သုခဘုံ ပျောက်ဆုံးသွားသောအခါဝယ်
အသက် ခြောက်ဆယ်တန်း၊ ခုနှစ်ဆယ်တန်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့စကားထဲမှာ သူတို့ခေတ်တုန်းက ဘယ်ရုံမှာ ဘယ်လိုရုပ်ရှင်တွေ ကြည့်ခဲ့ရတာ၊ ဘယ်ဇာတ်ကားတွေက ဘယ်လိုကောင်းတာဆိုပြီး မှတ်မှတ်ရရ ပြန်ပြောင်းအောက်မေ့ပြီး ပြောတဲ့စကားတွေ ပါလာတတ်တာကို သတိထားမိတယ်။ ဒါတင်မကသေးဘဲ သူတို့ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေကို ဘယ်ရုံမှာ ကြည့်တယ်ဆိုတာကအစ ဘောလုံးကွင်းထဲ ပိတ်ကားထောင်ပြီး ပြတာအဆုံးတောင်မှ ပါတတ်သေးတယ်။
ရယ်စရာတစ်ခုက ရုပ်ရှင်ထဲမှာ ဖိုက်တင်ပလေးတဲ့ အခန်းတွေ ပါလို့ မင်းသားက ခံနေရပြီဆိုရင် လူအုပ်ကြီးက မရိုးမရွဖြစ်လာပြီး ဒေါသတွေ ပေါက်ကွဲကြတယ်တဲ့။ ဒါတင်မကသေးဘဲ ပိတ်ကားကြီးကိုပါ ခဲနဲ့ ထုကြလို ပေါက်ပြဲကုန်ပြီး လျော်ရတာလည်း အကြိမ်ပေါင်း မနည်းဘူးလို့ ပြောကြသေးတယ်။ နောက်ထပ်ရယ်စရာတစ်ခုက ကိုယ့်အကြောင်းပါပဲ။ ကလေးတုန်းက ရုံသွားကြည့်ရင်း ကိုယ်က တအားသိုင်းကစားပြတာ။ ဘယ်လိုလဲဆိုတော့ ရုပ်ရှင်ထဲမှာ ချခန်း၊ဖိုက်ခန်းတွေ ပါလာရင် လူက ခြေမြှောက်လိုက်၊ လက်မြှောက်လိုက်နဲ့ ရုပ်ရှင်ထဲ ဈာန်ဝင်စားသွားတတ်တယ်။
တကယ်တော့ လူတွေအတွက် တကယ် တကယ်တမ်းပြောရရင် အရေးအကြီးဆုံးက စားဝတ်နေရေးပါပဲ။ ဒါပေမဲ့ အသံတိတ်ရုပ်ရှင်တွေ စပေါ်လာကတည်းက လူတွေရဲ့ ဘဝမှာ ဒီနေ့ဒီအချိန်အထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကတော့ ရုပ်ရှင်တွေလို့ ပြောရမယ်။ လူတွေက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစားတွေနဲ့ ရုပ်ရှင်ရုံထဲသွား၊ တစ်ယောက်တည်းသွားလည်း ဘာမှမဖြစ်ဘူး။ ရုံထဲမှာ သူလိုကိုယ်လို အဖော်တွေ များကြီးရှိတယ်။ အထီးကျန်နေမှာ မဟုတ်ဘူး။ ပြနေတဲ့ ရုပ်ရှင်က ကြောက်ဖို့ကောင်းနေရင် လူတွေရဲ့ မျက်လုံးတွေက ပိတ်ကားပေါ် မရှိတော့၊ ရယ်စရာကောင်းနေရင် လူတွေရဲ့ ရယ်သံက ရုံအပြင်ဘက်အထိတောင်မှ ထွက်လာတတ်သေး၊ ဝမ်းနည်းစရာဆိုရင်တော့ မှိန်တလှည့် လင်းတလှည့် ပိတ်ကားဆီက အလင်းပြန်တဲ့ အလင်းရောင်အောက်က လူတွေရဲ့ မျက်နှာမှာ မျက်ရည်တွေ အတိုင်းသားကျလို့။
ဒီအကြောင်းတွေက ကျန်ခဲ့ပြီဖြစ်တဲ့ အတိတ်တုန်းက အကြောင်းအရာတွေပေါ့။ လူအများစုက အကြောင်းကြောင်းကြောင့် ရုပ်ရှင်ရုံတွေဆီ မရောက်ဖြစ်ကြတော့ဘူး။ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူတွေကို လာကြည့်ဖို့ မဆွဲခေါ်နိုင်တော့ဘူး။ မျက်စိရှေ့မှောက်မှာတင် ပြိုကျပျက်စီးခဲ့ပေါ့။ လူတွေနည်းတူ လောကဓံရဲ့ ရိုက်ပုတ်မှု ဒဏ်ကို ခံရတဲ့အထဲ ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်ကားတွေလည်း ပါတယ်ဆိုတဲ့ သဘောပါပဲလေ။
ဖြစ်ရပ်မျိုးစုံ ပါဝင်ပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆင့်ကဲပြောင်းလဲလာတဲ့အကြောင်းကိုမှ သိပ်ကို ကြည်နူးဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ ရသအဖုံဖုံ လွှမ်းထုံထားတဲ့ အီတလီ ဂန္ထဝင်ရုပ်ရှင်တစ်ကား ရှိတယ်။ ရုပ်ရှင်နာမည်က ‘Cinema Paradiso’ တဲ့။ ရုပ်ရှင်နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းလေးကလည်း သဘောကျဖို့ကောင်းတယ်။ ပြည်တွင်းပြည်မှ အသိအမှတ်ပြုခံရရုံသာမကဘဲ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်ဆုတွေလည်း အများကြီး သိမ်းပိုက်ထားနိုင်သေးတယ်။
ဇာတ်လမ်လေးက ဒီလို။ ရောမမှာ နေတဲ့ Salvatore Di Vitta ဆိုတဲ့လူက နာမည်ကြီး ဒါရိုက်တာတစ်ယောက်ပါ။ အိမ်ပြန်နောက်ကျတဲ့ တစ်ညမှာ သူ့ကို သတင်းတစ်ခုက စောင့်နေတယ်။ ဒါက သူ့အမေ ဖုန်းဆက်တယ်၊ ချန်ခဲ့တဲ့ သတင်းက Alfredo ဆိုတဲ့လူ ဆုံးပါးသွားခဲ့တဲ့။ ဒီသတင်းကို ကြားလိုက်ပြီးတဲ့နောက် ပြန်မရောက်တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်တဲ့ စီစလီက မွေးရပ်မြေရွာလေးမှာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေက သူ့မှတ်ဉာဏ်ထဲကို တားမရဆီးမရ ဝင်ရောက်လာခဲ့တော့ပါပဲ။ ကျန်တာကိုတော့ မပြောတော့ဘူး။ ပရိသတ်တွေပဲ ဇာတ်လမ်းထဲမှာ စီးမျောရင်း ခံစားကြည့်ပါလို့။
စာဖတ်ဝါသနာပါသူတွေက စာအုပ်ကောင်းတစ်အုပ်တွေ့ရင် အချင်းချင်း လက်တို့ပြီး ဝေမျှကြသလို ရုပ်ရှင်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုယ်ကလည်း ‘Cinema Paradiso’ ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တွေ့ထားမို့ ဝါသနာတူချင်း လက်တို့လိုက်ပါတယ်။

image

ကြိုက်တဲ့သူနဲ့ ဘောက်ချာရှင်း ဒါပေမယ့် ဦးဂျွန်ကိုတော့ ရှောင် .. လို့ .. ?BALLERINA Trailer 3 (2025) John Wick.

ကောင်းသော
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
နေ့လေးတစ်နေ့ဖြစ်ပါစေ 🙏

image

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။

image

တရားရှုမှတ်တယ်ဆိုတာ နှလုံးအိမ်ကို သန့်ရှင်းရေးလုပ်တာပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••••
တရားထိုင်တယ်ဆိုတာ နှလုံးအိမ်ကို သန့် ရှင်းရေးလုပ်တဲ့
အလုပ်လို့ ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုရင် တရားထိုင်တဲ့အချိန်မှာ သမထအာရုံနဲ့ ဝိပဿနာအာရုံတစ်ခုခုကို အာရုံပြုနေတော့
အကုသိုလ်တွေဝင်ခွင့်မရဘူး။ ရှုမှတ်နေရင်းက ဝင်လာခဲ့ရင်လည်း သတိကပ်ရှုမှတ်လိုက်တာနဲ့ ဖြစ် ကြောမရှည်တော့ဘူး။ အကုသိုလ်ဖြစ်စဉ်ဟာ ပြတ်တောက်သွားတယ်။ အဲဒီအချိန်မှာ ကုသိုလ်စိတ်တွေဖြစ်ပြီး အကုသိုလ်အညစ်အကြေးတွေ ကင်းစင်နေတယ်။ ဒါဆိုရင် နှလုံးအိမ်ဟာ သန့်ရှင်းသွားတာပေါ့။
စဉ်းစားကြည့်။ အမြဲတမ်း အညစ်အကြေးတွေ စွန်းပေနေတဲ့အရာတစ်ခုဟာ မဆေးမကြောဘဲထားရင် ညစ်ပတ်နေတာပဲ။ အဆင်းအားဖြင့် လည်း နှစ်သက်စရာမရှိ။ အနံ့အားဖြင့်လည်း နှစ်သက်စရာမရှိ။
ညစ်ပတ်တဲ့အရာဝတ္ထုပစ္စည်း ဟာ ကြာလာရင် စွန့်ပစ်လိုက်ရတယ်။ ထို့အတူ မိမိနှလုံးအိမ်မှာ ကုသိုလ်စိတ်မဟုတ်ရင် အကုသိုလ်စိတ်၊ တစ်ခုမဟုတ်ရင် တစ်ခုဖြစ်နေတာပဲ။ ကုသိုလ်စိတ်က ရေစင်နဲ့တူပြီး အကုသိုလ်စိတ် က အညစ်အကြေးနဲ့တူပါတယ်။
တစ်နေ့တစ်နေ့ ကုသိုလ်ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်အချိန်က ပိုများ သလဲ ဆန်းစစ်ကြည့်ပါ။ အာရုံတစ်ခုကို ကြိုက်နှစ် သက်ရင် လောဘ၊ မကြိုက်နှစ်သက်ရင် ဒေါသ၊ ဘာဖြစ်နေမှန်းမသိရင် မောဟ၊ ကျန်တဲ့အကု သိုလ်တွေဖြစ်ဖို့ အကြောင်းတရား တရားခံဟာ လောဘ၊ ဒေါသ၊ မောဟပါပဲ။
ပေးကမ်းစွန့်ကြဲချင်တာ အလောဘ၊ ကူညီ ထောက်ပံ့ချင်တာ အဒေါသ၊ ကြောင်းကျိုးပိုင်း ခြားအမှန်သိမြင်တာ ပညာ(အမောဟ)။ ဒါတွေက ကုသိုလ်ဖြစ်ဖို့ အကြောင်းရင်းတွေပါ။
တစ်နေ့တာအချိန် ကုသိုလ်အဖြစ်များသလား၊
အကုသိုလ်အဖြစ်များသလား။ အကုသိုလ်အဖြစ်များရင်တော့ နှလုံးအိမ်ဟာ အညစ်အကြေးတွေ စွန်းပေနေတာနဲ့ တူနေပြီ။ ဒါဆိုရင် စွန့်ပစ်လိုက် ရတော့မယ်။ မစွန့်ပစ်ချင်ရင် ဘာဝနာရေစင်နဲ့ ဆေး ကြောပေးရမယ်။ ဆေးကြောတယ်ဆိုတာ ကိုယ်ပြုဖူးတဲ့၊ သူတစ်ပါးကိုမထိခိုက်တဲ့၊ အပြစ် မရှိတဲ့ကုသိုလ်တွေကို အိပ်မပျော်ခင်၊ အိပ်ရင်း၊ ထိုင်ရင်း၊ ရပ်ရင်း၊ သွားရင်း၊ သတိရအောက်မေ့နေတာဟာ ဘာဝနာပါပဲ။
ကုသိုလ်အကြောင်း တွေးနေတော့ စိတ်ညစ်စရာ၊ အကုသိုလ်အကြောင်း မတွေးမိတော့ဘူး။ မတွေးမိတော့ မညစ်ပတ် တော့ဘူး။ မညစ်ပတ်တော့ လွှင့်ပစ်စရာမလိုတော့ဘူးပေါ့။ ဒါကြောင့် မိမိနှလုံးအိမ် သန့်ရှင်းဖြူစင်စေချင်တယ်ဆိုရင် နေ့စဉ် ဘာဝနာ တစ်ခုခုနဲ့ သန့်စင်ဆေးကြောပေးပါလို့
တိုက်တွန်းအပ်ပါတယ်....။
အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)

image
1 y - Translate

တကယ်‌ကောင်းပြီး လူကြိုက်အများဆုံးကားလေးကို တင်ပေးလိုက်ပါတယ်
Beauty and The Beast ကို အိန္ဒိယဗားရှင်းနဲ့ ကြည့်ချင်ရင် ဒီကားလေးကို ညွှန်းပါမယ်နော်...
ရုပ်ရည်ကိုကြည့်ပြီး မချစ်ပါနဲ့ နှလုံးသားကိုချစ်ပါ ဆိုတဲ့ စကားလေးကို အကျယ်ချဲ့ပြီး ရိုက်ပြထားသလားတောင် ထင်ရပါတယ်..
ဇာတ်လမ်းလေးက မင်းသမီးနဲ့လူပျက်ကလေးမောင်ရွှေရိုးလိုပါပဲ..
တက်သစ်စနာမည်ကြီး စင်းလုံးချောမော်ဒယ်မလေးကို အရူးအမူးတွေစွဲလမ်းမြတ်နိုးတဲ့ ကာယဗလမောင် သာမန်လူတန်းစားကောင်လေးရဲ့ ဇာတ်လမ်းပါ..
လူယုတ်မာတစ်စုကြောင့် ဘဝသေသွားခဲ့ရပြီး ဘဝပါပျောက်သွားခဲ့ရရှာတဲ့ ကောင်လေးက သူ့ဘဝကို ဘယ်လိုပြန်လည်ရှာဖွေမလဲ..ဘဝနဲ့ချီတဲ့ အကြွေးတွေကို ဘယ်လိုပြန်ရယူမလဲဆိုတာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားပါတယ်...
ဇာတ်အိမ်က အကျယ်ကြီးဆိုပေမယ့် ဇာတ်ကောင်တွေရဲ့ ချိတ်ဆက်မှုဟာ
တကယ့်ကိုလက်ရာကောင်းလှပါတယ်....
ဒီကားလေးကို အစအဆုံးကြည့်ပြီးရင် တစ်ခုတော့ ရင်ထဲမှာ သေချာပေါက်ကျန်နေခဲ့မယ်ဆိုတာ အသေချာပါပဲ...
ဘာလဲဆိုတော့ “အချစ်ဆိုတာ တကယ်ရှိတယ်...ရှားတယ်” ဆိုတဲ့ဖွင့်ဆ်ုချက်လေးပါ။
တကယ်လူကြိုက်များတဲ့ ကားလေးမို မြည်းစမ်းကြည့်သင့်ပါတယ်ဗျ

#crd
#storymode

image
1 y - Translate

#နိုင်ငံတကာသတင်း
◼ တရားသူကြီးအား စွပ်စွဲပြစ်တင်ရန်ထရန့်ပြောကြားမှုကို အမေရိကန်တရားသူကြီးချုပ် ပြစ်တင်
ထရန့်အစိုးရက နိုင်ငံခြားသားများအားပြည်နှင်ဒဏ်ပေးခြင်းကို တားဆီး‌ရေးလုပ်ဆောင်ခဲ့သော တရားသူကြီးတစ်ဦးအား စွပ်စွဲပြစ်တင်ရန် တိုက်တွန်းခဲ့ခြင်းအတွက် အမေရိကန်တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က သမ္မတဒေါ်နယ်ထရန့်အား ပြစ်တင်ခဲ့သည်။
ယင်းဖြစ်ရပ်များမှ သမ္မတရုံးနှင့် တရားရေးမဏ္ဍိုင်ကြားက အရှိန်မြင့်လာသော ထိပ်တိုက်တွေ့မှုကို အထင်းသားပေါ်ထွက်လာစေခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြသည်။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်ကပြဌာန်းခဲ့သော စစ်ပွဲကာလပြည်ပရန်သူများဥပဒေကို အသက်သွင်း၍ ဗင်နီဇွဲလားဂိုဏ်းအဖွဲ့ဝင်ဆိုသူများအား ပြည်နှင်ဒဏ်ပေးခြင်းကို ရပ်တန့်ရန် စနေနေ့တွင် ဝါရှင်တန်မြို့တော်မှ ဖက်ဒရယ်ခရိုင်တရားသူကြီးတစ်ဦးက ထရန့်အစိုးရအပေါ် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းဥပဒေကိုအသုံးပြုရန် လိုအပ်သောအချက်များနှင့် ကိုက်ညီမှုမရှိကြောင်းဖြစ်နိုင်ခြေကို တရားသူကြီးက ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က တရားသူကြီးအား ဆိုရှယ်မီဒီယာပေါ်မှတိုက်ခိုက်ခဲ့ပြီး "လက်ဝဲစွန်းရောက်အရူးတရားသူကြီး ၊ ပြဿနာဖန်တီးသူ ၊ လှုံ့ဆော်သူ "ဟုကင်ပွန်းတပ်ခဲ့သည်။
၎င်းအမှုရင်ဆိုင်ခဲ့ရသောကောက်ကျစ်သည့် အခြားတရားသူကြီးများကဲ့သို့ပင် ယခုတရားသူကြီးကိုလည်း စွပ်စွဲပြစ်တင်ဖယ်ရှားပြစ်သင့်ကြောင်း ထရန့်ကဆက်လက်ပြောကြားခဲ့သည်။
ယင်းနောက် နာရီအနည်းငယ်အကြာတွင် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် က ရှားရှားပါးပါး ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။
တရား‌ရေးဆိုင်ရာဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သဘောမတူညီမှုများအတွက် စွပ်စွဲပြစ်တင်ခြင်း မှာ သင့်တော်သောတုံ့ပြန်မှု မဟုတ်ဆိုသောအချက်ကို နှစ်ပေါင်းနှစ်ရာကျော်ကြာ လက်ခံထားကြကြောင်းနှင့် ယင်းအတွက်ပုံမှန်ပြန်လည်သုံးသပ်သည့် လုပ်ထုံးလုပ်နည်းရှိကြောင်း တရားသူကြီးချုပ်က ၎င်း၏ ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ပြည်နှင်ဒဏ်ပေးခံရသူများလိုက်ပါခဲ့သော လေယာဉ်ကို အမေရိကန်သို့ပြန်လှည့်ရန် တရားသူကြီးက အမိန့်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းအမိန့်ကိုဖီဆန်ခဲ့သည် ဆိုသည့်အတွက်လည်း ထရန့်အစိုးရကိုဝေဖန်နေကြကြောင်းသိရသည်။
သတင်း-ရဲမင်း
ကိုးကား-NHK

image

#cute

1 y - Translate

ဂျိုးဘိုင်ဒင်အစိုးရက အသက် ၁ဝဝ ကျော်အရွယ် သေဆုံးသူသုံးသန်းကျော်အား ချေးငွေ ဒေါ်လာ ၃၃၃ သန်း ထုတ်ပေးခဲ့ကြောင်းတွေ့ရှိဟုဆို
*********************
(နိုင်ငံတကာ) မတ်လ ၁၉
ဂျိုးဘိုင်ဒင်ဦးဆောင်သည့် ယခင်အမေရိကန်အစိုးရသည် အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူ သုံးသန်း ကျော်အား ဒေါ်လာ ၃၃၃ သန်းကို ချေးငွေအဖြစ်ထုတ်ပေးခဲ့သည်ဟု အီလွန်မက် ဦးဆောင်သည့် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်လူမှုဖူလုံရေးအာဏာပိုင်အဖွဲ့သည် ယခင်အစိုးရက အကောင်အထည်ဖော်ဆောင်ခဲ့သည့် လူမှုဖူလုံရေးဆိုင်ရာချေးငွေမှတ်တမ်းများကို ပြန်လည် စိစစ်ခဲ့ရာမှ အသက် ၁၂ဝ ကျော်အရွယ် ချေးငွေစာရင်းဖွင့်ထားသူ ၃ ဒသမ ၂ သန်း ကျော်အား ဂျိုးဘိုင်ဒင်အစိုးရက ချေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန် အာဏာပိုင်အဖွဲ့သည် ၎င်းအသက် ၁၂ဝ ကျော်အရွယ် လူပုဂ္ဂိုလ်များ အား အသက်ရှင် နေသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်း တွင်ရေးသွင်းထားပြီး ချေးငွေအဖြစ် ဒေါ်လာ ၃၃၃ သန်း ကို ထုတ်ပေးခြင်း ဖြစ်သည်။

ချေးငွေပေးအပ်ခံရသူများအနက် တစ်ဦး မှာ အသက် ၁၅၇ နှစ်အရွယ် သေဆုံးသူ အမျိုးသားသက်ကြီးရွယ်အိုတစ်ဦးပါဝင်ပြီး ၎င်းအား အာဏာပိုင်များက ချေးငွေအဖြစ် ဒေါ်လာ ၃၆,၀၀၀ ပေးအပ်ခဲ့ ကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်။

အစိုးရ၏အခွန်ဘဏ္ဍာများအနက်မှ ဒေါ်လာသန်းပေါင်းများစွာအား အသက် ၁၀၀ ကျော် သေဆုံးသူများအား ပေးအပ်ခဲ့ခြင်းအပေါ် ဒေါသဖြစ်ရသည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်မှုများသည် ယခင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှ ကြွင်းကျန်သည့် လိမ်ညာမှုတစ်ရပ်ဖြစ်သည်ဟု ၎င်းက ဖော်ပြခဲ့သည်။

အဆိုပါ အသက် ၁၀၀ ကျော် သေဆုံးသူလူပုဂ္ဂိုလ်များအား ယခုအခါ သေဆုံးသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်းတွင် ရေးသွင်းခဲ့ပြီး ဖြစ်ကြောင်း Ivt ၏ဖော်ပြချက်အရ သိရသည်။

image
1 y - Translate

မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူတစ်သိန်းကျော် လုပ်ကိုင်နေဆဲဖြစ်
ဘန်ကောက်ပို့စ်၊ မတ် ၁၉
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်လုပ်ငန်းတွေမှာ လူပေါင်းတစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်ကြောင်း ထိုင်းရဲချုပ်က ပြောပါတယ်။
မြဝတီနယ်မြေအတွင်း ပြန့်ကျဲနေတဲ့ ကျားဖြန့်လုပ်ငန်းများမှ လူ ၅၀၀၀ ခန့်ကို အစောပိုင်း အကဲဖြတ်ချက်တွေအရ ရာနဲ့ချီသူတွေဟာ မိမိဆန္ဒအလျောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်က ဆိုပါတယ်။
လူအများစုဟာ မြဝတီကို တရားမဝင် ဝင်ရောက်ကာ အလုပ်ရှာဖို့ ထိုင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။
ဒါက ဖုန်းခေါ်ဆို လိမ်လည်တဲ့ ဂိုဏ်းတွေတင်မကဘဲ အွန်လိုင်းလောင်းကစားနဲ့ အခြားသော အသက်မွေးဝမ်းကျောင်း အလုပ်တွေပါလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးမှူးချုပ်က ပြောပါတယ်။
၎င်းရဲ့ မှတ်ချက်တွေဟာ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေကို လာရောက်လုပ်ကိုင်ဖို့ ရာဇဝတ်လုပ်ငန်း ဦးဆောင်သူတွေက ဖြားယောင်းခဲ့တာဆိုတဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။
“ဒီလူတွေက အဲဒီကို ဆန္ဒအလျောက် လိုက်သွားတယ်”လို့ တာ့ခ်ခရိုင် ရဲစစ်ဆေးရေးဂိတ်မှ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး စစ်ဆေးရေးမှူးချုပ်က ဆိုပါတယ်။
ရာနဲ့ချီသူတွေ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရခြင်းရှိ၊ မရှိနဲ့ ပတ်သက်ပြီး တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတွေရဲ့ သတင်းအချက်အလက်တွေကို စောင့်ဆိုင်းနေကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ ပြည်ပနိုင်ငံသား ၇၁၀၇ ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီအထဲက ၄၁၉၁ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားပါတယ်။
၎င်းတို့ဟာ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စေခိုင်းခြင်းခံခဲ့ရတာပါ။
လူကုန်ကူးခံရသူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းထဲ တရားမဝင် ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

image