30 w - Translate

မုန့်ဆိုင်က အကြွေ ၁၀၀ ပြန်မအမ်းလိုက်မှန်း
ဟင်းချက်နေရင်း သတိရသွားသောအခါ

image
30 w - Translate

FACT: နီကိုလပ်ဂျက်ဆင် သည် ၂၀၂၃-၂၄ ရာသီစတင်ချိန်မှစပြီး အခုအချိန် ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပင်နယ်တီမပါသော သွင်းဂိုး အများဆုံးကစားသမားဖြစ်သည် ။

ဂျက်ဆင် - ၂၃ ဂိုး

အန်ကွန်ကူ - ၂၂ ဂိုး

image

အိမ်ရှင်မတို့ ခေါင်းမစားရအောင် လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်များ😋😋

image

အိမ်ရှင်မတို့ ခေါင်းမစားရအောင် လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်များ😋😋

image

အိမ်ရှင်မတို့ ခေါင်းမစားရအောင် လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်များ😋😋

image

အိမ်ရှင်မတို့ ခေါင်းမစားရအောင် လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်များ😋😋

image

အိမ်ရှင်မတို့ ခေါင်းမစားရအောင် လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်များ😋😋

image
image
image
image

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်

ဒီဇင်ဘာ ၁၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။

မာရစ်သည် မြန်မာက ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေး ညှိနှိုင်းရန် လာရောက်မည်ဖြစ်သည်။

မြန်မာ့တပ်မတော်(ရေ)က ကော့သောင်းမြို့နယ်အတွင်းရှိ ရေပိုက်နက်အတွင်းမှာ ထိုင်းငါးဖမ်းစက်လှေနှင့် ထိုင်း ငါးဖမ်းသင်္ဘောသားများကို နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးလျက်ရှိနေသည်။

အလားတူ ထိုင်းဘက်ကလည်း မြန်မာငါးဖမ်းသင်္ဘောနှင့် မြန်မာ ၆ ဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီက ဖမ်းဆီးခဲ့သည်။

အဆိုပါ ကိစ္စရပ်များ ဖြစ်ပွားနေသကဲ့သို့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး အဖြေရှာမည် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး ကျင်းပရန်လည်း ရှိသည်။

#သတင်းဟင်းလေးအိုးကြီး

image

ဖားကန့်မြို့တွင် ရေကူးသင်ပေးရင်း ဦးလေးနှင့် တူမဖြစ်သူတို့ ရေနစ်သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ပြည်သူ့ဆေးရုံအနောက်ဘက်၊ ဥတုချောင်းတွင် ရေကူးသင်ပေးရင်း ဦးလေးနှင့် တူမဖြစ်သူတို့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ၂ နာရီခန့်တွင် ဥတုချောင်းတွင် ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်၍ ရှာဖွေရာ ညနေ ၄ နာရီအချိန်တွင် ရေကူးသင်ပေးသည့် ဦးလေးဖြစ်သူ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဦးလေးက တူမကို ရေကူးသင်ပေးတာ။ အဲ့ချောင်းက သိပ်အနစ်ကြီးတော့မဟုတ်ဘူး။ သူတို့ရေကူးသင်တဲ့ နေရာကတော့ နည်းနည်းနစ်တယ်။ တစ်ခြားနေရာကတော့ သိပ်မနစ်ဘူး။ အဲ့ချောင်းက ရေစီးလည်း သန်တော့ အဲ့မှာမြောသွားတာ။ ဦးလေးရဲ့အလောင်းကိုတော့ ရေကူးသင်တဲ့နေရာရဲ့ ဝါးတစ်ပြန်လောက်မှာရှိတဲ့ ဒိုက် တွေနေရာမှာ တွေ့တယ်။ ကလေးမလေးကိုတော့ ဒီနေ့အလောင်းရှာနေတယ်” လို့ မြန်မာနိုင်ငံလူမှုက ယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုရေကူးသင်ပေးသူ ဦးလေးဖြစ်သူမှာ အသက် (၃၈) နှစ်အရွယ် ကိုအားကြူ၏ ရုပ်အလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ၎င်း၏တူမဖြစ်သူအသက်(၁၁) နှစ်အရွယ် မစံရတိဖြိုး၏ ရုပ်အလောင်းကို ယနေ့ဒီဇင်ဘာလ ၁၆ ရက်တွင် ရှာဖွေနေကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image

၀က်အူချောင်းနှင့် ကြာဆံကြော် (Stir-Fried Vermicelli with Sausages)

ကြာဆံကြော်ကြိုက်သော အိမ်က မိသားစုတွေအတွက် အမြဲကြော်ပေးဖြစ်သော
နည်းပါ။ ကြော်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ဝက်အူချောင်းအချို – ၃ ချောင်း (အနေတော် ပါးပါးလေးများ လှီးထားပါ)

ကြာဆံ – ၃၀ ကျပ်သား (အထုပ်အညွှန်းအတိုင်း ရေဖြောထားပါ)

ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အချို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသီးအရွက်ဆီ – စားပွဲဇွန်း ၂ ၁/၂ ဇွန်း

မုန်လာဥနီ – ၁ ပိုင်း (အခွံနွှာပြီး ခပ်ပါးပါးအကွင်းလေးများ လှီးထားပါ)

ဂေါ်ဖီ – ၁ စိတ် (အနေတော်လေးများ လှီးထားပါ)

မုန်ညင်းရွက် – ၃ ပင် (အနေတော် လှီးထားပါ)

ရွှေပဲသီး – ၈ တောင့် (ဘေးအချော်များ ချိုးပြီး ထက်ပိုင်းပိုင်းထားပါ)

ကြက်ဥ – ၂ လုံး (ခလောက်ပြီး ကြော်ထားပါ)

ပြုလုပ်နည်း

၁။ ဇောက်နက်ဒယ်အိုးကြီးထဲ ဆီကို အပူပေးပါ။ ဒယ်အိုးပူလာလျှင် ခပ်ပါးပါးလှီးထားသော ဝက်အူချောင်းများ ထည့်ကြော်ပါ။ ဝက်အူချောင်း ကြွပ်ရွသည်အထိ ကြော်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး အသီးအရွက်ဆီ ထည့်ပါ။ ဆီပူလာလျှင် မုန်လာဥနှင့် ရွှေပဲသီးများ ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပါ။ ပြီးလျှင် မုန်ညင်းရွက် ထည့်ကြော်ပါ။ ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး အသီးအရွက်များ၊ ဝက်အူချောင်းနှင့် ကြာဆံ အားလုံးနှံ့အောင် ခပ်ဖွဖွလေး မွှေပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ကြော်ထားသော ကြက်ဥကြော်များကို အပေါ်မှာ ဖြူးပါ။ ကြိုက်နှစ်သက်ရာ အချဉ်ဖြင့်တွဲပြီး ပူပူလေး စားသုံးပါ။

မှတ်ချက်- ဝက်အူချောင်းနှင့် ဝက်သားအစား အခြားအသားများကို အစားထိုး အသုံးပြုလို့ရပါတယ်။

image