Level Cross(2024)
ဗာဟူးဘလီမင်းသားက အဲဒီဇာတ်ကားမှာပဲ အဲဒီရုပ်ရည်ရှိပြီး ကျန်တဲ့ဇာတ်ကားတွေမှာက တခြားရုပ်ဖြစ်နေတာ များတယ်။ လူတူမရှားနာမည်တူမရှား ဗာဟူးဗလီလိုရုပ်မျိုးနဲ့ မင်းသား တစ်ယောက်တလေတော့ ရှိဦးမှာပါ ဆိုပြီး ငံ့လင့်နေတဲ့ ကျနော် RRR ဇာတ်ကားက ဒုတိယမင်းသားကို ကြည့်ပြီး ဆန္ဒတမျိုးပြည့်ရတယ်။ ဆံပင်လှိုင်းတွန့် ဖွာရရာနဲ့ မျက်ခုံးမျက်လုံးကောင်းကောင်း၊နှာတံထင်းထင်း၊ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးထူထူကြားက ဟိုစာရေးဆရာပြောသလို ငပိရောင်တောက်နေတဲ့နှုတ်ခမ်းနဲ့ တကယ်ကို ကုလားဆန်တဲ့ ရုပ်ရည်မျိုး။ နောက်ပိုင်းတွေ ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေမှာ တွေ့မိတဲ့ Asif Ali က RRRကလူထက် ပိုပြီး အဲဒီရုပ် ပိုပေါက်တယ်ဗျ။ စ‌တွေ့ဖူးတုန်းက သမားရိုးကျတောင်ပိုင်းကားတွေအတိုင်း မင်းသားအသားပေး ဇာတ်ကားပါပဲ၊ မျက်လုံးဝိုင်းဝိုင်း ဆံပင်ကောက်ကောက်နဲ့သူ့ရုပ်လေးက ဟီးရိုးဆန်ဆန်မဟုတ်ဘဲ ကလေးလို ချစ်ဖို့ကောင်းပြီး တမူထူးခြားတယ်။ ရုပ်ကိုကြိုက်ပေမယ့် အဲဒီလိုကား ရိုက်ရင် ပဲပေးရတာပဲများပြီး သရုပ်ဆောင်ရတာက နည်းနည်းမို့ သူ့ကို သိပ်စိတ်ထဲမရှိမိပါဘူး။ Level Cross(2024) ကြည့်ပြီးတော့မှ သူ့ကို မင်းသားအနေနဲ့မဟုတ်ဘဲ စံချိန်မီသရုပ်ဆောင်အနေနဲ့ လက်ခံမိပြီး ကြိုက်သွားတယ်။
အဲဒီကားမှာ Asif က ရာဂူးဆိုတဲ့ မီးရထား ဂိတ်စောင့်။ နေရာက မြန်မာလို လွင်တီးခေါင်ပြင်၊ ကန္တာရ လို့ပြောမယ့်အစား အင်္ဂလိပ်လို desert လို့ပြောတာ အသင့်ဆုံး ဖြစ်မယ်။ ဂိတ်ရှိရာ ကားလမ်းကလည်း ကားမလာတတ်၊ အနားကရွာကလည်း ရွာပျက်၊ အပင်တွေက ရှင်သန်ပေါက်ဖွားဖို့ ငြင်းဆန်ခံရတာအပြင် လူ‌တွေကပါ စွန့်ခွာခံရတဲ့ တကယ့် desert ပါပဲ။ အဲဒီနား သက်ရှိနဲ့တူတာ ရာဂူးနဲ့ သူ့မြည်းလေး ဆစ်ဂနယ်ပဲ ရှိတယ်။ တနေ့ အဲဒီမှာ အရှိန်နဲ့သွားနေတဲ့ ရထားပေါ်ကနေ ပြုတ်ကျလာတဲ့ အမျိုးသမီးကြောင့် သူ့ဘဝလေး စိုပြေလာရုံရှိသေး သူ့ယောက်ျားလိုက်လာတဲ့အခါမတော့..။
ကျနော့်ငယ်ဘဝ နေခဲ့ရာ မြို့က လေအတော်ထန်တော့ လေတဖြူးဖြူးတိုက်ခံရရင် အိမ်ကိုသတိရစိတ် ဖြစ်မိတာပဲ။ နောက်ပြီး အစိုးရဝန်ထမ်းအိမ်ယာအဖြစ် သုံးကြတဲ့ ခေတ်ဟောင်းအိမ်ကြီးတွေ ဖြတ်သွားဖြတ်လာ မြင်မိရင် ဝင်ကြည့်ချင်စိတ်ဖြစ်မိတာ ငယ်ဘဝထဲကပဲ။ ရှေးအရသာပြောရမလား ဘာကိုလွမ်းလို့လွမ်းမှန်းမသိ ခံစားရတယ်။ အခုဇာတ်ကား တည်ရာနေရာ လေတဖြူးဖြူးနဲ့ ကန္တာရအလယ်က ရှေးဆန်တဲ့မီးရထားဝန်ထမ်းအိမ်လေး ဆိုတော့ ဆက်တင်နဲ့တင် ငြိမိတာပါပဲ။ သုံးယောက်တည်းသော သရုပ်ဆောင်တွေကလည်း ရာဂူးက ကျနော်ငယ်ငယ်က တွေ့ဖူးတဲ့ အရူးနဲ့ တပုံစံတည်းပဲ။ ညစ်တီးညစ်ပတ်နဲ့ စုတ်တိစုတ်ဖွာပုံစံကော၊ ရူးနေပေမယ့်လည်း sexy ဖြစ်တာရော သိပ်တူတယ်။ ကျနော် ငယ်ငယ်ကအားရင် အဲ့အရူးကို ထိုင်ငေးပြီး စိတ်ကူးနဲ့ ရေချိုးပေးကြည့်/ဖီးလိမ်းပေးကြည့်ဖူးတယ်။ ရူးသာမရူးရင် မင်းသားရှုံးမယ့်သူပဲ လို့။ မင်းသမီးကကျတော့ အခုလက်ရှိ ရွာထဲက စိတ်မူမမှန်တဲ့ အမျိုးသမီးနဲ့ တူပြန်ရော။ သူ့ယောက်ျားကတော့ မြန်မာရုပ်နဲ့ နဂိုတည်းက ဆိုက်ကိုရုပ်ကြီး။ ဇာတ်ကားထဲ သုံးယောက်စလုံးက အရူးတွေချည်း။ အဲဒါနဲ့ ကျနော့်အနေနဲ့တော့ ကြည့်ရတာ တကယ်ဖြစ်နေသလိုပါပဲ။
မကြိုက်တာတခုက ကန္တာရထဲလျှောက်သွားနေတဲ့မင်းသားက ဖိနပ်ချုပ်ပြီးပြန်စီးနဲ့အခန်းမှာ ခြေထောက် နုဖတ်နေတာပါပဲ။ တကိုယ်လုံးစုတ်ပြတ်နေအောင် ပြင်ထားပြီး ခြေထောက်ကျမှ အဖျားရှူးသွားတာရယ်။ အဲဒါလေးပါပဲ။ ကျန်တာကတော့ ပြောစရာမရှိ။ သတ္တုပြားလေးတွေ တချွင်ချွင်နဲ့ လေမှာလွင့်နေတာကအစ အကြောင်းမဲ့ ရိုက်ပြမထားဘူး။ ဇာတ်ကား ပြီးသွားလည်း ဆက်ပြီး တွေးနေရ ကြောက်နေရတယ်။ အစပိုင်းမှာ နည်းနည်းပျင်းစရာကောင်းပြီး တဖြည်းဖြည်း အရှိန်တက်လာတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်ကြည့်ကြည့်ပါဦး။

image

သင်္ချာပညာရပ်မှာ အရမ်းတော်တဲ့ လူငယ်တစ်ယောက်... ဘယ်လောက်တောင် တော်လဲဆိုရင် ပါရဂူတွေတောင် နှစ်နဲ့ချီ ဖြေရှင်းနေရတဲ့ ပုစ္ဆာတွေကို သူငယ်တန်းစာ အပေါင်းအနုတ်တွေသာသာလို ဖြေရှင်းပြသွားတာမျိုး...
ဒါပေမဲ့ လူငယ်ဆန်ဆန် မူးရူးသောက်စားပြီး ဂျစ်ကန်ကန် ဘ၀မျိုးနဲ့ ဖြတ်သန်းနေတယ်...
သူ့ရဲ့ပါရမှီပါလာတဲ့ဂျီးနီးယပ်လယ်ဗယ်ဦး‌နှောက် ကိုသတိထားမိသွားတဲ့ ပရော်ဖက်ဆာ တစ်ယောက်က သူ့ရဲ့ဘ၀ကို အပြောင်း‌အလဲ လုပ်ပေးဖို့အတွက် စိတ်ကုထုံး ဆရာနဲ့ပြတာကို ဇာတ်အိမ်တည်ထားတယ်...
ဇာတ်ကားက ကြည့်နေတဲ့ ကိုယ့် အတွေးထဲကို နှစ်၀င်သွားမှန်းမသိ ၀င်သွားလောက်တဲ့အထိကို ‌ကြည့်လို့‌ကောင်းတဲ့ကားမျိုး...
စိတ်ကုထုံးဆရာနဲ့ ဂျီးနီးယပ် ဦးနှောက်ပိုင်ရှင်တို့ အချင်းချင်း သူ့အမြင် ကိုယ့်အမြင် ပြောကြတဲ့ အခန်းတွေဆို ကျွန်တော်တို့ အပြင်က အတွေးတွေကိုပါ ပြောင်းလဲပေးနိုင်တာမျိုး...
ထပ်ပြောရင် ရေးပြထားတဲ့ စာသားတွေထပ် အဆမတန်ကောင်းတော့ အဲ့လောက်လည်းဟုတ်မှာမဟုတ်ပါဘူးကွာလို့ ခံစားသွားရမှာဆိုးတာကြောင့် ကိုယ်တိုင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်...

image

2012 ကထွက်ထားတဲ့ အထက်တန်းကျောင်းသားအချစ်ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဇာတ်ကားဆိုပေမယ့် ၀တ္ထုရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ဖန်တီးရိုက်ကူးထားတဲ့အတွက် တင်ဆက်ပုံကွာခြားတဲ့အတွက် တကယ်ကြည့်လို့ကောင်းမယ့်ရုပ်ရှင်ကား ဆိုတာ အာမခံပါတယ်။

ဇာတ်လမ်းအကျဉ်း
အထက်တန်း ပထမနှစ်ကျောင်းသား Charlie ၊ သူဟာ သူငယ်ချင်းမရှိ-ကိုယ်ပျောက်လူသားလို အတန်းထဲမှာ အရှုံးသမားတစ်ယောက်ပါ။ တကယ်က သူ့ရဲ့ စိတ်ရောဂါကြောင့်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မဲ့နေပြီး ရုန်းကန်နေရတဲ့သူပါ။‌ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်း တစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက် စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ခင်မင်သွားခဲ့ပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ ‌တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျပေမယ့် သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမဲ့ Sam နှင့် Patrick တို့နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နေ့ကတည်းက Charlie တစ်ယောက် စပြီး ပျော်ရွှင်လာခဲ့ပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie က Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Samက အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲဖြစ်သွားပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။
ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ...
Charlie က Sam ကို ဖွင့်ပြောရဲပါ့မလား ...
Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား ...

သဘောကျနေတာကို ဖွင့်မပြောရဲတဲ့ ဘရိုတို့လည်း ကြည့်သင့်ပြီး ဇာတ်ကားက အေးအေးလေးနဲ့ဇာတ်လမ်းထဲ မျောသွားအောင် ဆွဲဆောင်နိုင်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါကြောင့် "The Perks of Being a Wallflower" ဆိုတဲ့ အချစ်ကားလေးကို ဒီနေ့အတွက် ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image

“ကျွန်မနာမည်က Enola ပါ နောက်ပြန်စီလိုက်ရင် Alone (တစ်ယောက်တည်း)ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်”
ဒီနေ့မှာ Mystery,Crime ရုပ်ရှင်တစ်ကားအကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။ မင်းသမီးအနေနဲ့ Stranger Things က အဓိကအမျိုးသမီး‌သရုပ်ဆောင် Millie Bobby Brown ဖြစ်ပြီး မင်းသားအနေနဲ့ Louis Partridge အပြင် Super Man မင်းသား Henry Cavill က စုံထောက်ကြီး ရှားလော့ဟုမ်း အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အန်နိုလာ ဟုမ်းစ် ဆိုတဲ့ဇာတ်ကောင်ကတော့ မိုက်ခရော့ ဟုမ်းစ် နှင့် ရှားလော့ဟုမ်းစ် တို့ရဲ့ညီမပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အင်နိုလာဆိုတဲ့ ကလေးမလေးရဲ့ ဖခင်ဟာ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီး အစ်ကိုဖြစ်သူတွေကလည်း ဆယ်ကျော်သက်မှာတင် အိမ်က ထွက်သွားကြပါတယ်။ ဒါကြောင့် အင်နိုလာလေးဟာ အမေဖြစ်သူနဲ့အတူ အိမ်တော်ကြီးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ မိခင်ဖြစ်သူက အန်နိုလာကို လိုအပ်တဲ့ ပညာတွေကို သင်ပေးခဲ့ပါတယ်။ အင်နိုလာလေး ၁၆ နှစ်အရွယ်မှာတော့ မိခင်က အိမ်ကြီးကနေ ဘယ်သူ့မှအသိမပေးဘဲ ရုတ်တရက် ထွက်သွားခဲ့ပါတယ်။ မိခင်ပျောက်ဆုံးသွားတာကြောင့် အင်နိုလာရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ‌မိုက်ခရော့ နှင့် ရှားလော့ဟုမ်းတို့ ပြန်ရောက်လာခဲ့ကြပါတယ်။ အင်နိုလာကို အစ်ကို အကြီးဆုံးဖြစ်တဲ့ မိုက်ခရော့က ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့စီစဉ်ပြီး ရှားလော့ဟုမ်းကတော့ မိခင်ဖြစ်သူ ချန်ထားခဲ့တဲ့ သဲလွန်စတွေနဲ့ ပြန်လိုက်ရှာဖို့စီစဥ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဘော်ဒါကျောင်းကို မတက်ချင်တဲ့ အင်နိုလာကတော့ အိမ်ကနေ ထွက်ပြေးပြီး မိခင်ဖြစ်သူကို ရှာဖို့ မိခင်ပေးခဲ့တဲ့ သဲလွန်စတွေနဲ့ တစ်ခုချင်း ဖော်ထုတ်ရင်း လန်ဒန်မြို့ကိုထွက်ပြေးလာခဲ့ပါတယ်။ မိုက်ခရော့ ဟုမ်း နှင့် ရှားလော့ဟုမ်းတို့လည်း မိခင်ရော ညီမဖြစ်သူရော ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။
လန်ဒန်လိုမြို့ကြီးမှာ အပြင်လောကကို မ‌ထိတွေ့ဖူးတဲ့ အင်နိုလာလေးရဲ့စွန့်စားခန်းကဘယ်လိုဖြစ်မလဲ...
လမ်းမှာ အမှတ်မထင် ဆုံတွေ့ခဲ့တဲ့ကောင်လေးရဲ့အရှုပ်ထုပ်မှာ ၀င်ပါမိတဲ့ အင်နိုလာလေး ဘာတွေရင်ဆိုင်ဖြတ်ကျော်ရမှာလဲ...
မိခင်ကို ရှာတွေ့ဖို့ ဘယ်လိုတွေ ခက်ခက်ခဲခဲ ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

image
48 w - Translate

အမေရိကန်ဒေါ်လာ ၃၃ သန်း+ထိုင်းဘတ် သန်း ၁၅၀ ထုတ်ရောင်းပေးဦးမည့် ဗဟိုဘဏ်+++++++++++++
စက်သုံးဆီလုပ်ငန်းရှင်များအတွက်ဆိုကာ ဗဟိုဘဏ်က ၎င်း၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်ကနေ
အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ထိုင်းဘတ် သန်း ၁၅၀ ကို ထပ်မံ ရောင်းချသွားမည်ဟု မနေ့က ကြေညာထားပြန်သည်။

image

Carl ဆိုတဲ့ လူက ကိုယ့်ကိုကိုယ် အဆိုးမြင်တဲ့အပြင် အခြားသူတွေကိုလည်း ကြည့်မရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ လာခေါ်ရင်တောင် မလိုက်ဘဲ
သီးသန့်တစ်ယောက်တည်းနေရင်း အရာအားလုံးကို အဆိုးမြင်စိတ်နဲ့ ဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ သူကိုယ်သူလည်း အခြားသူတွေနဲ့ မပေါင်းသင်းတတ်သူလို့ ထင်နေတဲ့သူမလို့
အလုပ်မှာ အဆင်မပြေတဲ့အပြင် ပျော်စရာအချိန်ဆိုတာတောင် မရှိခဲ့တာကြာပါပြီ။ ဒါပေမဲ့ တစ်ရက်မှာတော့ ဟောပြောပွဲ တစ်ခုကို သွားနားထောင်ရင်း သူ့အတွက် လိုအပ်နေတဲ့
ကွက်လပ်လေးရဲ့ အဖြေကို တွေ့သွားပါတယ်။ အဲဒီအဖြေလေးအတိုင်းပဲ ကျင့်သုံးရင်း သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာပြီး အလုပ်မှာလည်း
ရာထူးတွေပါ တိုးလာခဲ့ပါတယ်။ ကျင့်သုံးနေတဲ့အဖြေဟာ သူ့အတွက် အရာရာအဆင်ပြေလာပေမယ့် လက်တွေ့မှာ လိုအပ်‌ချက်လေးတွေ ရှိနေခဲ့ပါတယ်။
အဲဒီအဖြေက ဘာဖြစ်မလဲ... သူကရော ဘာလိုအပ်ချက်တွေ ရှိနေသေးတာလဲ... လိုအပ်ချက်တွေကို သူကိုယ်တိုင် ဖြည့်ဆည်းနိုင်မှာလား...
ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုကိုယ် အဆိုးမြင်နေတဲ့သူတွေအတွက် ရလာတဲ့ အခွင့်အရေးတွေကို လက်မလွှတ်သင့်ကြောင်းကို ဟာသလေးနဲ့ ရောနှောပြီး ဖန်တီးတင်ဆက်ထားတဲ့
ရုပ်ရှင်လေးဖြစ်ပါတယ်။ တစ်ယောက်တည်း အထီးကျန် စိတ်ညစ်နေတယ်ဆိုရင် "Yes Man(2008)" ဆိုတဲ့ ရုပ်ရှင်လေးက လမ်းပြပေးနိုင်လိမ့်မယ်ဟု ယူဆပြီး စီးမျောခံစား
ကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image

မတ်လ ၇ ရက်နေ့မှာ Tom Holland တစ်ယောက် ဂရိနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီမှာ ခရစ္စတိုဖာ နိုလန်ရဲ့ The Odyssey ရုပ်ရှင်အတွက် သူ့ရဲ့ အဓိက ရိုက်ကူးမှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါတယ်။
ဂရိ မီဒီယာတွေက ဖော်ပြချက်အရ ‘Spiderman သရုပ်ဆောင် Tom Holland ဟာ The Odyssey ရဲ့သား Telemachus အဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
'The Odyssey' ရုပ်ရှင်မှာ Matt Damon က The Odyssey ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ နိုလန်နဲ့ ဓာတ်ပုံဆရာ ဟိုက်တီဗန် ဟိုက်တီမာတို့ဟာ ရိုက်ကူးရေးတွေ စတင်နေပြီ ဖြစ်တယ်လို့လည်းသိထားရပါတယ်။

image
48 w - Translate

နီပေါနိုင်ငံ က Prakriti Malla လို့ အမည်ရ တဲ့
မိန်းကလေး ရဲ့ လက်ရေးကို ကမ္ဘာပေါ်မှာ အလှဆုံး
လက်ရေး အဖြစ် သတ်မှတ်ထားပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
#crd

image

God of War နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ မတ်လ ၁၅ရက်နေ့ စတင်ကျင်းပမည်။
မတ် ၈ ၊ ၂၀၂၅
Santa Monica Studios က အထင်ကရ God of War ဇာတ်လမ်းတွဲရဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲကျင်းပမဲ့ရက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
God of War ဟာ PlayStation 2 မှာ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ ဂိမ်းလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ franchise တစ်ခု ဖြစ်ပါတယ်။
Santa Monica Studio က နှစ်(၂၀)ပြည့် အထိမ်းအမှတ်နေ့ကို မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်ရှိ Nucleus Art Galleryမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး၊ မတ်လ ၂၂မှာ Cast Panel နဲ့ လက်မှတ်ရေးထိုးပွဲကိုကျင်းပမှာပါ။
Cast Panel မှာ ပါဝင်သွားမ​ဲ့သရုပ်ဆောင်တွေက
TC CARSON (KRATOS)
CHRISTOPHER JUDGE (KRATOS)
CAROL RUGGIER (ATHENA)
SUNNY SULJIC (ATREUS)
DANIELLE BISUTTI (FREYA)
ALASTAIR DUNCAN (MIMIR)
ROBERT HARIGHEAD (BROK)
ADAM J. HARRINGTON (SINDRI)လို့သိရပါတယ်။
God Of War Trilogy ရဲ့ Remastered Version ကို ကြေငြာနိုင်တယ်လို့ကောလာဟလတွေထွက်ပေါ်နေခဲ့ပြီး Ranarok အပြီး Egypt Saga ကိုဆက်သွားနိုင်တယ်လို့လည်းကြားရပါတယ်။
ကြေညာချက်အသစ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားပေမယ့်၊ ဘယ်လိုအရာတွေ ဖြစ်လာမလဲဆိုတာကိုတော့ Santa Monica Studio က အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ God of War နဲ့ ပတ်သက်တဲ့ နောက်ထပ်သတင်းတွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပါတယ်။

image
48 w - Translate

ရှေးခေတ်နတ်ခရိုင်တစ်ခု(1900s)
နတ်ခရိုင်ဆိုသည်မှာ တစ်ပင်တိုင်နတ်ကွန်း၊ နတ်စင်အကြီးစားဖြစ်သည်။ နတ်ကွန်းများကို ရွာထောင့်နှင့် ရွာအဝင်တို့တွင်တွေ့ရတတ်ပြီး နတ်ကွန်းအရွယ်အစားမှာရွာ၏စီးပွားရေးဖွံ့ဖြိုးမှုကိုဖော်ပြနေသည်။

#crd

image