( ခွကဟနံ) ချက်စားကြမယ်
ငါးမွေထိုး ဆီကျန်ရေကျန် အစပ်ဟင်းလေး

ငါးမွေထိုးတွေရလာလို့ ဗိုက်ခွဲပြီး ဆားနဲ့နယ်ပြီး အချွဲတွေပြောင် အောင် ဆေးလိုက်တယ် …. မန်ကျည်းမှည့်လေးနဲ့ နယ်ဆေးလဲရ တယ်

ပြီးမှ ဆား ဆနွင်းလူးနယ်ပြီး ကြက်သွန်နီခွာ ပါးပါးလှီးပြီး ဆီသတ် ငြုပ်သီးအရောင်တင်မှုန့်လေးထည့် .. ဆီသတ်တာ မွှေးလာရင် ဆားထည့် ... ပုစွန်ငံပြာရည်ထည့် ... ငါးတွေထည့် လုံး မွှေ ... ပြီးရင် ရေမြုပ်အောင်ထည့် အုပ်ထားလိုက်ပြီ

ဆူလာရင် ဖွင့် အထက်အောက်လှန်မွှေပေး . ငါးမွေထိုးက တခြားငါးတွေထက် အသားမာလို့ … ချက်ရင် ရေများများထည့် ပေးရပြီး ဆူလာရင် အသားတွေ အက်ကွဲလာပြီလားကြည့်ရ တယ် ... ရေခမ်း အသားတွေ အက်ကွဲလာရင် မဆလာလေးခတ် ပြီး ရေနဲနဲလေးထည့် ၂/၃ ချက်မွှေ ပြီး ချလို့ရပါပြီ .....

အသားတွေ မအက်ကွဲသေးရင် အကျက်လိုနေသေးလို့ ရေထပ် ထည့် တည်ရတယ် ... ငါးမွေထိုးချက်ရင် မဆလာလေး ဟင်းခတ်အမွှေးကြိုင်နဲ့ အလိုက်ဖက်ဆုံးပါပဲ ကက မိုးရာသီဆို ဘငါးမွေထိုးဥ လေးတွေနဲ့ အတော်စားလို့ကောင်းတယ်

PhotoCrd - May Myat Kyaw
#crd

image

ဓနဥစ္စာ ရှာဖွေရာ၌ လိုအပ်သောဥစ္စာကို ရစိမ့်သောငှာ အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရမည် ။
(၁) လိုအပ်သော စီးပွားရွှေငွေ အရေအတွက်ကို မိမိ၏ စိတ်ထဲတွင် တိတိကျကျ ပိုင်းခြား မှန်းထားရမည် ။ ငွေများများကြီး အလိုရှိသည်ဟူသော မှန်းဆချက်မျိုးနှင့် ကိစ္စမပြီးချေ ။ မည်၍ မည်မျှ အလိုရှိသည်ကို တိတိကျကျ မှန်းရွယ်ထားရမည် ။ အရေအတွက်ကို တိတိကျကျ မှန်းထားရခြင်းမှာ အချည်းအနှီး အကြောင်းမဲ့ မဟုတ်ကြောင်းကို နောက်အခန်းတစ်ခန်းတွင် ဖော်ပြလိမ့်မည် ။
(၂) ထိုငွေကို ရမှုအတွက် မိမိက မည်မျှလောက်အထိ အပင်ပန်း အဆင်းရဲခံနိုင်မည်ဟူ၍လည်း တိတိကျကျ ဆုံးဖြတ်ထားရမည် ။ လောက၌ တစ်ခုခုမပေးဘဲ အချည်းအနှီး အလကား ရနိုင်သော အရာဟူ၍ မရှိချေ ။
(၃) မှန်းထားသောငွေကို မည်သည့်နေ့ရက်တွင် ရလိုသည်ဟု ရက်စွဲနှင့်တကွ တိတိကျကျ ဆုံးဖြတ်ထားရမည် ။
(၄) ထိုငွေကို ရမှုအတွက် ဘယ်ကဲ့သို့ ဆောင်ရွက်မည်ဟု အကြံအစည်ပြုလုပ်ပြီးလျှင် ၎င်းအကြံအစည်အတိုင်း
မဆိုင်းမလင့်ဘဲ ချက်ချင်း စတင် ဆောင်ရွက်ရမည် ။
(၅) အလိုရှိသော ငွေအရေအတွက် ရရှိရမည့် ရက်စွဲ ၊ ထိုငွေရမှုအတွက် မိမိက အနစ်နာခံနိုင်မည့် အချက်များ ၊ ၎င်းရမှုအတွက် ဆောင်ရွက်မည့် အကြံအစည်များ စသည်တို့ကို စာရွက်တစ်ရွက်ပေါ်တွင် ထင်ထင်ရှားရှား ရေးသားဖော်ပြ ရမည် ။
(၆) ၎င်းစာရွက်ကို နံနက်အိပ်ရာမှ ထသောအခါ၌ တစ်ကြိမ် ၊ အိပ်ရာဝင်သောအခါ၌ တစ်ကြိမ် ၊ အသံထုတ်၍ ဖတ်ရမည် ။ ထိုကဲ့သို့ ဖတ်နေစဉ် ထိုငွေကို လက်ထဲရောက်ပြီးကဲ့သို့ စိတ်ချယုံကြည်၍ မျက်စိထဲတွင် ထင်မြင်ရမည် ။
အထက်ပါ နည်းလမ်းခြောက်ခုအတိုင်း ကျကျနန လိုက်နာ ဆောင်ရွက်ဖို့ အလွန် အရေးကြီးလှ၏ ။ အထူးသဖြင့် နံပါတ်(၆)ကို တိတိကျကျနှင့် မပျက်မကွက် လိုက်နာဖို့ အလွန်အရေးကြီး၏ ။
#ရွှေဥဒေါင်း

image

#makeup

1 y - Translate

ချစ်သူ ကိုကိုငယ်နဲ့အတူ ချစ်စရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကိုချပြလာတဲ့ မေရတီဇော် 🥰🥰🥰
သရုပ်ဆောင် မေရတီဇော်က ချစ်သူဖြစ်တဲ့ နေလင်းရှိန်နဲ့အတူ ချစ်စရာကောင်းတဲ့ စုံတွဲပုံလေးတွေကို ချပြလာတာပါ။ သူတို့ချစ်သူစုံတွဲဟာ လိုက်ဖက်ညီလွန်းလှတဲ့ ချစ်သူတွေဖြစ်ကြပြီး စိတ်တူကိုယ်တူ ပရဟိတလုပ်ငန်းတွေကိုဆောင်ရွက်နေကြသူတွေလည်းဖြစ်ပါတယ်။ နေလင်းရှိန်ဟာ ကြင်ဖော်ဇာတ်ကားထဲက ကိုကိုငယ်ဇာတ်ကောင်နဲ့ လူသိများနာမည်ကြီးလာသူလည်းဖြစ်ပါတယ်။

#crd
#celenews

image

အိန္ဒိယမှာ ရိုလာကိုစတာကနေ ၆ မီတာအကွာမှာ ပြုတ်ကျသေဆုံးခဲ့တဲ့ အသက် ၂၄ နှစ်အမျိုးသမီး
ပြီးခဲ့တဲ့ April (5)ရက်‌နေ့က အိန္ဒိယနိုင်ငံ၊ဒေလီမြို့ရှိ the Fun N Food Water & Amusement Park အပန်းဖြေဉယျာဉ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရိုလာကိုစတာပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။ ပရီရန်ကာ ရာဝတ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ခင်ပွန်းလောင်းနဲ့ ရိုလာကိုစတာစီးနေခဲ့ပြီး ၆ မီတာအမြင့်ကနေ ပြုတ်ကျခဲ့တာပါ။
သူဟာ ဒီမတော်တဆမှုကြောင့် ညာဖက်ခြေထောက်မှာ ဒဏ်ရာနက်နက်တစ်ခု၊ ဘယ်ဖက်ခြေထောက်မှာ ထိုးဖောက်ဒဏ်ရာတစ်ခုအပြင် ညာဖက်လက်ဖျံနဲ့ဘက်ဖက်ဒူးခေါင်းတို့မှာ ပွန်းပဲ့ဒဏ်ရာများစွာရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။ သူဟာ ဆေးရုံရောက်တာနဲ့ သေဆုံးခဲ့ပါတယ်။
ပရီရန်ကာဟာ သွားနေတဲ့ရိုလာကိုစတာအထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ ပြုတ်ကျခဲ့တာပါ။ ဒီမတော်တဆဖြစ်ပြီးတဲ့နောက်မှာ ရိုလာကိုစတာကို ပိတ်သိမ်းပစ်ခဲ့ပါတယ်။ ပြုတ်ကျရခြင်းအကြောင်းအရင်းက ထိုင်ခုံခါးပတ်ချွတ်ယွင်းမှုကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပရီရန်ကာက အခုနှစ် ဖေဖော်ဝါရီလမှာ သူ့ချစ်သူနဲ့ စေ့စပ်ခဲ့ပြီး နောက်နှစ်ထဲ လက်ထပ်ဖို့ စီစဉ်ထားခဲ့တာပါ။

image
1 y - Translate

အချိန်အခါမဟုတ် မိုးရွာနိုင် +++++
အနောက်ဘက်နဲ့ အရှေ့ဘက်တို့မှ ရွှေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ပါတယ်။ ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်နေ့အထိ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

iPhone ကို ကာဗာတပ် မသုံးစေချင်တဲ့ Apple
ဖုန်းဝယ်ပြီး ကာဗာ case တပ် မသုံးတဲ့သူ အတော်ရှားပါလိမ့်မယ်။
အခုနောက်ပိုင်း ရှယ်အကြမ်းခံပါတယ်ဆိုတဲ့ Durability မြင့် ဖုန်းကြော်ငြာတွေ မြင်ကြမှာပါ။ အမြင့် ၆ ပေ ၇ ပေလောက်က ကွန်ကရစ်ကြမ်းပြင်ပေါ် လွတ်ကျလို့ ဘာမှ မဖြစ်ဘူးဆိုတဲ့ ဖုန်းတွေအကြောင်းလည်း ကြားဖူးကြမှာပါ။
ဖုန်းကုမ္ပဏီတွေ ဘယ်လောက်အကြမ်းခံပါတယ် ပြောပြော ဖုန်းဝယ်သူတွေကတော့ ဖုန်းဝယ်ပြီးရင် ကာဗာတစ်ခါတည်း တပ်တော့တာပါပဲ။ ဖုန်းကောင်းကောင်းတစ်လုံးအတွက် ပိုက်ဆံသိန်းဆယ်ချီ သုံးနေရတဲ့ ခေတ်မှာ ကိုယ့်ဖုန်းအကြမ်းခံမှုကို မသေချာတာတွေနဲ့ အလောင်းအစား မလုပ်ချင်တဲ့ သဘောပါ။
ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး iPhone ကို ထုတ်တဲ့ Apple ကလည်း သူ့ဖုန်းကို case မတပ်ဘဲ သုံးစေချင်ပုံပါပဲ။ Apple ရဲ့ နောက်ဆုံးထွက် iPhone 16 ရဲ့ Ceramic Shield ကြော်ငြာမှာ ဒီအချက်ကို ပြောထားပါတယ်။
ကြော်ငြာထဲမှာ ပွဲတော်လာလည်တဲ့ မိသားစုတစ်စုက လူတစ်ယောက်ကို အမှတ်တရဓါတ်ပုံရိုက်ခိုင်းချိန် သစ်သားကြမ်းပြင်ပေါ် iPhone 16 မတော်တဆ လွတ်ကျသွားပေမယ့် ဖုန်းမှန်လုံးလုံး မထိတာကို အသားပေး ပြထားတာပါ။ ကြော်ငြာအဆုံးမှာ Ceramic Shield လို့ စာတန်းထိုးပြီး "အေးဆေးပဲ။ အဲ့ဒါ iPhone 16 လေ" လို့ စာတန်းထိုးထားပါတယ်။
iPhone 16 က လွတ်ကျတာလောက် မမှုဘူးဆိုတာကို ဆိုလိုချင်တာပါ။ ဒါပေမယ့် သစ်သားကြမ်းပြင်ပေါ်ကို ၄ ပေကျော် ၅ ပေလောက် အမြင့်က လွှတ်ချပြတဲ့ Apple ကြော်ငြာက ကြွေပြားခင်း ကြမ်းပြင်ပေါ် ဖုန်းကို ထွေခင်းသလို ပစ်ချပစ်တဲ့ တရုတ်ကုမ္ပဏီတွေအဖို့တော့ ဟာသဖြစ်နေပါလိမ့်မယ်။
နောက်ပြီး iPhone လို ပရီမီယမ်ဖုန်းတစ်လုံးကို Apple ကြော်ငြာယုံပြီး case မတပ်ဘဲ သုံးဖို့ဆိုတာကလည်း စွန့်စားလွန်းရာ ကျနေပါလိမ့်မယ်။

image