ကြက်ဆီထမင်း
🐤🐣🐥🐤🐣🐥🐤🐣🐥
ပေါင်းအိုးနဲ့ ​အလွယ်​ဆုံးနည်းလေး
ပေါ်ဆန်းမွှေး ဆန်နို့ဆီဘူး​ ၂ ဗူးကို တစ်နာရီ ရေအရင်စိမ်ထားလိုက်ပါတယ် ရေစစ်ထားပါ
ကြက်ပြုတ်ရည်အတွက်ကတော့
ကြက်သား၃၀ဆယ်သားကို
အသားမှုန့် ဆား သကြား ခရုဆီ ကြာညှို့ အနည်းငယ်ဆီထည့်နယ်ပြီး ခနနှပ်ထားပါမယ်
နှပ်ပြီးရင် အိုးထဲထည့်
စပါးလင် ဂျင်း ကြက်သွန်ဖြူ နံနံအမြစ်တို့ကို ထည့်ပြုတ်ပါမယ် အမြှုပ်တွေထွက်လာရင် ခပ်ထုပ်လိုက်ပါ အရည်လေးတွေကြည်စေဖို့ပါ ရေခန်းရင် ရေထပ်ထည့်ပါနော် ထမင်းချက်ရင် ပြုတ်ရည်သုံးရမှာမို့ ပြုတ်ရည်ရပြီဆိုရင်
ကြက်အရေခွံသပ်သပ်ဝယ်ထားတာကို ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပြီ ဆီအကုန်ထွက်တဲ့အထိ မီးအေးးနဲ့ကြော်လိုက်ပါ အရေခွံတွေခပ်ထုတ်ပြီ ကြက်ဆီအိုးထဲ ရေစိမ်ပြီသားဆ​န်ကိုထည့်မွှေ အနံ့လေးမွှေးလာရင် ပေါင်းအိုးထဲထည့် ဆန်၁ဗူးဆို ရေချိန်၂ဗူးထည့်ချက်တဲ့အတွက် ကြက်ပြုတ်ရည်များကို နို့ဆီဗူး၂ဗူးစာ ထည့်ပါတယ် ကြက်ဆီ ၃ ဇွန်း
ထောပတ်ဆီ၃ဇွန်း ဂျင်း ကြက်သွန်ဖြူ နံနံအမြစ် ဆား ၂ ဇွန်း သကြား၂ ဇွန်းဆီ ထည့်ပြီ ထမင်းချက်သလိုပေါင်းအိုခလုတ်နှိပ်လိုက်ပါ😁
ကျက်ရင် အသံ​လေးမြည်ပါမယ်😝
ကြက်ဆီထမင်းရဲ့အဓိကကတော့
ဆော့စ်လေးပါနော်
ကြက်သွန်ဖြူ
နံနံပင်ရောအမြစ်ပါ
ဂျင်း
ငရုပ်သီးစိမ်းအနီ
UFCပဲငပိ
ငံပြာရည်
သကြား
ကြာညှို့
အချိုမှုန့်
သံပုရာသီး
ပြီရင် ပန်းကန်ထဲထည့်
နံနံပင် သခွားသီ မုန်လာဥနီ ကြက်သားပြုတ်ထားတာလေးနဲ့ ဆော့စ်နဲ့တို့စား
ရှယ် အရမ်းကြိုက်😋😋😋

image