4 w - Translate

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ထပ်မံမြင့်တက်လာနိုင်ဟု မိုး/ဇလ သတိပေး
ရန်ကုန်၊ ဇွန် ၂
ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယနေ့မနက်ပိုင်း တိုင်းထွာချက်အရ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

image