ဒဂုံဧရာအဝေးပြေးဝန်းအနီးကား ၂ စီးတိုက်မိရာမှ တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အဝေးပြေးကားဝန်းအနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်ခန့်က ကားနှစ်စီး တိုက်မိရာမှ တရုတ်နိုင်ငံသားတစ်ဦး ကားခေါင်းတွင် ညပ်နေပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ လှိုင်သာယာမြို့နယ်မှ ထန်းတပင်မြို့နယ်ဘက်သို့ မောင်းနှင်လာသော တရုတ်နိုင်ငံသား Mr.Well မောင်းနှင်လာသော Toyota Harrier အမဲရောင် မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ မအူပင်မြို့နယ်မှ မရမ်းကုန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော Nissan Condor ကုန်တင်ယာဥ်ကို ဝင်တိုက်မိပြီး လူညပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားတိုက်မှုဖြစ်ပြီး လူညပ်နေတယ်လို့ ပြည်သူတစ်ဦးကသတင်းပို့လို့ သွားရောက်ကူညီခဲ့တာပါ။ ၁၀ မိနစ်လောက်အကြာမှာ လူနာကို ကယ်ထုတ်နိုင်ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် တရုတ်နိုင်ငံသား Mr.Well တွင် မျက်နှာဖူးယောင်ဒဏ်ရာနှင့် ညာခြေထောက်ကျိုးဒဏ်ရာတို့ ရရှိခဲ့ပြီး သာဓုဓ္မပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရာ လူနာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

#cenyralnewsnaypyitaw

imageimage
37 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍏🍏🍏
( Natural Peridot )

#gems

image
37 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍏🍏🍏
( Natural Peridot )

#gems

image
37 w - Translate

သဘာဝပြောင်ခေါင်းစိမ်း🍏🍏🍏
( Natural Peridot )

#gems

imageimage
37 w - Translate

#ပြည်တွင်းသတင်း
◼ရန်ကုန်မြို့ရှိ Peninsula Hotel စီမံကိန်းရပ်ဆိုင်း
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ အမေရိကန်ဒေါ်လာသန်း ၁၃၀ အကုန်အကျခံတည်ဆောက်လျက်ရှိသည့် Peninsula Hotels စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း NIKKEI Asia ၏သတင်းဖော်ပြချက်အရသိရသည်။
အဆိုပါဟိုတယ်စီမံကိန်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များဝင်ရောက်မှု မရေမရာဖြစ်လာသည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံထားသည့် ဟောင်ကောင်ဒေါ်လာ ၁၆၉ သန်း (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁ သန်း) ကို ဆုံးရှုံးငွေအဖြစ်စာရင်းသွင်းမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ယင်းစီမံကိန်းကို အခန်းပေါင်း(၈၈) ခန်းပါ ဇိမ်ခံဟိုတယ်ကြီးတည်ဆောက်ရန် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်မှ ၇၀ ရာခိုင်းနှုန်းနှင့် ဖမ်းဆီးခံထားရသည့်ဦးသိမ်းဝေ၏ Yoma Group က ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် စီမံကိန်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ရန်လျာထားခဲ့ခြင်းဖြစ်သည်။
Peninsula Hotel စီမံကိန်းရပ်ဆိုင်းသွားသော်လည်း အဆိုပါမီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ Yoma Central စီမံကိန်းမှာမူ ‌အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်အရှုံးပေါ်နေသော်လည်း ရပ်ဆိုင်းခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းများတွင်ရေးသားထားသည်။

image

မြဝတီမြို့ရှိ KTV တွင် အလုပ်လုပ်နေရာမှ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသော ထိုင်းနှင့် လာအို အမျိုးသမီး ၅ ဦးကို ထိုင်းတပ်မတော် ဖမ်းဆီး

ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ KTV ဆိုင်တစ်ခုတွင် အလုပ်လုပ်နေရာမှ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ခိုးဝင်လာသော အမျိုးသမီး ၅ ဦးကို ထိုင်းတပ်မတော်က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၆ နာရီအချိန်က အဆိုပါ အမျိုးသမီး ၅ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ကျေးရွာဘက်သို့ သောင်ရင်းမြစ် ဖြတ်ကူး၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်လာချိန် ထိုင်းတပ်မတော် လုံခြုံရေးအဖွဲ့နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ဆေးရာတွင် မြန်မာနိုင်ငံဘက်ခြမ်း၌ လျှပ်စစ်မီးနှင့်အင်တာနက်မရရှိတော့သဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုကြကြောင်းလည်း သိရသည်။

အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်အရွယ် ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဖိုးဖရဲစခန်းတွင်ထိန်းသိမ်းထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Sources-siamrath

#သတင်းဟင်းလေးအိုးကြီး

image
image
image
37 w - Translate

#ကြည့်ချင်နေကြတဲ့ကား?
#ဘလကကီရာအပိုင်းနှစ်ဇာတ်ကားသစ်
=====================================
IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်
စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့
ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါ

ဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင်
ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...

လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ်
ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး
နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါ

တစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို
တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး
မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲ

မေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

#storymode
#crd

image

Part-1
*ကိုယ်စားပြုစနစ် မပေါ်ပေါက်မီ


အက်သင်း(စ)နောက်ပိုင်းတွင် ရောမ သမ္မတနိုင်ငံ (Roman Republic) ၌ အက်သင်း(စ) ဒီမိုကရေစီမျိုး မဟုတ်သော်လည်း ဥပဒေပြုသည့်အပိုင်းတွင် ပြည်သူများကိုယ်တိုင် ပါဝင်သည့် (citizen law making) စနစ်ကို ဘီစီ ၅ ရာစုမှ ၁ ရာစုအတွင်း နှစ်ပေါင်း ၄၀၀ ခန့် ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ နိုင်ငံသားတို့ ကိုယ်တိုင် မိမိတို့ လိုလားသော ဥပဒေများကို ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခြင်းနှင့် လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများအနက် မိမိတို့ မနှစ်သက် မလိုလားသည်များကို ရုပ်သိမ်း ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။
ရောမ သမ္မတနိုင်ငံ နောက်ပိုင်းတွင် တိုင်းပြည်ရေးရာ၌ လူထု ပါဝင်ခွင့် ရသည့် ဒီမိုကရေစီစနစ် တိမ်မြုပ် ပျောက်ကွယ်နေခဲ့ပြီး၊ ၁၃ ရာစု ဥရောပတွင် ဆွစ်ဇာလန် ဒေသ၌ ပြန်ပေါ်လာတာ တွေ့ရသည်။
ဆွစ်ဇာလန်တွင် ခေတ်ဟောင်း ဆွစ်(စ)ကွန်ဖီဒရေစီ (Old Swiss Confedracy) ထူထောင်သည့် ၁၂၉၁ ခုနှစ်က စတင်ကာ အရေးကြီးသော နိုင်ငံရေးကိစ္စများကို ရပ်ရွာလူထု စည်းဝေးပွဲများဖြင့် ဆုံးဖြတ် လုပ်ကိုင်သော စနစ် ကျင့်သုံးခဲ့သည်။ နောက်ရာစုနှစ်များအတွင်းလည်း ဆွစ်(စ)တို့သည် နိုင်ငံရေးတွင် လူထုကိုယ်တိုင် ပါဝင်နိုင်ရေးကို မပြတ် အားထုတ်ခဲ့ရာ ယခုအခါ ဆွစ်ဇာလန်သည် တိုက်ရိုက် ဒီမိုကရေစီ စနစ်ကို အများဆုံး ကျင့်သုံးသော နိုင်ငံတစ်ခုအဖြစ် တည်ရှိနေသည်။
ခေတ်သစ်၌ ဆွစ်ဇာလန်နည်းတူ လူထုစည်းဝေးပွဲစနစ်ကို ထင်ထင်ရှားရှား ကျင့်သုံးခဲ့သည်က ၁၇ ရာစု အမေရိကန်ပြည် နယူးအင်္ဂလန် ဒေသမှ မြို့များ ဖြစ်သည်။

#ဆက်ရန်ရှိ

Part-2
*“ရှားရှားပါးပါး ဒေါသ”

ဆိုင်ထဲမှာ ဆရာနိုးနဲ့ ဆရာစွမ်းတို့က ရောက်နေစောင့်နေကြပါတယ်။ ကျွန်တော်တို့ ဆိုင်ထဲဝင်တယ်ဆိုရင်ပဲ ဆရာစွမ်းက ပြုံးပြုံး ပြုံးပြုံးနဲ့ “ဆရာဂျမ်း ခင်ဗျာ့ထီး ကျွန်တော်ယူလာခဲ့တယ်ဗျ”ပြောလိုက်တော့ ဆရာဂျမ်း ထပ်ပြီးဒေါသ ပေါက်ကွဲလာကာ ငဝက် မင့်ကြောင့် ငါ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ် ဆိုပြီး အုတ်ခဲကျိုးနဲ့ လိုက်ထုတာ ဆရာစွမ်းလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမျှမပြောနိုင် တော့ဘဲ ထွက်ပြေးရတော့တယ်။ ဒီနှစ်ယောက်ပြေးပုံ လိုက်ပုံကိုကြည့်ပြီး သဘောကျ ပြုံးနေသူက ဆရာနိုးပါ။
အေးအေးဆေးဆေး စားပွဲကိုပြန်ထိုင်ကြတော့မှ ဆရာစွမ်းက ရှင်းပြတယ်။ ခင်ဗျား ရုံးဆင်းမှာ ချိုင့်တွေရော အိတ်တွေရော ယူရတာများနေမှာစိုးလို့ သက်သာ အောင် ကျွန်တော်တို့က ထီးကိုဆွဲလာခဲ့တာတဲ့။
ဒီတော့ ဆရာမိုးက ခင်ဗျား သက်သာအောင်က ကိစ္စမရှိဘူး၊ ကျုပ်က ဟိုမှာ လူကြီးတွေကို မျက်နှာပျက်ခဲ့ရပြီတဲ့။
တဖြည်းဖြည်းနဲ့ သောကြာဝိုင်းကို လာစပြုနေကြပါပြီ။ ဦးစွာရောက်ရှိလာ သူတို့ကတော့ နုနုရည်(အင်းဝ)+ကိုအောင်ကျော်တိုးတို ့ အတွဲ။ သူတို ့နောက်က ဗိုလ်ရဲထွဋ် သား ကျော်ကျော်+သန္တာတို့အတွဲ ပြီးတော့ ကိုသိန်းထိုက်နဲ့ ကိုဟန်တင် တို့လည်း ဝင်လာကြပါတယ်။ တစ်အောင့်လောက်ကြာတော့ မသီတာ(စမ်းချောင်း)၊ ချစ်ဦးညို၊ ပုံမှန်လို လာတတ်တဲ့ သံဃာတော်တစ်ပါး (နောင်တွင် ထိုဆရာတော်ကား “တောင်စွန်း ဓမ္မဘေရီအရှင်ဝီရိယ” ဖြစ်သည်။) တစ်ခါတစ်ရံလာတတ်တဲ့ ဒါရိုက် တာ မောင်မိုးသူ၊ ဗိသုကာပညာရှင် ဆရာရွှေ၊ တစ်ခါတစ်ရံ ပါလာတတ်သူက စန္ဒရားဦးသိမ်းမောင်။ ထိုအတူ ဆရာနိုးကိုအကြောင်းပြုပြီး ရောက်လာတတ်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်။ ဆရာမိုး၊ ဆရာနိုးတို့နဲ့ ပါလာတတ်တဲ့ ဆရာမ ဒေါ်ခင်ဆွေဦး စသည် စသည်တို ့အပြင် ဆရာမိုး၊ ဆရာနိုးတို့ရဲ့ လူရင်းကြီး ဂုဏ်ထူးဦးသိန်းနိုင်။ ဆရာ ဦးသိန်းနိုင်က ကျူရှင်အားတဲ့အခါ တစ်ခါတစ်ရံမှသာ လာတတ်ပါတယ်။ (ကျွန်တော်မေ့၍ ကျန်ခဲ့သူများကို ဖြည့်စွက်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ်။)
လူကလည်းစုံ၊ နေကလည်း ချိုလာပြီဆိုတော့ ဆိုင်အပြင် ဗာဒံပင်ရိပ်ကို ရွှေ့ကြပါတယ်။ ဗာဒံပင်အောက်မှာ ဝိုင်းလိုက်မှ ဒီလူနှစ်ကျိပ်လောက်က အဆင် ပြေသွားပါတယ်။

#ဆက်ရန်ရှိ

Funny Clip