There could be 99 people on the red carpet, but there’s only one Lady Gaga.
- - > https://britishvogue.visitlink.me/BdYEB1

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
There could be 99 people on the red carpet, but there’s only one Lady Gaga.
- - > https://britishvogue.visitlink.me/BdYEB1
ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်သွားတဲ့ မြန်မာပြည်က စပိုက်စီအနက်ရောင် ခေါက်ဆွဲ
စပိုက်စီအနက်ရောင်ခေါက်ဆွဲဟာ မြန်မာပြည်မှာ သာမက ကမ္ဘာမှာပါ အစပ်ကြိုက်သူများအကြား နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ လက်တလော မြန်မာပြည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စပိုက်စီအနက်ရောင် တထုပ် ၉၀၀၀ ဖြစ်သွားပြီလို့ သိရပါတယ်။ အဆိုပါ ဈေးနှုန်းဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ တထုပ်ကို ၁.၃၇ ဒေါ်လာ (၇၅၆၈ ကျပ်)၊ ထိုင်းနိုင်ငံမှာ ၄၂ ဘတ် (၆၇၂၀ ကျပ်)၊ စင်ကာပူနိုင်ငံမှာ ၁.၅၈ ဒေါ်လာ (၆၆၃၆ ကျပ်)၊ ဂျပန်နိုင်ငံမှာ ၂၄၆ ယန်း (၈၈၅၆ ကျပ်) စသဖြင့် အသီးသီး ရှိနေတာကြောင့် မြန်မာပြည်က စပိုက်စီအနက်ရောက်ခေါက်ဆွဲဟာ ကမ္ဘာ့ဈေးအကြီးဆုံး အဖြစ် မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။
ဒီ ခရီး …
တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။
အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …
ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …
လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…
ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …
ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …
တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…
ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…
LuAh(AungKhinSitt)
Unicode
_________
ဒီ ခရီး …
တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။
အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …
ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …
လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…
ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …
ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …
တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…
ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်
အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။
မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကျဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။
အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း
အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကြတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။
Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။
မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း
သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။
မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း
Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ဒီ့အတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်
John Wick spin-off ဇာတ်ကားအသစ်မှာ ပါဝင်မယ့် ဒွန်နီယန်း
နာမည်ကြီးဟောင်ကောင်မင်းသားဒွန်နီယန်းဟာ John Wick spin-off ဇာတ်ကားအသစ်မှာ ပါဝင်မယ်လို့ သိရပါတယ်။ (spin-off ဇာတ်ကားဆိုတာ မူရင်းရုပ်ရှင်ရဲ့ ကမ္ဘာထဲမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ကားကိုပဲ ဆိုလိုတာပါ။ မူရင်းကားနဲ့ သက်ဆိုင်ကာ တည်ဆောက်ရိုက်ကူးထားပေမယ့် မူရင်းကားရဲ့ နောက်ဆက်တွဲအဆက်ကို ဆိုလိုတာတော့ မဟုတ်ပါဘူး)
အသက် ၆၀ အရွယ်ရှိပြီးဖြစ်တဲ့ ဒွန်နီယန်းက အဲဒီဇာတ်ကားမှာ လုပ်ကြံသတ်ဖြတ်သူ Caine အဖြစ် သူ့ရဲ့ဇာတ်ကောင်ကို ပြန်လည်ပုံဖော်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၅ ခုနှစ်ကျ ဟောင်ကောင်မှာ ရိုက်ကူးဖို့စီစဉ်ထားပြီး John Wick 4 မှာ Caine ဟာ သူ့ရဲ့တာဝန်ဝတ္တရားတွေကနေ လွတ်မြောက်လာခဲ့တဲ့ အဖြစ်အပျက်အပြီး ဇာတ်အိမ်တည်သွားမယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးမယ့်ဒါရိုက်တာကို မကြေညာရသေးပါဘူး။ ဒါပေမဲ့ အရင် John Wick ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ဒီဇာတ်ကားဖြစ်မြောက်ဖို့ ကူညီပေးနေတယ်လို့ သိရပါတယ်။
ကုသရန် ခက်ခဲသော စိတ်နာကျင်မူ
ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နာကျင်တဲ့ အခါမှာ ကုသလို့ ရပေမယ့် စိတ်နာကျင်ရင်တော့ ကုသဖို့ ခက်ခဲပါတယ်။
ကိုယ့်ကြောင့် အခြားသူ၏ စိတ်ပိုင်းဆိုင်ရာကို မထိခိုက်စေနဲ့
မိမိက လွယ်လွယ်လေး ပြောလိုက်ပေမယ့် အခြားသူ ရင်ထဲမှာတော့ တစ်သက် မမေ့နိုင်စရာ စိတ်ထဲမှာ နာကျင်သွားစေနိုင်ပါတယ်။ ဒါကြောင့် အခြား၏ စိတ်ကို ထိခိုက် နာကျင်စေမယ့် စကားများ မပြောပါနဲ့။
ဒေါသနဲ့ ပြောလိုက်မိရင် ပြန်တောင်းပန်
တစ်ခါတစ်လေ မိမိ၏ မိတ်ဆွေ သူငယ်ချင်းတွေကို ဒေါသ ရှေ့ထားပြီး ခပ်ရိုင်းရိုင်း စကားတွေနဲ့ ပြောလိုက်မိတဲ့ အခါ ပြန်တောင်းပန်သင့်ပါတယ်။ ဒေါသကြောင့် ဖြစ်ပေါ်သွားတဲ့ စကားလုံးတွေဟာ အခြားသူကို နာကျင်စေပါလိမ့်မယ်။
ဖြေသိမ့်လို့မရတဲ့ နာကျင်မူတွေ ရှိလာရင်
တစ်ခါတစ်လေမှာ ဖြေသိမ့်ဖို့ ခက်ခဲတဲ့ နာကျင်မူတွေ ကြုံလာနိုင်ပါတယ်။ အဲဒီလို ကြုံလာတဲ့အခါမှာ စိတ်ကို ဖြေသိမ့်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် အကောင်းဆုံး လျောက်လှမ်းနိုင်အောင် စဉ်စားပါ။
လူတိုင်း နာကျင်ဖူးကြတယ်
စိတ်နာကျင်မူဆိုတာ နည်းတာ များတာပဲ ကွာတာပါ။ လူတိုင်း လူတိုင်း နာကျင်ဖူးကြတဲ့ သူတွေပါပဲ။ တစ်ချို့က အဲဒီနာကျင်မူကို ခွန်အား အဖြစ်ပြောင်းလဲပြီး ဘဝကို အောင်မြင်အောင် လုပ်ကြတယ်။ တစ်ချို့ကလည်း နာကျင်မူကို မျိုသိပ်ပြီးပဲ စိတ်ထဲမှာ ထားကြပါတယ်။
Breaking News!!!
အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဟွမ် မာတာဟာ အခုဆိုရင် သြစတြေးလျ အေလိဂ်ကလပ် ဝက်စတန်း ဆစ်ဒနီ ဝန်းဒါးရားအသင်းဆီ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။
ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်း မာတာဟာ ဂါလာတာစာရေးနဲ့ တူရကီလိဂ် ဗစ်ဆဲလ် ကိုဘေအသင်းနဲ့အတူ ဂျပန် ဂျေလိဂ်တို့မှာပါ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါသေးတယ်။