-ခရီးတွေ အများကြီး မထွက်ဖြစ်ရင်တောင်
စာအုပ်တွေ အများကြီးတော့ ဖတ်ဖြစ်အောင်ဖတ် ငါ့ကောင်ရေ ။
-နေရာတကာ ဆရာကြီးမဖြစ်ရရင်တောင်
အနည်းဆုံးတော့ လူဝင်ဆန့်တယ်ကွ ။
#နေညိုရောင်ခြည်

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
-ခရီးတွေ အများကြီး မထွက်ဖြစ်ရင်တောင်
စာအုပ်တွေ အများကြီးတော့ ဖတ်ဖြစ်အောင်ဖတ် ငါ့ကောင်ရေ ။
-နေရာတကာ ဆရာကြီးမဖြစ်ရရင်တောင်
အနည်းဆုံးတော့ လူဝင်ဆန့်တယ်ကွ ။
#နေညိုရောင်ခြည်
ဘာဆက်လုပ်လို့ လုပ်ရမှန်း
မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်...။
ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း
မသိတဲ့ နေ့တွေလည်း ရှိဖူးတယ်...။
ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ... ။
#crd
မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်။
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားမှာပဲထားပြီး ပိုင်ဆိုင်ချင်ခဲ့တာပေါ့... ကျွန်မ ချစ်ခဲ့တယ်ဆိုတာ တချိန်ကျရင် စွန့်လွှတ်လိုက်မယ်ဆိုတဲ့ အသိနဲ့ ချစ်ခဲ့တာမှ မဟုတ်ပဲဟာ ။ တစ်နေ့ကျရင် နီးကို နီးရမယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့တာပါ ဒါပေမယ့် အခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ... မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ပေါ့ ။
နင်ဒီလောက်သိပ်ချစ်တာကို ဘာလို့ လက်လွှတ်လိုက်ရတာလဲလို့ မေးမယ်ဆိုရင် ဆက်ပြီး ဆွဲမထားနိုင်တော့လို့ လို့ပဲ ဖြေရမှာပေါ့ ။ ပြီးတော့ ကျွန်မက သူ့ကို ပျော်အောင်ထားပေးနိုင်တဲ့အထိ မတော်ဘူးလေ... သူက ပျော်တဲ့အရပ်မှာပဲ ရှင်သန်ချင်တာ ကျွန်မရှိနေတဲ့ အရပ်မှာဆို သူက မပျော်ဘူး ။
ပိုင်ဆိုင်ဖို့ အများကြီး ကြိုးစားပြီးသွားပြီ နီးစပ်ဖို့ ကျွန်မဖက်က ခြေလှမ်းတွေအများကြီး လှမ်းခဲ့ပြီးသွားပြီ ။ နည်းနည်းလေးတောင် မနီးစပ်ခဲ့ပြီး ။ ပြီးတော့ နည်းနည်းလေးတောင် ပြန်ငဲ့ကြည့်ခဲ့ဘူး အချစ်က လိုက်ရင် ပြေးတယ်ဆိုလို့ ကျွန်မ ရပ်နေကြည့်ဖူးတယ် မထူးပါဘူး ။ ရပ်နေတော့ ပိုဝေးသွားတာပဲ ရှိတာပါ ။
ပိုင်ဆိုင်ချင်ခဲ့ဖူးတာပေါ့ ...ဆိုးဆိုးကောင်းကောင်း သူရှိနေရင် ဖြစ်ပြီဆိုတဲ့ အသိလေးတစ်ခုတည်းနဲ့ နာကျင်နေပါစေ မလွှတ်ဘူးဆိုတဲ့အထိ ဆွဲထားခဲ့ဖူးတယ် ။ မချစ်တော့ဘူးဆိုတဲ့စကားကို နားနဲ့ သေသေချာချာကြားခဲ့တာတောင် တစ်နေ့ကျရင် ပြန်ချစ်လာမှာပါဆိုတဲ့အသိနဲ့ မျှော်လင့်ခဲ့ဖူးတယ် ။ ထူးမှ မလာခဲ့တော့တာ ။
မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ဆိုတဲ့ စကားကိုသုံးပြီး ချန်ထားချင်တဲ့သူ စိတ်ချမ်းသာအောင် ကျန်ထားရစ်ခဲ့တာပဲ ကောင်းပါတယ် ။ ဒီထက်ပိုပြီး နီးမလာတော့တဲ့ အခြေအနေတွေမှာ ဒီထက်ပိုပြီး အပင်ပန်းမခံချင်တော့ဘူး ။ စိတ်တွေလဲ ပင်ပန်းလွန်းနေပြီ နေ့တွေ ညတွေဟာလဲ မွန်းကျပ်လွန်းနေပြီ ။
သူရှိနေမှ ဖြစ်မှာပါဆိုတဲ့ အသိတွေကနေ မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ဆိုတဲ့ စကားလုံးတွေအထိ သူ့ကို ပိုင်ဆိုင်ဖို့ အများကြီး ကြိုးစားခဲ့ဖူးတာတော့ ယုံပါ ။
#zaap
#
ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။
အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။
နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။
နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။
ကျနော်အိမ်ကို လွမ်းတယ်။
အတိအကျပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်❣️
ကျွန်တော်အကြောက်ဆုံးက ..
ကျွန်တော်လူတယောက်ကိုစိတ်နှစ်ပြီးမချစ်မိခင် မယုံကြည်မိသေးခင် အဲ့လူတယောက်မရှိလည်းဖြစ်တဲ့အခြေအနေ ပြောရရင်ပေါ့ပေါ့ပါးပါးနဲ့ သဘောကျတဲ့အဆင့်လောက်ကနေပေါ့
အဲ့ကနေကျွန်တော့်ဘက်ကစပြီးစိတ်နှစ်လိုက်ချိန်ချစ်မိလိုက်ချိန် အပြည့်အဝယုံကြည်ပေးလိုက်ချိန် အဲ့လူတယောက်မရှိရင်မဖြစ်တဲ့အခြေအနေရောက်မှ အဲ့လူတယောက်ကရုတ်တရက်ပြောင်းလဲသွားမှာကိုပါ..။
အဲ့လိုဖြစ်ရင်သွားပြီ ကျွန်တော့်ကိုယ်ကျွန်တော်မနည်းပြန်ရှာဖွေရပြီ အဲ့အခြေအနေကိုကြုံဖူးတဲ့လူတယောက်မို့ ထိုဒဏ်ရာကိုကောင်းကောင်းမှတ်မိတယ် ကြောက်တယ်....။ဒါ့ကြောင့်ဒီလိုအဖြစ်မျိုးမှကွေကွင်းကြပါစေ။
Good luck to all lovers🤍✨
ctto: