33 w - Translate

မန်ယူမှထွက်ရန် ရက်ရှ်ဖို့ဒ်ကို ရွန်းနီ အကြံပေး
------------------------
မန်ယူအသင်းရဲ့ နောက်ဆုံး ၁၁ ပွဲဆက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ လိုအပ်တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီက အကြံပေးလိုက်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ် ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေက ရှက်စရာကောင်းတယ်လို့လည်း ရွန်းနီက ပြောသွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ယူနည်းပြသစ် အမ်မိုရင် လက်ထက်မှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့သလို ပွဲကစားခွင့်ပါ ဆုံးရှုံးနေခဲ့တာပါ။ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရွန်းနီက မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ လေ့ကျင့်နေရတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပုံစံကို မြင်တွေ့နေရတာက စိတ်မသက်မသာဖြစ်မိသလို ရက်ရှ်ဖို့ဒ်နဲ့ စကားပြောဖြစ်တဲ့ အခါတိုင်း မှာလည်း အသင်းကနေ ထွက်ခွာဖို့ကို အကြံပေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နည်းပြ အမ်မိုရင်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းအတွက် တကယ်ပေးဆပ်ကစားချင်တယ်ဆိုရင် ပြောင်းလဲ ရမှာတွေရှိတယ်လို့ ပြောထားပြီး လက်ရှိအချိန်အထိတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းအတွက် ကစားပေးဖို့ မဖြစ်နိုင် သေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း ရက်ရှ်ဖို့ဒ်အနေနဲ့ အခုလိုမျိုး အသင်းကနေ ထုတ်ပယ်ခံထားရမှုအပေါ် ရှက်သင့်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

imageimage

ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ့် နစကကို သက်တမ်းတိုး၊ မတိုးဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်မျှော်နေ

ဇန်နဝါရီ ၃၁

ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ်ဆိုတဲ့ နစကကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။

ခြောက်အလီအစဥ်လိုက်အတိုင်း ၆လတကြိမ် ၈ ခါတိုးပြီးပြီမို့ ခုရော သက်တမ်းတိုးမလား ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ်မှတ်နိုင်မလား လို့ စိဝင်စားနေကြပါတယ်။

မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူအချို့ကတော့ နစကရဲ့တခြားခြေလှမ်းတွေကို ဘာမှမမြင်ရသေးတဲ့ အတွက် နစက ဟာ သူတို့အစိုးရအဖွဲ့ကို သက်တမ်းတိုးဖို့ ကိစ္စရပ်က ၈၀% နှုန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ယခုကိစ္စရပ်တွေအပေါ် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ဘူးသူတယောက်က "ကျွန်‌တော်အထင်ပြောရရင် နစက သက်တမ်းထပ်တိုးဖို့ ၈၀% လောက်မှန်းတယ်၊ ဘာလို့လဲဆိုတော့ တခြားခြေလှမ်း လှမ်းတာ မမြင်ရပါဘူး၊ ၂၀% ကတော့ လျို့ဝှက်လုပ်တတ်တဲ့ မမြင်ရတဲ့ အစီစဥ်တွေရှိနိုင်လို့ပါ။ ရွေးကောက်ပွဲကတော့ ခု သက်တမ်းတိုးတဲ့ ၆လ မကုန်ခင် ကျင်းပမယ့်ရက် ထုတ်ပြန်မယ်မျှော်လင့်တယ်" လို့ မှတ်ချက်ပြုပါတယ်။

ဒါအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကလည်း ဒီကနေ့ ကျင်းပမယ့် ကာ/လုံအစည်းအဝေးကနေ နစက က သက်တမ်းတိုးလာနိုင်ချေများတယ်လို့ အခုလိုမှတ်ချက်ပြု ပြောကြားပါတယ်။

"အခုလက်ရှိ အနေအထားမှာဆိုလို့ ရှိရင် SAC က သက်တမ်းတိုးရမယ့် အနေအထားကတော့ တွေ့နေရပါတယ်။ဘာကြောင့်လဲဆိုတော့ သက်တမ်းတိုးခြင်းသည် တိုပြည်ရဲ့ မငြိမ်းချမ်းမှုကို အကြောင်းအရင်းခံပြီးတော့မှ ဒီသက်တမ်းတွေကတိုးလာတယ်။ငြိမ်းချမ်းရေးဆွေးနွေးလို့မပြီးနိုင်သေးဘူး။တိုက်ပွဲတွေကို ထိန်းချုပ်လို့မနိုင်သေးဘူးဆိုတဲ့ အနေအထားမှာ သက်တမ်းတွေတိုးလာရတာဖြစ်ပါတယ်။အခုလည်းပဲ ငြိမ်းချမ်းတာက မတွေ့ရဘူး။ပိုပြီးတော့တောင်မှ အခက် အခဲတွေရှိနေတယ်လို့မြင်ပါတယ်။အဲတော့ ကာလုံမှာတော့ သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်" လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

ပြည်တွင်းက နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်ဖြစ်သူကလည်း ယေဘုယျအားဖြင့် နစက သက်တမ်းတိုးနိုင်၊မတိုးနိုင်ဆိုတာက ဒီကနေ့ နစက ဘက်က ထုတ်ပြန်လာမှုကို သာစောင့်ကြည့်ရမယ်လို့ ဆိုထားပြီး အခြားအကြောင်း အရာတွေကိုတော့ သူ‌အနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ ဖြေကြားပါတယ်။

အဲဒါအပြင် လက်ရှိအခြေအနေကို စောင့်ကြည်အကဲခတ်နေသူတယောက်က
"နစကအနေနဲ့သက်တမ်း ထပ်တိုးမလား ရွေးကောက်ပွဲလုပ်ထွက်ပေါက်ရှာမလား တခုရွေးရမှာဘဲလေ လက်ရှိအခင်းအကျင်းအရ ရွေးကောက်ပွဲ အသင့်ဖြစ်ပုံမရသေးတော့ သက်တမ်းတိုးလိမ့်မယ်။ ဒီတိုင်းကြာရင်တော့ ပြည်သူက လုံးပါးပါးနေပြီ။ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကလဲ ခုလိုတကွဲတပြားဖြစ်နေတာ အားပေးမယ်မထင်ဘူး၊ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရနဲ့မှ အလုပ်ဆက်လုပ်နိုင်မယ်ဆိုတာ သဘော ပေါက်ထားတော့ အစိုးရတရပ်ပေါ်အောင် ရွေးကောက်ပွဲနည်းကို အားပေးကြမယ်ထင်တယ်" လို့ သုံးသပ်ပါတယ်။

လက်ရှိ နစက အနေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လူဦးရေသန်းခေါင် စာရင်း မဲပေးခွင့်ရှိသူစာရင်း စစ်ရှောင်စာရင်းတွေ ကောက်ယူနေတာဟာ ရွေးကောက်ပွဲအတွက် သေချာပြင်ဆင်နေတာသာဖြစ်ပြီး ခေတ်မီမဲပေးတဲ့ စက်ပစ္စည်းတွေမှာယူတာလည်း ရှိနေပြီလို့ ရွေးကော်နဲ့ နီးစပ်နဲ့ သတင်းရပ်ကွက်က သိရပါတယ်။

မတည်ငြိမ်တဲ့ဒေသတွေက မဲပေးခွင့်ရှိသူတွေမဲပေးဖို့ အဝေးရောက်မဲရုံတွေလိုမျိုးလုပ်ပြီး ရောက်တဲ့နေရာမှာ မဲပေးနိုင်အောင် စီစဥ်တာမျိုး လုပ်လာနိုင်တယ်လို့ ရွေးကောက်ပွဲနည်းနာတွေက လေ့လာသူတယောက်ကဆိုပါတယ်။

မြန်မာ့ရွေးကောက်ပွဲမှာ မဲပေးတဲ့အရေအတွက် ဘယ်လောက်ရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်ဆိုတာ သတ်မှတ်ချက်မရှိတဲ့အတွက် ဖြစ်အောင်လုပ်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေသလို လက်ရှိကာချုပ်က ရွေးကောက်ပွဲပြီး ဘာတာဝန်ယူမယ်ဆိုတာတော့ မှန်းဖို့စောပါသေးတယ်လို့ လေ့လာသူက ဆိုပါတယ်။

"ရွေးကောက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် ကွက်ကြား ကွက်ကြားလောက်ပဲဖြစ်နိုင်ဖို့များတယ်လို့ပဲ မြင်ပါတယ်။အဲလိုရွေးကောက်ပွဲတခုလုံးကလည်း မြန်မာနိုင်ငံတခုလုံးကို ရွေးကောက်ပွဲက ဖြစ်သည်ဆိုငြားသော်လည်း တကယ့်ကို နိုင်ငံတကာက လက်ခံနိုင်တဲ့အနေအထား မြန်မာတနိုင်ငံလုံးက လူတွေ အားလုံး လက်ခံနိုင်တဲ့ အနေအထားက ဖြစ်ဖို့ခက်ပါတယ်။ ဖြစ်တော့ဖြစ်လာနိုင်တယ်။ကွက်ကြား၊ကွက်ကြားဖြစ်တဲ့ ပုံစံမျိုးနဲ့ ပဲ သွားရမယ့် လက္ခဏာတွေရှိနေတယ်လို့ပဲ မြင်ပါတယ်"လို့ EAO အဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး‌နယ်ပယ်မှာတော့ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံအုပ်ချုပ်သူအစိုးရတရပ် အပြောင်းအလဲဖြစ်လာနိုင်မလား ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။

အဲဒီကာလုံအစိုးရရဲ့ အဓိက တာဝန်ဟာ ခြေဥ ပုဒ်မ ၄၂၉ မှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း (၆)လ အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်တွင်းရှိ သတင်းစာ ဆရာတယောက်ကလည်း "မြေပြင်အခြေအနေအရတော့စစ်တပ်အုပ်ချူပ်တာကြာမယ်။နေရာပေါင်းစုံ၊ဌာနပေါင်းစုံကိုပြန်လည်တည် ဆောက်ရမယ်"လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ တပ်မတော်က အာဏာရ ယူခဲ့တာဟာ အခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ (၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ အရင်ပုံဟောင်းဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
33 w - Translate

၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာကျင်းပမည်
-------------------------
၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာပြိုင်ပွဲအဖြစ် ကျင်းပမှာဖြစ်ပြီး အိုးပင်းခေတ်မှာ ပထမဆုံး အကြိမ် အဖြစ် ပြိုင်ပွဲကို တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ် ယူအက်စ်အိုးပင်းရဲ့ ပထမအဆင့် ပွဲတွေကို ဩဂုတ်လ ၂၄ ရက်(တနင်္ဂနွေနေ့)မှာ စတင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ တနင်္ဂနွေနေ့ ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒါကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ တနင်္ဂနွေနေ့မှာ စတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ဩစတြေးလျအိုးပင်းပြိုင်ပွဲက ၂၀၂၄ ခုနှစ်က စတင်ပြီး တနင်္ဂနွေနေ့မှာ ပြိုင်ပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့သလို ပြင်သစ်အိုးပင်းပြိုင်ပွဲကလည်း ၂၀၀၆ ခုနှစ်ထဲက အခုလိုမျိုးပြောင်းလဲကျင်းပထားခဲ့တာဖြစ်ပါ တယ်။ ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ရိုးရာမပျက် တနင်္လာနေ့စတင်မှုကို ဆက်ထိန်းထားတဲ့ ပြိုင်ပွဲဆိုလို့ ဝင်ဘယ် ဒန်ပြိုင်ပွဲတစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။

အခုလိုမျိုး ပြောင်းလဲ လိုက်တာက ၃ နှစ်ဆက်တိုက် စံချိန်ဝင်ဝင်ရောက်အားပေးခဲ့တဲ့ ပရိသတ်တွေပိုမို တိုးမြှင့် ဝင်ရောက်လာနိုင်ဖို့ ဖြစ်တယ်လို့ ယူအက်စ်အိုးပင်းပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမျိုး ပြိုင်ပွဲ ရက်ကိုတိုးမြှင့်လိုက်တာ ကြောင့် ပြိုင်ပွဲကိုဝင်ကြည့်တဲ့ ပရိသတ်ဦးရေက ၇ သောင်းလောက် ထပ်တိုးလာဖို့ရှိ တယ်လို့ ယူအက်စ်အိုးပင်း ပြိုင်ပွဲကျင်းပရေးက ခန့်မှန်းထားပါတယ်။

" ကြည့်ခဲ့ဖူးသမျှ Anime တွေထဲမှာ ဘယ်တစ်ခုက မထင်မှတ်ထားဆုံး Plot Twist ဖြစ်မလဲ 🤔 "
Anime ကြည့်ပြီဆိုရင် ကြည့်နေရင်းနဲ့ဖန်တွေကို အံ့သြသွားစေတဲ့ jaw-dropping ဖြစ်သွားစေတဲ့ plot twist တွေဆိုတာ ရှိစမြဲပါ။
အဲ့လိုမျိုး မထင်မှတ်ထားတဲ့ အလှည့်ပြောင်းတွေကပဲ show ကိုပိုစိတ်ဝင်စားစရာကောင်းစေတာဖြစ်ပြီး အမှတ်ရနေစေတာဖြစ်ပါတယ်။
ဥပမာပြောရရင် Attack On Titan ထဲက Titan တွေရဲ့နောက်ကွယ်က တကယ့်အမှန်တရားတို့ Code Geass ထဲက plot twist တို့ Steins;Gate ထဲကလို plot twist တို့ စသဖြင့် Anime တွေမှာ ကိုယ်စီကိုယ်စီ plot twist တွေရှိတတ်ကြပါတယ်။
အဲ့လိုမျိုး plot twist တွေကိုမှ ကိုယ်ကြည့်ဖူးသမျှ Anime တွေထဲမှာ မထင်မှတ်ထားဆုံး plot twist လို့ပြောလိုက်ရင် ဘယ်တစ်ခုဖြစ်မလဲ? 🤔

image
33 w - Translate

ပျက်ကျခရီးသည်လေယာဉ်မှ BlackBox နှစ်ခု တွေ့ရှိ
---------------------
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ရီဂင် အမျိုးသားလေဆိပ်အနီး စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင်လေယာဉ် တိုက်မိ ပြီး ပျက်သွားတဲ့ ဖြစ်စဉ်မှာ ပျက်ကျလေယာဉ်ရဲ့ ဘလက်ဘောက်စ် မှတ်တမ်းတင် စက်နှစ်ခုကို ကြာသပတေးနေ့ က ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။ ခရီးသည်(၆၀)တင်လာတဲ့ လေယာဉ်ဟာ ရီဂင်လေဆိပ် လေယာဉ်ပြေးလမ်း ပေါ် ဆင်းသက်ဖို့ ချဉ်းကပ်နေစဉ်မှာပဲ စစ်ရဟတ်ယာဉ်နဲ့ တိုက်မိပြီး ပျက်ကျသွားခဲ့တာပါ။

ရဟတ်ယာဉ်ပေါ်မှာတော့ စစ်သည်(၃)ယောက် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်မှာ ၂၀၀၁ ခုနစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး လေကြောင်း မတော်တဆမှုဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညပိုင်းမှာ ရပ်နားထားပြီး အနည်းဆုံး လူ(၁၄)ယောက်ဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လေယာဉ်ထိုးကျသွားတဲ့ ပိုတိုမတ် မြစ်ထဲ ရှာဖွေမှုတွေလုပ်ရာမှာ အလောင်း ဒါဇင်ချီ ဆယ်ယူရရှိထားပါတယ်။

အဲဒီလေကြောင်း မတော်တဆဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေကာ ရက်ပေါင်း (၃၀)အတွင်း ပဏာမတွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပျက်ကျသွားတဲ့ ခရီးသည်တင်လေ ယာဉ်ပေါ်မှာ နာမည်ကျော် စကိတ်အားကစားသမား အတော်တော်များများ လိုက်ပါခဲ့ပြီး အဲဒီအထဲမှာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ စကိတ်ချန်ပီယံဆုကို ပူးတွဲရရှိခဲ့တဲ့ စကိတ်သမားစုံတွဲ အပါအဝင် (၆)ယောက်ရဲ့ အမည်တွေကို ဘော်စတွန် စကိတ်ကလပ်ကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ ရွေးကောက်ပွဲကာလ အကြမ်းဖက်မှုမြင့်တက်လာနိုင်

ဘန်ကောက်၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူပြီး လေးနှစ်အကြာ၌ နစကသည် ရွေးကောက်ပွဲပြုလုပ် ရန် ပြင်ဆင်နေချိန်တွင် အကြမ်းဖက်မှုအရှိန် မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည့် အစီအစဉ်များကို အိမ်နီးချင်းနိုင်ငံများအား ချပြခဲ့ပြီး မဲစာရင်းများအား ပြင်ဆင်ရန် လူဦးရေ ကောက်ခံမှုရလဒ်ကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ရှိနေချိန် တစ်ဖက်တွင်လည်း တပ်မတော်သည် လက်နက်ကိုင်အဖွဲ့ များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

မြန်မာ့တပ်မတော်က ကျင်းပပေးမည့် ရွေးကောက်ပွဲကို အတိုက်အခံများက ဆန့်ကျင်နေမှုနှင့်အတူ ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုများ မြင့်တက်လာနိုင်သည်။

နှစ်ဖက်စလုံးက နယ်မြေထိန်းချုပ်မှုများကို မြှင့်တင်ရန် ကြိုးပမ်းလာကြမည်ဖြစ်၍ အကြမ်းဖက်မှုများ မြင့်တက် လာမည့် အခြေအနေများ ဖြစ်ပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများ၊ သူပုန်များနှင့် သံတမန်ရင်းမြစ်များ အပါအဝင် လူ ၈ ဦးက သုံးသပ်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို မကြေညာရသေးသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးနိုင်မည် မဟုတ်ဘဲ နိုင်ငံ့နယ်နိမိတ် စုစုပေါင်း၏ ထက်ဝက်ခန့်တွင်သာ မဲပေးနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်၏ စစ်တမ်းကောက်ယူမှုအရ နိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ တွင် ၁၄၅ မြို့နယ်တွင်သာ မြေပြင်၌ စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

လက်ရှိတွင် အာဏာပိုင်များက နှစ်ကုန်ပိုင်း၌ မြို့နယ်ပေါင်း ၁၆၀ မှ ၁၇၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်နေ ကြောင်း နေပြည်တော်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

“သူတို့ကတော့ ရွေးကောက်ပွဲကိုလုပ်ဖို့ ဆန္ဒရှိနေပါတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပြီး မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲကျင်းပမည့် နေရာဒေသများကို တည်ငြိမ်စေရန် လုပ်ဆောင်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို မြန်မာ့ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ

ပုံ - မြန်မာ့တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်နေကြစဉ်

#centralnewsnaypyitaw

image