သက်တမ်းတစ်လ ကျော်လွန်နေတဲ့ Facebook မှ Live video တွေကို ဖယ်ရှားတော့မှာဖြစ်သဖြင့် ဒေါင်းလုတ်ပြုလုပ်ထားနိုင်ရန် Facebook အသိပေး

ဖေဖော်ဝါရီ ၂၀

Facebook ၏ ပြောင်းလဲလိုက်သော တိုက်ရိုက်ထုတ်လွှင့်ခြင်း ဗီဒီယိုထိန်းသိမ်းမှု မူဝါဒအရ ထုတ်လွှင့်ပြီးသား ရက် ၃၀ သက်တမ်းကျော်လွန်သည့် တိုက်ရိုက် ထုတ်လွှင့်မှု ဗီဒီယိုများကို ဖယ်ရှားသွားမှာဖြစ်သဖြင့် မဖျက်မီတွင် သုံးစွဲသူများအနေဖြင့် ဒေါင်းလုတ်ပြုလုပ်ထားနိုင်ရန် Facebook က အသိပေးထားသည်။

ထိုသို့ ပယ်ဖျက်မည်ဖြစ်ကြောင်းကို သုံးစွဲသူထံသို့ အီးမေးလ်နှင့် အက်ပ်တွင် အသိပေးမှာဖြစ်ပြီး ထိုအချိန်မှစ၍ ယင်း ဗီဒီယိုများကို ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် လွှဲပြောင်းရန် ရက်ပေါင်း ၉၀ အချိန်ရှိမည်ဖြစ်ကြောင်းလည်း Facebook က ဆိုထားသည်။
ယင်းသို့ မူဝါဒများ ပြောင်းလဲထားကြောင်းကို Facebook ကဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သလို ထိုမူဝါဒအရ ယင်းနေ့မှစတင်၍ တိုက်ရိုက်ထုတ်လွှင့်မှုအသစ်များကိုလည်း Facebook စာမျက်နှာများ သို့မဟုတ် ပရိုဖိုင်များမှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကြည့်ရှုခြင်း ဒေါင်းလုတ်လုပ်ခြင်း သို့မဟုတ် မျှဝေခြင်းများ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရက်ပေါင်း ၃၀ နောက်ပိုင်းတွင် ၎င်းတို့ကို အလိုအလျောက် ဖယ်ရှားသွားမည်ဖြစ်သည်။

အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများသည် ထုတ်လွှင့်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းသာ ကြည့်ရှုမှုအများဆုံးဖြစ်သဖြင့် ယခုကဲ့သို့ မူဝါဒကို ပြောင်းလဲလုပ်ဆောင်ခြင်းသည်ဟုလည်း Facebook က ဆိုထားသလို သုံးစွဲသူများ၏ ယခင်တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများကို ပိုမိုလွယ်ကူစွာဒေါင်းလုဒ်ပြုလုပ်ရန်လည်း ကိရိယာအသစ်များ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#centralnewsnaypyitaw

image
image
image
image
image

ပူတင်နဲ့ ရှီကျင်းပင်တို့ နှစ်နိုင်ငံ အပြန်အလှန်သွားရောက်မယ့် ခရီးစဉ်တွေရှိနေ

မော်စကို၊ ဖေဖော်ဝါရီ ၂၀

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံအပြန်အလှန်သွားရောက်ကြမယ့် ခရီးစဉ်တွေရှိနေတယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေ့ ပြောပါတယ်။

သမ္မတပူတင်ဟာ ဩဂုတ်လနှောင်းပိုင်း သို့မဟုတ် စက်တင်ဘာအစောပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ရုရှားနို်ငငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။ ဂျပန်တို့ကို စစ်အောင်နိုင်မှု နှစ် ၈၀ ပြည့်နဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားအတွက် သမ္မတပူတင် တက်ရောက်မယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကတော့ မေလအတွင်း ရုရှားသု့လာရောက်မယ်လို့ လပ်ရော့ဗ်က ပြောပါတယ်။ ဂျာမနီအပေါ် ဆိုဗီယက်တို့ရဲ့ အောင်ပွဲနေ့ မေ ၉ ရက်အခမ်းအနား တက်ရောက်ဖို့ စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ရုရှားနဲ့တရုတ်တို့အကြား ဆက်ဆံရေးဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် ပိုမိုနီးကပ်ခဲ့ပါတယ်။

သမ္မတပူတင်ဟာ အခမ်းအနားတက်ရောက်ဖို့ ရှီကျင်းပင်အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုပါ ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။ တရုတ်နှင့် ရုရှားသမ္မတတို့ရဲ့ အပြန်အလှန်ခရီးစဉ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ ‌ေ ခေတ်သစ်နိုင်ငံတကာ အခင်းအကျင်းမှာ တရုတ်နဲ့ရုရှားတို့အကြား သံတမန်ဆက်ဆံရေး တိုးတက်ပြောင်းလဲမှု အရိပ်လက္ခဏာလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:NHK
Photo:Getty Images

#သတင်းဟင်း​လေးအိုးကြီး

image

သူဌေးကိုမှသွားစမိသော်??

37 w - Translate

US မှာနေထိုင်နေတဲ့ မိခင်နဲ့ အမအတွက် တော်ဝင်သဇင်ပန်းတွေကို သယ်သွားပြီး လက်ဆောင်ပေးခဲ့တဲ့ ဆုပန်ထွာ 💐
ဟုတ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံကနေ အမေရိကထိကို သယ်ဆောင်သွားခဲ့တာပါ။ တန်ဖိုးထားမြတ်နိုးကြတဲ့ ပင်မြင့်ထက်က တော်ဝင်သဇင်ပန်းကို သယ်သွားပြီး မိခင်ဖြစ်သူနဲ့ အမတို့အတွက် အမှတ်တရလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဆုပန်ထွာဟာ ဒီရက်ထဲမှာပဲ မြန်မာနိုင်ငံကနေ US ကို ဒုတိယအကြိမ်မြောက် ပြန်လည်သွားရောက်ခဲ့တာဖြစ်ပါတယ်။

#celenews

image

ကိုယ့်နားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင် ကိုယ့်နားမှာနေဖို နည်းလမ်းရှာလိမ့်မယ်။

နေလိုမရခဲ့ရင်တောင်
မေးထူးခေါ်ပြောဆိုတဲ့ အငေးရပ်ဝန်းတွေမှာ
ရှိနေလိမ့်မယ်။

ကိုယ့်ဆီကို တကယ်လာချင်တဲ့သူကလည်း
မလွယ်ကူမှုတွေ၊ အတားအဆီးတွေရှိသည့်တိုင်
ကိုယ့်ဆီကိုလာဖို နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး။
မင်းအတွက်...မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။
အချစ်တွေက ရိုးရှင်းပါတယ်...စစ်မှန်ခဲ့ရင်ပေါ့။

ပဲလမုန့်

ခု လုပ်ထားတာ Thousand Layer Mooncake ပါ ပန်းပွင့်ပုံစံလုပ်ထားလို့ အထပ်တွေသေချာမမြင်ရပါဘူး
(1) - ဂျုံ မုန့် 500gm (နစ်သက်ရာအရောင် ထည့် နိုင်သည်)
- ဆား အနည်း ငယ်
- ဆီ 100gm (1/2 hot oil )
-ရေ 200 gm
(2) -ဂျုံ မုန့် 100gm
- ဆီ 50 gm
(1)နဲ့ (2) ကို သီး သန့် ဆီ နှယ် ရ ပါ တယ်

(၁)အမှတ် စဉ် (1) အားလုံးရောနယ်ပြီးအလုံး ခပ် ကြီးကြီး ၈လုံးခွဲ ပြီးလုံးထားပါ ။
(၂)အမှတ်စဉ်(2)မှပါဝင်ပစ္စည်းကိုလည်းရောနယ်ပြီး ၈ပုံခွဲထားပါ။
(၃)အမှတ်စဉ် (1) ဂျုံကို ပြား ပြီး အမှတ်စဉ် (2) ဂျုံထည့် ပြီးလုံးပါ။
ပြီး လျှင် ၅မိနစ် လောက် နှပ် ထား ပါ
(၄)နှပ် ပြီး လျှင် လ်ိမ့် တုံး ဖြင့်အထည်းမှ ဆီစာ ဂျုံ မ ထွက် အောင် ဂရု စိုက် ပြီး ပြားနေအောင်အပြန့် ညီအောင်လိမ့်ပါ။
(၅)ညီပါကအစွန်း တဖက်မှစပြီးကျစ်နေအောင်လိပ်ပါ ။ (၆)အားလုံးလိပ်ပြီးပါက၎င်းအလိပ်များကိုအရှည်လိုက်ထပ်လိမ့့်ပြီးလိပ်ပါ။
(၇) ပြီးလျှင်တလိပ်ကိုသုံးပိုင်းနှစ်လက်မအနေဖြတ်ပြီးထောင်ထားပါ။
(၈)ထောင်ထားသောအပိုင်းလေးများကိုလိမ့်တုံးဖြင့်အနည်းငယ် ပြား အောင်လိမ့် ပြီး(နှစ် သက် ရာ)အစာ သွပ်ပြီး အ ဝိုင်းလေး ဖြစ် အောင် ပြန်ဖိပေးပါ ( မဖိဘဲ အလုံးလိုက်လေးဖုတ်လျှင် အထပ်ပေါင်းများ စွာ မြင်ရမှာပါ)
(၉)ပန်းပုံဖြစ်အောင်တော့အနည်းငယ်ဖိပြီးဓားဖြင့် အဖတ် များဖြစ် အောင်ဖြတ်ပါ။
(၁၀)ဖြတ်ပြီးပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ကာ၁၅၀ဒီဂရီဖြင့်မိနစ်၃၀ခန့်ဖုတ်ပြီးမအေးခင်တွင်ထောပတ်လေးသုတ်ပေးပြီးအအေးခံသုံးဆောင် နိုင်ပါပြီ။
အရောင်တက်ချင်ရင်တော့ရခါနီးကျကြက်ဥအနှစ်လေးသုတ်ပေးနိုင်ပါတယ်။

image

ပင်လောင်း 樱花 🌸🌸

image

ပင်လောင်း 樱花 🌸🌸

image

ပင်လောင်း 樱花 🌸🌸

image

ပင်လောင်း 樱花 🌸🌸

image