43 ပတ် - ဘာသာပြန်ပါ။

ငလျင်ဒဏ်ကြောင့် ဖွဲနုဆီစက်ရုံစီမံကိန်း လာမည့်နှစ်ဆန်းပိုင်းမှ ပြီးစီးနိုင်
ရန်ကုန်၊
ငလျင်ဒဏ်ကြောင့် ဖွဲနုဆီစက်ရုံ တည်ဆောက်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီး လာမယ့်နှစ်ဆန်းပိုင်းမှပဲ ဖွင့်လှစ်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယအင်ဂျင်နီယာတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး မူလရည်မှန်းထားတဲ့ ကာလထက် ၃ / ၄ လခန့် ပိုမိုကြာမြင့်နိုင်တယ်လို့ MRF တာဝန်ရှိသူက ပြောပါတယ်။
“ကံကောင်းရင်တော့ ဒီဇင်ဘာပေါ့။ နည်းနည်းနောက်ကျမယ်ဆိုရင်တော့ နောက်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကူးသွားလိမ့်မယ်။ ဒါလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေရဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်”လို့ ဦးရဲမင်းအောင်က အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖွဲနုဆီကြမ်းနဲ့ ဆီချောပါဝင်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ပြီး နေပြည်တော် ပျဉ်းမနားမြို့နယ်က MAPCO ဆန်စက်ဝန်းမှာ တည်ဆောက်နေတာပါ။
လက်ရှိမှာ ဖွဲနုဆီစက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။
ဖွဲနုဆီစက်ရုံကနေ တစ်နှစ်ကို ဆီကြမ်းတန်ချိန် ၉၀၀၀ နဲ့ ဆီချောတန်ချိန် ၆၃၀၀၊ စုစုပေါင်း တန်ချိန် ၁၅၃၀၀ ခန့် ထုတ်လုပ်သွားဖို့ ရှိပါတယ်။
နေပြည်တော်မှာ တည်ဆောက်နေတဲ့ ကနဦးစက်ရုံအပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဆီစက်ရုံပေါင်း ၁၀ ရုံ တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
အဆိုပါ စက်ရုံတွေက ထွက်ရှိလာတဲ့ ဖွဲနုဆီတွေကို ပြည်တွင်းဈေးကွက်မှာ အဓိကဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး ပိုလျှံပါက ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေထံ တင်ပို့သွားမယ်လို့ သိရပါတယ်။

image
43 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူအား ဥပဒေအရ အရေးယူမည်ဟု မြန်မာသံရုံးထုတ်ပြန်
နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့ (မေ ၂၃ ရက်)တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်သိရှိ၍ဖြစ်စေ၊ မသမာသူများက ဖျားယောင်း၍ဖြစ်စေ ပြင်ဆင်ထားခြင်း၊ အတုပြုလုပ်ထားခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များတွေ့ရှိပါက တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်များ နှင့် မြန်မာသံရုံးမှသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ထားခြင်း၊ပြင်ဆင်ထားခြင်း ရှိမရှိကို နည်းပညာမြင့်စက်များဖြင့် စိစစ်ဖော်ထုတ် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့်သာထုတ်ပေးနိုင်ကြောင်း၊နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကို ပြောင်းလဲ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင် ပြုလုပ်ခြင်း၊ စာမျက်နှာများအား စုတ်ဖြဲခြင်း၊ မသက်ဆိုင်သူများမှ တံဆိပ်ခေါင်းများကပ်ခြင်း၊ အခြားအမှတ်အသား ဖြည့်စွက်ခြင်းများ မပြုလုပ်ရန်လည်း သံရုံးမှ သတိပေးထားပြီး အဆိုပါကိစ္စရပ်များအားပြုလုပ်ပါက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူတို့အား ဥပဒေအရ အရေးယူနိုင်ပြီး နိုင်ငံကူးလက်မှတ်အား ချက်ချင်းပယ်ဖျက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တိုးတက်မှုမရှိပါက ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ရာထူးမှနုတ်ထွက်နိုင်
ပြည်သူများစောင့်ဆိုင်းနေကြသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို နိုင်ငံရေးပါတီများက သဘောတူညီခြင်းမရှိခဲ့ပါက ရာထူးမှ နုတ်ထွက်မည်ဟူ၍ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က ထုတ်ဖော်ပြောကြားထားကြောင်း မေ ၂၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
အသက်(၈၄)နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်သည် ၂ဝ၂၄ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် ဆက်လက်ဦးဆောင်ခဲ့ သည်။
သို့ရာတွင် ရွေးကောက်ပွဲမကျင်းပမီ ပြုလုပ်ပေးရမည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၏ သဘောတူညီချက် ရယူရေးအတွက် မိုဟာမက်ယူနွတ်အနေဖြင့် အခက်အခဲကြုံနေရကြောင်း ထိပ်တန်းကျောင်းသားခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုနိုင်ငံရေးပါတီများအနေဖြင့် သဘောတူညီခြင်းမရှိခဲ့ပါက ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် မိုဟာမက်ယူနွတ်က ကြံရွယ်ထားကြောင်း သိရသည်။
အဓိက အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီနှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်တို့က ယခုနှစ်ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲများကျင်းပရေးအတွက် ကြားဖြတ်အစိုးရကို တောင်းဆိုထားသည်။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးချိန်တွင် ကလပ်အသင်းများကို တာဝန်ယူရန် ဆန္ဒမရှိကြောင်း အန်ဆယ်လော့တီ ပြောကြား
ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက် အခြားကလပ်အသင်း တစ်သင်းအတွက် နည်းပြအဖြစ်တာဝန်ယူရန် မိမိအနေဖြင့် ဆန္ဒမရှိတော့ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက မေ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီတလီနိုင်ငံသား နည်းပြအန်ဆယ်လော့တီသည် လာလီဂါ၌ ရီးယဲလ်မက်ဒရစ်နှင့် လေးနှစ်ကြာ အောင်မြင်မှုရရှိခဲ့ပြီးနောက် အသင်းမှထွက်ခွာရန် ပြင်ဆင်လျက်ရှိသည်။
ရီးယဲလ်မက်ဒရစ်မှထွက်ခွာပြီးပါက အသက်(၆၅) နှစ်အရွယ် နည်းပြအန်ဆယ်လော့တီသည် ဘရာဇီးနိုင်ငံ၏ အမျိုးသားလက်ရွေးစင် အသင်းနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်မှထွက်ခွာချိန်တွင် မိမိအနေဖြင့် အခြားကလပ်အသင်းတစ်သင်းအတွက် နည်းပြအဖြစ် တာဝန်ယူပေးရန် ဆန္ဒမရှိတော့ကြောင်း၊ မိမိအတွက် လက်ရှိအရေးအကြီးဆုံးမှာ ဘရာဇီးအသင်းကို ထိထိမိမိကိုင်တွယ်နိုင်ရေးဖြစ်ကြောင်း အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားထားသည်။
ရီးယဲလ်မက်ဒရစ်အပြင် ဘိုင်ယန်မြူးနစ်၊ အေစီမီလန်နှင့် ချယ်လ်ဆီးတို့၏နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ အန်ဆယ်လော့တီသည် ကမ္ဘာ့ဘောလုံးလောက၌ အအောင်မြင်ဆုံးနည်းပြများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်၌ရှိနေစဉ် အန်ဆယ်လော့တီသည် ချန်ပီယံလိဂ် ဖလား သုံးလုံး၊ လာလီဂါဖလားနှစ်လုံး၊ စပိန်ဘုရင့်ဖလား နှစ်လုံးနှင့် စပိန်စူပါကပ်ဖလား နှစ်လုံး အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့သည်။

image

#နိုင်ငံတကာသတင်း
◼နေတိုးအဖွဲ့ နယ်စပ် ကာကွယ်ရေး ဂျာမနီတပ်ဖွဲ့များအား လစ်သူယေးနီးယားသို့ စေလွှတ်
ဂျာမနီက ၎င်း၏နယ်နမိတ်ကို ကျော်လွန်၍ တပ်ဖွဲ့များ ချ ထားနေကာ ၎င်း၏ အရှေ့ဥရောပအိမ်နီးချင်းအား အ ကာအကွယ်‌ပေးရန် လစ်သူယေးနီးယားနိုင်ငံသို့ တပ်ဖွဲ့များ စေ လွှတ်ခဲ့ကြောင်း UPI သတင်းအရသိရသည်။
လစ်သူယေးနီးယားမြို့တော် ဗီးလ်နီးယပ်စ်သို့ တပ်ဖွဲ့များချထားခြင်းမှာ အချိန်အ ကန့်အ သတ်ရှိ မည် မဟုတ် ကြောင်း တပ်ဖွဲ့များအား နှုတ်ဆက်နေသော ဓာတ်ပုံများနှင့်အတူ ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မားဇ် က X လူမှု ကွန်ရက်တွင်ပြောကြားသည်။
“ လစ်သူယေးနီးယားမှာ ဆိုရင် နေတိုးအဖွဲ့ရဲ့ အရှေ့တောင် ပံကာကွယ်ရေးကို ကိုယ်တိုင်တာဝန်ယူနေကြတာပါ။ ဘယ် လိုကျူးကျော်သူမျိုးထံမှ မဆို ဥရောပရဲ့လွတ်လပ်မှုကို ကာကွယ်ဖို့ အသင့်ရှိနေတယ်ဆိုတာကို ဂျာမန်တွေနဲ့ လစ်သူယေးနီးယား သားတွေက အတူတကွ ပြသနေကြပါတယ်။” ဟု မားဇ် က ၎င်း၏ ‌ပို့စ်တွင် ရေးသားခဲ့သည်။
“ ဂျာမနီ က သူ့ရဲ့တာဝန်ဝတ္တရားအတိုင်း ရပ်တည်ပါတယ်။ ဒီကနေ့ ၊ မနက်ဖြန် နဲ့ လိုအပ်တဲ့အချိန်အတိုင်းအတာ အထိရပ်တည်သွားမှာဖြစ်ပါတယ်” လို့ မားဇ် က ဆက်လက်ပြောသည်။
ယင်းသို့တပ်ဖွဲ့များ စေလွှတ်မှုမှာ ဒုတိယကမ္ဘာစစ်နောက် ပိုင်း အခြားနိုင်ငံတစ် နိုင်ငံတွင် ဂျာမနီတပ်ဖွဲ့များကို ပထမဆုံးအကြိမ် အမြဲတမ်းတပ်စွဲခြင်းလည်း ဖြစ်ကြောင်း သ တင်းက ဖော်ပြသည်။
ဂျာမနီတပ်ဖွဲ့များအား လစ်သူယေးနီးယားနိုင်ငံသို့ ကာလရှည်စေလွှတ်မည့် အကြောင်းကို ဂျာမနီအဓိပတိ မားဇ် က ပြီးခဲ့သည့်လကပင် အရိပ်အမြွက် ပြောကြားထားခဲ့သည်။
ဂျာမနီတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမှာ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့၏ အရှေ့ဘက်တောင်ပံအား အင် အား ဖြည့် တင်းရန် နှင့် ဘောလ်တစ်မဟာမိတ်များ၏ လုံခြုံရေးသည် မိမိတို့၏လုံခြုံရေးလည်း ဖြစ်သည်ဆိုခြင်းကို ပြသရန်ဖြစ်ကြောင်း အခမ်းအနားတွင် မားဇ် က ပြောသည်။
လစ်သူယေးနီးယားတွင် ချထားသော အမှတ်(၄၅) သံချပ်ကာတပ်မသည် ၂၀၂၇ ခုနှစ် အရောက်တွင် အင်ပြည့် အားပြည့်ဖြစ်လာမည်ဟု ဂျာမနီအရာရှိများက မျှော်လင့်ထား သည်။
ထိုအချိန်၌ ယင်းတပ်မတွင် တပ်ဖွဲ့ဝင် အင်အား ၄၈၀၀ နှင့် သံချပ်ကာယာဉ်များအပါအဝင် စစ်သုံးယာဉ် ၂၀၀၀ ရှိမည်ဖြစ်ကာ လစ်သူယေးနီးယားမြို့တော်အနီးမှ ရူဒ်နင်ကေး မြို့တွင် အခြေစိုက်မည်ဟု မျှော်လင့်ထားကြသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image

image
43 ပတ် - ဘာသာပြန်ပါ။

House Oversight Chairman James Comer is requesting that former Pres. Biden's White House physician, Kevin O'Connor, appear for a transcribed interview as part of an investigation into Biden's mental fitness and use of a presidential autopen while in office.
Comer wrote in a letter to O'Connor on Thursday that the panel is probing "the accuracy, transparency, and credibility" of his medical assessments of Biden in light of Biden's recent cancer diagnosis and a new book questioning Biden's mental fitness.
Comer said the House Oversight Committee had questions regarding whether administration officials were performing presidential duties for Biden.
Read more: https://abcnews.link/LTxzm9r

image
43 ပတ် - ဘာသာပြန်ပါ။

During the ongoing massive manhunt for 10 inmates who escaped from a New Orleans jail last week, authorities say the use of facial recognition cameras run by a private organization helped lead to the recapture of one of the fugitives — even as the police department has come under scrutiny by critics from civil rights organizations to conservative politicians over its use of the technology.
Read more: https://abcnews.visitlink.me/pilewa

image
43 ပတ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၂၄ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၅၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၆၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၁၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၅၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၅ ကျပ်
ဝယ်ဈေး - ၄၉၁၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၃.၃၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၀ ကျပ်
ဝယ်ဈေး - ၁၀၂၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၆၀၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၁.၉၆ ကျပ်
ဝယ်ဈေး - ၃၀.၃၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၉ ကျပ်
ဝယ်ဈေး - ၅၀.၇၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၃ ကျပ်
ဝယ်ဈေး - ၃.၁၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၇၅ ကျပ်
ဝယ်ဈေး - ၅၈၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၀ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၁၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၃ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၂ ကျပ်
ဝယ်ဈေး - ၁၁၇၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
43 ပတ် - ဘာသာပြန်ပါ။

ငွေပေးချေကတ် ၄ ခုကို ဗဟိုဘဏ် ဖျက်သိမ်း
ရန်ကုန်
အီလစ်ထရောနစ်ကတ်နဲ့ ငွေပေးချေခွင့်ပြုထားတဲ့ ကတ်လုပ်ငန်း ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်က ဖျက်သိမ်းလိုက်တဲ့အထဲမှာ KKispa Nadi Express Ltd ရဲ့ ipay Card ၊ San Yaung Ni Road Transport ရဲ့ K Card ၊ Active Business Consolidation ရဲ့ ABC Gift Card နဲ့ Integrated Smart Solution ရဲ့ AnyPay Prepaid Card တို့ ပါဝင်လာပါတယ်။
ဗဟိုဘဏ်အနေနဲ့ အဆိုပါကတ်လုပ်ငန်းတွေကို “အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂” အရ ကိစ္စရပ်တစ်မျိုးထဲ (Single Purpose) အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားတာပါ။
ယခုအခါ အဲဒီကတ်လုပ်ငန်းတွေဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ကတ်လုပ်ငန်းဆောင်ရွက်ခွင့်ကို ဧပြီလ ၁ ရက်နေ့မှစပြီး ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂ အရ ကိစ္စရပ်တစ်မျိုးထဲ အသုံးပြုနိုင်တဲ့ ကြိုတင်ပေးကတ်ကို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုး ဝယ်ယူခြင်းအတွက် ပေးချေမှုတွေ ပြုလုပ်ရာမှာ အသုံးပြုခွင့် ပေးထားပါတယ်။
အဆိုပါ ကြိုတင်ပေးကတ်တွေကို ဖြတ်သန်းခကြေး၊ အများပြည်သူသုံး ခရီးသွားလာခတွေ ပေးချေရာမှာ အသုံးပြုနိုင်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image