Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အုတ်တွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံလို့ ခြောက်ယောက်သေဆုံး
ဇန်နဝါရီ ၂၀
ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
"ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။" လို့ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ရှမ်းရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွေး ခေါ်ကိုမောင်ဆိုသူဖြစ်ကြောင်း ၊အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ သံတိုင်ခင်ရွာကနေပြန်လာချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊အူစီ (၁)လက်နဲ့အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက် လက်ပစ်ဗုံး (၁)လုံး၊ဓါးမြှောင်(၂)ချောင်း ရရှိခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်ထားပါတယ်။
ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် နစကနဲ့ပူးပေါင်းဆောင်ရွက်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အသိပေးမှုအရသိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီးမှာ လုံခြုံရေးယူထားတဲ့ နစကတပ်ဖွဲ့ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရပြီးသေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နဲ့ ထွေ/အုပ်ရုံးမှာ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo - CJ
#centralnewsnaypyitaw
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်မြင့်တက်
ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ယောက်ရှိပြီး သံတောင်ကြီးမြို့နယ်ကို ၉၅ ယောက်၊ ဖာပွန်မြို့နယ်ကို ၉၉ ယောက် တိမ်းရှောင်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကရင်ပြည်နယ်တွင်း နစကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အဆက်မပြတ် ရှိနေတဲ့အတွက် ကော့ကရိတ်၊ လေးကေ့ကော်၊ ဖာပွန်၊ မြဝတီ စတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေက ဒေသခံအများအပြား ထပ်မံ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုကတော့ နေ့တိုင်း ရှိနေတယ်။ လူသေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေလည်း အများကြီးရှိနေတယ်။ လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေလည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးတာရှိတယ်။ ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ခရိုင်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ တသန်း နှစ်သိန်းလောက်အထိ ရှိလာနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတင် စစ်ရှောင်အရေအတွက် နှစ်ဆလောက် မြင့်တက်လာတာဖြစ်ကာ အဓိက က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နစကရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တားဆီး ပိတ်ဆို့မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် အခက်အခဲများစွာကို ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ နစက က ကရင်ပြည်ရှိ ကော့ကရိတ် - မြဝတီအတွင်းက အာရှလမ်းပြန်ဖွင့်နိုင်ရေးနဲ့ ကုန်သွယ်ရေးဇုန် ထိရောက်စွာအလုပ် လုပ်ကိုင်နိုင်ရေးအတွက် တပ်အင်အားအလုံးအရင်းနဲ့ ကော့ကရိတ်ဘက်ကိုတက်လာပြီးအင်အားဖြည့်တင်းတာတွေ၊ စစ်ရေးအတွက်ပြင်ဆင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီ အာရှလမ်းကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပိတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပြန်ဖွင့်နိုင်ရေးအတွက် နစကဘက်က လုပ်ဆောင်နေတာတွေကြောင့် မကြာခင်မှာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ခြေ ရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Photo:CJ (ပုံဟောင်း)
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
အမေရိကန်အစဉ်အလာချိုးဖောက်ထားတဲ့_ထရမ့်နန်းတက်ပွဲ
------------------------------
အများအားဖြင့် ကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲဆိုတာ ပြည်တွင်းအရေးလို ကျင်းပပါတယ်- သမ္မတနဲ့ ဒုသမ္မတတွေဟာ အမေရိကန်အရာရှိတွေ အရင် နိုင်ငံတော်အကြီးအကဲတွေ တခြားအမေရိကန် VIP တွေနဲ့အတူ လွှတ်တော်အဆောက်အဦးရဲ့ လှေကားထစ်တွေပေါ်မှာ ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ အများပြည်သူ အနီးပတ်ဝန်းကျင်ကနေ ကြည့်ရှုခွင့်ရှိပါတယ်။
ဒါပေမယ့် အခုကျမ်းကျိန်ပွဲကိုတော့ ဖွင့်ပွဲမိန့်ခွန်း၊ ချီတက်ပွဲ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ မိုးပျံဘောလုံးတွေလွှတ်လို့ နိုင်ငံတကာပွဲတစ်ခုလို ကျင်းပသွားမှာပါ။ အများစုက ရှေးရိုးစွဲနဲ့ လက်ယာဝါဒီတွေဖြစ်တဲ့
ကမ္ဘာ့ခေါင်းဆောင် တစ်ဒါဇင်နီးပါးကို ဖိတ်ကြားထားပါတယ်။
များသောအားဖြင့် နိုင်ငံခြားခေါင်းဆောင်တွေ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်ရောက်ကြပါဘူး။ သူတို့အစား အမေရိကန် နိုင်ငံဆိုင်ရာ သံတမန်တို့ နိုင်ငံခြားရေးဝန်ကြီးတို့ပဲ တက်ရောက်တတ်ပါတယ်။
အခု ထရမ့် မဟာမိတ် လက်ယာယိမ်း ဒါမှမဟုတ် ပေါ်ပြူလစ် နိုင်ငံခေါင်းဆောင်အများအပြား ဖိတ်ကြားထားပြီး ပြိုင်ဘက်တချို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ထင်ရှားသူတွေကတော့-
#အာဂျင်တီးနားသမ္မတ ဂျေဗီအာ မီလိုင် : သူက တက်ရောက်ဖို့ အတည်ပြုခဲ့ပါတယ်။ လက်ယာစွန်းခေါင်းဆောင် မီလိုင်ဟာ အာဂျင်တီးနားကို “တစ်ဖန်ပြန်ကောင်းအောင်လုပ်နိုင်သူ” အဖြစ် ထရမ့်က ချီးကျူးခဲ့ဖူးပြီး ဒီဇင်ဘာလတုန်းက Mar-a-Lago နေအိမ်မှာ ကြိုဆိုခဲ့ပါတယ်။
#တရုတ်သမ္မတ ရှီကျင့်ဖိန် - ထရမ့်က ရှီကို ဒီဇင်ဘာတုန်းက ဖိတ်ကြားခဲ့ပြီး၊ ကုန်သွယ်ရေးစစ်ပွဲကြားကပဲ တရုတ်သမ္မတနဲ့ ဆက်ဆံဖို့ အသင့်ရှိကြောင်း အချက်ပြတာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သမ္မတ ရှီ တက်မှာမဟုတ်ဘဲ ကိုယ်စား ဒုတိယသမ္မတ ဟန်ကျန်းတက်မှာပါ။
#အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မဲလိုနီ : အီတလီ လက်ယာစွန်း ညီအစ်ကိုများ ပါတီက မဲလိုနီဟာ ဇန်နဝါရီလတုန်းက Mar-a-Lago ကို လာခဲ့ပြီး သူမရဲ့ အစီအစဉ်အတိုင်း ခွင့်ပြုရင် တက်ရောက်ဖွယ်ရှိတယ် ဆိုပါတယ်။
#ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် - လူကြိုက်များတဲ့အော်ဘန်ဟာ ထရမ့်နဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်ပါ။ ထရမ့်ဟာ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အော်ဘန်က ပြောခဲ့ပါတယ်။
#အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ - မိုဒီနဲ့ ထရမ့်ဟာ ထရမ့်သမ္မတတာဝန်ယူချိန်ကစပြီး ရင်ခုန်စရာတွေ မျှဝေခဲ့ကြပါတယ်။ ဒီဇင်ဘာမှာ ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက် မိုဒီဟာ ထရမ့်ကို ချီးကျူးဂုဏ်ပြုတဲ့ ပထမဆုံးပုဂ္ဂိုလ်ပါ။ မိုဒီတက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးကို ကိုယ်စားလွှတ်ထားပါတယ်။
#အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာ - ထရမ့်ရဲ့အောင်ပွဲဟာ လက်တင်အမေရိကအတွက် အောင်ပွဲလို့ ချီးကျူးခဲ့တဲ့ နိုဘိုအာ အဖိတ်ခံထားရပါတယ်။ ထရမ့်ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝါရှင်တန်သွားဖို့ သူ ပြန်လည်အရွေးခံရေးလှုပ်ရှားမှု ခေတ္တရပ်ထားမယ် ဆိုပါတယ်။
#အဲလ်ဆာဗေဒို သမ္မတ နာယစ် ဘူကီလီ : တက် မတက် အတည်မပြုရသေးပါ။ ထရမ့်ရဲ့သား ထရမ့်ဂျူနီယာနဲ့ ဘူကီလီက သူငယ်ချင်းပါ။ ၂၀၂၄ ဇူလိုင်လက ဘူကီလီရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို ထရမ့်ဂျူနီယာ တက်ရောက်ခဲ့ပါတယ်။
#ဘရာဇီးသမ္မတဟောင်း ဂျရာ ဘိုလ်ဆွန်နရို : "ထရမ့်ယဉ်စွန်းတန်းလို့ နာမည်ပြောင်တွင်တဲ့ လက်ယာစွန်းနိုင်ငံရေးသမား အဖိတ်ခံထားရပေမယ့် ခရီးသွားလာခွင့် ပိတ်ပင်ခံထားရလို့ မတက်နိုင်ပါဘူး။ သူရှုံးနိမ့်ခဲ့တဲ့ ၂၀၂၂ ရွေးကောက်ပွဲ ရလဒ်တွေ လွှမ်းမိုးဖို့ ကြိုးပမ်းမှု အပါအဝင် စုံစမ်းစစ်ဆေးခံနေရတဲ့ ဘိုလ်ဆွန်နရိုရဲ့ နိုင်ငံကူးလက်မှတ်ကို နိုင်ငံရဲ့ တရားရုံးချုပ်က သိမ်းထားပါတယ်။
#ပိုလန်ဝန်ကြီးချုပ်ဟောင်း မာတိအပ်စ် မိုရာဝစ်ခ်: အီးယူပါလီမန်မှာ လက်ယာယိမ်း ဥရောပကွန်ဆာဗေးတစ်နဲ့ ပြုပြင်ပြောင်းလဲရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်လာသူ။ သူက တက်ရောက်မှာပါ။
#ဖိတိသင့်လျက်နဲ့_မဖိတ်ခဲ့သူတွေ
#ဗြိတိန်ဝန်ကြီးချုပ် ကီအာ စတာမာ: သူ့ကို ဖိတ်မထားဘဲ Reform UK ပါတီက လက်ယာစွန်းနိုင်ငံရေးသမား နီဂဲလ် ဖာအေ့ဂ်ကိုပဲ ဖိတ်ထားတယ်၊ တက်ရောက်မှာပါ။
#ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါ လီယန်နဲ့ ဥရောပသမဂ္ဂနဲ့ နေတိုး အဖွဲ့ဝင်အများစုကို လစ်လျူရှုထားတယ်။
#အီးယူအကြီးဆုံးစီးပွားရေးကို ဦးဆောင်နေတဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်ကို မဖိတ်။ ဒါပေမယ့် ပူးတွဲခေါင်းဆောင် တီနို ချရူပါလာကိုကိုယ်စားပြုမယ့် ဂျာမနီလက်ယာစွန်း (AfD) ပါတီ ခေါင်းဆောင် အဲလစ် ဝိုင်ဒယ်ကို ဖိတ်ထားတယ်။
#စပိန်လက်ယာယိမ်း Vox ပါတီခေါင်းဆောင် ဆန်တီယာဂို အဘာစကယ် နဲ့ ပေါ်တူဂီရဲ့ ပေါ်ပြူလစ် ချီဂါပါတီက အန်ဒရီ ဗင်တူရာတို့ကိုလည်း ဖိတ်ထားတယ်။
#ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်: ထရမ့်နဲ့ ရင်းနှီးပေမယ့် မဖိတ်ဘဲ သမ္မတအစား Reconquest ပါတီက ပြင်သစ်လက်ယာစွန်းနိုင်ငံရေးသမား အဲရစ် ဇမ်မိုအာကိုပဲ ဖိတ်ထားတယ်။
crd