Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သဝန်တိုရင်စိတ်ပျ"က်သွားမယ့်
လူစားထဲမှာကိုယ်မပါဘူး
ကိုယ်ကလူတမျိုး...
ကိုယ့်ကိုသဝန်တိုရင်သိပ်သဘောကျတယ်။
ကိုယ့်ချစ်သူကသဝန်တိုနေတဲ့အချိန်မျိုးတို
ပိတ်ရက်ဆိုအပြင်မသွားနဲ့နော်
သွားရဲသွားကြည့် တွေ့မယ် ဆိုပြီးဆူဆူပူပူလေးပြောနေတဲ့အချိန်မျိုးတိုဆို ကိုယ့်မှာနားထောင်ရင်းကြိတ်ပြုံးရတယ်။
ဪ...သူဒီလောက်တောင်ချစ်ပါလားပေါ့လေ!
ကိုယ်တိုင်ကလည်းသဝန်တိုတတ်တာမို
သဝန်တိုတဲ့ခံစားချက်ကိုကောင်းကောင်းကြီး
နားလည်တယ်... အဲ့ဒါကြောင့်
ကိုယ့်ကိုသဝန်တိုတာတို ချုပ်ခြယ်တာတိုဆို
အရမ်းသဘောကျတယ် ❤️
စက္ကူပန်းလေးတွေကိုပဲ ဆက်ချစ်နေပေးပါ
"ရနံ့ကိုသာ မရွေးမိဘူးဆိုရင်...
သစ်ခွပန်း၊ သဇင်ပန်းလို မွှေးပျံ့တဲ့ ပန်းတွေရဲ့ တန်ဖိုးမရှိဘဲ
သူတို့နဲ့အတူတူ အရောင်အသွေးနဲ့ တစ်သက်သက်ကွဲပြားနေတဲ့
စက္ကူပန်းလေးတွေကိုလည်း ခင်ဗျားတို့ ချစ်လို့ရပါတယ်။"
တကယ်တော့ ကျွန်တော်တို့တွေ သိနေတာပါပဲ။
စက္ကူပန်းလေးတွေကိုချစ်ပေမယ့်
ဘယ်သူမှ ခေါင်းပေါ်မှာ မပန်ချင်ကြတာပေါ့... မဟုတ်လား။
ချစ်တယ်ဆိုတာက တာက
ဟိုးအဝေးက တောင်တန်းပြာတွေကို ချစ်သလို၊
စိမ်းမြမြမြက်ခင်းကျယ်တစ်ခုကို သဘောကျသလို၊
ပုံစံမျိုးစုံနဲ့ လွှင့်မျောနေတဲ့ အဖြူရောင်တိမ်တိုက်တွေကို ကြည့်ရင်း နှစ်သက်သလို...
သူ့သဘာဝ၊ သူ့အရှိတရားနဲ့ သူ့ရဲ့တိတ်တဆိတ်အလှကိုပဲ ချစ်နေခြင်းပါပဲ။
နောက်ပြီးတော့...
တောင်တန်းတွေကို တောင်ခြေကနေကြည့်တာထက်၊
အဝေးပြေးလမ်းမတစ်လျှောက်က ကြည့်တဲ့အခါမှာတော့
အလှတရားတစ်ခုအဖြစ် ပိုပြီးနှစ်ခြိုက်စရာကောင်းလှပါတယ်။
ဘာကြောင့်လဲဆိုတော့ —
တစ်ချို့သောအရာတွေက နီးနီးကပ်ကပ်မှာ မဟုတ်ပဲ
ဝေးဝေးက ခံစားရတာမျိုးနဲ့ပဲ ပိုသင့်တော်နေကြလို့ပါ။
#sitt
#စာရယ်ကဗျာရယ်
Pil’s Adventures (2021)
တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို ထီးနန်းလွှပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖိုကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။
ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့ Maleficient ဆန်ဆန် မွေးစားအမေနေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။
ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။
သူတိုနောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။
ဇာတ်ကားလင့်
https://t.me/c/2186686827/333
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl