6 ပတ် - ဘာသာပြန်ပါ။

"Stephen Chow Biopic"
Chow ရဲ့ငယ်ဘဝက တော်တော်ဆင်းရဲတယ်။ ကွာရှင်းမိသားစုမှာ အသက်၇နှစ်ကကတည်းက ရုန်းကန်လာရတယ်။ သိပ်တက်ချင်ပါတယ်ဆိုတဲ့ Kung Fu လည်းမတက်ခဲ့ရပါဘူး။ Bruce Lee ကိုကြည့်ပြီး ကြီးပြင်းခဲ့ရတယ်။ သူနဲ့အသက်မကွာတဲ့ Jackie Chan ကသူ့ထပ်အောင်မြင်နေတာတွေ့တော့ သူအနုပညာလောကကို ခြေစုံပစ်ဝင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီခေတ်ကသိုင်းတက်မှ မင်းသားဖြစ်တဲ့ခေတ်ဆိုတော့ Chow စတိုင်ပတ်တာပဲ။ ဖြတ်လျှောက်လုပ်ရတယ်။ ထမင်းမစားခဲ့ရတဲ့နေ့တွေတောင်ရှိခဲ့ဖူးတယ်။ TV Show တစ်ခုမှာ Host လုပ်ရတယ် အနည်းငယ်အောင်မြင်ပေမဲ့ သူလိုချင်နေတဲ့ လမ်းမဟုတ်ခဲ့ဘူး။ Drama တွေသူ သရုပ်မဆောင်နိုင်ဘူး။ ဒါပေမဲ့ အနေအေးပြီး အရီအပြုံးနည်းတဲ့ သူ့ကို ဒါရိုက်တာတွေကလည်း Comedy Role ရမယ်မှန်းမထင်ခဲ့ကြဘူး။ ဒါပေမဲ့ Ng Man-tat က Fight Back To School အတွက်ထောက်ခံပေးရာကနေ Chow မင်းသားနေရာ စရလာရာကနေ Hong Kong မှာ Chow ဟာရေပန်းစားတဲ့ Actor တစ်ယောက်ဖြစ်သွားတယ်။
အပြောင်အပျက်နဲ့ Bruce Lee, Jackie Chan ရုပ်ရှင်တွေကို သရော်ဟာသ ရုပ်ရှင်အဖြစ်ရိုက်တာကြောင့် ပိုနာမည်ကြီးလာသလို၊ အဲ့ခေတ်ကပိုလည်း အဆဲခံရတယ်။ Chow ရဲ့ ငယ်ဘဝက Hollywood ရုပ်ရှင်တွေနဲ့ကြီးပြင်းလာခဲ့‌ေတာ့ သူ့ရုပ်ရှင်‌ေတွမှာ Hollywood နာမည်ကြီးရုပ်ရှင်တွေရဲ့ နာမည်ကြီး trademark တွေနဲ့ scene တွေကို reference ယူလေ့ရှိတာတွေ့ရတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့မျက်နှာအမူအရာ၊ မျက်နှာဘေးတွေက ကြည့်ရှူသူတိုင်းရီချင်စရာဖြစ်လို့ Director တိုင်းခေါ်ရိုက်တယ်။ ပြည်မကြီးနဲ့ Hong Kong မှာ သူပါတဲ့ကားတိုင်း Box office ကောင်းတယ်။ ကားရိုက်များလာတဲ့ Chow ဟာ ပိုက်ဆံတွေများလာတာကြောင့် Shaolin Soccer ဆိုတဲ့ရုပ်ရှင်ကိုသူကိုယ်တိုင် ရိုက်ကူးခဲ့တယ်။ ဒီရုပ်ရှင်ကြောင့် အာရှအပြင် ကမ္ဘာက ပါသိသွားကြတယ်။ Chow ရဲ့ဇာတ်သိမ်းနဲ့ အနားယူမှုက အရမ်းလှပတယ်။ Kung Fu Hustle နောက်ဆုံးအနေနဲ့ Jet Li ရဲ့နာမည်ကျော် ရုပ်ရှင်ကိုမှ သရော်ထားတဲ့ poster နဲ့ International အထိပြန့်သွားတယ်။ လုံးဝအောင်မြင်သွားတယ်။ Bruce Lee ရုပ်ရှင်မှန်းမသိအောင်ကို ကျော်ကြားခဲ့တယ်။ 2008 သူ့နောက်ဆုံးရုပ်ရှင် CJ7 မှာတော့ တရုတ်နိုင်ငံ Box office မှာ အများဆုံးရတဲ့ရုပ်ရှင်တွေထဲက တစ်ခုဖြစ်လာတယ်။ ပြောစရာတစ်ခုက သူ့နဲ့ခင်လာပြီး သူ့ကျေးဇူးရှင်လို့ပြောရမယ့် အကိုလို သူငယ်ချင်းလို Ng Man-tat ကိုလည်းသူရိုက်သမျှရုပ်ရှင်တိုင်းမှာ ထည့်ရိုက်ကူးစေခဲ့ပါတယ်။ Hollywood ကို တစ်ခြား Hong Kong မင်းသားတွေလို မဝင်တဲ့အပေါ် တစ်ချို့က English စာမရလို့ပြောကြပေမဲ့ Chow ဟာ English သင်တန်းငယ်စဉ်က တက်ခဲ့ပြီး အင်းဂလိပ်တစ်ယောက်လို English စာကိုကောင်းကောင်း နားလည်၊ပြောတက်ပါတယ်။ သူ Hollywood ကိုမဝင်တာက Hong Kong Cinema နဲ့တင် သူ့ career ကပြည့်စုံနေပြီဖြစ်တာကြောင့်လို့ဆိုပါတယ်။
နောက်ပိုင်းမှာ ပရိုဒျူဆာ၊ ဒါရိုက်တာနေရာနဲ့ပဲ Actor အလုပ်ကနေ retired လုပ်လိုက်ပါတယ်။ သူ့ Ex- Girlfriend ရဲ့မသမာစွာ တရားစွဲဆိုမှုနောက်ပိုင်းမှာတော့ ရုပ်ရှင်လောက ကနေခနတာပျောက်သွားပြီး ကိုယ်ပိုင်ဘဝကို ပိုအချိန်ပေးလိုက်ပါတယ်။ သူ့ရုပ်ရှင်တွေတိုင်းမှာပါလေရှိတဲ့ Karen Mok နဲ့လည်းနှစ်ရှည် date ခဲ့ဖူးပြီး ထိုခေတ်က fans တွေရဲ့ချစ်ခြင်းကိုရခဲ့ပေမဲ့ Kung Fu Hustle အပြီးမှာ နှစ်ဦးသဘောတူ broke up လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ယနေ့အထိရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်နေတုန်းပါပဲ။ သူနဲ့အလုပ်တွဲလုပ်တဲ့သူတိုင်းက Chow ဟာ ကလ္တကာ နောက်ကွယ်မှာ အနေတော်တော်အေးပြီး၊ စကားပြောလေ့မရှိဘဲ၊ တည်တည်တံ့တံ့နေသူဖြစ်ပေမဲ့ သူသရုပ်ဆောင်ရင်တော့ သူ့မျက်နှာ အမူအရာက‌စ ရီစရာတော်တော်ကောင်းနေပါတယ်လို့ ပြောဆိုကြပါတယ်။

image