#အလံတစ်ရာစေတီတော်သထုံမြို့ မွန်ပြည်နယ်
အလံတစ်ရာ စေတီတော်ကြီးဟာ သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာအရှေ့ မိုးမခတောင်ခြေရဲ့ အနောက်ဘက် ကုန်းမြင့်မှာ တည်ရှိပါတယ် ။ သထုံ-ဘီးလင်း ကားလမ်းမကြီးမှ လှမ်းကြည့် လိုက်လျှင်လည်း ဘုရားလေးများတောင်ကုန်းပေါ်တွင် စီစီရီရီ သပ္ပါယ်စွာတည်ရှိနေတာကို ဖူးတွေ့ နိုင်ပါတယ် ။
အလံတစ်ရာ စေတီတော်ကြီးအား ရသေ့ ၈၅၊ ရသေ့မ ၃၈၈ ပါး၊ စုစုပေါင်း ရသေ့ ၄၃၇ ပါး တို့သည် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အချိန်ပြည့် လုပ်အားပေး သီတင်းသုံး နေထိုင်လျက် ရှိကြပြီးရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားတို့သည်လည်း၊ အလံတစ်ရာ စေတီတော်ကြီးအား လာရောက်ဖူးမျှော်လေ့ ရှိကြပါတယ်။ အလံတစ်ရာ စေတီတော်ကြီး၀င်းသို့အ၀င် ဝဲယာတစ်ဘက် တစ်ချက်တွင် ကံ့ကော်ပင်များကို တန်းစီ စိုက်ပျိုးထားပြီး ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနှင့် ကြည်ညိုသပ္ပါယ်စရာ အလံတစ်ရာ စေတီတော်ကြီးကို သွားရောက်ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။
အခါအခွင့်ကြုံခဲ့ရင် ဖူးရခဲတဲ့ အလံတစ်ရာစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ဖို့ တိုက်တွန်းပါရစေ။
Ref#အလံတစ်ရာသမိုင်း
