Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သမ္မတယွန်းကို ထောက်ခံသူများက တရားရုံးအား ဖျက်ဆီး
ဆိုးလ်၊ ဇန်နဝါရီ ၂၀
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ တရားရုံးတစ်ရုံးက သမ္မတယွန်းဆော့ရွဲ (Yoon Suk-yeol)အား နောက်ထပ် ရက်ပေါင်း ၂၀ ထပ်မံ ဖမ်းဆီးထိန်းသိမ်းရန် သက်တမ်းတိုးခဲ့သည့် ဆိုးလ်မြို့တော်ရှိ တရားရုံးကို ယွန်းအား ထောက်ခံသူများက ဒေါသတကြီး ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးသည် ဇန်နဝါရီ ၁၉ ရက် နံနက် ၃ နာရီက ယွန်းအား ထိန်းသိမ်းခွင့် ကာလကို သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။
ထို့နောက် မိနစ်ပိုင်းအတွင်းမှာပဲ ယွန်းကို ထောက်ခံသူများက တရားရုံး အတွင်းဝင်ရောက်၍ နံရံများ၊ ပြတင်းပေါက်မှန်များနှင့် တံခါးများကို ရိုက်ခွဲဖျက်ဆီးခဲ့ကြသည်။
ထို့ကြောင့် အဓိကရုန်း နှိမ်နင်းရေးရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းခဲ့ရပြီး ဆန္ဒပြသူများအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
သောင်းနှင့်ချီသည့် ပြည်သူများသည် ယွန်းကို ထောက်ခံကြောင်း ပြသရန်အတွက် ဇန်နဝါရီ ၁၈ ရက် ကတည်းက ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံး အပြင်ဘက်တွင် စုရုံးခဲ့ကြခြင်းဖြစ်သည်။
ယွန်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး သူသည် တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် ရာထူးလက်ဝယ် ရှိနေစဉ် ဖမ်းဆီးခံရသည့် ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။
ရုပ်သံမှတ်တမ်းများတွင် ဆန္ဒပြသူများသည် တရားရုံးဝင်ပေါက်၌ စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို မီးသတ်ဗူးများဖြင့် ပက်ဖြန်းခဲ့ကြပြီးနောက် တရားရုံးအတွင်းဝင်ရောက်၍ ပရိဘောဂများအား ဖျက်ဆီးခဲ့ကြသည်။
ယွန်းနှင့် ၎င်း၏ ရှေ့နေများသည် ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ကြားနာစစ်ဆေးမှုအတွက် တရားရုံးသို့ ရောက်ရှိလာခဲ့ကြသည်။
ယွန်းကမူ ၎င်း၏ စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် အမှုရင်ဆိုင်နေရ ပြီး အခြားပုန်ကန်မှု စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံ နေရသည့်တိုင် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။
ထို့ပြင် ၎င်းအား ထောက်ခံကြသူများကို ကျေးဇူးတင်ကြောင်းနှင့် ထောက်ခံသူများ၏ ပြင်းထန်သည့် မျိုးချစ် စိတ်ဓာတ်အတွက် ကျေးဇူးတင်စကားကို ယွန်းက ၎င်း၏ ရှေ့နေများမှတဆင့် အမှာစကား ပါးခဲ့သည်။
Source: ဘန်ကောက်ပို့စ်
ပုံ - ယွန်းဆော့ရွဲကို ထောက်ခံသူများအား တွေ့ရစဉ်
#centralnewznaypyitaw
ဗန္ဓုလတံတားအဆင်း ယာဥ်တိုက်မှု အမျိုးသမီး နှစ်ယောက်သေပြီး ကားသမားထွက်ပြေး
ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ၊ ဗန္ဓုလတံတားအဆင်းမှာ ဇန်နဝါရီ ၁၉ရက်နေ့ညပိုင်းက အမျိုးသမီးနှစ်ယောက် ကားတိုက်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မနေ့က ည၆ နာရီကျော်လောက်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနှစ်ယောက် ကိုဝင်တိုက်ခဲ့တဲ့ကားသမားကတော့ ကားမောင်းပြီးထွက်ပြေးသွားကြောင်း၊ တိုက်ခံရတဲ့အမျိုးသမီးနှစ်ယောက်ရဲ့မိသားစုဝင်တွေနဲ့လည်းအဆက်သွယ်မရသေးဘူးလို့သိရပါတယ်။
"ဒေါပုံဘက်ခြမ်းအဆင်းမှာဖြစ်တာပါ။လမ်းဖြတ်ကူးတာကိုတိုက်သွားတဲ့ပုံပါ။အဝေးကတော့ဖြစ်ပုံမရဘူး။ဒါပေမယ့်ခုချိန်ထိသူတို့နဲ့ပတ်သက်လို့ဘာမှစုံစမ်းလို့မရသေးဘူး။မနေ့က ၆ နာရီ၂၀လောက်ကတိုက်တာ။လက်ရှိယာဥ်ထိန်းရဲ့သုံးသပ်ချက်အရတော့တိုက်သွားတဲ့ကားကိုတော့ခန့်မှန်းထားတယ်။တိုက်သွားတဲ့ကားရဲ့ကျန်ခဲ့တဲ့ပစ္စည်းအပိုင်းအစကိုကြည့်ပြီးခန့်မှန်းတာပေါ့။ယာဥ်တိုက်မှုဖြစ်ချိန်မီးကလည်းပြတ်နေတော့CCTV ကလည်းကြည့်မရဘူးဖြစ်နေတယ်။" လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။
လက်ရှိမှာ တာဝန်ရှိသူတွေကတော့ လူသေစေ တဲ့အထိ တိုက်ပြီးမောင်းပြေးသွားတဲ့ ကားကိုစုံစမ်းရှာဖွေနေကြောင်း၊ သေဆုံးအမျိုးသမီးတွေက အသက် ၂၀ ဝန်းကျင်နဲ့၂၇ ဝန်းကျင်လောက်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ရန်ကုန်ဆေးရုံ ကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲမှာ Light Truck ယာဥ်တစီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကိုဝင်ရောက်တိုက်မိပြီး အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်နဲ့ ကလေး နှစ်ယောက်တို့ ထိခိုက် ဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။
နှစ်သစ်ကူးညကလည်း ရန်ကုန် တိုင်း ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီအိမ်ရာအရှေ့၊ ရတနာလမ်းပေါ်မှာ ယာဥ် နှစ်စီးတိုက်မိပြီး လေးယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
Photo -သစ္စာမဏ္ဍိုင်
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
အစ္စတန်ဘူမြို့က တိရိစ္ဆာန်ဆေးကုဆေးခန်းရှေ့ကို ခွေးမကြီးတစ်ကောင်ဟာ ခွေးပေါက်စလေးတစ်ကောင်ကို ချီပြီးရောက်လာတယ်။
ခွေးပေါက်စလေးတွေကို ခွေးမကြီးတွေက သယ်ပို့တဲ့အခါမှာ ဂုတ်ကနေချီသွားတတ်ပေမဲ့ ဒီအကောင်လေးကျတော့ အရုပ်လေးကိုကောက်ချီလာသလို နောက်ခြေထောက်ဖက်ကနေ ကိုက်ချီလာတယ်။
ကြည့်ရတာ ခွေးပေါက်လေးကလုံးဝမလှုပ်တော့လို့ သေသွားပြီထင်ပြီး တွေ့ရာနေရာက ကောက်ချီလာပုံရပါတယ်။
Beylikduzu Alfa Veterinary Clinic က ဒေါက်တာဒိုဂန်က ထွက်ကြည့်လိုက်တဲ့အခါမှာ ခွေးပေါက်လေးဟာ လုံးဝမလှုပ်တော့တာ တွေ့ရတယ်။
ဒါပေမဲ့ ဆေးထိုးအပ်လေးနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မဆိုသလောက်လေး နှလုံးခုန်နေသလိုမျိုး တုန့်ပြန်လာတာကို တွေ့ရတယ်တဲ့။
အဲ့ဒီမှာ ကယ်ကြည့်မယ်ဆိုပြီး ဆေးခန်းထဲယူသွားကာ ဒေါက်တာဒိုဂန်နဲ့အဖွဲ့ဟာ ခွေးပေါက်လေးကို အသက်ကယ်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါတော့တယ်။
မထင်မှတ်ပဲ ခွေးပေါက်လေးဟာ အသက်ပြန်ရှင်လာပြီး အခုအခါမှာ ဆေးခန်းက ခွေးအမေကြီးရော၊ ခွေးပေါက်ကလေးကိုရော စောင့်ရှောက်ထားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ဒီဖြစ်ရပ်မှာ ခွေးအမေကြီးဟာ ခွေးပေါက်ကလေးကို ဘာလို့တိရောဂါကုဆေးခန်းကို ချီယူလာခဲ့တာလဲ❓
ဖြစ်ပုံရတာက ဒီတိဆေးခန်းကို လူတွေက ခွေးတွေချီယူလာပြီး ပြန်အထွက်မှာ ခွေးတွေကနေကောင်းကျန်းမာလာတာကို သူမြင်ဖူးလို့ဖြစ်မယ်လို့ ထင်ပါတယ်။
ဒါ့အပြင် ဒေါက်တာဒိုဂန်တို့ ဆေးခန်းအပြင်မှာ ခွေးပေါက်ကလေးကို ကိုင်ကြည့်တဲ့အချိန်မှာ ရန်မလုပ်တဲ့အပြင် ဆေးခန်းထဲမှာ ခွေးလေးကို ကုသဖို့ကိုင်တွယ်နေစဉ်မှာလည်း ရန်မလုပ်ခဲ့ပဲ မေးလေးတင်ပြီး ခွေးပေါက်လေးကို လာကြည့်နေခဲ့ပါတယ်။
ကြည့်ရတာ ဒီခွေးမကြီးဟာ ဒီနေရာမှာသူ့ကလေးကို အသက်ရှင်အောင်ကုပေးလို့ရတယ်လို့ နားလည်နိုင်တဲ့ အသိဉာဏ်ရှိလို့ ဒီတိဆေးခန်းကို ချီယူလာခဲ့တာလို့ ယူဆရပါတယ်။
Richard Myo Thant

#အတတ်ပညာတစ်ခု၏တန်ဖိုး
********
ဟိုးရှေးအခါတုန်းက ရွာတစ်ရွာမှာ သားအမိနှစ် ယောက် နေထိုင်ကြလေတယ်။ သားဖြစ်သူရဲ့နာမည်က မောင်စေတနာလို့ ခေါ်တယ်။ မောင်စေတနာဟာ သူ့ မိခင်ကြီးကိုတောင်ယာလုပ်ကိုင်ပြီးကျွေးမွေးစောင့်ရှောက် လေတယ်။ မောင်စေတနာဟာ မိခင်ကြီးကို ဒီထက်ပိုပြီး ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့ နေစေချင်ပေမဲ့ အခုထက် ပိုပြီးသူ့ဘဝတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားမရအောင် ဖြစ်နေပါတယ်။
တစ်နေ့တော့မောင်စေတနာရဲ့တောင်ယာအနီး ကို ခရီးသွားတစ်ယောက်ရောက်လာပြီး သစ်ပင်ရိပ်မှာ ထိုင်ကာ အမောအပန်းဖြေနေလေတယ်။ မောင်စေတနာ ဟာ ခရီးသွားကို ရေတိုက်ပြီး အသီးအနှံတွေကျွေးတယ်။ ဒါနဲ့ နောင်ကြီးကဘယ်ဒေသကလာပြီး ဘယ် ကို သွားမလို့လဲ လို့ ခရီးသွားကို မေးတဲ့အခါ-
ကျုပ်က ဟိုးအရှေ့ဘက်က ရွာမှာနေတယ်။ မောင်ရင့်လိုပဲ တောင်ယာအလုပ်လုပ်တယ်။ ဒီထက်ဘဝ မြင့်မားချင်လို့ ပညာရှိထံ မေးမြန်းဖို့ ခရီးထွက်လာခြင်း ဖြစ်တယ်။ အနောက်ဘက်အရပ်မှာ ပညာရှိတစ်ဦး ရှိတယ်။ ကျုပ်ဘဝမှာ ဘာအလုပ်လုပ်ရင်ကောင်း မလဲလို့ ပညာရှိကိုသွားမေးမလို့ပါ။ မောင်ရင် ကျုပ်ကို ဧည့်ဝတ်ပြု တာကျေးဇူးတင်တယ်။ ကျုပ်ကတော့ခရီးဆက်လိုက်ဦး မယ် ဆိုကာ အနောက်ဘက်ကို ထွက်သွားလေတယ်။
အင်း... ခရီးသွားဟာလည်း ငါ့လိုပဲ လက်ရှိ ဘဝကို ရောင့်ရဲတင်းတိမ်မှု မရှိပေဘူး။ သူ့ဘဝတိုးတက်ဖို့ အတွက် စဉ်းစားနေသူပဲ။ ငါလည်း သူ့လိုပဲ ပညာရှိထံကို သွားပြီးအကြံဉာဏ်တောင်းရမယ် လို့ မောင်စေတနာက ဆုံးဖြတ်လိုက်တယ်။ သူ့အမေစားသောက်ဖို့တစ်လစာရိက္ခာ နဲ့ ထင်းတွေကို စုဆောင်းပေးခဲ့ပြီးပညာရှိထံမှ အကြံဉာဏ် တောင်းဖို့ အနောက်ဘက်အရပ်ကို ထွက်လာခဲ့တယ်။ လမ်းခရီးမှာ မောင်စေတနာဟာ တဲအိမ်တစ်ခုကို တွေ့တာကြောင့် အဲဒီတဲအိမ်ထဲကို ဝင်လာပြီး ကြည့် လိုက်တယ်။ အဘိုးအိုတစ်ဦးဟာ မီးဖိုဖိုပြီး သံပြားတွေကို တူကြီးနဲ့ထုနေတာကို တွေ့လိုက်ရတယ်။
အဘိုးအိုခင်ဗျာ။ ကျွန်တော်က ခရီးသွားတစ် ယောက်ပါ။ ရေဆာလွန်းလို့ ရေတစ်ခွက်လောက် တိုက် ပါခင်ဗျာ"
မောင်စေတနာရဲ့ စကားပြောသံကြောင့် တူထု နေတဲ့အဘိုးအိုက လှည့်ကြည့်လာတယ်။ တူထုနေတာ ကိုတော့ မရပ်ဘူး။ မောင်စေတနာက-
အဘိုးခင်ဗျာ၊ ရေဆာလွန်းလို့ ရေတစ်ခွက် လောက် တိုက်ပါခင်ဗျ"
အဘိုးအိုက တူကို ဆက်ကာဆက်ကာ ထုပြီးမှ ရပ်လိုက်တယ်။ သူထုနေတဲ့သံပြားကိုလည်း ရဲရဲနီနေတဲ့ မီးဖိုထဲကို ထည့်ထားလိုက်တယ်။
လူလေးပြောတာကိုအဘိုးကြားတယ်။ ဒါပေမဲ့ အဘိုးထုနေတဲ့သံပြားကို ရပ်လိုက်ရင် လိုချင်တဲ့ အတိုင်း အတာကို ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဆက်ထုနေ တာ။ လူဆိုတာ ကိုယ်ဖြစ်ချင်တာကို ရပ်လို့မရဘူး။ ဆုံးခန်း တိုင် ရောက်အောင်သွားရတယ်"
အဘိုးအိုကမောင်စေတနာကို ရေခပ်တိုက်တယ်။ အဘိုး ဘာလုပ်နေတာလဲ
အဘိုးလုပ်နေတာ ပန်းပဲလို့ ခေါ်တယ်။ သံကို မီးဖုတ်ပြီး ကိုယ်လိုရာ ဓား၊ ပုဆိန်၊ တူးရွင်း၊ ပေါက်ပြား တွေ လုပ်ရတာ
မောင်စေတနာက အဘိုးအို ပန်းပဲလုပ်နေတာ ကို ထိုင်ကြည့်နေတယ်။ ပြီးတော့ အဘိုးအိုကို ကူညီပြီး တူထုပေးတယ်။
အဘိုးအလုပ်က အတော်ပင်ပန်းတာပဲ"
မပင်ပန်းတဲ့အလုပ်ဘာရှိလို့လဲ လူလေးရဲ့။ လူ တွေဟာ ဝမ်းရေးအတွက် အပင်ပန်းခံနေကြရတာပဲလေ။
အေး.. ဒါပေမဲ့ ကိုယ်တတ်ထားတဲ့ပညာကို ဝီရိယထုတ် ပြီး အများက နှစ်သက်သဘောကျအောင် လုပ်နိုင်ရင် ကြီးပွားမှာပဲ
မောင်စေတနာက အဘိုးအိုပြောပြတာကို ငြိမ်သက်စွာ နားထောင်နေတယ်။ အဘိုးအိုဆီကို လူ့ အသုံးအဆောင်ပစ္စည်းတွေ လာအပ်၊ လာဝယ်သူတွေက အဆက်မပြတ်လာကြတယ်။ အဘိုးအိုက အသက်အရွယ် အရ သိပ်အလုပ်မလုပ်နိုင်တော့ဘူး။ အဲဒီမှာ မောင်စေတနာ က စိတ်ကူးတစ်ခုရသွားတယ်။ အဘိုးအိုဆီကပန်းပဲပညာ ကို စနစ်တကျသင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။အဘိုးအိုကို ကူညီကာ တူထုပေးရင်း ပန်းပဲပညာကို သင်ယူခဲ့တယ်။ အဘိုးအိုက မောင်စေတနာကို ပန်းပဲပညာသင်ပေးရင်း လုပ်အားခကိုလည်း ထိုက်သင့်သလောက်ပေးတယ်။ မောင်စေတနာက လုပ်အားခတွေကို စုထားပြီး သူ့အမေ ကို သွားပေးလေ့ရှိတယ်။
နေ့အခါသွားပေးရင် အလုပ်ပျက်မှာစိုးလို့ ညနေမိုးချုပ်တာနှင့် သူ့ရွာကိုပြန်သွားပြီး သူ့အမေကို သွားတွေ့တယ်။ ညဉ့်သုံးယံမှာ တစ်ယံသာအိပ်ပြီး မိုး မလင်းမီ အဘိုးအိုရှိရာကို ပြန်လာခဲ့တယ်။ အချိန်ကြာ လာတော့မောင်စေတနာဟာအဘိုးအိုရဲ့ လက်ရာအတိုင်း ဓား၊ ပုဆိန်၊ တူးရွင်း၊ပေါက်ပြားတွေကိုလုပ်ကိုင်လာနိုင် တယ်။
အဘိုးအိုက အလုပ်လက်ခံပြီး မောင်စေတနာ က ပန်းပဲလုပ်တယ်။ မောင်စေတနာရဲ့လက်ရာဟာ ပိုမို ကောင်းမွန်တာမို့ ဝယ်ယူသူ၊ အလုပ်အပ်သူတွေများကာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတယ်။
အဲဒီလိုနဲ့ အဘိုးအိုဟာ အသက်အရွယ်အရ လူကြီးရောဂါနဲ့ သေဆုံးသွားတယ်။ မောင်စေတနာဟာ ပန်းပဲလုပ်ငန်းကို သူ့ရွာမှာပြန်လုပ်တယ်။မောင်စေတနာ ရဲ့ပန်းပဲလက်ရာကောင်းမွန်တဲ့သတင်းက တစ်နယ်လုံးကို ပျံ့နှံ့သွားတာကြောင့် မောင်စေတနာရဲ့ ပန်းပဲလုပ်ငန်းဟာ တပည့်တပန်းတွေ၊အလုပ်သမားတွေနဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့တယ်။
မောင်စေတနာဟာ သူ့အမေကို ပြည့်ပြည့်စုံစုံ ကျွေးမွေးပြုစုခွင့်ရသွားလို့ ဝမ်းသာနေရှာတယ်။အတတ်ပညာတစ်ခုကို ဝီရိယထုတ်ပြီး အများ ကနှစ်သက်သဘောကျအောင် လုပ်နိုင်ရင်ကြီးပွားမှာပဲ" ဆိုတဲ့သူ့ရဲ့ ပန်းပဲဆရာကြီးအဘိုးအိုရဲ့ စကားကို အမြဲ ကြားယောင်နေမိတယ်။ သင်ဆရာဖြစ်တဲ့ပန်းပဲဆရာကြီး ကို ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်ပေးတယ်။ မောင်စေတနာဟာ အတတ်ပညာတစ်ခုရဲ့ တန်ဖိုးကို လည်း အစဉ်အမြဲသိပြီး လူငယ်တွေကိုခေါ်ကာပန်းပဲပညာ သင်ကြားပေးပြီးပညာအမွေပေးရင်းနေထိုင်သွားပါတော့ တယ်။ ။