Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူအုပ်ကြားမှာ နေပြီး
တစ်ယောက်တည်း အထီးကျန်နေတာမျိုးက
ရှက်စရာ မဟုတ်ဘူး။
အပြောကျယ်တဲ့ စကြဝဠာမှာ
တစ်ပွင့်တည်း လွတ်လွတ်လပ်လပ်လှည့်နေတဲ့
ဂြိုလ်ပြာကြီးလိုပေါ့...
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ မှော်ဆန်တဲ့
အပြာရောင်အလင်းတန်းတွေ
ထုတ်လွှတ်နေလိုက်မယ်။
လူဟာ တစ်ခါတလေ
လိုင်းချင်းမတူတဲ့အခါ ပြောစရာစကားတွေက မည်မည်ရရ မရှိဘူး။
နေကောင်းလား
စားပြီးပြီလား မေးပြီး
ဘာဆက်ပြောရမှန်းမသိ ဖြစ်တယ်။
ချန်နယ်မတူရင်
အတင်း ဝင်ရောစရာ မလိုပါဘူး
ဘေးမှာ ငြိမ်ငြိမ်လေး နေနေတာက
စကားမရှိ စကားရှာပြီး
အမှားတွေ, အတင်းတွေ
ပြောမိတာထက် ပိုကောင်းပါတယ်။
လူအုပ်ကြားမှာ နေပြီး
အထီးကျန်တာမျိုးမရှိပါဘူး
ပြောစရာမရှိလို့
မပြောချင်လို့ ငြိမ်နေတာပဲ ရှိတာပါ။
လမ်းဖြတ်ကူးလာသည့်အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံး
*****************
(မှုခင်း)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည်သူ့ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြား၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်၌ လမ်းဖြတ်ကူးလာသည့် အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီကျော်အချိန်က ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ၊ ၄၀ နှစ်၊ (ဘ)ဦးခင်ဝင်း၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နေသူ တစ်ဦးတည်း မောင်းနှင်သည့် MDY-21-3Q/3259 HYUNDAI STAREခဲရောင်) “ရွှေပျားမင်း”ခရီးသည်တင်ယာဉ် သည် ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည့်သူ့ ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြားအရောက်၌ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း လမ်း၏အနောက် ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးလာသည့် ဦးပြုံးချို၊ ၅၄ နှစ်၊ (ဘ)ဦးဖိုးအေး နှင့် ဦးဝင်းအောင်(ခ)ဇော်ဖိုး၊ ၄၆ နှစ်၊ (ဘ)ဦးစိုးသန်း ယုန်ကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် နေသူတို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဦးပြုံးချိုတွင် မျက်နှာညိုမည်းဒဏ်ရာ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ယာတံတောင်ပွန်းဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံးဖုယောင် ပေါက်ပြဲဒဏ်ရာနှင့် ဦးဝင်းအောင်တွင် မျက်နှာကြေမွဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့သဖြင့် “ကရုဏာရှင်”လူမှုရေးအသင်းမော်တော်ယာဥ်ဖြင် နေပြည်တော်၊ ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
ယာဉ်အား ပေါ့ဆစွာဖြင့် မဆင်မခြင်မောင်းနှင်ပြီး လမ်းဖြတ်ကူးသူ ၂ ဦးအား ဝင်ရောက်တိုက်မိခဲ့သူ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ပြည်ပ ရုပ်ရှင်တွေကိုပါ အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်ပြော
ဝါရှင်တန်၊ မေ-၅-၂၀၂၅
အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ ပြည်ပနိုင်ငံတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမေရိကန်ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းနေတာကြောင့် ဒီလိုအခွန်ကောက်ခံမယ့် အစီအစဉ်ကို စတင်ဖို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ကို ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။
အခြားနိုင်ငံတွေဟာ ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ စတူဒီယိုတွေကို ဆွဲဆောင်ဖို့ မက်လုံးပေးကမ်းလှမ်းနေကြတာဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုလို့ ထရန့်က ပြောပါတယ်။ အမေရိကန်ထုတ် ရုပ်ရှင်ကားတွေ ပိုမိုမြင်တွေ့လို့တယ်လို့ သူက ပြောပါတယ်။
သူ ကျမ်းသစ္စာမကျိန်ဆိုခင်မှာ နာမည်ကျော် သရုပ်ဆောင်သုံးယောက်ဖြစ်တဲ့ Jon Voight ၊ Mel Gibsonနဲ့ Sylvester Stallone တို့ကို ဟောလိ၀ုဒ်မှာ စီးပွားရေးအခွင့်အလမ်းတွေ မြှင့်တင်ပေးနိုင်ရေးအတွက် အထူးသံတမန်တွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ရုပ်ရှင်လုပ်ငန်းဟာ စိန်ခေါ်မှုတွေရှိပေမယ့် ကမ္ဘာတဝန်းမှာ ရုပ်ရှင်ထုတ်လုပ်ရေး အဓိကဗဟိုချက်အဖြစ် ဆက်လက်ရှိနေတယ်လို့ ProdPro သုသေသနအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒေါ်လာ ၁၄ ဒဿမ ၅၄ ဘီလီယံ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်ထက် ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီလမှာ သမ္မတရာထူး ပြန်လည်ရရှိခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာတဝန်းရှိ နိုင်ငံတွေအပေါ် အခွန်စည်းကြပ်မှုတွေ ပြုလုပ်နေခဲ့ပြီး အမေရိကန်ရုပ်ရှင်သမားတွေပါ ထိခိုက်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံမှာပြသခွင့်ပြုမယ့် အမေရိကန်ရုပ်ရှင်အရေအတွက်ကို လျှော့ချမယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရန့်ကတော့ အခုလို အခွန်တွေကောက်ခံတာဟာ အမေရိကန်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အလုပ်အကိုင်တွေကို ကာကွယ်ပေးမယ်လို့ သူက စောဒကတက်ထားပေမယ့် ရလဒ်အနေနဲ့ ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်ကာ ကုန်စည်စျေးနူန်းတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။
Ref:BBC
Photo:Getty Images
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၅ ရက် )
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၅၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၁၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၀ ကျပ်
ဝယ်ဈေး - ၃၃၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၀ ကျပ်
ဝယ်ဈေး - ၄၈၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၅ ကျပ်
ဝယ်ဈေး - ၁၀၄၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၀၄ ကျပ်
ဝယ်ဈေး - ၅၉၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၄၇ ကျပ်
ဝယ်ဈေး - ၂၉.၈၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၉၅ ကျပ်
ဝယ်ဈေး - ၅၀.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၅ ကျပ်
ဝယ်ဈေး - ၅၇၂၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၅ ကျပ်
ဝယ်ဈေး - ၂၇၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၆ ကျပ်
ဝယ်ဈေး - ၁၁၇၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
တရုတ် အနောက်တောင်ပိုင်းမှာ စက်လှေနစ်မြုပ်မှု ကိုးယောက်သေပြီး လူ ၇၀ ဆေးရုံရောက်
ပေကျင်း၊ မေ-၅-၂၀၂၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ခရီးသွားနေရာတခုမှာ စက်လှေတိမ်းမှောက်မှုကြောင့် လူကိုးယောက်သေဆုံးပြီး အယောက် ၇၀ ဆေးရုံတင်ထားရတယ်လို့ တရုတ်နို်ငငံပိုင် သတင်းဌာနက ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ပါတယ်။
ခရီးသည်တင်စက်လှေဟာ ကွေ့ကျိုးပြည်နယ် ကျန်ဇီမြို့ရှိ မြစ်တစင်းပေါ်မှာ မနေ့က မွန်းလွဲပိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၈၄ ယောက်ဟာ ရေနစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို အစွမ်းကုန်ကုသမှုပေးဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ထုတ်ထားပါတယ်။
ခရီးသွားဆွဲဆောင်ရာနေရာတွေမှာ ဘေးကင်းရေးအစီအမံတွေနဲ့ အခြားအများပြည်သူနေရာတွေမှာလည်း လုံခြုံရေးအစီအမံတွေ အားကောင်းလာစေဖို့ သမ္မတရှီကျင်းပင်က ညွန်ကြားထားပါတယ်။ တရုတ်ဒုတိယဝန်ကြီးချုပ်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်ဖို့ အခင်းဖြစ်ရာနေရာကို သွားရောက်ခဲ့ပါတယ်။
နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ခရီးသည်တစက်လှေတစင်းနဲ့ စက်မှုလုပ်ငန်းသုံးသင်္ဘောတို့ တိုက်မိပြီး နစ်မြုပ်မှုကြောင့် လူ ၁၁ ယောက်သေဆုံးပြီးနောက် နှစ်လအကြာမှာ လက်ရှိမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
စက်လှေဟာ ဝန်ပိုတင်ဆောင်တာမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ တရုတ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း လူအသေအပျောက်များတဲ့ စက်လှေနစ်မြုပ်မှုနဲ့ မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref:CNA
Photo:AP