွေကြေးတာဝန် ၊
စားဝတ်နေရေးတာဝန်...စတဲ့
" ဝန် " ဆိုတာတွေကို သွေး၊ ချွေး၊ အသက်၊
ကာယ ဉာဏ ခွန်အား အားလုံးသုံးပြီး
သူတို့အပေါ် မှီခိုနေတဲ့ အခြားသူတွေအတွက်ပါ
ထမ်းထားပေးကြတာကြောင့်ပါ။
🍀လူတစ်ယောက်က မှီခိုသင့်တဲ့
အချိန်နဲ့ အရွယ်မှာ မှီခိုရပါတယ်။
ဘ၀ရှင်သန်ရပ်တည်နိုင်ဖို့ အကူအညီ
အထောက်အပံ့ ယူကိုယူရပါတယ်။
🍀အချိန်တန်ရင်တော့
တလျှောက်လုံး အမှီအခိုပြုထားတဲ့
အားကိုအသုံးချပြီး ကိုယ်ခြေထောက်ပေါ်
ကိုယ်တိုင် ရပ်တည်ရပါတယ်။
ကိုယ်ကမှီခိုခွင့် ပြန်ပေးသူဖြစ်ရပါမယ်။
🍀အရွယ်တစ်ခု လွန်သည်အထိ
သူများကိုပဲ မှီခို ရှင်သန်နေမယ်ဆိုရင် ...
ကိုယ်ရှင်သန်ဖို့ တခြားသူက ကိုယ့်တာဝန်ကို
ဘ၀ တလျှောက်လုံး ထမ်းပေးထားရတယ်ဆိုရင် ...
ကိုယ်ဟာ ဆန်ကုန်မြေလေး လူတစ်ယောက်ပါပဲ။
🍀ဘ၀မှာ နေထိုင်မယ်ဆိုရင်...
ကိုယ့်တာဝန်ကိုယ် လုံး၀ မယူနိုင်သေးတဲ့အချိန်မှာ
ကိုယ် နိုင်တဲ့အပိုင်းကို ကိုယ်တာဝန်ယူရပါမယ်။
ရှင်သန်နိုင်စွမ်းရှိအောင် ကြိုးစားအားထုတ်နေရပါမယ်။
🍀ကြိုးစားအားထုတ်မှုကြောင့်
ကိုယ့်ရပ်တည်မှုတစ်ခု ခိုင်မာလာပြီဆိုရင်
အခြားသူတွေရဲ့ဘ၀ရပ်တည်ရေးအတွက်
ကူညီပေးနိုင်သူ ဖြစ်ရပါမယ်။
ပြန်လည်အမှီခို ခံသူဖြစ်ပေးရပါမယ်။
အခြားသူတွေရဲ့ ဘဝတွေကိုပါ
ကိုယ်နိုင်သလောက်
တာဝန်ယူပေးသူဖြစ်ရပါမယ်။
🍀Meaning of life ဆိုတာ
ကိုယ့်ရှင်သန်မှုကနေ
အခြားလူတွေရဲ့ဘဝတွေထဲ ကိုယ့်တန်ဖိုး
ဘယ်လောက် ပေါင်းစပ်ပေးနိုင်ခဲ့သလဲ ဆိုတာကနေ
တွက်ချက်သိနိုင်ပါတယ်။
🍀ကိုယ့်ရှင်သန်မှုတစ်ခုခုဟာ အဓိပ္ပာယ်ရှိမရှိကို
လောကကြီးမှာ ငါမရှိတော့ရင် ဆိုတဲ့
ကွက်လပ်တစ်ခုကို ဖြည့်ကြည့်ကြည့်ပါ။
🍀အဲ့ဒီကွက်လပ်ဟာ ရှိလဲဖြစ် မရှိလဲဖြစ်
ထွေထွေထူးထူး ဖြည့်စရာမရှိနေဘူးဆိုရင်
လောကကြီးမှာ ကိုယ်ရှိတာနဲ့မရှိတာ
ဘာမှ ကွာခြားမှုမရှိတဲ့ ရှင်သန်ခြင်းမျိုးပါ။
🍀အဓိပ္ပာယ်ရှိတဲ့ရှင်သန်ခြင်းနဲ့
နေထိုင်သွားတဲ့လူတွေရဲ့ ကွက်လပ်ကတော့
လူသေသွားရင်တောင် နာမည်ကျန်ခဲ့ပြီး ...
သိသာထင်ရှားပြီး အစားထိုးစရာမရှိတဲ့
ကွက်လပ်တခုနဲ့ လောကကြီးမှာ ကျန်နေခဲ့ကြပါတယ်။
#crd

image