30 w - Translate

ဒေးဗစ်ဘက်ခမ် ထံမှ ဘောလုံးဖိနပ် လက်ဆောင်ရရှိခဲ့တဲ့ Messi 😍🐐

image
30 w - Translate

More breeders of imported Thai monosex freshwater shrimp emerge due to high yield

Due to the high yield, there are more people who farm imported Thai monosex freshwater shrimp, according to the fishery circle.

Advantages of monosex prawns include high male percentage, good growth rate, and short breeding time.

“Currently, the monosex freshwater shrimp imported from Thailand has about 98 percent male. In Myanmar, male prawns have a better growth rate, so more people farm them. Some are waiting to get this type. The difference between the domestical type and monosex is the former has 60 percent female and 40 percent male. Female growth rate is lower than male, so production is lower. It takes only four or six months to farm monosex. Because of these advantages, many in Myanmar chose this type to breed. In four months, they are on the market,” said U Salai from the Columbus Land and Agricultural Company in Twantay.

Due to freshness, reasonable price and shorter breeding time, people prefer monosex, which can produce three tonnes per acre in one year.

“Monosex is widely consumed by people. It is easy to farm. Freshness is different from the shrimps that come in boxes. The price is cheap. Big Myanmar freshwater shrimps are about K 50,000 to 60,000 per viss while it is K 35,000 a viss. It is smaller than Myanmar shrimps. Breeding period is short. Local breeding produces one tonne per acre in one year. In case of monosex, it produces one tonner in four months, so three tonnes in one year. Those who experienced these advantages want to farm only monosex,” he added.

Thit Taw/ZN

image
30 w - Translate

တော်သေးတာပေါ့ ဘဲဥကွဲလို့
စားဘီ...😁

30 w - Translate

မန်စီးတီးရုန်းကန်နေရမှုအပေါ် မစဉ်းစားဘဲ ကိုယ့်အသင်းကိုပဲ အာရုံစိုက်ရန် ဖာနန်ဒက်စ်ပြော

မန်စီးတီးအသင်းရုန်းကန်နေရတဲ့အပေါ် မစဉ်းစားဘဲ ကိုယ့်အသင်းကိုပဲ အာရုံစိုက်ဖို့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကတိုက်တွန်းသွားပါတယ်။

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲ သာအနိုင်ရခဲ့ပြီး နည်းပြဂွါဒီယိုလာလက်ထက် အဆိုးရွားဆုံးအချိန်ကို ရောက်ရှိနေတာပါ။

တနင်္ဂနွေနေ့မှာကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်စီးတီးရဲ့ ရုန်းကန်နေရမှုအပေါ် မစဉ်းစားဘဲ ကိုယ့်အသင်းကိုပဲ အာရုံစိုက်သွားဖို့ လိုအပ်ကြောင်း ဖာနန်ဒက်စ်ကပြောပါတယ်။

မန်စီးတီးက ဒါဘီပြိုင်ဘက်ကောင်းဖြစ်ပြီး ဘယ်လိုအခြေအနေပဲ ကြုံတွေ့နေရသည်ဖြစ်စေ မန်ချက်စတာဒါဘီက ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာဖြစ်ကြောင်း၊ မန်စီးတီးကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။
DVB
Photo: Reuters

image
30 w - Translate

မနက်အစောကြီး ဖုန်းသွားခေါ်တာကိုး
ပိတ်ရက်မှာဖုန်းလာမခေါ်နဲ့နော်...

သမ္မတကို စွပ်စွဲပြစ်တင်မှုမတိုင်မီ တောင်ကိုရီးယားလွှတ်တော်ရှေ့မှာ လူထောင်ပေါင်းများစွာ စုဝေး

ဒီဇင်ဘာ ၁၄

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မိတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ဆိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်အမတ်တွေက ဒီကနေ့ပြင်ဆင်နေချိန်မှ ထောင်နဲ့ချီတဲ့ တောင်ကိုရီးယားပြည်သူတွေဟာ လွှတ်တော်ပြင်ပမှာ စုဝေးရောက်ရှိနေပါတယ်။

ဒါအပြင် မြို့တော်ဆိုးလ်ရဲ့ အဓိကရင်ပြင်နဲ့ Gwanghwamun တို့မှာတော့ သမ္မတကိုထောက်ခံကြောင်း၊ စွပ်စွဲပြစ်တင်မှုကို ရှုတ်ချပြီး အတိုက်အခံခေါင်းဆောင် လီဂျေးမြောင်ကို ဖမ်းဆီးဖို့ သမ္မတထောက်ခံသူတွေက စုဝေးတောင်းဆိုမှုတွေရှိနေပါတယ်။

သမ္မတအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲပြစ်တင်မှုဟာ ပွတ်ကာသီကာ ရှုံးနိမ့်သွားတာကြောင့် ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ယွန်းခ်ဆွတ်ခ်ယိုးလ်ကတော့ ရာထူးကဆင်းပေးဖို့ တေုာင်းဆိုချက်တွေကို ပယ်ချထားပါတယ်။

သူရာထူကမဆင်းမချင်း စနေနေ့တိုင်း စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းနေမယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောဆိုထားပြီး အဆိုအောင်မြင်ဖို့အတွက် လွှတ်တော်အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှုရရှိဖို့လိုအပ်ပါတယ်။

ဒီတခါ စွပ်စွဲပြစ်တင်တဲ့အဆိုကတော့ အောင်မြင်နိုင်ခြေရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။

တောင်ကိုရီးယားလွှတ်တော် အမတ် ၃၀၀ မှာ ထောက်ခံမှု ၂၀၀ ပြည့်ဖို့အတွက် အာဏာရပါတီက လွှတ်တော်အမတ်ရှစ်ယောက်ကပါ ထောက်ခံဖို့ လိုအပ်နေပါတယ်။ လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်နဲ့ အနီးကပ်မဟာမိတ်တွေဟာ ဖမ်းဆီးမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီး အများစုကိုတော့ နိုင်ငံတွင်းကနေ ထွက်ခွာခွင့် တားမြစ်ထားပါတယ်။

သမ္မတယွန်းဆွတ်ခ်ယိုးလ်ကတော့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ပြည်သူတွေရဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ထားပေမယ့် ဒီကိစ္စအပေါ် ကာကွယ်ပြောဆိုထားပြီး စွပ်စွဲပြစ်တင်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အဆုံးတိုင်ရင်ဆိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

image

ယူကရိန်းက ၂၀၂၄ ခုနှစ်အတွင်း ဒရုန်းအစင်းရေ ၁.၂ သန်း ဝယ်ယူခဲ့
…………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းတပ်မတော်အတွက် မောင်းသူမဲ့လေယာဉ် ၁.၂ သန်း ထောက်ပံ့ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းတပ်မတော်ဟာ လက်ရှိအချိန်မှာ FPV အသေခံဒရုန်းတွေ၊ ကင်းထောက်မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက် ခိုက်ရေးဒရုန်းတွေကို ကိုင်တွယ်အသုံးပြုနေသလို အခုလအကုန်မှာလည်း နောက်ထပ် မောင်းသူမဲ့ လေယာဉ် အစင်း ၁၀၀,၀၀၀ ထပ်မံ ပို့ဆောင်ပေးဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ခေတ်မီမောင်းသူမဲ့လေယာဉ်တွေနဲ့ ကာကွယ်ရေးအင်အားတွေ ထောက်ပံ့ပေးတာဟာ ဦးစားပေးလုပ်ငန်း အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို စစ်ရေး စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲစတင်ကတည်းက ဒရုန်းတွေဟာ ယူကရိန်းတပ်မတော်အတွက် အဓိကလက်နက် ဖြစ်လာပါတယ်။

ယူကရိန်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အတွင်း နိုင်ငံတော်အထူးဆက်သွယ်ရေးတပ်ဖွဲ့ကတစ်ဆင့် FPV ကာမီ ကာဇေဒရုန်း ၁.၁ သန်း လက်ခံရရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ညဘက်အသုံးပြုနိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ ကင်းထောက်ဒရုန်း ၁၂,၀၀၀ အပါအဝင် ထောင်လိုက်တက်ဆင်းနိုင်တဲ့ ကင်းထောက်ဒရုန်း အစင်းရေ ၄၀,၀၀၀ နဲ့ Shark၊ GOR နဲ့ Furia တို့လို တောင်ပံတပ် ကင်းထောက်ဒရုန်း အစင်းရေ ၅,၀၀၀ ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ယူကရိန်းလက်နက်တိုက်ထဲမှာ An-196 လို ဒရုန်းတွေအပါအဝင် တာဝေးပျံသန်းတိုက်ခိုက်နိုင်တဲ့ ဒရုန်းအစင်းရေ ၆,၀၀၀ ကျော်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒါ့အပြင် ယူကရိန်းတပ်မတော်မှာ Nemesis၊ Bat နဲ့ Vampire တို့အပါအဝင် ပြန်လည်အသုံးပြုနိုင်တဲ့ မောင်းသူမဲ့လေ ယာဉ် အစီးရေ ၂,၀၀၀ နဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ FPV copters အစင်းရေ ၅,၀၀၀ ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

စစ်သတင်းရှာဖွေစုဆောင်းခြင်း၊ ပစ်မှတ်ခြေရာခံခြင်းနဲ့ ပစ်မှတ်ကို တိုက်ခိုက်ခြင်းတို့အတွက် မောင်းသူမဲ့လေယာဉ်တွေ တည်ဆောက်ဖို့ ဘတ်ဂျက် ဒေါ်လာ ၃.၅ ဘီလျံ ခွဲဝေချထားပေးတဲ့အထဲက ဒေါ်လာ ၂.၇ ဘီလျံကို ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း သုံးစွဲခဲ့ကြောင်း ယူကရိန်းအစိုးရ အောက်တိုဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လာမယ့်နှစ်မှာ ယူကရိန်းနိုင်ငံဟာ ဒေါ်လာ ၇၈၃.၂ သန်းတန်ကြေးရှိ ဒရုန်းအစင်းရေ ၁၅၀,၀၀၀ ဝန်းကျင် ဝယ်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။

Ref: Ukrainian Military Reports Acquisition of Over 1.2M Drones in 2024

#centralnewsnaypyitaw

image

ဘန်ကောက်မှာဖမ်းမိတဲ့အထဲက သူတောင်းစား ၁၂ ယောက်ထဲမှာ ငွေသားဘတ် ၃ သိန်းနဲ့ ဘဏ်အကောင့် ဘတ် ၁ သန်းရှိတဲ့ ထိုင်းအမျိုးသမီးတစ်ယောက်တွေ့ရှိ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ သူတောင်းစားရှင်းလင်းရေးအတွက် ရဲတပ်ဖွဲ့က စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာမှာ ဖမ်းမိတဲ့ သူတောင်းစားတွေထဲက အမျိုးသမီးတစ်ယောက်ထံမှာ ဘတ်ငွေ ၃၀၀,၀၀၀ တွေ့ရှိရပြီး အဆိုပါအမျိုးသမီးရဲ့ဘဏ်အကောင့်ထဲမှာ ဘတ်ငွေတစ်သန်းအထိ ထည့််သွင်းထားတာကို တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

ဘန်ကောက်မြို့တော် သူတောင်းစားနှိမ်နှင်းရေးအတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ (ကြာသပတေးနေ့) ရဲတပ်ဖွဲ့က စစ်ဆင်ရေးတစ် ရပ်ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား သူတောင်းစား ၁၂ ယောက် ဖမ်းဆီးမိခဲ့ပါတယ်။

ကြာသပတေးညပိုင်းက ဘန်ကောက်မြို့ နန်နာနယ်မြေကိုသွားတဲ့လမ်းက ဆူခုန်ဗစ်လမ်းနဲ့ အဆော့လမ်းကြား က လမ်းဆုံနေရာ စီးပွာရေးနယ်မြေကို လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ လမ်ပီနီရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးနဲ့ လူမှုဖူလုံရေးအရာရှိတွေပါဝင်တဲ့အဖွဲ့ က ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဆိုပါနယ်မြေလမ်းကြောင်းတစ်လျှောက်တစ်လျှောက်မှာ သူတောင်းစားတွေ ပြည့်နှက်နေပြီး နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းပုံရိပ်ကို ထိခိုက်စေကြောင်း တိုင်ကြားလာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက အခုလို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဆိုပါစစ်ဆင်ရေးကို အမှတ် ၁ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယရဲမှူးကြီး ဆူရီယာပန်းဆွမ်ဘတ်နဲ့ ဘန်ကောက် အိမ်ရာမဲ့များကာကွယ်ရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ထာပနီး ဆီရိဆွမ်ဘွန်းတို့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးဆောင်ရွက်စဉ်အတွင်း ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး၊ လာအိုနိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့အထဲက နိုင်ငံခြားသား ၄ ဦးဟာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့လည်း စွဲချက်တင်ခံထားရကြောင်း ဖမ်းဆီးရေး အဖွဲ့က ပြောပါတယ်။

ဖမ်းမိတဲ့အထဲက ထိုင်းနိုင်ငံသားအမျိုးသမီးထံမှာ ဘတ်ငွေ ၃၀၀၀၀၀ တွေ့ရှိခဲ့သလို ၎င်းရဲ့ဘဏ်အကောင့်ထဲ မှာလည်း ဘတ်ငွေ တစ်သန်းဝန်းကျင်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ငွေကြေးတွေကို တောင်းရမ်းပြီး စုဆောင်းခဲ့တာဖြစ်ကြောင်း အဲဒီအမျိုးသမီးက အာဏာပိုင်တွေကို ပြောပါတယ်။ ဖမ်းဆီးမိသူအားလုံးကို လမ်ပီနီရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

Ref: 12 beggars arrested in Bangkok,1 with B300,000 cash, B1m in bank account

#centralnewsnaypyitaw

image
30 w - Translate

ဒီကနေ့ မင်္ဂလာဧည့်ခံပွဲကြီ:ကို ထိုင်းမိတ်ကပ်ပညာရှင် Mario နဲ့ပြင်ဆင်ခြယ်သခဲ့တဲ့ နေခြည်ဦး ❤️

ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့လေးဟာ သရုပ်ဆောင် နေခြည်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကြီ:နေ့လေးပါ။ သူမရဲ့ မင်္ဂလာပွဲကိုတော့ Yangon Convention Centre မှာ နံနက် ၁၀ နာရီကနေစတင်ပြီး ကျင်းပနေတာဖြစ်ပါတယ်။
နေခြည်ဦးဟာ သူမရဲ့ မင်္ဂလာပွဲကြီ:ကို ထိုင်းကနာမည်ကြီးမိတ်ကပ်ပညာရှင် Mario နဲ့ ပြင်ဆင်ခြယ်သခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးဟာ Mario နဲ့ပြင်ဆင်ခြယ်သခဲ့တဲ့ မင်္ဂလာပွဲဟာ ဒီနေ့ပွဲနဲ့ဆိုရင် ဒုတိယမြောက်ပွဲပဲဖြစ်ပါတယ်။ သူမကို ပြင်ဆင်ခြယ်သနေမှုကိုတော့ Mario က သူ့ရဲ့ ဆိုရှယ်အကောင့်ကနေ ဖော်ပြထားတာတွေ့ရပါတယ်။

#credit

image

ပြည်ပအလုပ်သမားတွေ ငွေပြန်လွှဲမှု တနေ့ကို အေဂျင်စီ ၅၀ နှုန်းနဲ့ ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးမယ်

ဒီဇင်ဘာ ၁၄

ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆၀၀၀၀ နီးပါးက တရားဝင်လမ်းကြောင်းကနေ မိသားစုထံ လစာရဲ့ ၂၅ရာခိုင်နူန်း ငွေလွှဲပို့မှုရှိမရှိနဲ့ပတ်သက်ပြီး စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေကို စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၄၂၉ ခုရှိပြီး လချုပ်စာရင်းတွေပေးပို့ခြင်းမရှိတာကြောင့် အလုပ်သမားတွေငွေလွှဲပို့မှုအခြေအနေ၊အထောက်အထားတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ တရက်ကို အေဂျင်စီ ၅၀ ခေါ်ယူစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

" ကျွန်တော်တို့လွှတ်ခဲ့တဲ့ အလုပ်သမားတွေက သူ့အိမ်ကိုငွေပြန်လွှဲမလွှဲကို စစ်မှာပေါ့။သူတို့ငွေပြန်လွှဲအောင်လည်းကျွန်တော်တို့ကတာဝန်ယူရမယ်ဆိုပြီးပြောထားတော့ အခုကျွန်တော်တို့ကိုဒီကိစ္စနဲ့ပတ်သက်လို့ခေါ်စစ်တဲ့သဘောပေါ့။လွှဲထားရင်လည်းအထောက်အထားတင်ပြရမယ်။မလွှဲရင်လည်းမလွှဲကြောင်းကိုသူတို့သမှတ်ရက်မှာတင်ပြရမယ်ပေါ့။သူတို့ပြောတာသိပ်လွယ်တယ်ဗျာ။နိုင်ငံခြားရောက်သွားတဲ့သူရဲ့လုပ်ခလစာကိုကျွန်တော်တို့သွားပြီးစီမံလို့မရဘူးလေ။ငွေလွှဲဖို့တော့ ဒီမှာကတည်းက သေချာပြောလိုက်တာပဲ။သူတို့လည်းလက်ခံတာပဲ။ဟိုရောက်မှပြန်မလွှဲတာကို ကျွန်တော်တ ို့အေဂျင်စီတွေကိုပဲဖိအားပေးလုပ်နေတာအဆင်မပြေဘူး။ဒီပုံစံဆို အေဂျင်စီလုပ်ငန်းတွေ ရပ်နားမှုများလာနိုင်တယ်။" လို့ ခေါ်ယူစစ်ဆေးခံရမယ့်အထဲပါဝင်တဲ့ အေဂျင်စီတခုမှ ပြောပါတယ်။

အဆိုပါအလုပ်သမားတွေက ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ်အထိ လေးလအတွင်း ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေ မိသားစုဆီ ငွေပြန်လွှဲမယ့်ကိစ္စက အေဂျင်စီတွေမှာတာဝန်ရှိတယ်ဆိုပြီး အလုပ်သမားရှိ ရာမြို့ ကိုလိုက်ကာ အလုပ် သမားတွေ တရားဝင်ငွေလွှဲလာအောင်စည်းရုံးခိုင်းခြင်း ၊ အလုပ်သမားတွေဆီကနေ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲထားတဲ့အထောက်အထားတွေ တောင်းပြီး ဝန်ကြီးဌာနဆီပြန်လည်တင်ပြရမယ်ဆိုတဲ့ ကိစ္စကြောင့်လက်ရှိမှာ အေဂျင်စီတွေပါ အခက်ကြုံနေရတယ်လို့သိရပါတယ်။

" အေဂျင်စီတွေပါအကျပ်ခံနေရတယ်။အလုပ်သမားအယောက်တရာပို့ရင် တရာလုံးက ပြန်လွှဲဖို့က အေဂျင်စီတာဝန်ဆိုတော့အကုန်လုံးဒုက္ခရောက်နေတာပေါ့။အဲဒီတော့ ကြားထဲကနေ အေဂျင်စီက မရရအောင်ကောက်ရမယ် ။အလုပ်သမား တွေ ရှိတဲ့နေရာလိုက်သွား အလုပ်သမား တွေ နဲ့ချိတ် ။တလကိုဘယ်လောက်လွှဲမယ်ဆိုတဲ့စာရင်းကိုပေး ၊ ပေးပြီးတော့ ဘယ်သူကဘယ်လောက်ပေးပါတယ်ဆိုပြီးအဲဒီ ၁၀၀ လုံးရဲ့စာရင်းကိုကောက် တင်ပြရမယ်ဆိုတော့ ဒုက္ခရောက်နေတာ။ လွှဲထားတဲ့စာရင်းလေးပြန်ပေးပါ ဆိုတာတောင် အလုပ်သမားတွေက ပြန်မပေးဘူး။သူတို့ဘက်ကကြည့်ရင်လည်း ကိုယ့်လစာကိုယ့်ဘာသာဘယ်လောက်လွှဲလွှဲ ပြန်ပေးစရာလားဆိုပြီး မေးခွန်းထုတ်မေးလို့ရတာပေါ့။ ဒါကသူတို့ရဲ့အခွင့်အရေးဖြစ်နေတာကိုး။အဲ့ဒါကို အဲ့စာရင်းကိုတောင်းပြီးအဲ့စာရင်း ဌာနပြန်တင်ခိုင်းတော့ အေဂျင်စီဒုက္ခရောက်နေတာ။" လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုရဲ့ တာဝန်ရှိသူ ကပြောပါတယ်။

ဝန်ကြီးဌာနကတော့ အေဂျင်စီတွေအနေနဲ့ မိမိပို့လွှတ်လိုက်တဲ့အလုပ်သမားတွေက သူတို့ မိသားစုဆီကို လစာရဲ့၂၅ ရာခိုင်နူန်း ငွေလွှဲပို့ခြင်းနဲ့ပတ်သက်တဲ့အထောက်အထားကို သတ်မှတ်ရက်မှာ အလုပ်သမားဝန်ကြီးဌာနဆီ တင်ပြနိုင်ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့်လည်း ဆိုင်းငံ့ခံရမယ်လို့ သတိပေးထား ပါတယ်။

ဒါကြောင့်လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတွေမှာ အခက်တွေ့နေရတာဖြစ် တယ်လို့သိရပါတယ်။

အေဂျင်စီတွေခေါ်ယူစစ်ဆေးမယ့်ကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိအောင် မေးမြန်းဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဖြစ်သူဦးညွန့်ဝင်းကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မိသားစုဆီ ငွေ လွှဲပေးပို့မှုနဲ့ပတ်သက်ပြီး လချုပ်စာရင်းမပို့တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၁၈ ခုရှိခဲ့တယ်လို့သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage