ယှဉ်ပြိုင်ခြင်းဟာ
လုံးဝ မလိုအပ်တဲ့အရာတော့ မဟုတ်ပါဘူး ။
လူ့ဘဝမှာနေတဲ့အခါ
ယှဉ်ပြိုင်ခြင်းတွေဟာ ရှိနေမှာဖြစ်ပြီး
ယှဉ်သင့်သလောက် ယှဉ် ၊
ပြိုင်သင့်သလောက် ပြိုင်ကြမှာပါပဲ ။
ဒါပေမယ့် တကယ်တမ်း အောင်မြင်မှုကို လိုချင်တယ်ဆိုရင် ယှဉ်ပြိုင်ခြင်းကနေ မနာလိုခြင်းအသွင် မပြောင်းလဲမိဖို့ အရေးကြီးပါတယ် ။
လူ့ဘဝဟာ ပြေးလမ်းကြီး ဆိုပါစို့ ။
ကိုယ်နဲ့ အတူပြေးနေတဲ့သူတွေ
ဘယ်အထိရောက်နေသလဲဆိုတာ သိရဖို့
တစ်ချက်လောက်တော့ ဘေးကို ကြည့်ရမှာပေါ့ ။
ဒါဟာ ယှဉ်ပြိုင်ခြင်းပါပဲ ။
ပြီးရင် အရှေ့ကိုသာ တည့်တည့်ကြည့်ရင်း အားသွန်ခွန်စိုက် ပြေးရပါမယ် ။
ဒါဟာ ကြိုးစားခြင်းပါပဲ ။
ဒီလိုနဲ့ ပန်းအရင်ဝင်သွားတဲ့သူတွေကို
မကျေနပ်ခြင်းတွေ မဖြစ်ဘဲ ဝမ်းသာပေးတတ်ရပါမယ် ။
ကိုယ်လည်း တစ်ချိန်မှာ ပန်းဝင်မယ် မဟုတ်ပါလား ။
ဒါဟာ မုဒိတာထားခြင်းပါပဲ ။
ဒါပေမယ့် အတူပြိုင်တဲ့သူတွေကိုသာ စိတ်ဝင်စားပြီး
ရှေ့ကိုမကြည့်ဘဲ ဘေးဘက်တွေပဲ ကြည့်နေမယ်ဆိုရင် ကိုယ်ဟာ ပန်းဝင်ဖို့ နောက်ကျပြီးရင်း နောက်ကျနေမှာပါ။ ဒါဟာ မနာလိုခြင်းပါပဲ ။
မနာလိုခြင်းဟာ မအောင်မြင်နိုင်ပါဘူး ။
ပိုဆိုးတာက မအေးချမ်းပါဘူး ။
ဒါကို ရှင်းလင်းစွာသိမယ်ဆိုရင်
မနာလိုခြင်းဆိုတာ ရပ်တန့်သွားပါလိမ့်မယ် ။
ယှဉ်ပြိုင်ခြင်းတွေကို လျော့ချပါ ။
မနာလိုခြင်းကိုတော့ အပြီးသတ်ပစ်ပါ ။
ပျော်ရွှင်အေးချမ်းမှုနဲ့ စိတ်အကြည်ဓာတ်လေးတွေကို
မနာလိုခြင်းနဲ့ ဘယ်တော့မှ မဖျက်စီးမိပါစေနဲ့ ။
#ad #after20 #အသက်၂၀ကျော်ပြီးတဲ့အခါ

image