30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

image
30 w - Translate

I'm obsessed 🫶✨

imageimage
+9
30 w - Translate

စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၅)
Sunscreen မလိမ်းတဲ့ လူဆယ်ယောက်ကိုမေးကြည့်ရင် 9ယောက်က sunscreen တွေက စျေးကြီးလို့လို့ ဖြေလိမ့်မယ်။ သူတို့မသိတာက ဒီလိုမျိုး affordable sunscreen တွေ ရှိတယ်ဆိုတာပါပဲ။ ပုံမှန်တွေ့နေကျ sunscreen တွေထက် 2,3ဆပါပြီး အရည်အသွေးပိုင်းလဲ ပခုံးချင်းယှဉ်လို့ရတဲ့ hidden gem လေးတွေပေါ့နော်။ Nyi ဒီနေ့ အဲ့လို sunscreen အမိုက်စားလေး 2ခု ညွှန်းပေးပါမယ်။
Skin Aqua super moisture UV gel လေးတခုအကြောင်း Nyi အရင်က review တင်ခဲ့ဖူးတယ်။ အဲ့တုံးကလဲ အားပေးမှုများပြီး လူတွေအရမ်းကြိုက်ကြတယ်ပေါ့နော်။ ဒီ sunscreen လေး 2ခုကလဲ အဲ့ဒီ sunscreen လေးကို formulation အဆင့်မြင့်ပြီး ထုတ်ထားတာပါ။
2ခုလုံးက chemical sunscreen အမျိုးအစားတွေဖြစ်ပြီး လိမ်းရတာ အရည်ကျဲကျဲလေးနဲ့ စိမ့်ဝင်မြန်တယ်။ အပြာလေးကတော့ အရည်ပိုကျဲတယ်။ အဝါလေးကတော့ moisture ပိုပေးတဲ့ အမျိုးအစားမလို့ နဲနဲပိုပျစ်တယ်။ ဒါပေမဲ့ 2ခုလုံးကတော့ တခြားသော sunscreen တွေနဲ့ယှဉ်ရင် အရည်ကျဲတဲ့ထဲပါပါတယ်။ သူတို့ရဲ့တခုတည်းသောအားနည်းချက်က စသုံးတဲ့အခါ alcohol နံ့နဲနဲပြင်းတာပဲ။ တခြား packaging ပိုင်း texture ပိုင်း finish ပိုင်းကတော့ လုံးဝ solid! ဗူးဒီဇိုင်းအရ အပြင်သွားတဲ့အခါ အလွယ်တကူပစ်ထည့်သွားလို့ရတယ်။ Finish ပိုင်းမှာလဲ အရမ်း dewy မဖြစ်ဘူး။ အဝါလေးကတော့ moisture ပိုရလို့ အသားပေါ်မှာ ပိုစိုပါတယ်။ တော်ရုံအသားခြောက်တဲ့သူဆိုရင် moisturizer ကျော်လိမ်းလို့ရတယ်ပေါ့နော်။
နာမည်ကြီး Rhoto brand ကဆိုတော့ SPF reliable ဖြစ်မဖြစ်ကိုလဲ တကူးတကပြောနေဖို့မလိုပါဘူး။ သုံးတဲ့တလျှောက် အသားအရေက နေလောင်တာ မဲလာတာမျိုး မကြုံရဘူးပေါ့နော်။ ယုံကြည်စိတ်ချလို့ရတဲ့ Japanese sunscreen လေးတွေပါပဲ။ Nyi က Combination skin ဆိုတော့ အပြာလေးကို အဓိကသုံးဖြစ်တယ်။ သူက သပ်သပ်ကြီးအဆီပြန်စေတာတော့ မဟုတ်ပေမယ့် အဆီထိန်းတဲ့ sunscreen မျိုးလဲမဟုတ်လို့ ကိုယ်ကအဆီပြန်တတ်တယ်ဆိုရင် အပေါ်ကနေ powder လေး သုံးပေးနော်။ Nyi တော့ မနက်ဆို သူ့လိမ်းပြီးတာနဲ့ အပေါ်ကနေ Shiseido baby powder လေး ပုတ်လိုက်တယ်။ နေ့ခင်းဘက်ထိ မျက်နှာကအဆီမပြန်ဘဲ သိပ်သိပ်လေးနဲ့ perfect ပါပဲ။
အချုပ်ဆိုရရင် စျေးတန်တန်လေးနဲ့ သုံးလို့ကောင်းလွန်းလို့ budget ချိန်နေရတဲ့သူတွေကို သေချာပေါက်သုံးကြည့်စေချင်တယ်။ Sunscreen မလိမ်းရင် ဘာသုံးသုံးသဲထဲရေသွန်မလို့ sunscreen မှန်မှန်လိမ်းပေးဖို့က ပထမဦးစားပေးပါနော်။ Budget sunscreen ဆို Nyi ဒီ Skin Aqua super moisture UV gel လေးတွေ ညွှန်းပါတယ်။ Oily, Combination skin တွေက အပြာလေးသုံးပြီး Normal, Dry skin တွေက အဝါဗူးလေးသုံးပါဗျ။
အပြာဗူးလေးက 140g ပါပြီး အဝါဗူးလေးကတော့ 100g ပါပါတယ်။ Nyi ကတော့ ကိုယ်ရောင်းကိုယ်သုံးမလို့ 🛒 Nyi’s Pick ကနေ နှိုက်သုံးပါတယ်ခင်ဗျာ။
#budgetskincareseries
#reviewbynyi #nyipick #nyipicksunscreen

#crd

image
30 w - Translate

ဖိလစ်ပိုင်၌ မီးတောင်ထပ်ပေါက်နိုင်၍လူများကိုဘေးကင်းရာရွှေ့ခိုင်း

မနီလာ၊ဒီဇင်ဘာ ၁၆

ဖိလစ်ပိုင်နိုင်ငံ၌ ပထမအကြိမ်ပေါက်ကွဲအပြီး ၌လှုပ်ရှားမှုမြင့်တက်ကာ ထပ်မံပေါက်နိုင်ခြေရှိသည့် ကန်လွန်မီးတောင်အနီး ခြောက်ကီလိုမီတာအကွာရှိ အန္တရာယ်ဇုန်အတွင်းမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဒေသတွင်းအစိုးရဌာနများအား ဖိလစ်ပိုင်အစိုးရကအမိန့်ပေးခဲ့ကြောင်းသိရသည်။

ကန်လွန်မီးတောင်သည် ဒီဇင်ဘာ ၉ ရက်နေ့ကပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုအရှိန်ဖြင့် ကောင်းကင်သို့ မီတာ ၄,၀၀၀ အထိ မီးခိုးလုံးများရောက်ရှိခဲ့သည်ဟုလည်းသိရသည်။

ပထမအကြိမ်ပေါက်ကွဲမှုအပြီး၌ မီးတောင်လှုပ်ရှားမှု ထပ်တိုးလာခြင်းကြောင့် အာဏာပိုင်များက ဒေသခံများအား ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များမှကာကွယ်ရန် အမြန်ရွှေ့ပြောင်းရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အချို့သောဒေသခံများက အန္တရာယ်ကိုလျစ်လျူရှုကာ ရွှေ့ပြောင်းရန်ငြင်းဆန်နေသဖြင့် အာဏာပိုင်များက ပြောင်းရွှေ့ရန်တိုက်တွန်းထားပြီး လူ‌ေ-သဆုံးမှုအနည်းဆုံးဖြစ်စေရန် အစိုးရက ပြီးပြည့်စုံသောကယ်ဆယ်ရေး ဗျုဟာကို အကောင်အထည်ဖေါ် ခဲ့ခြင်း ဖြစ်သည်။

image