Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေရောင်ကြမ္မာရဲ့ လက်ဆောင်
ကံကြမ္မာကို ယုံကြည်ကြသူတွေဟာ ကံရဲ့စေစားချက်
တွေ ပြသတဲ့နိမိတ်ကြမ္မာတွေကို သက်ဝင်ကြတယ်။
အမှတ်အသားလေးတခုဟာ နှလုံးသားကို ထိမှန်လိုက်
တယ်လို့ ခံစားရတာနဲ့ သူ့အလိုကို ပစ်ပယ်နိုင်စွမ်း မရှိ
တော့ပဲ လိုက်ပါခုန်ဆင်းကြတော့တယ်။
ဖလမ်းမင်းတယောက် ဘက်တီးရီးယားပိုးသေဆုံးတာ
လေးကို မတော်တဆတွေ့ရင်း ပင်နယ်ဆလင်ကို ရှာတွေ့
ခဲ့သတဲ့။ ကမ္ဘာတည်သရွေ့ ရှင်သန်နေမယ့်လူသားတွေ
အတွက် မဟာကံကောင်းမှုကြီးတခုပေါ့။
သိပ္ပံပညာမှာတောင် serendipitous discoveries
လေးတွေဟာလည်း အရေးပါခဲ့တယ် မဟုတ်လား။
လူသားတယောက်ရဲ့ ဘဝမှာလည်း အဲ့ဒီလိုမျိုး
ရွှေရောင်ကြမ္မာရဲ့ လက်ဆောင် မရှိနေဘူးလို့ ဘယ်သူ
ပြောနိုင်မှာလဲ။
မျှော်လင့်ထားခြင်းမရှိပဲ တွေ့ဆုံရလိုက်တာ ဆုံဆည်းခွင့်
ရလိုက်တာ မဟုတ်လောက်ပါဘူးလေလို့ အကြိမ်ကြိမ်
ငြင်းပယ်နေရင်းနဲ့ပဲ နောက်ဆုံးမှာ စတင်ရာအရပ်ကိုပဲ
ရောက်ရောက်လာနေပြီဆိုရင်တော့ ဒါဟာ ကံတရားရဲ့
အချက်ပေးနိမိတ်ပဲ ဖြစ်ပါလိမ့်မယ်။ တချို့ကတော့ ဒီလို
ဖြစ်ရပ်မျိုးကို အချစ်ဆိုတဲ့ စိတ်ကူးယဉ်ခံစားလို့ အ
ကောင်းဆုံး နယ်ပယ်မှာ အလိုရှိကြလေရဲ့။
မင်းဟာဘယ်လောက်ပဲ ထွက်ပြေးနေပါစေ
အချိန်ကျတာနဲ့ သူ့အကြောင်းဖြတ်ခနဲ ဝင်လာတာမျိုး
တိုက်ဆိုင်မှုတွေဟာ တခုထက်မကပဲ သွားလေရာ
မြင်လေရာ ကြုံတွေ့လာရတာမျိုး
OCD ရနေသလိုမျိုး မလုပ်ရမနေနိုင်တော့တာ
လုပ်လိုက်ရမှ စိတ်ရဲ့ အတွေးရဲ့စေစားချက်ကို နာခံ
လိုက်ရမှ ရှေ့ဆက်ခွင့်ရသလိုမျိုး ကံကြမ္မာက
အကြိမ်ကြိမ်စေခိုင်းလာတဲ့အခါ ဆင်ခြင်တုံတရားနောက်
လိုက်မှာလား စိတ်အားထက်သန်ပြင်းပြမှုနောက် လိုက်
မှာလား။
နယူးယောက်မြို့ရဲ့ တခုသောဆောင်းရာသီမှာ
လက်အိတ်တစုံဟာ လူနှစ်ယောက်အတွက် တိတိကျ
ကျဆိုရရင် မိန်းကလေးတယောက်နဲ့ ယောကျာ်းလေးတ
ယောက် တို့အတွက် ရွှေရောင်ကြမ္မာရဲ့ လက်ဆောင်အ
နေနဲ့ ဆုံဆည်းစေခဲ့တယ်။
ကံကြမ္မာကသာ စီမံထားရိုးမှန်ရင်ဆိုတဲ့ စိန်ခေါ်မှုနဲ့အတူ
Love in the Time of Cholera ဆိုတဲ့စာအုပ်လေး
တအုပ်နဲ့ ငါးဒေါ်လာတန်ငွေစက္ကူတရွက်တို့ဟာ လူနှစ်
ယောက်ဆီကနေ ခုန်ဆင်းပြေးထွက်သွားခဲ့တယ်။ သူတို့
နဲ့အတူ လူနှစ်ယောက်ရဲ့ကံကြမ္မာကိုပါ ထည့်သယ်သွားခဲ့
တယ်။ နှစ်တွေဘယ်လောက်ဝေးဝေးကြာမလဲ။
ကံကြမ္မာကသာ သတ်မှတ်လိုက်ရင်
အကြိမ်ကြိမ်အခါခါ ပြန်ဆုံ ကြရမှာပဲဆိုရင်
အကြိမ်ကြိမ်စမ်းသပ်လဲ ဒီအတိုင်းပဲဆိုရင်
ဒါဟာ ရွှေရောင်ကြမ္မာရဲ့ လက်ဆောင်တခုပဲ ထင်ပါရဲ့။
Serendipity (2001)
Maharshi (2019)
IMDB:7.2/10
ငယ်စဉ်ကတည်းကသာမန် ရုံးစာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ အဖေဖြစ်သူကို အရှုးသမားလိုမြင်နေခဲ့တဲ့ ရီရှီတစ်ယောက်ဟာ ကိုယ်တိုင်အရှုးသမားဖြစ်လာမှာကြောက်တဲ့စိတ်နဲ့ ရည်မှန်းချက်ကြီးကြီးထားကာကြိုးစားခဲ့ပြီး နည်းပညာတက္ကသိုလ်ကိုရောက်ခဲ့ပါေတာ့တယ်
ကျောင်းတော်မှာ တွေ့ခဲ့တဲ့ အခန်းဖော်သူငယ်ချင်းဖြစ်တဲ့ ရာဗီးတစ်ယောက်ကတော့ လယ်သမားမိသားစုကဆင်းသက်လာသူတစ်ယောက်ဖြစ်ပြီး သူ့အဖေဖြစ်သူရဲ့ အကြီးမားဆုံးမျှော်လင့်ချက်တစ်ခုလဲဖြစ်ပါတယ်
အပတ်စဉ်တူ သူငယ်ချင်းတွေကြား သူများနဲ့မတူဘဲ ထူးခြားစွာ ဉာဏ်ကြီးရှင်ဖြစ်နေခဲ့တဲ့ ရီရှီကတော့ ပူဂျာဆိုတဲ့ မိန်းကလေးနဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး ချစ်သူတွေဖြစ်လာပါတော့တယ်
ဒီလိုနဲ့ပဲ ကျောင်းတွေပြီးကြတဲ့အခါ လုပ်ငန်းခွင်ဝင်ကြဖိုအတွက် အင်တာဗျူးတွေ ဖြေဆိုပြီးတဲ့နောက် မထင်ထားတာတွေဖြစ်လာပါတော့တယ်
ရီရှီတစ်ယောက် သူ့ရဲ့ အိပ်မက်ဖြစ်ခဲ့တဲ့ နည်းပညာကုမ္ပဏီမှာ စီအီးအိုတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တခြားသောသူတွေထက် သူ့ကိုပိုယုံကြည်ပြီးလေးစားအားကျခဲ့ရတဲ့ အခန်းဖော်သူငယ်ချင်း ရာဗီးတစ်ယောက်ကရော ဘာတွေဖြစ်သွားမှာလဲ
သူအိမ်မက်မက်နေတဲ့နေရာကို ရောက်ဖိုအတွက်နောက်ကွယ်က တွန်းပိုပေးခဲ့တဲ့သူတွေကရောဘယ်သူတွေဖြစ်နေမလဲ
Movie ကြည့်ရန် Link ⤵️⤵️
https://t.me/c/2305138625/899
Channel အရင်joinရန် Link ⤵️⤵️
https://t.me/+Vwhh2aSR7fFkMGFl
ဘန်ကောက်မှာ ငယ်ဘဝအလွမ်းပြေ ဓာတ်ပုံအတူ ရိုက်ခဲ့ကြတဲ့ ရဝေအောင်နဲ့ လှအဉ္ဇလီတင့်
ရဝေအောင်က လွန်ခဲ့တဲ့ နှစ် ၂၀ ကို ပြန်သတိရမိတယ်လို့ဆိုပါတယ်။ ငယ်ဘဝ အနုပညာစလုပ်ချိန်က လှအဉ္ဇလီတင့်နဲ့ ပိုစတာ ၊ ပြက္ခဒိန်တွေအများကြီးရိုက်ခဲ့ဖူးပြီး ခရီးတွေလည်းအများကြီးထွက်ခဲ့ဖူးကြတယ်လို့ ပြောပါတယ်။ မတွေ့ဖြစ်တာနှစ်တွေကြာ ပြန်လည်ဆုံတွေ့ချိန်မှာတော့ ဘန်ကောက်မှာ Photo Shoot လုပ်ခဲ့ကြတာပါ။ လှအဉ္ဇလီတင့်ရဲ့ မိခင် နေကောင်းကျန်းမာတာကို တွေ့ရလို့လည်း ဝမ်းသာတယ်လို့ ရဝေအောင်ကဆိုပါသေးတယ်။