48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

image
48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

image
48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

image
48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

image
48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

image
48 ပတ် - ဘာသာပြန်ပါ။

Dragon Tattoo

imageimage
+5
48 ပတ် - ဘာသာပြန်ပါ။

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞
Zaw Win - Jobs4U

image

အာ...အဲ့လောက်ကြီးကျ

image
48 ပတ် - ဘာသာပြန်ပါ။

ကယက်လှေတစ်စင်းဖြင့် အတ္တလန္တိတ်ကို အောင်နိုင်သူ - Aleksander Doba
Aleksander Doba ဆိုတာ ကမ္ဘာကျော် ပိုလန်လူမျိုး စွန့်စားသူတစ်ဦးဖြစ်ပြီး၊ အတ္တလန္တိတ်သမုဒ္ဒရာကို ကယက်လှေတစ်စင်းတည်းနဲ့ အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့မှုကြောင့် လူသိများထင်ရှားပါတယ်။
၁၉၄၆ ခုနှစ်မှာ ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ Doba ဟာ ငယ်စဉ်ကလေးဘဝကတည်းက သဘာဝတရားနဲ့ နီးစပ်တဲ့ ဝါသနာတွေဖြစ်တဲ့ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ လှေလှော်ခြင်းတွေကို နှစ်သက်ခဲ့ပေမယ့်၊ ပင်လယ်ပြင်စွန့်စားခန်းတွေကိုတော့ အသက် ၄၀ ကျော်ရောက်မှသာ စတင်ခဲ့တာပါ။
ဒါဟာ သူ့ရဲ့ ထူးခြားချက်တစ်ခုလည်း ဖြစ်ပါတယ်။ အသက်ကြီးမှ စွန့်စားခန်းတွေကို စတင်ခဲ့ပေမယ့်လည်း Doba ဟာ လူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
သူ့ရဲ့ အထင်ရှားဆုံး စွန့်စားမှုတွေထဲမှာ အတ္တလန္တိတ်သမုဒ္ဒရာကို ကယက်လှေနဲ့ ဖြတ်ကျော်မှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ Doba ဟာ ဒီခက်ခဲကြမ်းတမ်းတဲ့ စွန့်စားမှုကို တစ်ကြိမ်တည်းမဟုတ်ဘဲ သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်ကြားမှာ အာဖရိကတိုက် (ဆီနီဂေါ) ကနေ တောင်အမေရိကတိုက် (ဘရာဇီးလ်) ကို ခန့်မှန်းခြေ မိုင်ပေါင်း ၃,၃၀၀ (၅,၃၀၀ ကီလိုမီတာ) ကျော် ကယက်လှေနဲ့ လှော်ခတ်ခဲ့ပြီး၊ လူသားစွမ်းအားတစ်ခုတည်းနဲ့ အတ္တလန္တိတ်ကို အရှေ့ဘက်အစွန်ဆုံးမှ အနောက်ဘက်အစွန်ဆုံးကို ဖြတ်ကျော်တဲ့ ပထမဆုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာတော့ ဥရောပတိုက် (ပေါ်တူဂီ) ကနေ မြောက်အမေရိကတိုက် (ဖလော်ရီဒါ) ကို ခန့်မှန်းခြေ မိုင်ပေါင်း ၅,၄၀၀ (၈,၆၉၀ ကီလိုမီတာ) ကျော် ဖြတ်ကျော်ခဲ့ပြန်ပါတယ်။
အသက် ၇၀ အရွယ် ၂၀၁၇ ခုနှစ်မှာ မြောက်အမေရိက (နယူးဂျာစီ) ကနေ ဥရောပ (ပြင်သစ်) ကို ခန့်မှန်းခြေ မိုင်ပေါင်း ၄,၁၅၀ (၆,၆၈၀ ကီလိုမီတာ) ကျော် ပြန်လှော်တဲ့ ခရီးစဉ်ကတော့ သူ့ရဲ့ နောက်ဆုံး အတ္တလန္တိတ်ဖြတ်ကျော်မှု ဖြစ်လာခဲ့ပါတယ်။
ဒီခရီးစဉ်တွေအားလုံးဟာ ရက်ပေါင်းများစွာ၊ တစ်ခါ တစ်ရံ လပေါင်းများစွာကြာမြင့်ပြီး၊ ပြင်းထန်တဲ့ ရာသီ ဥတုအခြေအနေတွေ၊ အန္တရာယ်များတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေနဲ့ အထီးကျန်မှုတွေကို ရင်ဆိုင်ရင်း "OLO" လို့ခေါ်တဲ့ သူ့ရဲ့ အထူးပြုလုပ်ထားတဲ့ ကယက်လှေလေးနဲ့ မိုင်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတာပါ။
အတ္တလန္တိတ်ဖြတ်ကျော်မှုတွေအပြင် Doba ဟာ တခြား စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
ဥပမာအားဖြင့် ဘောလ်တစ်ပင်လယ် နဲ့ ကမ္ဘာ့အနက်ဆုံးရေကန်ဖြစ်တဲ့ Baikal Lake တို့ကို ကယက်လှေနဲ့ ပတ်ခဲ့ခြင်း၊ ပိုလန်နိုင်ငံအနှံ့ ကီလိုမီတာထောင်ချီ ကယက်လှေနဲ့ ခရီးသွားခြင်း၊ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်အထိ စွန့်စားသွားလာခြင်းတို့ဟာလည်း မှတ်တမ်းတင်ထိုက်တဲ့ စွန့်စားမှုတွေ ဖြစ်ပါတယ်။
ဒီလိုမျိုး စွန့်စားမှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ Aleksander Doba ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ အာဖရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ကီလီမန်ဂျာရိုတောင်ကို တက်ရောက်နေစဉ် ကွယ်လွန်သွားခဲ့ပါတယ်။
Doba ရဲ့ ဘဝဇာတ်ကြောင်းဟာ စွန့်စားလိုစိတ်၊ ရဲစွမ်း သတ္တိနဲ့ ဇွဲလုံ့လတို့ရဲ့ အရေးပါပုံကို ပြသနေပြီး၊ အသက် အရွယ်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတားအဆီးတစ်ခု မဟုတ်ကြောင်း သက်သေပြခဲ့ပါတယ်။
သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ နောင်မျိုးဆက်သစ်တွေကို ဆက်လက်ပြီး အားပေးလှုံ့ဆော်နေဦးမှာ အသေအချာပါပဲ။ သူ့ရဲ့ စွန့်စားမှုတွေအတွက်လည်း National Geographic က ချီးမြှင့်တဲ့ "People's Choice Adventurer of the Year" ဆု အပါအဝင် ဆုတံဆိပ်တွေ၊ ဂုဏ်ပြုမှတ်တမ်းတွေ များစွာကို ရရှိခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
#knowledge

image
48 ပတ် - ဘာသာပြန်ပါ။

တစ်ဦးတည်းသော အချစ်ဆုံးတူလေးအတွက် Homemade မုန့်တွေကို ကိုယ်တိုင်လုပ်ပေးနေတဲ့ ဝတ်မှုန်ရွှေရည် 🥰🥰🥰

သူမရဲ့ တစ်ဦးတည်းသော ချစ်စရာနဲ့ အချစ်ဆုံး တူလေးဖြစ်ပါတယ်။ ညီမဖြစ်တဲ့ နဒီရွှေရည်က မွေးထားတာဖြစ်ပြီး သူမရဲ့လက်ပေါ်မှာပဲ ငယ်စဉ်တည်းက ကြီးပြင်းလာတာကြောင့် သူမအတွက်တော့ ရင်နှင့်မခြား ချစ်ရတဲ့ တူလေးတစ်ယောက်ပါ။ သူမတို့မိသားစုရဲ့ ပထမဆုံးမျိုးဆက်သစ်လေးဆိုလည်း မမှားပါဘူး။ ဝတ်မှုန်ရွှေရည်က သူမရဲ့ တူလေးအတွက် သူမကိုယ်တိုင် Pancake တွေ လုပ်ပေးခဲ့တာပါ။

#celenews

image