26 w - Translate

DRAGONES

imageimage
+7
26 w - Translate

♑️CAPRICORN♑️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ စန်းပွင့်နေတတ်တဲ့ နှစ်တနှစ်ဖြစ်တယ်၊ ဒါပေမယ့် ကိုယ်တိုင်ကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် သိပ်ပြီး စိတ်မပါသလိုဖြစ်နေတာမျိုး သို့မဟုတ် အချိန်မပေးနိုင်သလို ဖြစ်နေတာမျိုးရှိမယ်၊ အချစ်ရေးထက်စာရင် အလုပ်အကိုင်နဲ့ ငွေကြေးပိုင်းဆိုင်ရာတွေဘက်ကို ပိုပြီး အာရုံစိုက်ဖို့လိုတဲ့ နှစ်တနှစ်လဲ ဖြစ်တာကြောင့် အချစ်ရေးဘက်ကို သိပ်မလှည့်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒီကာလထဲမှာ အချစ်ရေးနဲ့ ပတ်သတ်ရင် ပြုပြင်ဖို့ ပြင်ဆင်ဖို့လိုအပ်တဲ့အရာတွေမှာတော့ ပြုပြင်လာနိုင်မယ်၊ ကိုယ် ချစ်တဲ့သူနဲ့ ဘယ်လို အဆင်ပြေအောင် ညှိနှိုင်းသွားရမလဲဆိုတာ သိလာတတ်တဲ့ နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာတော့ အာရုံစိုက်ဖို့လိုတဲ့ နှစ်တနှစ်ပါ၊ အလုပ်မှာ အပြိုင်အဆိုင်တွေ ပေါမယ်၊ မနာလိုတာ တိုက်ခိုက်ခံရတာလေးတွေ ရှိတတ်တယ်၊ ကိုယ့်ဘက်က အမှားမပါအောင် သေချာကြိုးစားနိုင်မှ တော်ခါကျမယ့် နှစ်ဖြစ်ပါတယ်၊ ကိုယ့် အနေနဲ့ ကိုယ်ပေါင်းစိတ်ခွါ နေနိုင်အောင် ကြိုးစားပါ၊ မှန်လို ကျင့်သင့်ရင် ကျင့်ရမယ့် နှစ်တနှစ်ဖြစ်ပါတယ်

ပညာရေးမှာ ကိုယ့်အနေနဲ့ မိသားစုက ဖြစ်ချင်တဲ့အရာနဲ့ ကိုယ့် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်ချင်တဲ့အရာကြားမှာ ကြားညှပ်သလိုလေးတွေတော့ ဖြစ်တတ်တယ်၊ ဒါပေမယ့် ပညာရေးနဲ့ ပတ်သတ်ပြီး အောင်မြင်မှုတွေ ရတတ်တဲ့ ဂုဏ်ပြုခံရတတ်တဲ့ နှစ် ဖြစ်ပါတယ်

ကျန်းမာရေးမှာ ခါးနာကျောနာ ဝေဒနာ၊ မျက်စိဝေဒနာလေးတွေ ဂရုစိုက်ပါ

Guidance from Universe

1. ကိုယ့်ရဲ့ စစ်မှန်မှုနဲ့ တန်ဖိုးကို ကိုယ်တိုင်က အသိအမှတ်ပြုရင် ဘဝ မှာ ပိုအောင်မြင်နိုင်ပါတယ်
2. တချို့အရာတွေမှာ ကိုယ် ဘယ်လောက်ပဲ အကောင်းဆုံးကြိုးစား ကြိုးစား မဖြစ်နိုင်ရင် လက်လွှတ်လိုက်သင့်ပါတယ်
3. ချစ်ခြင်းမေတ္တာရဲ့ အကျိုးက ကြီးမားပါတယ်၊ မေတ္တာဖြင့် အောင်မြင်ခြင်းက ပိုအေးချမ်းပါတယ်

Lucky numbers: 16,24,26

#2025newyear
#tarot
#capricorn

image
26 w - Translate

ဘုရားရောက်ရင် ဘုရားရောက်သလို နေတယ် ။
Bar ရောက်ရင် Bar ရောက်သလို နေတယ် ။
ဆိုးသွမ်းနေတာမျိုးလဲ မဟုတ်သလို
ကောင်းကန်းနေတာမျိုးလဲ မဟုတ်ပြန်ဘူး ။
အရွယ်အစား အလိုက်ဖြစ်တည်လာတဲ့
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဟူသမျှ ကို
လွပ်လွပ်လပ်လပ် join လိုက်တဲ့သဘော ။
ဘဝကို အလိုက်သင့် ဒီလိုလေးပဲ
ဟုတ်တယ် အဲ့ဒီလိုလေးပဲ …
#စာတို

26 w - Translate

Killer Book Club (2023)
------------------------

တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကို

မျှဝေဖိုစာအုပ်အသင်းတစ်ခုဖွဲခဲ့ကြတယ်။ အဲ့မှာတစ်ယောက်က

သေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆ

လူသတ်မှုတစ်ခုမှာ သူတိုအားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့

အမည်မသိစာရေးဆရာက သူတိုရဲ့အကြောင်းကို အခြေခံပြီးတော့

လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီး

တစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက်

ပြောဆိုခဲ့တာပေါ့။ သူတိုအဖွဲဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်

ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖိုအတွက်

ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင်

ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီ

သွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို ညွှန်းဆိုလိုက်ပါတယ်....
#horror

image

တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး။
===============================
၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ }
၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ }
၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော }
၄။ ဝက်သား+ ထန်းရည် { ဝမ်းလျှော }
၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော }
၆။ ရှောက်သီး + စောင်းလျှားသီး{ ဝမ်းလျှော}
၇။ ခိုသား + စောင်းလျားသီး { ဝမ်းလျှော }
၈။ ဆီးသီး+ စားတော်ပဲ { ဝမ်းလျှော }
၉။ ဘဲဥ+ ဗျိုင်းသား { ဝမ်းလျှော }
၁၀။ ကျွဲသား + ကြာရိုးကြာစွယ် {ဝမ်းလျှော }
၁၁။ ကြက်သား + ကြက်ဟင်းခါးသီး
{ အော့အန် }
၁၂။ အာလူး+ ကြက်ဟင်းခါးသီး {အော့အန် }
၁၃။ စိမ်းစားဥ + ရှောက်သီး { အော့အန် }
၁၄။ ဘဲဥ + ဖရဲသီး { အော့အန် }
၁၅။ သံပုရာသီး+ ပဲတကော { အော့အန် }
၁၆။ ပျားရည် + ပိန္နဲသီး { အော့အန် }
၁၇။ စိမ်းစားဥ + ချိုချဉ် { အော့အန် }
၁၈။ လဖ္ဘက်သုပ် + မယ်ဇလီရွက်{အော့အန်}
၁၉။ နို့အေးချောင်း + သခွါးသီး { ရင်ကျပ် }
၂၀။ နို့အေးချောင်း + စိမ်းစားဥ { ရင်ကျပ် }
၂၁။ ကြက်သား+ ကြောင်လျှာသီး {အကြောတက်}
၂၂။ ကြက်ဟင်းခါးသီး + မှို {အကြောတက် }
၂၃။ ကြက်ဥ + တမာရွက် { အကြောတက် }
၂၄။ ကင်းပုံရွက် + နှမ်း { အကြောတက် }
၂၅။ ရွှေဖရုံသီး+ ပုစွန် { ဝမ်းကိုက်နာ }
၂၆။ ခိုသား + ငုံးသား { ရင်ပူ }
၂၇။ ဒူးရင်းသီး + အရက် { ရင်ပူ }
၂၈။ ကဏန်း + ခရမ်းသီး { အဆိပ်သင့် }
၂၉။ နွားနို့ + ငါးအစိမ်း { အဆိပ်သင့် }
၃၀။အမဲသား + တရုတ်ကြက်သွန်မိတ် {အဆိပ်သင့်}
၃၁။ မင်းကွတ်သီး + သကြား { သေ }
၃၂။ ရေခဲမုန့် + ဂျင်းသုပ် { သေ }
၃၃။ လဖ္ဘက် + ကျွဲခေါင်းသီး { သေ }
၃၄။ သံပုရာသီး + ကျွဲခေါင်းသီး { သေ }
၃၅။ ဖရုံသီး + ခိုသား { သေ }
၃၆။ ကြောင်လျှာသီး + ငါးသေတ္တာ { သေ }
၃၇။ ကြောင်လျှာသီး+ ပဲဒလက် { သေ }
၃၈။ ကြောင်လျှာသီး + စပါးကြီးမြွေ { သေ }
၃၉။ ချင်း(ဂျင်း) + သဘောင်္သီး { သေ }
၄၀။ ချင်း(ဂျင်း) + ခိုသား { သေ }
၄၁။ ထန်းလျက် + နလင်ကျော် { သေ }
၄၂။ ထန်းလျက် + (၂၇)ပါးဆေး { သေ }
၄၃။ ထန်းလျက် + သပြေသီး { သေ }
၄၄။ ဂွေးသီး + အာတာလွတ်ဥ { သေ }
၄၅။ ဂွေးသီး + နို့အေးချောင်း { သေ }
၄၆။ ပီလောပီနှံ + မျှစ်ချဉ် { သေ }
၄၇။ ပီလောပီနှံ + ပဲကြားလှော် { သေ }
၄၈။ ပီလောပီနှံ + ဒေါင်းသား { သေ }
၄၉။ ကြက်ဆူသီး + ငှက်သား { သေ }
၅၀။ ကျေးသား + ဘူးသီး { သေ }
၅၁။ ဝက်သား + ဗျိူင်းသား { သေ }
၅၂။ ဝက်သား + ထန်းရည်ချို { သေ }
၅၃။ ဝက်သား + ကြာရိုးကြာစွယ် { သေ }
၅၄။ ကျွဲသား + ဆိတ်သား { သေ }
၅၅။ နို့ဆီ+ ကိုးပါးဆေးလျက်ဆား { သေ }
၅၆။ မိုင်လို(အမှုန့်) + ပဲမြစ် { သေ }
၅၇။ ကြံ့သား + ငါးအမျိုးမျိုး { သေ }
၅၈။ ချောကလက် + ပဲမြစ် { သေ }
၅၉။ ချောကလက် + စောင်းလျားသီး { သေ }
၆၀။ သိုးသား + စောင်းလျားသီး { သေ }
၆၁။ တညင်းသီး + ရှိုန်းခို { သေ }
၆၂။ တညင်းသီး + ဒူးရင်းသီး { သေ }
၆၃။ တညင်းသီး + မှို { သေ }
၆၄။ နွားနို့ + မှို { သေ }
၆၅။ ဖားသား + မှို { သေ }
၆၆။ ပျားရည် + အုန်းသီး { သေ }
၆၇။ ပျားရည်+ သြဇာသီး { သေ }
၆၈။ ပျားရည်+ ဥသျှစ်သီး { သေ }
၆၉။ နွားနို့ + သံပုရာသီး { သေ }
၇၀။ လယ်ကဏန်း + မှို { သေ }
၇၁။ ကျွဲကောသီး + သံပုရာသီး { သေ }
၇၂။ ထန်းသီး/ ရည် + ငှက်ပျောသီး { သေ }
၇၃။ ကိုင်းဥ + ပုစွန်ချဉ် { သေ }
၇၄။ အမဲသား + ခရု { သေ }
၇၅။ ယုန်သား + မှို { သေ }
အစားလည်းဆေး ဆေးလည်းအစာ ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်ရန် အတွက်ပါ ။
Crd

image
26 w - Translate

"I'm not like a regular mom, I'm a cool mom."

Check out this partly leucistic female cardinal! Leucism occurs in many types of animals and results in a partial loss of pigmentation, causing white, pale or patchy coloration. It can affect skin, feathers or fur but not eyes.

📷 courtesy of Clare Conoley Bozell

imageimage
26 w - Translate

Parker ( 2013 )
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသား Statham ဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….

လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..

ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။

Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ ၎င်းကို မိမိစိတ်ဝင်စားတာပါလို Hackford က ပြောပါတယ် ။ Parkerကို ဝေဖန်ရေးဆရာ တချိုက ချီးမွမ်းပြီး တချိုက ရှုတ်ချခဲ့ပါတယ်…

Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှိဝှက်သည်းဖို အက်ရှင်ဇာတ်ကားတစ်ကားလိုပဲ မှတ်ချက်ချချင်ပါတယ်….
#movie

image

Keto ကြက်သောက်စမ်းလေး ချက်ရအောင်
ပါဝင်ပစ္စည်းများ

ဗမာကြက်၄၀သား
ကြက်သွန်ဖြူ၄ဥ
ဂျင်းလက်တဆစ်
စပါးလင်တပင်
ငြုပ်သီးရှည်ခြောက်၆တောင့်
စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း
မှို ၁၀ သား
ပင်စိမ်းတစည်း ရှမ်းနံနံ
သံပုရာသီးတလုံး
ငြုပ်သီးစိမ်းလက်တဆုတ်
ကြက်သွန်နီ၂လုံး

ချက်ပြုတ်နည်း

ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ
ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ
ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ
ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ
ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ
ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆို
မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ
ပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပီး
#သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ်
#crd?ရွှေပုလက်ရာ?

image
26 w - Translate

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်…

Your Name (2016)

ကမ္ဘာအနှံအောင်မြင်မှုတွေရခဲ့ပြီး
Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…

ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ…

ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်…

တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေးတာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြိုလေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတိုဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…

အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်…

ဒါကို သူတိုတွေက အိပ်မက်လို ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့သူတိုနှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို ကြိုးစားကြပါတော့တယ်..

ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲသူတိုနှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….

ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်…

image
26 w - Translate

Sometimes the most productive think to do is Rest. 🖤

image