ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Sales Staff - Yangon (Kamayut)
NAING FAMILY CHERRY OO COMPANY LIMITED
Salary Range: MMK 200,000 - 300,000
https://joimyanmar.com/job/detail/23814
◾️အရောင်းဝန်ထမ်း - Yangon (South Okkalapa)
creation(myanmar)Company Limited
Salary Range: MMK 200,000 - 300,000
https://joimyanmar.com/job/detail/23968
◾️အရောင်းဝန်ထမ်း (Sale Associate) - Yangon (Tamwe) သမာဓိ စိန်ရွှေရတနာဆိုင်
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/23827
◾️Operation Staff - Yangon (Thaketa)
1 Stop Printing Service
Salary Range: MMK 250,000 - 350,000
https://joimyanmar.com/job/detail/23798
ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။
သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်။
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီး
ထောင်းလေးလုပ်စားကြရအောင်နော်..။
Credit
မုန့်ဗိုင်းတောင့် ပြုလုပ်နည်း.....။ 😋
ဒီမှာတော့ ရောင်းတဲ့သူမရှိတော့ စားချင်ရင်ကိုယ်တိုင်လုပ်မှ စားရတဲ့မုန့်လေးပေါ့။ 😊
ပြုလုပ်နည်း.......။
ကောက်ညှင်းမှုန့် ၁ ဇွန်း
ဆန်မှုန့် ၃ ဇွန် သုံးချိုးတစ်ချိုးပါ။
(ဆန်ချိန်ခွက်နဲ့ ဆန်မှုန့်သုံးခွက်ဆို ကောက်ညှင်းမှုန့်တစ်ခွက်) တို့ကို ဆားအနည်းငယ်နဲ့ရောပြီး မွှေပါ။
ပြီးရင် ရေကိုနည်းနည်းချင်းစီထည့်ပြီး နယ်ပါ။
လုံးလို့ရတဲ့အနေအထားလောက်အထိ နယ်ပါ။
ပြီးရင် နယ်ထားတဲ့မုန့်နှစ်တွေကို အလုံးကြီးကြီးနှစ်လုံးလောက်ခွဲလုံးပြီး ရေနွေးပွက်ပွက်ဆူမှာ ငါးမိနစ်လောက် ထည့်ပြုတ်ပါ။
ပြီးရင် ဆယ်ပြီးအအေးခံပြီး ပြန်နယ်ပါ။
နယ်တဲ့အခါ ဆီ ထမင်းစားဇွန်း တဇွန်းလောက်ထည့်နယ်ပါရှင့်။
မုန့်သားလေးတွေ ပျော့ပျော့အိအိလေးရလာတဲ့အထိနယ်။
ပြီးရင် မုန့်ကို ကိုယ်ကြိုက်တဲ့ပုံစံလေးတွေလုပ်ပြီး ပေါင်းမဲ့ခွက်လေးကို ဆီသုတ်ပြီးထည့်ပါ။
ပြီးရင်တော့ ၂၅ မိနစ်လောက်ပေါင်းပြီးရင် ရပါပြီး။
ပူပူနွေးနွေးလေးကို ပဲဆီလေးဆမ်း၊ နှမ်းလှော်ထောင်းလေးဖြူး၊ အုန်းသီးခြစ်လေး ထည့်ပါ။
အချိုကြိုက်ရင် သကြားလေးထည့် အရမ်းစားကောင်းပါတယ်။
အစင်းရာလေးတွေလုပ်ချင်ရင်ဘီးသန့်သန့်လေးပေါ်တင်ပြီးလိမ့်လိုက်ပါရှင့်......။
Credi
ကောက်ညှင်းရွှေထမင်း အလွယ်လုပ်နည်းလေး
ပါဝင်ပစ္စည်းများ.........
- ကောက်ညှင်းဆန် ၁ လုံး (ညတည်းကရေစိမ်ထားပါ)
- ထန်းလျှက် ၁၀ သား
- အုန်းသီး (လိုသလောက်)
- ဆား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ထောပတ်ဆီ ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ထောပတ်ဆီမရှိပါက ရိုးရိုးဆီထည့်ပါ။
ကောက်ညှင်းဆန်ကိုရေနို့ဆီ ၁ ဘူးမပြည့်တပြည့်နဲ့ ပေါင်းအိုးနဲ့ချက်။ ထန်းလျှက်ရည်ကျိုပြီး စစ်ပြီးရင် ဆားထည့်ပြီး ဆူအောင်ပြန်တည်။ ပျစ်လာရင်ကောက်ညှင်းချက်ထားတာထည့်။ ထောပတ်ဆီ or ရိုးရိုးစားဆီ 1 ဇွန်းထည့်၊ ရေကုန်ပြီးခဲလာရင် ဆီသုတ်ထားတဲ့ဗန်းထဲလောင်းထည့်၊ မျက်နှာပြင်ညှိ ဖိပေး ကောက်ညှင်းအေးသွားပြီးဆိုရင် လှီးလိုရပါပြီး။
အပေါ်က အုန်းသီခြစ်ထားတာဖြူးလိုက်ရင် အရမ်းအရသာရှိတဲ့ ရွှေထမင်းလေး စားလို့ရရှိပါပြီ.........။
#ရွှေထမင်း #crd
ဆန်ခေါက်ဆွဲ ညှပ်ခေါက်ဆွဲ သုပ်နည်း
ထိုင်းမှာနေတဲ့သူတွေဆိုပုံမှာပြထားတဲ့ဖတ်ထိုင်းကြော်တဲ့အထုပ်လေးကညှပ်ခေါက်ဆွဲလိုပဲအတော်လေးအဆင်ပြေပါတယ်
စျေးလည်းမကြီးပါဘူး
သူ့ကိုပြုတ်ဖိုရေနွေးဆူအောင်တည်ပါ
ပြီးရင်ဆီလေးတစက်နှစ်က်ထည့်ပြီးအလွန်ဆုံးခုနှစ်မိနစ်ရှစ်မိနစ်လောက်ပြုတ်ပါ
လက်လေးနဲ့စမ်းကြည့်ရင်အိအိလေးဖြစ်တဲ့အနေအထားလေး
ပြီးရင်ရေဆေးချပြီး ပူပူလေးရှိနေတဲ့အနေအထားမှာဆီလေးနည်းနည်းနဲ့နယ်ပေးလိုက်ပါ
အေးသွားရင်ကပ်မနေတော့ပဲအရမ်းကိုစားလို့အဆင်ပြေပါတယ်
ခေါက်ဆွဲသုပ်ရန်ကြက်သားရင်အုံသားလေးကိုနုတ်နုတ်စင်းပြီးကြက်သွန်ဖြူနီ ဂျင်းအရောင်တင်ထောင်းထားတာလေးနဲ့ဆီသတ်ပြီးဆီပြန်အောင်ချက်ထားပါ
ကြက်သွန်ဖြူ နီဆီချက်ချက်ထားပါ
ပဲကျက်မုန့် ငရုပ်သီးအကျက်မုန့်လေးအဆင့်သင့်လုပ်ထားပါ
ကြက်သွန်နီနဲ့နံနံပင်ပါးပါးလှီးထားပါ
အချဥ်အတွက်မန်ကျည်းရည်သို့မဟုတ်သံပုရာသီးလေးထည့်ပါ
ပြီးရင်ခေါက်ဆွဲတပွဲစာထည့်ပြီးအဆာပလာနဲ့အရသာကိုကိုယ်အဆင်ပြေသလိုထည့်သုပ်ပြီးရပါပြီ
ဂေါ်ဖီဟင်းခါးအတွက်ရေလိုသလောက်ထည့်ပြီးဆူအောင်တည်ပါ
ငပိစိမ်းစားနဲ့ကြက်သားမုန့် ဆားလေးထည့်ပါ
ပြီးရင်ဂေါ်ဖီပါးပါးလှီးထည့်
ငရုပ်ကောင်း နဲ့ကြက်သွန်ဖြူလေးထောင်းထည့်ပြီးရပါပြီရှင်
မနက်စာပဲဖစ်ဖြစ်ထမင်းမစားချင်တဲ့အချိန်တွေဆိုအလွယ်တကူလေးသုပ်စားလို့ကောင်းပါတယ်