33 w - Translate

(၇)ရက်သား/သမီး အဟောများ
တနင်္ဂနွေသား/သမီး

လုပ်ငန်းအတွက် အလညူအလာကောင်းများ
ကြုံတွေ့နေရသော်လည်း မထင်မှတ်ထားသော နှောင့်နှေးမှုမျိုး ကြုံနေရတတ်မည်။မကြာမီ ယင်းအခက်အခဲများ ပြေလည်သွားမည်။ငွေကြေးအခြေအနေ တိုးတက်ရရဇိနေတတ်မည်။ကျန်းမာရေး ပြဿနာအထူးမရှိပါ။အချစ်ရေးကံ ကောင်းမွန်နေတတ်ပြီး
စန်းပွင့်နေတတ်မည်။အိမ်ထောင်ရေးကံ ပုံမှန်
ပခြေအနေတွင်ရှိနေမည်။အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျဘို့ ဖြစ်လာတတ်မည်။ပညာရေး ကြိုးစားသလောက် အောင်မြင်နေမည်။
ယတြာ--
မွေးနေ့ တွင် အနီရောင်အလင်းတိုင် (၆) တိုင် အိမ်ကဘုရားတွင် ထွန်းညှိပူဇော်ပေးပါ။
---
တနင်္လာသား/သမီး
လုပ်ငန်း/ငွေကြေး
တိုးတက်မှုများရှိနေမည်။
အထက်လူကြီးများ၊သြဇာရှိသူများ၏ ကူညီမှုဖြင့်
အောင်မြင်မှုရမည်။ငွေကြေးကံ အထူးကောင်းမွန်နေမည်။ကျန်းမာရေး သာမန်
သရိုးသရီဖြစ်မှုမျိုးလောက်သာရှိနေမည်။ဝမ်းခေါင်းတွင်းပြဿနာ သတိထားပါ။အချစ်ရေး
တွင် ချစ်သူနှင့် ပြဿနာဖြစ်၍ လမ်းခွဲရသည်ထိ ဖြစ်တတ်၍ သတိထားပါ။အိမ်ထောင်ရေး ပဠိပက္ခမျိုးကြုံရတတ်သော်လည်း ပြေလည်သွားပါမည်။ပညာရေး
မထင်မှတ်ထားသော
အခက်အခဲမျိုူကြုံရတတ်ပြီး ခေတ္တတုံ့ဆိုင်းသွားတတ်မည်။
ယတြာ--
တနင်္လာနေ့ မွန်းမလွဲမီ
စေတီတစ်ဆူ၏ မွေးနံထောင့်တွင် တံခွန်အဖြူ
(၂) လက်၊လှူပေးပါ။
----
အင်္ဂါသား/သမီး
လုပ်ငန်း အဆင်ပြေနေမည်။မိတ်ဆွေများအကူအညီရကာ တိုးတက်မှုကြုံမည်။ငွေကြေးပိုင်းတွင် ရစရာ
အချို့ ကြန့်ကြာနေတတ်မည်။ကျန်းမာရေး ရုတ်တရက်ချို့ယွင်းကာ
ဆေးရုံတက်ရောက်ကုသရသည်ထိ ဖြစ်တတ်မည်။အာရုံကြော၊အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါမျိုးထဲမှ သတိပြုပါ။အချစ်ရေး ယာယီအားဖြင့်အဆင်မပြေမှု
ကြုံတတ်မည်။အိမ်ထောင်ရေး အဆင်ပြေနေမည်။ပညာရေး နှောင့်နှေးထစ်ငေါ့မှု ကြုံတတ်မည်။
ယတြာ--
အင်္ဂါနေ့ မွန်းမလွဲမီ
စာကလေး(၃)ကောင်လွှတ်ပေးပါ။
---
ဗုဒ္ဓဟူးသား/သမီး
လုပ်ငန်း/ငွေကြေးပိုင်း
ပုံမှန်လည်ပတ်နေမည်။အလုပ်နေရာ ပြောင်ူရဘို့ ပေါ်လာတတ်မည်။ကျန်းမာရေး ကောင်းမွန်နေမည်။အျေစ်ရေးကံ ကောင်းမွန်အဆင်ပြေနေမည်အိမ်ထောင်ရေးအဆင်ပြေသာယာနေမည်။ပညာရေး ကံ သာမန်သာရှိနေမည်။ဝီရိယထား၍ ကျိုးစားရန်လိုပါမည်။
ယတြာ---
ဗုဒ္ဓဟူးနေ့ မွန်းလွဲပြီးနောက် ဘုရား မွေးနံထောင့်တွင် အဝါရောင်အောင်လံ(၄) လက် ကပ်လှူပေးပါ။
----
ကြာသပတေး သား/သီး
လုပ်ငန်း မမရေမရာအခြေအနေမျိုးကြုံနေရတတ်မည်။ဆက်လုပ်သင့်မသင့် ဝေကွဲမရ ဖြစ်နေတတ်မည်။မကြာခင် အခြေအနေတိုးတက်မှုကြုံပါမည်။စိတ်ရှည် ဇွဲရှိဘို့သာ လိုပါမည်။ကျန်းမာရေး ကောင်းမွန်နေမည်ညအကြောတက်ခြင်း၊ခြေလက် ထိခိုက်ခြင်းမျိုး သတိပြုပါ။အခိစ်ရေး အဆင်မပြေတတ်ပါ။ချစ်သူ၏ တစ်ဘက်သပ် လမ်းခွဲခြင်းမျိုး ကြုံရတတ်မည်။
အိမ်ထောင်ရေး ပြဿနာမရှိနိုင်ပါချေ။ပညာရေးကံ အထူးကောင်းမွန်နေမည်။
ယတြာ--
ကြာသပတေးနေ့ နဲနက်
၁၁-နာရီခန့်တွင် ဘူရားမွေးနဲထောင့်တွင် စပယ်ပန်း (၅)ကုံးလှူဒါန်းပေးပါ။
----
သောကြာ သား/သမီး
လုပ်ငန်း အခြေအနေ သင့်တင့်စံာ ကောငါးမွန်နေမည်။ငွေကြေးတွင် လက်အောက်ငယ်သား ကြောင့်ဆုံး ရှုံး မှုအချို့ ကြုံရတတ်၍ သတိပြုပါ။
ကျန်းမာရေး ပြဿနာ မရှိနိုင်ပါ။အချစ်ရေးကံအထူးကောင်းမွန်၍ အဆင်ပြေပျော်ရွှင်ရမည်။အိမ် ထောင်ရေး
အဆင်ပြေ ပျော်ရွှင်ရမာ်။ပညာရေး ကျိုးစားသည်ထက်ပိုမို အောင်မြင်တတ်မည်။
ယတြာ---
သောကြာနေ့ နံနက်ပိုင်း
တွင် အိမ် ရှိဘုရားတွင်
ပန်းကန်တစ်ချက်တွင်ဆီးယို (၈)ဇွန်း ထဲ့၍ ကပ်လှူပေးပါ။
----
စနေ သား/သမီး
လုပ်ငန်း အပြိုင်အဆိုင်များစွာကြုံနေရတန်ပြီး၊ငွေကြေးအကြပ်အတည်း
အချို့ကြုံနေရတတ်မည်။မကြာမီ ပြေလည်သွားပါမည်။ ကျန်းမာရေး အထူးညံ့တတ်မည်။ပြင်းထန်သောရောဂါမျိုး ခံစားရတတ်မည်။လေဖြတ်ခြင်း၊အသည်းရောဂါ ထဲမှ သတိပြုပါ။အချစ်ရေး
ပြဿနာမရှိသော်လည်း
တစ်နေရာစီ ရောက်နေရသော အခြေအနေမျိုး ဖြစ်‌ေနတတ်မည်။အိမ်
ထောင်ရေး အဆင်မပြေ
သောကာလ၊တစ်ဖက်လူ၏ မူမမှန်မှု ကြုံရတတ်သောကာလမျိုး ဖြစ်တတ်မည်။ပညာရေး ကံ အထူးညဲ့မည်။ကျန်းမာရေးကြောင့် ပညာရေး နှောင့်နှေးတတ်မည်။
ယတြာ__
စနေနေ့ ညနေ ပိုင်း
၄-နာရီလောက်တွင်ဘုရား
မွေးနံထောင့်၌ ပိတောက်(၁၀)ာံန့် ကပ်လှူပေးပါ။
ဆရာဝင်းမင်း(B.Sc)

သမီးမိုက်
အပိုင်း(၁၀)

ဘာဆုတွေတောင်းနေလို့ ဒီလောက်တောင်ကြနေရတာလဲလို့ အကိုကမေးတယ်။
အကိုနဲ့အတူတူ အချိန်အကြာကြီး အတူရှိရအောင်လို့လေ၊ အကိုရောလို့ ပြန်မေးလိုက်တယ်။
ဘာဆုတောင်းရမှန်းမသိလို့ မင်းဆန္ဒတွေ ပြည့်ဝပါစေလို့ပဲဆုတောင်းလိုက်တယ်။
နောက်ထပ် ဘာဆုယူဉီးမလဲမေးရင် မနက်ဖြန်တိုင်း မင်းကိုယ့်ကိုပိုချစ်ပါစေပေါ့ လို့အကိုကပြန်ဖြေခဲ့တယ်။
#as
#စာရယ်ကဗျာရယ်

သမီးမိုက်
အပိုင်း(၁၀)

33 w - Translate

တစ်ဧကကျယ်တဲ့ ပန်းခင်းကြီးတစ်ခုလုံးကို လျှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး😍🩵

image

ဝက်ကင်စ်ကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဗီလာပယ်ချ

ဇန်နဝါရီ ၃၀

အက်စတွန်ဗီလာအသင်းဟာ တိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ပယ်ချခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် ဝက်ကင်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းက ဆဲလ်တစ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင်မှာ ဝက်ကင်စ်ကိုခေါ်ယူဖို့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အက်စတွန်ဗီလာ အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမယ့်အချိန်မှာ ဝက်ကင်စ်ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။

ဝက်ကင်စ်ဟာ ၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်းအတွက် တစ်နေ့နေ့မှာ ကစားပေးဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ် လို့ ပြောထားတာကြောင့် လန်ဒန်ကလပ်က သူ့ကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။

အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒူရန်ဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့မှာဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ ဝက်ကင်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။

အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ဝက်ကင်စ်ကို မရောင်းချစေချင်ဘူးလို့ ဆဲလ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အူနှိုင်းအမ်မရီက “ကျနော်ကတော့ ဝက်ကင်စ်ကို မရောင်းချစေချင်ပါဘူး။ တခြားအသင်းတွေဆီကနေ ကမ်းလှမ်း မှုရှိတာက သတင်းကောင်းပါပဲ။ ကစားသမားတိုင်းဟာ ကောင်းမွန်တယ်ဆိုရင် ဈေးကွက်ထဲမှာ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသဘောတူညီမှုအတွက် ကျနော်တို့ဘက်က အလွန်တောင်းဆိုမှု ရှိလာမယ်ဆိုတာ သေချာပါတယ်။ ဝက်ကင်စ်က ကျနော်တို့ရဲ့တိုက်စစ်မှူးပါ”လို့ ပြောခဲ့တာပါ။

၂၀၂၀ ခုနှစ်က ဘရန်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပွဲပေါင်း ၂၀၀ ပါဝင် ကစားထားပြီး သွင်းဂိုး ၈၀ သွင်းယူကာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဝက်ကင်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ခြံအမှတ်(၅၄)ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်

ဇန်နဝါရီ ၃၀

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါခြံနှင့်အိမ်ကို နှစ်ကြိမ်တိတိ လေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိကြောင်း၊ ထို့ကြောင့် ထပ်မံဈေးလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

"လေလံတင်လည်း အတင်ပဲရှိမှာ။ ဘယ်သူကမှ မဝယ်ရဲဘူး။ ဘယ်သူမှဝယ်မှာမဟုတ်ဘူး" ဟု နေအိမ်လေလံပွဲစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် လေလံပစ်ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)နှင့် လေလံပစ်ရန် တရားရုံးကခွင့်ပြုခဲ့ပြီး ထိုဈေးနှင့် ဒုတိယအ ကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ယခုတတိယအကြိမ် လေလံတင်ကြမ်းခင်းဈေးကို ၂၉၇ ဘီလီယံ သတ်မှတ်ထားကြောင်း သိရသည်။

#centralnewsnaypyitaw

image

နေအုံးချီးပါချင်တယ်ဆိုတာတွေမလိုချင်ဘူး
ကိစ္စရှိရင် ဒဲ့ရှင်းချင်သူများအတွက်သာ 👌

image

မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော (၅)နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့

ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော အသက်(၅)နှစ်အရွယ်ရှိ ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ ပိတ်ဆို့ကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ (ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်)၊ ညနေပိုင်း ၅ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က မုံရွာမြို့ ၊ သလ္လာရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါရပ်ကွက်ရှိ နေအိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေစဉ် ယာဉ်အက္ခရာစိစစ်ဆဲဖြစ်သည့် ယာဉ်နံပါတ် (.... /၆၃၆၂) ပါ Toyota van အမျိုးအစားအဖြူရောင် ယာဉ်ပေါ်မှ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ လူငယ်(၄)ဦးက လက်နက်ငယ်(၂)လက် ကိုင်ဆောင်၍ ဆင်းလာပြီးနောက် ကလေးငယ်ကိုပွေ့ချီ၍ ကားပေါ်ဆွဲတင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကလေးငယ်၏ အဖွားဖြစ်သူက တွေ့မြင်သောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပြီးနောက် ကလေး၏ မိခင်က သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် သတင်းပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ချက်ခြင်းပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အကြမ်းဖက်သမားများက ကလေးငယ်ကို အောင်ချမ်းသာရပ်ကွက်၊ သီရိလမ်းမဘေးတွင် စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြန်ပေးဆွဲခံရသော ကလေးငယ်ကို ထိခိုက်မှုမရှိ၊ ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည် ကယ်ဆောင်နိုင်ခဲ့ပြီး မိဘများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
33 w - Translate

စတင်ထွက်ရှိပြီး 8 နှစ်နဲ့ 8 လကြာအပြီးမှာ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ Komi Can't Communicate Manga 🎉

image