ကိုဗက်ကို နည်းပြသစ်အဖြစ် ဒေါ့မွန်အသင်းခန့်အပ်

ဇန်နဝါရီလ ၃၁

ဒေါ့မွန်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့တဲ့ နည်းပြနူရီဆာဟင်ရဲ့နေရာမှာ ကိုဗက်ကို နည်းပြသစ် အဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ကိုဗက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဒေါ့မွန်အသင်းကို နည်းပြသစ် အဖြစ် စတင်ကိုင်တွယ်သွားမှာပါ။

အသက် ၅၃ နှစ်အရွယ်ရှိ ကိုဗက်ဟာ ပြီးခဲ့တဲ့နှစ် မတ်က ဝုလ်ဖ်ဘတ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို လူငယ်အသင်းနည်းပြ တူလ်ဘာချ်က ကိုင်တွယ်ခဲ့ပြီး အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

တူလ်ဘာချ်ဟာ လာမယ့် ဟိုင်ဒန်ဟိုင်းအသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာလည်း ဒေါ့မွန်အသင်းကို ယာယီနည်းပြ အဖြစ်ဆက်ပြီးတာဝန်ယူသွားမှာပါ။

ဒေါ့မွန်အသင်းဟာ ဒီရာသီဘွန်ဒက်လီဂါပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာရပ်တည်ခဲ့တာကြောင့် နောက်တဆင့်တက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင် ရမှာပါ။

ကိုဗက်ဟာ ဒေါ့မွန်အသင်းကို ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲကို ပြန်လည်ဝင်ရောက်ဖို့နဲ့ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်တက်နိုင်အောင် ကိုင်တွယ်ပေးရတော့မှာဖြစ်ပါတယ်။

ကိုဗက်ဟာ နည်းပြဘဝမှာ ခရိုအေးရှား၊ဖရန့်ဖတ်၊ဘိုင်ယန်မြူးနစ်၊မိုနာကိုနဲ့ဝုလ်ဖ်ဘတ်အသင်းတွေကို ကိုင်တွယ်ခဲ့တာပါ။

ကိုဗက်ဟာ နည်းပြဘဝမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆုဖလား ၃ လုံး၊ဖရန့်ဖတ်အသင်းနဲ့ ဆုဖလား ၁ လုံးရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC

#ဘောလုံးသတင်းစုံ

image

KNU ဌာနချုပ်အနီး ကာမီကာဇီဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဇန်နဝါရီ ၃၁

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဌာနချုပ်၊ ကလို့ယော်လေး ကွင်းပြင်အနားမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီကျော်က ကာမီကာဇီဒရုန်း(Kamikaze Drone)ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

KNU ဌာနချုပ်သည် တပ်မဟာ ၇ ၏ နယ်မြေအတွင်းတွင်ရှိပြီး (၇၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သလို လူတစ်ဦးလည်း ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

KNU ဌာနချုပ်အနီးမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်ကလည်း ကာမီကာဇီဒရုန်း ၄ လုံးဖြင့် တိုက်ခိုက်မှု ခံခဲ့ရသေးသည်။

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် NCA ဖျက်သွားပြီးဟု ကြေညာကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ မြန်မာ့တပ်မတော် နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပုံ - KNU ဌာနချုပ်အနီး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ- KNLA)

#centralnewsnaypyitaw

image

ကာလုံ အစည်းအဝေးကျင်းပပြီး နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
33 w - Translate

Iphone Lightning To USB Type C Charger Data Cable For IPhone 8 X XS XR 11 12 13 Pro
Iphone Lightning To USB Type C Charger Data Cable For IPhone 8 X XS XR 11 12 13 Pro
စျေးနုန်း ၈၀၀၀ကျပ်။

အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက ဂီရိုနာအသင်းနဲ့ကစားခဲ့တဲ့ဥရောပချန်ပီယံပွဲစဉ်မှာ နီတိုကိုအစားထိုးဝင်ရောက်ကစားစေခဲ့ပြီးနောက်ဒေးဗစ်ရာယာအနေနဲ့ ဒဏ်ရာပြသနာရှိနေတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

ဥရောပချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ ဂန်းနားအသင်းဟာ ဂီရိုနာအသင်းကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရလာခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ သူတို့အသင်းဟာ ကစားသမားအပြောင်းအလဲတွေရှိထားခဲ့ကာ ဂိုးသမားနေရာမှာပါနီတိုကိုထည့်သွင်းကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်းအာတီတာက ဂိုးသမားအပြောင်းအလဲပြုလုပ်ရခြင်းရဲ့အကြောင်းအရင်းကိုထုတ်ဖော်ပြောဆိုလာခဲ့ပြီး ရာယာဟာဒဏ်ရာပြသနာရှိနေကာ ပွဲထွက်ကစားဖို့ကြံ့ခိုင်မှုမပြည့်၀ခဲ့တာကြောင့်အသင်းကစားသမားစာရင်းမှာမပါဝင်လာခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

ရာယာအနေနဲ့ ဒီပွဲစဉ်မှာပါဝင်ကစားခဲ့ရခြင်းမရှိတာနဲ့ပတ်သက်ပြီးမေးမြန်းခံရတဲ့အခါမှာတော့ ဟုတ်ပါတယ်။သူကြံ့ခိုင်မှုမပြည့်ပါဘူး။ဒါ့အပြင် တကယ်လို့ဘယ်ကစားသမားဖြစ်ဖြစ်အခွင့်အရေးရရှိသင့်တယ်ဆိုရင် နီတိုဖြစ်ပါတယ်။သူ့အနေနဲ့ပွဲထွက်ကမစားခဲ့ရပါဘူး။သူ့အနေနဲ့ဒဏ်ရာရနေတာကြောင့်ပါပဲ့လို့အာတီတာကပြန်လည်ဖြေဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း စပိန်နည်းပြကြီးအနေနဲ့ ရာယာရဲ့ဒဏ်ရာဟာဘယ်လောက်ပြင်းထန်လဲဆိုတာကိုတော့အတည်ပြုပြောဆိုတာမျိုးမရှိဘဲ အနားယူရမှာလားဆိုတာလဲမပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ကတော့ သူတို့အသင်းအနေနဲ့ ဒီတပတ်မှာတော့မန်ချက်စတာစီးတီးအသင်းနဲ့တွေ့ဆုံကစားရဖို့ရှိနေပါတယ်။

#ဘောလုံးသတင်းစုံ

image

မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် အင်းလေးတောင်သူတွေ အရှုံးပေါ်

ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုစိုက်ပျိုးရာသီကာလအတွင်း မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် သီးနှံထွက်ရှိမှု လျော့နည်းနေတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ယခင် ၂၀၂၃နှစ်ကုန်စိုက်ပျိုးရာသီက ငရုတ်ပွတဧကကျော် စိုက်ပျိုးပါက အမြတ် ကျပ် သိန်း ၄၀ဝန်းကျင်ရရှိခဲ့ပေမယ့် အခုနှစ်စိုက်ပျိုးရာသီမှာတော့ မျိုးစေ့ မဖြစ်ထွန်းမှုနဲ့အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ကတော့ တောင်သူတွေကော၊ အင်းလေးသူ/အင်းလေးသားတွေအကုန်လုံး တော်တော်လေး ခက်ခဲတဲ့ နှစ်ပါပဲ။ ရေဘေးကြုံရတယ်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ကြုံရတယ်။ ကုန်စည်ကူးသန်းရာမှာလည်း စစ်ဆေးရေးဂိတ်တွေကြောင့် အရင်ကထက် အချိန်ပိုကြာ၊ ကုန်ကျစရိတ် ပိုများလာတယ်။ အခုသီးနှံထွက်တော့ အရှုံးများကြတယ်”လို့ ဒေသခံတောင်သူတယောက်က ပြောပါတယ်။

ရေဘေးကြောင့် ပြီးခဲ့တဲ့ စိုက်ပျိုးရာသီက သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးမြေတွေဟာ ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး မျိုးစေ့တွေကို အတုထုတ်လုပ်ရောင်းချလာမှုတွေကြောင့် အပင်မဖြစ်ထွန်းလာတော့တာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ငရုပ်ပွသာမက ခရမ်းချဉ်၊ ဖရုံ နှင့် မုန်ညင်းရွက်များကိုလည်း အင်းလေးဒေသမှာ စိုက်ပျိုးကြပြီး ဒေသခံအများစုဟာ ကုန်ဈေးနူန်းအခြေအနေကြောင့် မျိုးစေ့တွေကို နီးစပ်ရာ မျိုးစေ့အရောင်းဆိုင်တွေမှာသာ ဝယ်ယူစိုက်ပျိုးကြတဲ့အတွက် မျိုးစေ့အတုတွေနဲ့ ကြုံတွေ့ခဲ့ရသလို သီးနှံဧက ရာနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဒါ့အပြင် လက်ရှိအင်းလေးဒေသမှာ စိုက်ပျိုးရေး မဖြစ်ထွန်းမှုနဲ့အတူ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်း ပြုနေရသူတွေဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ငါးတွေရှားပါးသွားတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု ခွင့်ပြု

ဇန်နဝါရီ ၃၁

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခု ခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းနှင့် ငွေကျပ် ၃၄၅၈၆၃ ဒသမ ၀၄၃ သန်း (ကျပ် ၃၄၅ ဘီလျံကျော်)ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့လည်း ပါရှိသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံ/ဒေသ ပေါင်း ၅၃ ခုမှ မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၆ ဘီလျံနီးပါး ဝင်ရောက်ထားပြီး ယင်းအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

#centralnewsnaypyitaw

image
33 w - Translate

❤️ maternal love = မိခင်မေတ္တာ
❤️ great strength = ခွန်အားကြီးမားသော
❤️ nurturing care = ထွေးပွေ့ယုယမှု
❤️ merciful love = အကြင်နာတရား
❤️ reliance = အားကိုးရာဖြစ်သော
❤️ warmth of affection = နွေးထွေးမှု
❤️ sacrifice = စွန့်လွှတ် အနစ်နာခံမှု
❤️ bring up a child = ပြုစုပျိုးထာင်သည်
❤️ keep safe from harm = ကာကွယ်စောင့်ရှောက်သည်
#crd
#englisheverywhere

image

လတ်တလော မိမိအခြေနေ 🥲

#funny

image
33 w - Translate

ချစ်သူများနေ့ အကြို နှင်းဆီပန်းစည်းလက်ဆောင်ရခဲ့တဲ့ နော်ဖော်အယ်ထား 🥰🥰🥰
သူမကတော့ ပန်းရောင်နှင်းဆီပန်းစည်းကြီးကို လက်ဆောင်ရခဲ့တာပါ။ Pre Valentine Day အဖြစ်ရရှိခဲ့တာလို့လည်း သူမက ပြောပြထားတာပါ။ သရုပ်ဆောင် နော်ဖော်အယ်ထားဟာ ချစ်သူရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် သူမရဲ့ချစ်သူက ဘယ်သူလဲဆိုတာကိုတော့ အသိမပေးထားပါဘူး။

#crd
#celenews

image