ဖျားချင်သလို၊လည်ချောင်းနာသလိုဖြစ်ပါက
လည်ချောင်းနာတဲ့အခါ ဒါမှမဟုတ် ဖျားချင်သလို ခံစားနေရတဲ့အခါ လိမ္မော်သီး/ကမ္ဗလာသီးမီးကင်ကို စားပေးသင့်ပါတယ်။ လိမ္မော်သီး/ကမ္ဗလာသီးမှည့်ကို အလယ်တည့်တည့်ကနေ တုတ်ထိုးပြီး မီးဖိုပေါ်မှာ ၅ မိနစ်လောက် ကင်ပေးရပါမယ်။ အကျက်ညီလောက်ပြီလို့ ထင်တဲ့အခါ စားသုံးလို့ ရပါပြီ။
နောက်ထပ် ဆေးနည်းကောင်းလေးကတော့ ဂျင်း၊ ကြက်သွန်ဖြူ ရေနွေးကြမ်းပါပဲ။ သာမန် အအေးမိတာလောက်ကို ကုသပေးနိုင်ပြီး လည်ချောင်းနာခြင်း ကင်းဝေးစေသလို ကိုယ်အနွေးဓာတ်လေး ပေးပါတယ်။ ရေနွေးပူပူထဲမှာ ဂျင်း ၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီးသား ထည့်ပြီး ပျားရည် တစ်ဇွန်း ထည့်လိုက်မယ်ဆိုရင် အရသာပြင်းတဲ့ ရေနွေးကြမ်းတစ်ခွက် ရပါပြီ။
လည်ချောင်းနာခြင်းကို ကင်းရှင်းစေပြီး ပိုးသတ်ပေးတဲ့ ဆေးနည်းကောင်းကတော့
အားလုံးသိကြတဲ့ ဆားပြုတ်ရည်ပါ။ ရေနွေးကြက်သီးနွေးထဲမှာ ဆားထည့်ပြီး တစ်နေ့ ၂ ကြိမ် ဆားပြုတ်ရည် ငုံပေးမယ်ဆိုရင် ခံတွင်းလည်းရှင်း လည်ချောင်းနာလည်း ပျောက်ပါတယ်။
ကိုယ်ခံအားကောင်းဖို့ ဗီတာမင် C လုံလုံလောက်လောက် စားသုံးပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း ၊ဟင်းနုနွယ် ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီး၊နာနတ်သီး၊ ပန်းသီး၊ စတော်ဘယ်ရီ တို့ကို များများစားသုံးပေးရပါမယ်။
#crd

image

ဖျားချင်သလို၊လည်ချောင်းနာသလိုဖြစ်ပါက
လည်ချောင်းနာတဲ့အခါ ဒါမှမဟုတ် ဖျားချင်သလို ခံစားနေရတဲ့အခါ လိမ္မော်သီး/ကမ္ဗလာသီးမီးကင်ကို စားပေးသင့်ပါတယ်။ လိမ္မော်သီး/ကမ္ဗလာသီးမှည့်ကို အလယ်တည့်တည့်ကနေ တုတ်ထိုးပြီး မီးဖိုပေါ်မှာ ၅ မိနစ်လောက် ကင်ပေးရပါမယ်။ အကျက်ညီလောက်ပြီလို့ ထင်တဲ့အခါ စားသုံးလို့ ရပါပြီ။
နောက်ထပ် ဆေးနည်းကောင်းလေးကတော့ ဂျင်း၊ ကြက်သွန်ဖြူ ရေနွေးကြမ်းပါပဲ။ သာမန် အအေးမိတာလောက်ကို ကုသပေးနိုင်ပြီး လည်ချောင်းနာခြင်း ကင်းဝေးစေသလို ကိုယ်အနွေးဓာတ်လေး ပေးပါတယ်။ ရေနွေးပူပူထဲမှာ ဂျင်း ၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီးသား ထည့်ပြီး ပျားရည် တစ်ဇွန်း ထည့်လိုက်မယ်ဆိုရင် အရသာပြင်းတဲ့ ရေနွေးကြမ်းတစ်ခွက် ရပါပြီ။
လည်ချောင်းနာခြင်းကို ကင်းရှင်းစေပြီး ပိုးသတ်ပေးတဲ့ ဆေးနည်းကောင်းကတော့
အားလုံးသိကြတဲ့ ဆားပြုတ်ရည်ပါ။ ရေနွေးကြက်သီးနွေးထဲမှာ ဆားထည့်ပြီး တစ်နေ့ ၂ ကြိမ် ဆားပြုတ်ရည် ငုံပေးမယ်ဆိုရင် ခံတွင်းလည်းရှင်း လည်ချောင်းနာလည်း ပျောက်ပါတယ်။
ကိုယ်ခံအားကောင်းဖို့ ဗီတာမင် C လုံလုံလောက်လောက် စားသုံးပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း ၊ဟင်းနုနွယ် ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီး၊နာနတ်သီး၊ ပန်းသီး၊ စတော်ဘယ်ရီ တို့ကို များများစားသုံးပေးရပါမယ်။
#crd

image
image
image
image

KFC စတိုင်လ်ကြက်ကြော်နည်း
=================
၁လုံး
CPကြက်..........၁ကောင်
အကြော်ခံဆီ.......၅လီတာခန့်
ကွကျဥအကာ......
ဂျုံနုမှုန့်...............၁ ၁/၂ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
သကြားညို..............၁ဇွန်း(ထမင်းစားဇွန်း)
ဆား.....................၁ဇွန်း(လက်ဖက်ရည်ဇွန်း)

ဟင်းခတ်အမွှေးအကြိုင်အရောအတွက်
•••••••••••••••••••••••••••••

ငရုတ်ပွတောင့်အမှုန့်............၁ဇွန်း
ဆားဓာတ်ပါသော
ကြက်သွန်နီအမှုန့်................၁ဇွန်း
ငရုတ်စပ်မှုန့်......................၁ဇွန်း
ငရုတ်ကောင်းမှုန့်အစစ်...........၁ဇွန်း
ဆားဓာတ်ပါဝင်သော
တရုတ်နံနံအမှုန့်...................၁/၂ဇွန်း
ဆာဂီအခြောက်မှုန့်................၁/၂ဇွန်း
ကြက်သွန်ဖြူ အမှုန့်................၁/၂ဇွန်း
ဟင်းချက်မဆလာ..................၁/၂ဇွန်း
အော်ရီဂန်နိူ..........................၁/ဇွန်း
ပင်စိမ်းမှုန့်............................၁/၂ဇွန်း

(မှတ်ချက်။ ။ လက်ဖက်ရည်ဇွန်း)

ခေါင်း၊ ခြေထောက်မပါသောကြက်သားကိုထက်ခြမ်းပိုင်းလိုက်ပါ။

ရင်ပုံသားတစ်ခြမ်းကို ကန့်လန့်ဖြတ်၂ပိုင်း ဖြတ်ပိုင်းပါ။
အတောင်ပံတွေကိုသီးသန့်စီဖြတ်ပိုင်းပါ။

ပေါင်ရင်းဖက်ကိုနှစ်ပိုင်းဖြတ်ပိုင်းပြီး၊ဒူးဆစ်အောက်ဆား၊သကြားညိုတို့ဖြင့်အရသာနယ်ထားပါ။ကိုနှစ်ခုပိုင်းယူပါ။

ကျန်ရှိတဲ့ဂျုံ မှုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်အားလုံးကိုသမအောင်ပေါင်းစပ်ပါ။

ကြက်ကြော်ဆီကန်မှာ ဆီကို ၃၅၀ဒီဂရီဖာရင်ဟိုက်ရောက်အောင်အပူပေးထားပါ။

ကြက်ဥအကာကိုအရည်ပုံစံဖြစ်သွားသည်အထိခေါက်မွှေပါ။

အရသာနယ်ထားတဲ့ကြက်သားတစ်တုံးချင်းစီကိုကြက်ဥရည်ထဲနှစ်ပါ။

ရောစပ်ထားသောဂျုံ နှင့်ဟင်းခတ်အမွှေးအကြိုင်အရောမှုန့်တို့ကိုကပ်လူးပါ။

ဒုတိယအကြိမ် ကြက်ဥရည်ထဲ ပြန်နှစ်ပါ။ ဂျုံ မှုန့်အရောကိုဖုံးအုံးသည်အထိကပ်လူးပါ။

သတ်မှတ်ဆီအပူချိန်ထဲကိုထည့်ကြော်ပါ။

ရင်ပုံနှင့် တောင်ပံတွေဟာ (၁၂)မိနစ်မှ(၁၄)မိနစ်အတွင်းကျက်နိူင်ပေမယ့်ပေါင်ရင်းပိုင်း၊ဒူးဆစ်ပိုင်းတို့ကိုတော့မိနစ်အနည်းငယ်ပိုပြီးကြော်ပေးရပါမယ်။

အပူချိန်တိုင်းကိရိယာနှင့်ထိုးသွင်းစမ်းသပ်ကြည့်လျှင် ၁၆၅ဒီဂရီဖာရင်ဟိုက်သို့ညွှန်ပြနေလျှင်ကောင်းမွန်စွာကျက်တဲ့အနေအထားသို့ရောက်နေပါပြီ။

အထက်ပါအနေအထားရောက်လျှင်ဆီစစ်ဇကာသို့ပြောင်းထည့်ပါ။

ဆီစစ်ဇကာမှတဆင့် ဆီစုပ်စက္ကူ အတွင်းပြောင်းထည့်အအေးခံပါ။

မိမိနှစ်သက်ရာခရမ်းချဉ်သီးဆော့စ်(သို့) ငရုတ်ဆော့စ်တို့ဖြင့်တွဲဖက်သုံးဆောင်ပါ။

ရည်ညွှန်းချက်။ ။ ကိုယ်တိုင်စမ်းသပ်လိုသူများအတွက်ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ဆိုင်မှာပဲသွားစားတော့မယ်ဆိုတဲ့ကောမန့်မျိုးတော့မရပါစေနှင့်လိုဆုတောင်းရင်းဖတ်ခဲ့သမျှ ၊ လေ့လာထားသမျှ ကိုဝေမျှပေးလိုက်ပါတယ်။

Credit...

image

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးသွားမည်ဟု တပ်ချုပ်ပြော

ဇန်နဝါရီ ၁၅

လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူ့ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ လျှောက် လှမ်းနိုင်ရန် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ် သည့် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင် သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုပါသည်”ဟု ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိသေးပေ။

နစကသည် မေလတွင် အရေးပေါ်ကာလကို ရပ်ဆိုင်းနိုင်ပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် အာဏာလွှဲပြောင်းရေးကို လုပ်လာနိုင်ကြောင်း သံတမန် အသိုင်းအဝန်းကြားမှာ သုံးသပ်လျက်ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်းနေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေသည်။

အဆိုပါ တိုက်ပွဲများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာရယူခဲ့ခြင်းနောက်ပိုင်းမှာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်(EAOs) များ၊ တက်ကြွလှုပ်ရှားသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်‌ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ K3C (KIA-KNPP-KNU-CNF) စသည့် အင်အားစုများကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်ရှိနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသည်ဟု ဆိုသူများက မဲမသမာမှုများဖြင့် နိုင်ငံတော် အာဏာကို မတရားသဖြင့်ရယူရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသောကြောင့်သာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက် ပြုလုပ်နေကြပါသည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများ ရပ်တန့်ရေးနှင့် နိုင်ငံရေး အကျပ်အတည်း ကို ကျော်လွှားနိုင်ရေးအတွက် ရွေးကောက်ပွဲအား အမြန်ဆုံးကျင်းပရန် ပြည်တွင်း/ပြည်ပရှိ သံတမန်များက စဉ်းစားလာကြသည်။

သို့သော် နစကသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု ပြောကြားခဲ့သော်လည်း သာမန်အခြေအနေ မဟုတ်သည့်အတွက်ဆိုကာ အရေးပေါ်ကာလကို ၆ လသက်တမ်းတိုးလာခဲ့ရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိပင်ဖြစ်သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးခြင်း ပြည့်ပြီးဖြစ်၍ နောက်ထပ် သက်တမ်း တိုး/မတိုးကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ပုံ - နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
26 w - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

image
26 w - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

image
26 w - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

imageimage

ဗဟိုဘဏ်မှ ဒေါ်လာဆက်တိုက်ထုတ်ရောင်းမှုအပြင် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်သူများကို အရေးယူနေသော် လည်း ဇန်နဝါရီလအတွင်း ဒေါ်လာဈေး ကျပ် ၃၀၀ ကျော် ပြန်မြင့်တက်လာ

ဇန်နဝါရီ ၁၅

ဗဟိုဘဏ်မှ ဒေါ်လာဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် တရားမဝင်နိုင်ငံခြား‌ငွေ ရောင်းဝယ်သူများကို အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ယခုဇန်နဝါရီလ နှစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၃၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြား‌ငွေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ သန်းကျော်နှင့် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်းမှာလည်း စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းများအတွက် ဒေါ်လာ ၈၃ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ ထို့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်းမှာလည်း ဒေါ်လာ ၃၃၅ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်သလို နိုင်ငံခြားငွေ တရားမဝင်ရောင်းချသူများ အရေးယူနိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး လူ ၁ဝ ဦး၊ Group ၁၂ ခုနှင့် Page ၅ ခုပါ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝိသမ လောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ အထိ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့မှုအပေါ် ဗဟိုဘဏ်၏ အရေးယူမှုများကြောင့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သလို အောက်တိုဘာလအလယ်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် နှစ်လကျော် တည်ငြိမ်မှုရှိခဲ့သည်။

ယင်းကဲ့သို့ ပြန်လည်တည်ငြိမ်မှုရှိလာသည့် ဒေါ်လာဈေးနှုန်းသည် ဇန်နဝါရီ ၁ ရက်မှစတင်၍ ပိုကုန်/သွင်းကုန်များအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းအား ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား ဈေးကွက်ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာခဲ့ပြီးနောက် ပြန်လည်လှုပ်ခတ်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ သို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၄,၄၄၀ ဖြင့် နှိုင်းယှဉ်ပါက နှစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၃၁၀ ပြန်လည်မြင့်တက်လာခဲ့သည်။

ယခုရက်ပိုင်း ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီလ ၆ ရက်တွင် တစ်ဒေါ်လာ ၄,၄၇၀ ကျပ်၊ ဇန်နဝါရီလ ၇ ရက်တွင် တစ်ဒေါ်လာ ၄,၅၂၀ ကျပ်၊ ဇန်နဝါရီလ ၈ ရက်တွင် တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ဇန်နဝါရီလ ၉ ရက်တွင် တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် တစ်ဒေါ်လာ ၄,၆၃၀ ကျပ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် တစ်ဒေါ်လာ ၄,၆၈၀ ကျပ်၊ ဇန်နဝါရီလ ၁၅ ရက်(ယနေ့)တွင် တစ်ဒေါ်လာ ၄,၇၅၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

image
26 w - Translate

Dating Show တွေကို
စောင့်မျှော်နေတဲ့သူတွေ အကြိုက်တွေ့စေမဲ့အပြင် ရှေ့မှာလည်း season 3 ခုလောက်
ထွက်ထားပြီးပြီဖြစ်တဲ့ S-i-n-g-l-e Inferno ပဲဖြစ်ပါတယ်။
ပါဝင်သူ စင်ဂယ်သမား ၁၂ ယောက်ဟာ ကျွန်းပေါ်မှာ နေပြီး အချင်းချင်းရင်းနှီးမှုတွေ ရယူပြီးတော့
အချစ်သင်္ကေတလေးများပေါက်ဖွားလာမလားဆိုတာကို တခြား Dating Show တွေနဲ့ မတူဘဲ
စိန်ခေါ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း Paradise နဲ့ Inferno ဆိုတဲ့နေရာနှစ်နေရာ ပါဝင်တဲ့အပြင်
စိန်ခေါ်မှုတွေအလျောက် စုံတွဲတွဲကာ inferno ဆိုတဲ့နေရာကနေ ထွက်ပြီး Paradise ဆိုတဲ့
နေရာမှာနေရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ။
ဒီအတောအတွင်း ဘယ်သူတွေဆီမှာ အချစ်ပန်းပွင့်လေးတွေ ပေါက်ဖွားလာမလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Season 4 ရဲ့ Panelist တွေအနေနဲ့ အရင် season တွေကလို Hong Jin Kyung, Lee Da Hee,
Cho Kyu Hyun, Han Hae နဲ့ Dex တို့က ပါဝင်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။🌹🍒💕💕💔🥰😍👍🙅❤️💋😌😇

#crd

image
26 w - Translate

#ယုဇနပြာအလှ

#flower

image