30 w - Translate

လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက မန်ယူကွင်း အိုးထရပ်ဖို့ကွင်းကြီးထဲမှာ ဘောလုံးပွဲကြည့်စင်က ကလေးတစ်ယောက် ကိုင်မြှောက်ထားတဲ့ "Please buy Rooney" ဆိုတဲ့ စာသားကို ဖာဂူဆန်တစ်ယောက် မြင်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ Rooney ကို ယူရို ၂၇သန်းနှင့် ခေါ်ယူခဲ့ကာ ထိုအချိန်ကစလို့ မန်ယူအသင်း နိုင်ပွဲတွေ နှင့်အတူ နိုင်ပွဲတွေ ရယူခံပြီး ဂိုးသွင်းအများဆုံးဆိုတဲ့ဆုတွေ သိမ်းပိုက်ယူခဲ့ပြီးမန်ယူရဲ့ နာမည်ကြီး သမိုင်းဝင် တိုက်စစ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်...

Rooney ကလည်း ထိုကလေးကို အိုးထရပ်ဖို့ ကွင်းထဲထိဖိတ်ကြားခဲ့ပြီး သူ့ ကိုကျေးဇူးတင်ချီးမွှမ်းခဲ့ပါတယ် ဒီအသင်းကို ရောက်အောင် အကြံအညဏ်ပေးခဲ့တဲ့သူ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသေးတယ်....

image
30 w - Translate

ကျနော်က positive thinking သမား
ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းမြင်တယ်
တခြားသူတွေကိုလည်း
ကိုယ့်ကောင်းကြောင်း လိုက်ပြောတယ်

#အမဲအူကြမ်းဆီပြန်ချက်နည်း

အမဲအူကြမ်းကို ရေနွေးပူထဲထည့် ခနစိမ်ပြီး ပြန်အအေးခံပြီး အပေါ်က အမဲဖတ်များဓါးနဲ့ခြစ်ချ။ ပြီးရင် ဆား ဆနွင်း အချိုမှုန့် နဲ့နယ်ထား။ ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ငရုတ်စိမ်းမှုန့်လေးထည့် ဆီသပ်။ အမဲအူကြမ်းထည့် ရေထည့် ကြက်သားမှုန့် မဆလာအုပ် ရေခ်းဆီပြန်ရင်ရပြီလေ။ အမဲအူကြမ်းက နူးတာကြာတာမို့ မြန်မြန်နူးချင်ရင် ရှာလကာရည်လေးထည့်ပေး။ အချဉ်လေးနဲ့မို့ စားရတာတစ်မျိုးကောင်းတယ်။

image
30 w - Translate

စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ (၇၂၅၀) ကျပ်သတ်မှတ်

စားသုံးသူစျေးကွက်အတွင်း ရောင်းချရန် စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿာ (၇၂၅၀)ကျပ်ဖြင့် ရောင်းရန်သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် စျေးဆက်လက်မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်း‌ဈေး(၇၂၅၅)ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာ (၇၂၅၀) ကျပ်သို့ ကျဆင်းလာခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၁၆) ရက်မှ ဒီဇင်ဘာလ(၂၂) ရက်အထိ စားအုန်းဆီတစ်ပိဿာအခြေခံလက်ကားရည်ညွှန်းဈေး(၇၂၅၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားပြီး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စားအုန်းဆီကို သမဝါယမစနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ်ကို စားသုံးဆီ (၅၀) ကျပ်သားမှ တစ်ပိဿာအထိ ရောင်းချပေးနေကြောင်း သိရသည်။

image

ထိုင်းက မြန်မာငါးဖမ်းသင်္ဘောနှင့် သင်္ဘောသားများကို ဖမ်းဆီး

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆

ထိုင်းနိုင်ငံတောင်ပိုင်း ရေပြင်များအတွင်း ဆားသိပ်ထားသည့် ပုဇွန်ဆိတ်များကို မှောင်ခိုသွင်းသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သင်္ဘောတစ်စင်းသည် ရေလုပ်ငန်း ထွက်ကုန်များကို ထိုင်းနိုင်ငံအတွင်း တရားမဝင် မှောင်ခိုသွင်းနေကြောင်း သတင်းရရှိခဲ့ပြီးနောက် ထိုင်းရေတပ်အရာရှိများက ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီတွင် ရနောင်းပြည်နယ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

ရေတပ်အရာရှိများသည် ရနောင်းပြည်နယ်၏ ပါ့ခ်နမ် (Pak Nam) မြို့ရှိ ဝေသွန်း (Waithong) မြို့ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် ဆိပ်ကမ်း၌ ကြိုးချည်ရပ်နားထားသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ထိုသင်္ဘောပေါ်တွင် ဆားသိပ်ထားသည့် ပုဇွန်ဆိတ် ၄၀,၀၀၀ ကီလိုဂရမ်နှင့်အတူ သင်္ဘောသား ၆ ဦးကို တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်း ကွပ်ကဲရေးစင်တာ (ဒေသ-၃) က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုငါးဖမ်းသင်္ဘောသည် ထိုင်းနိုင်ငံသို့ ရေလုပ်ငန်းထွက်ကုန်များ ယူဆောင်လာခွင့်မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုသင်္ဘောကို ရှာဖွေရာတွင် ၂၀ ကီလိုဂရမ် အလေးချိန်ရှိ ဆားနယ်ထားသည့် ပုဇွန်ဆိတ်များ ထည့်ထားသည့် အိတ်ပေါင်း ၂၀၀၀ ကို တွေ့ရှိခဲ့သည်။

သင်္ဘောသားများကိုမူ တရးဥပဒေအရ အရေးယူရန်အတွက် ပါ့ခ်နမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရေပြင်များအတွင်း ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်းကို မြန်မာကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သီတင်း ၂ ပတ်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းသင်္ဘောသား ၄ ဦးသည် ရနောင်းပြည်နယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကော့သောင်းမြို့တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဖမ်းဆီးခံထားရသည့် ထိုင်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - မြန်မာနိုင်ငံသား ငါးဖမ်းသမားများကို ထိုင်းက ဖမ်းထားစဉ်

#centralnewsnaypyitaw

image

သွင်းကုန်စည်းကြပ်ခွန်ထိခိုက်နစ်နာမှုသာမက ထရမ့်ရဲ့မူဝါဒကြောင့် အာဆီယံနိုင်ငံတွေ ကုန်သွယ်မှု အခွင့်အလမ်း တချို့လည်း ရလာနိုင်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆

ဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်စည်းကြပ်ကောက်ခံခွန်တွေဟာ ထိခိုက်နစ်နာနိုင်ပေမဲ့ ဖွံ့ဖြိုးမှုကို အလေးထားတဲ့ ထရမ့်အစိုး ရကြောင့် အရှေ့တောင်အာရှဒေသဟာ အခွင့်အလမ်းကောင်းတွေရရှနိုင်ဖွယ်ရှိကြောင်း The Nation မှာ ရေးသားဖော် ပြထားပါတယ်။

လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲနိုင် အကြိုသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အခြေအနေဆိုးတွေရှိနေတယ်ဆိုတာတောင်မှ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောင်အအုံကဏ္ဍနဲ့ စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးကဏ္ဍတွေမှာ ကုန်သွယ်မှုအလားအလာ ပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

အခွင့်အလမ်းတချို့ရလာခဲ့ရင် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြားမှာ ဒစ်ဂျစ်တယ်လ်ထုတ်ကုန်တွေကို လွတ်လပ်စွာ ကုန်သွယ်နိုင်သလို ဒစ်ဂျစ်တယ်လ်ထုတ်လုပ်မှုကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်လို့ဆိုပါတယ်။

လာမယ့်လေးနှစ်တာကာလအတွင်း အခြေအနေတွေကို ခန့်မှန်းတွက်ဆကြည့်ဖို့အတွက် စင်္ကာပူနေ့စဉ်ထုတ်သတင်းစာ The Straits Times ဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့တောင်အာရှဒေသတွင်းက ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ သံတမန်နယ်ပယ်က အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်သူတွေနဲ့ စကားပြောဆိုခဲ့ ပါတယ်။

အားလုံးထဲမှာ စိတ်အပူဆုံးအကြောင်းအရာကတော့ တရုတ်ကုန်ပစ္စည်းတွေကို အနည်းဆုံး သွင်းကုန်ခွန် ၆၀% ကောက်ခံပြီး တခြားကုန်သွယ်ဖက်နို်င်ငံတွေကို ၂၀% ကောက်ခံမယ်ဆိုတဲ့ ထရမ့်ရဲ့ သွင်းကုန်အခွန်မူဝါဒပဲ ဖြစ်ပါတယ်။

အဲဒီဆောင်ရွက်မှုကြောင့် ပါးကိုက်ရင် နားပြန်ကိုက်တဲ့ဖြစ်ရပ်တွေပေါ်ထွက်လာနိုင်ပြီး ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်နိုင် တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ခန့်မှန်းလို့မရတဲ့ ထရမ့်ရဲ့သောင်းပြောင်းထွေလာဆုံးဖြတ်ချက်တွေ၊ ရောင်းဝယ်ရေးဆိုင်ရာ သံတမန် အခင်းအကျင်းတွေကို ၎င်းရဲ့သဘောကျနှစ်ခြိုက်မှုနဲ့ “စွမ်းအင်ကဏ္ဍကိုယ့်အားကိုယ်ကိုးမှု” အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းနဲ့ ရေနံတူးဖော်မှုနဲ့ သဘာဝဓာတ်ငွေ့ ပြည်ပနိုင်ငံတင်ပို့မှုတွေ တိုးချဲ့ဆောင်ရွက်ခြင်းတို့လို သီးသန့်အစီအစဉ်တွေက အာ ဆီယံဒေသအတွက် အကျိုးကျေးဇူးတွေရရှိနိုင်ကြောင်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။

“ဒေသတွင်း စွမ်းအင်ကုန်သွယ်ရေးဗဟိုချက်မနိုင်ငံတစ်ခုအဖြစ် စင်္ကာပူနိုင်ငံရဲ့အခြေအနေဟာ ထရမ့်ရဲ့ စွမ်းအင်ပြည်ပ ပို့ကုန်မောင်းနှင်အားနဲ့ ကိုက်ညီသွားနိုင်ပါတယ်။” လို့ ဝါရှင်တန်အခြေစိုက် Asia Society Policy Institute အဖွဲ့ရဲ့ နိုင်ငံ တကာလုံခြုံရေးနဲ့ သံတမန်ရေးရာ ဒုတိယဥက္ကဋ္ဌ ဒန်နီရယ်ရပ်ဆဲလ်က ပြောပါတယ်။

ထရမ့်လက်ထက် အမေရိကန်ရဲ့ ပြောင်းလဲမှုတွေဟာ စွမ်းအင်ကဏ္ဍကို အမျိုးမျိုးပြောင်းလဲဆောင်ရွက်ပြီး အခြေခံအ ဆောက်အအုံတွေကို အဆင့်မြှင့်ဖို့ ကြိုးပမ်းနေတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေ အတွက်လည်း အကျိုးကျေးဇူး ရနိုင်ဖွယ်ရှိတယ်လို့ ၎င်းက ပြောပါတယ်။

ထရမ့်လက်ထက်မျာ ကုန်သွယ်ရေးတီထွင်ဖန်တီးမှုအစီအစဉ်အတွက် အခွင့်အလမ်းလုံးဝမရှိပေမဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပြောင်းလဲပြီး မဟာဗျူဟာမြောက်ကဏ္ဍအလိုက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတစ်ခု ပေါ်ထွက်လာနိုင်ကြောင်း အရှေ့တောင်အာရှဒေသက အကြီးမားဆုံးအမေရိကန်စီးပွားရေးလုပ်ငန်း ၁၈၀ ကို ကိုယ်စားပြုတဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ တက်ဒ်အိုးဇီးယက်စ်က ပြောပါတယ်။

“ကျွန်တော်တို့ ကုမ္ပဏီတွေဟာ စွမ်းအင်လွှဲပြောင်းသယ်ယူရေး၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးနဲ့ ပတ်သက်ပြီး အထူးဂရုတ စိုက် စဉ်းစားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

သန့်စင်တဲ့စွမ်းအင်နဲ့ ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းအကူးအပြောင်းမှာ အဓိက အရေးပါတဲ့ လစ်သီယမ်၊ ကိုဘဲ့လ်တ်၊ ဂရပ်ဖိုက်နဲ့ ဂါလီယမ်တို့လို အရေးကြီးတဲ့သတ္တုတွေအတွက် ကုန်သွယ်ရေးသဘောတူညီချက်က နောက်ထပ်နယ်ပယ် တစ်ခုဖြစ်ကြောင်း အိုးဇီးယက်စ်က ပြောပါတယ်။

Ref: Not just tariffs: Trump 2.0 could bring some trade deals for Southeast Asia too

#သတင်းဟင်းလေးအိုးကြီး

image

တောင်ကိုရီးယားသမ္မတက ရှေ့နေများ၏ဆင့်ခေါ်မှုကို လာရောက်ခြင်းမရှိ

ဆိုးလ်၊ ဒီဇင်ဘာ ၁၆

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) သည် ဒီဇင်ဘာ ၁၅ ရက်က အစိုးရရှေ့နေများ၏ ဆင်ခေါ်မှုကို လာရောက်ခြင်းမရှိခဲ့ဘဲ အမိန့်ကို ဖီဆန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစိုးရရှေ့နေများသည် ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး နေချိန်တွင် နောက်ထပ် ဆင့်ခေါ်မိန့်ကိုလည်း ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယွန်းနှင့် ထိပ်သီး အရာရှိအချို့သည် ပုန်ကန်မှု၊ အာဏာအလွဲသုံးမှု၊ ပြည်သူများ၏ အခွင့်အရေးကို တားမြစ် ပိတ်ပင်မှုတို့ဖြင့် စွပ်စွဲခံနေရပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရသည်။

ယွန်း၏ အမှုကို စုံစမ်းစစ်ဆေးမှုအား ကိုင်တွယ်နေသည့် အထူးအစိုးရရှေ့နေအဖွဲ့က ယွန်းအား စစ်ဆေး မေးမြန်း ရန်အတွက် ဒီဇင်ဘာ ၁၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း ယွန်း က လာရောက်ခြင်းမရှိခဲ့ကြောင်း ဟွန်ဟပ်မှ ဖော်ပြခဲ့သည်။

အစိုးရရှေ့နေများသည် နောက်ထပ် ဆင့်ခေါ်မိန့်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ယွန်းသည် ဒီဇင်ဘာ ၁၄ ရက်က လွှတ်တော်တွင် စွပ်စွဲပြစ်တင် ခံခဲ့ရပြီးနောက် သမ္မတတာဝန်များမှ ဆိုင်းငံ့ခံ ခဲ့ရသည်။

အစိုးရရှေ့နေများသည် ဒီဇင်ဘာ ၁၅ ရက်က စစ်တပ် အထူးစစ်ဆင်ရေးဌာနနှင့် ဆိုးလ်မြို့တော် ကာကွယ်ရေးဌာန အကြီးအကဲ အပါအဝင် ထိပ်သီး စစ်တပ်အရာရှိများကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း ယွန်ဟပ်မှ ဖော်ပြခဲ့ သည်။

တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) ကမူ ယွန်းအား ရာထူးမှ လျင်မြန် စွာ ဖယ်ရှားရန် အခြေခံဥပဒေဆိုင်ရာခုံးရုံး၏ တရားသူကြီးများကို တိုက်တွန်းခဲ့သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးသည် စွပ်စွဲပြစ်တင်ခံရသည့် ယွန်းအား ရာထူးတွင် ဆက်လက် ထားရှိရန် သင့်၊ မသင့်ကို ရက်ပေါင်း ၁၈၀ အတွင်း စီရင်ချက် ချသွားမည်ဖြစ်သည်။

Source: ရိုက်တာ

ပုံ - သမ္မတ ယွန်းဆော့ရွဲကို ဆန္ဒပြနေကြစဉ်

#centralnewsnaypyitaw

image

ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်တွင် တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့

ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နှင့် အိန္ဒိယနယ်စပ်ဂိတ်အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆယ်နှစ်နီးပါး တရားဝင်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထာခဲ့သည့် ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲကော်မတီ သဘောတူညီချက်များအတိုင်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီဖြစ်ကြောင်းပန်ဆောင်မြို့နေ ပြည်သူတစ်ဦးထံမှ သိရသည်။

"ဟိုလကတည်းက အိန္ဒိယဘက်က နှစ်ကုန်ပိုင်းမှ ဖွင့်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း မနေ့က ဒီဇင်ဘာလ ၁၅ ရက်မှာ တရားဝင်ဖွင့်လှစ်လိုက်တာဟုတ်တယ်။ အခုလို တရားဝင်ခွင့်ပြုပေးတော့ ဒေသခံတွေအတွက် အရမ်းအဆင်ပြေတာပေါ့။ ကုန်ပစ္စည်းတွေကို လွယ်လွယ်နဲ့သယ်ယူနိုင်ပြီလေ။ ဒါပေမဲ့ အစပိုင်းဆိုတော့ စစ်ဆေးမှုတင်းကြပ်သလို ကား၊ ဆိုင်ကယ်တွေ ဝင်ခွင့်မရသေးဘူး" ဟု ၎င်းမှ ဆိုသည်။

အိန္ဒိယအစိုးရဘက်မှ သဘောတူညီချက်အတိုင်း နယ်စပ်ဂိတ်အား ၆ လတာ အကန့်အသတ်အားဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ပြီဖြစ်သော်လည်း ယင်း ၆ လတာအတွင်း စစ်ဆေးတင်းကြပ်မှု၊ ကား၊ ဆိုင်ကယ်များအား ယခင်အတိုင်း နန်ပေါင်မြို့အထိ ဝင်ခွင့်မပေးသေးကြောင်း သိရပြီး ကုန်ပစ္စည်းများကိုလည်း သယ်ယူခွင့် ကန့်သတ်ထားကြောင်း သိရသည်။

အလင်း(EPN)

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာ့အရေး သီးခြားဆွေးနွေးပွဲနှစ်ခု ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးနှစ်ခုကို အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံ ကျင်းပသွားမှာဖြစ်ပြီး အနည်းဆုံး အစည်းအဝေးတစ်ခုမှာ နစက အစိုးရကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့ ဘန် ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ အင်အားတစ်ရပ်အဖြစ် ပြန်လည်ပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြ ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ကတည်းကထွက်ပေါ်လာတဲ့ အကျပ်အတည်းတွေကတေ လွတ် မြောက်ရေး နည်းလမ်းရှာဖွေဖို့အတွက် အလွတ်သဘောဆွေးနွေးပွဲတွေ ကျင်းပဖို့ ထိုင်းနိုင်ငံက အောက်တိုဘာလအတွင်း ကမ်းလှမ်းခဲ့ပြီးနောက် အခုသီတင်းပတ် ကြာသပတေး/ သောကြာ (ဒီဇင်ဘာ ၁၉/၂၀) ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး မားရစ်ဆန်ဂျီယမ်ပေါင်ဆာဦးဆောင်ပြီး အစည်းအဝေးနှစ်ခုကို သီးခြားစီ ကျင်းပသွားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာကျင်းပမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပြီး အဲဒီအလွတ်သ ဘောအစည်းအဝေးမှာ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နစ်ခွန်ဒဂ်ဘလန်ကူရာက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း အစည်းအဝေးတက်ရောက်ကြမှာဖြစ်ပါတယ်။

သောကြာနေ့မှာ ကျင်းပမယ့်အစည်းအဝေးကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့က အဆိုပြုထားတဲ့ “အချက်ငါးချက်ပါသဘောတူညီချက်” အပါအဝင် အာဆီယံဒေသရဲ့ စိတ်ဝင်စားတဲ့ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန် ကြီးအဆင့် အစည်းအဝေးဖြစ်ကြောင်း မစ္စတာနစ်ခွန်ဒဂ်က ပြောပါတယ်။

သောကြာနေ့အစည်းအဝေးမှာတော့ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခြင်းရှိမရှိနဲ့ တက်ရောက်ခဲ့ရင် ဘယ်အ ဆင့်ကိုယ်စားလှယ်တက်ရောက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အာဏာသိမ်းပြီးတဲ့အချိန်ကတည်းက အာဆီယံခေါင်းဆောင်အစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စာလှယ်တွေကိုသာ တက်ရောက်ခွင့်ပြုထားပြီး မြန်မာ နစက ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

အာဏာသိမ်းဖြစ်စဉ်အပြီး ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ထုတ်ဖော်ကြေညာခဲ့ပြီး အောင်မြင်အောင် မဆောင်ရွက်နိုင် ခဲ့တဲ့ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ၂၀၂၅ ခုနှစ် မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ရမယ့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အန္နဝါအီဘရာဟင်က ဒီဇင် ဘာ ၁၆ ရက်နေ့ (တနင်္လာနေ့) က ပြောပါတယ်။

“မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ အင်အားတစ်ရပ်အဖြစ် ပြန်လည်ပါဝင်လာနိုင်ရေးအတွက် အဆင့်အမျိုးမျိုးနဲ့ အလွတ် သဘောဆွေးနွေးပွဲတွေကျင်းပတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကွာလာလမ်ပူမှာ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအန္နဝါက ပြောပါတယ်။

Ref: Thailand to host two regional meetings focused on Myanmar this week

#centralnewsnaypyitaw

image

ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှု မန္တလေးမှာ ဖြစ်ပွား

ဒီဇင်ဘာ ၁၆

ဒီနေ့မနက် အစောပိုင်းက ဆောက်လုပ်ရေးလုပ်သားတစ်ဦး မောင်းနှင်စီးနင်းလာတဲ့ဆိုင်ကယ် ရိုက်နှက်လုယက်ခံရပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၅ နာရီအချိန်မှာ အောင်ပင်လယ်ရပ်ကွက်၊ ၄၇ လမ်းနဲ့ ၁၀၆ လမ်း‌ထောင့်မှာ ဆိုင်ကယ်ရိုက်လုခံရတဲ့ အမျိုးသားတစ်ဦး သတိလစ်လဲကျ‌နေကြောင်း အောင်ပင်လယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဆီ သတင်း‌ပေးပို့လာတဲ့အတွက် သက်ဆိုင်ရာက မြရည်နန္ဒာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်‌ ခေါ်ယူကာ လူနာကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်စေခဲ့တယ်လို့ သိရပါတယ်။

မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “မကြာခဏ နေ့တိုင်းလိုကိုမှ မကြာခဏဖြစ်နေတာလို့ ပြောလို့ရတယ်။ ဒီမှာမဟုတ်ရင် ဟိုမှာ ကြားရတာပါပဲ။ သွားသတိ လာသတိရှိကြပါ။ နောက်ပြီး လူပြတ်တဲ့နေရာတွေဆို တစ်ဦးတစ် ယောက်တည်း တစ်စီးတည်း မသွားစေချင်ပါဘူး။ အခုကလည်း လူနာရှင် ချက်ချင်းသိရလို့ မသိရတဲ့သူတွေဆို ကျွန်တော်တို့အသင်းတွေက လူနာဆေးရုံကိစ္စ မပြီးမချင်း စောင့်ရှောက်ရတာပါ” လို့ ပြောပါတယ်။

ဆိုင်ကယ်ရိုက်နှက်လုယက်ခံရတဲ့ အမျိုးသားမှာ အသက် ၃၇ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမား တစ်ဦးဖြစ်ပြီး ဦးခေါင်း ချိုစောင်းကွဲ ဒဏ်ရာ၊ မျက်နှာ၊ နှာခေါင်းရိုးကျိုး သွေးထွက်ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image