1 နှစ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
1 နှစ် - ဘာသာပြန်ပါ။

IMDb Rating (8.3)/ Rotten Tomatoes (97%)
ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။
Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။
အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖိုလောကထဲ ရောက်ရှိသွားတဲ့အခါ..။
တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖိုအဆင်သင့်မဖြစ်သေးပါဘူး။
အဲ့ဒီဘုံကနေ လွတ်မြောက်ဖို သူအစွမ်းကုန်ကြိုးစားပါတော့တယ်။
မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖိုဖြစ်လာပါတယ်။
အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖိုကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။
Studio က pixar ဆိုတော့ Animation တွေရဲ့ ရုပ်လုံးကြွပုံ အသေးစိတ်ကျပုံ လှပခမ်းနားပုံတွေကထည့်ပြောစရာမလိုလောက်အောင်ပါ။
တကယ့်ကို သဘာဝကျကျနဲ့ရယ်လဲရယ်ရပါတယ်။ ဒီလိုကားတွေ ဇာတ်ရှိန်တက်လာရင် ငိုရတာတွေလဲရှိပေမယ့် ဒီကားမှာတော့ ငိုရလောက်အောင် ဇာတ်နာပြထားတာတွေမပါပါဘူး။
ကြည်ကြည်နူးနူးပြုံးနေရင်းနဲ့ မျက်ရည်ဝိုင်းရနိုင်သလို လက်ရှိရနေတဲ့ဘဝကိုလဲ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ 🙂
ဒီနှစ်အတွက် ခရစ်စမတ်လက်ဆောင်တစ်ခုပါပဲ။
Imdb 8.3 နဲ့ Rotten Tomatoes 97% ကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ထိပ်တန်းကားကောင်းတစ်ကားပါ။

Soul (202

ဇာတ်ကားလင့်
https://t.me/c/2186686827/418

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 နှစ် - ဘာသာပြန်ပါ။

ဟေဒီယန်မဟာကပ် - Hadean Eon (လွန်ခဲ့တဲ့နှစ် သန်း ၄,၅၅၀ - ၄,၀၀၀)
• နာမည် အစွဲပြုရာ - ဂရိမြေအောက်နတ်ဘုရား သို့မဟုတ် ငရဲပြည် - ဟေးဒီးစ် (Hades)
• ကမ္ဘာစတင်ဖြစ်တည်ချိန်ကို ရည်ညွှန်းပါတယ်
• ကမ္ဘာ့မျက်နှာပြင်က ချော်ရည်အတိနဲ့ ပူပြင်းပြီး ဥက္ကာခဲကြီးတွေ မကြာခဏ ဝင်ဆောင့်တတ်တာမို့ ငရဲနဲ့ ခိုင်းနှိုင်းလိုက်တာပါ။
• ကမ္ဘာက ဂြိုဟ်သိမ်ကြီး တစ်ခုနဲ့ တိုက်မိပြီး လကို ဖြစ်ပေါ်စေခဲ့တယ်။
• အစောဆုံး သက်ရှိရဲ့ အထောက်အထား (လွန်ခဲ့တဲ့နှစ်သန်း ၄၁၀၀ ခန့်)
• လေထုနဲ့ သမုဒ္ဒရာ ရှိပေမယ့် အောက်ဆီဂျင် စိုးစဉ်းမှ မရှိသေးပါ။

image
1 နှစ် - ဘာသာပြန်ပါ။

Bi-rd Bo-x (2018)

ကမ္ဘာကြီးမှာ ဒုက္ခတွေ၊ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှ ဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ။ အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလို ဘာလိုလို အမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့ မြင်ရမှာပါ။ သူတိုကို မမြင်ရဘူး၊ မြင်ရရင်လဲ အဲ့လူက အသက်မရှင်ဘူး၊ ကိုယ့်ကိုကိုယ် သတ်သေမိတော့တာပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီး ထွက်လာတယ်ပေါ့၊ လူတွေလဲ အစက မသိတော့ ကြည့်မိကြပြီး ရူးကုန်တယ်၊ ကိုယ့်ကိုကိုယ် သတ်သေတယ်၊ စိတ်တွေ လွတ်ထွက်ကုန်တယ်။ တစ်ရက် မယ်လိုရီ ဆိုတဲ့ ကျွန်တော်တို မင်းသမီးချောကြီး San-dra Bull-ock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့။ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့် အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ။ကံကောင်းချင်တော့ ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲ ရောက်ခဲ့တယ်။ အဲ့အိမ်မှာလဲ အခြားသူတွေရှိတာပေါ့။ ဒီတော့ ဇာတ်လမ်းက survival ဇာတ်လမ်း၊ အဲ့အိမ်ထဲမှာ ပိတ်မိနေတဲ့သူတို Med-usa လိုမျိုး အကြည့်တစ်ချက်နဲ့ ရူးစေတဲ့ နတ်ဆိုးကြီးဘေးက၊ ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးက ဘယ်လိုရှင်သန်အောင် လုပ်ကြမလဲ၊ ဇာတ်သိမ်းလေး ဘယ်လိုဖြစ်သွားမလဲ

image
1 နှစ် - ဘာသာပြန်ပါ။

Tarzan (1999)

၁၉၉၉ ခုနစ်က ကာတွန်းကားဆိုပေမယ့် ဇာတ်အိမ် ဇာတ်ကွက် ခိုင်မာပြီး

ပရိတ်သတ်တွေရဲ့ရင်ထဲထိ ထိုးဖောက်နိုင်ခဲ့တဲ့ Tarzan ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/419

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 နှစ် - ဘာသာပြန်ပါ။

Strange Magic (2015)

အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို အမိန့်ပေးထားပါတယ်
ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ fairy princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ်

တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ သူ့ကိုယ်ပိုင်ဆေးရည်အတွက် primrose ပွင့်ဖတ်တွေကို လိုက်စုဆောင်းရင်း အမှောင်တောအုပ်ဆီကို ရောက်လာခဲ့ပါတယ်
ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး

ဇာတ်ကားလင့်
https://t.me/c/2186686827/421

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 နှစ် - ဘာသာပြန်ပါ။

အာခီယန်မဟာကပ် - Archean Eon (လွန်ခဲ့တဲ့နှစ် သန်း ၄,၀၀၀ - ၂,၅၀၀)
• နာမည် အစွဲပြုရာ - archaeo - ရှေးကျသော
• တိုက်ကုန်းမြေ စတင်ပေါ်ပေါက်တယ်။ ပလိပ်တက်တွန်းနစ် (plate tectonics) ဖြစ်စဉ် မရှိသေးပေမယ့် ကုန်းမြေတွေကို အကန့်အသတ်နဲ့ ဆန့်တငံ့ငံ့ ရွေ့လျားစေတဲ့ “အစက်ယို”တက်တွန်းနစ် (drip tectonics) ဖြစ်စဉ်တော့ ရှိခဲ့တယ်။ တိုက်ကုန်းမြေရဲ့ (၈၀) % ခန့်က ဒီမဟာကပ်မှာ ဖြစ်ပေါ်ခဲ့တယ်။
• ဘက်တီးရီးယားနဲ့ အာခေးယားကဲ့သို့ ဆဲလ်ဝတ်ဆံ မရှိတဲ့ ရှေးဦးအဏုဇီဝတွေ ရှိနေပါပြီ။

image
1 နှစ် - ဘာသာပြန်ပါ။

မနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ G4 အဆင့်ရှိတဲ့
ကမ္ဘာ့သံလိုက်စက်ကွင်းမုန်တိုင်း ဖြစ်စဉ်ဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာလည်း ဆက်လက် အရှိန်ကောင်းပြီး တည်ရှိနေနိုင်ပါသေးတယ်။
နေမှ လွှင့်ထွက်လာတဲ့ CMEs ခေါ် ( Coronal mass ejections ) များဟာ အားကောင်းတဲ့ Charged particle ခေါ် ions များဖြစ်ပါတယ်။
ဒီ CMEs particle များဟာ ကမ္ဘာ့သံလိုက်စက်ကွင်းများနဲ့ ထိမိတဲ့အခါ Geo magnetic storm လို့ခေါ်တဲ့ သံလိုက်မုန်တိုင်းဖြစ်စဉ်များဖြစ်ပေါ်လာပါတယ်။
ဒီ ကမ္ဘာ့သံလိုက်မုန်တိုင်း အားပြင်းမှု အတိုင်းအတာ များကိုတော့ G1 အဆင့်ကနေ 1,2,3,4,5 အစီအစဉ်လိုက်တိုင်းထားရှိပြီး G5 အဆင့်ကတော့ အမြင့်ဆုံးအားအပြင်းဆုံးအနေအထားဖြစ်ပါတယ်။
ဒီလို မုန်တိုင်းများဖြစ်ပေါ်တဲ့အထဲမှာ မနေ့က ဖြစ်ပေါ်ခဲ့တာက G4 အဆင့်ရှိတဲ့ သံလိုက်မုန်တိုင်းတစ်ခုဖြစ်ပါတယ်။
ဒီလိုပုံမှန်မဟုတ်ပဲ ထူးကဲ သံလိုက်မုန်တိုင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ ဥရောပအချို့ဒေသများနဲ့ နယူးဇီလန် အစရှိတဲ့နိုင်ငံများမှာ သာမန်အားဖြင့်မြင်တွေ့ရဖို့ခက်တဲ့ Aurora light ခေါ် ညအလင်းတန်းများကို မြင်တွေ့ခဲ့ရပါတယ်။
ယနေ့ ဇွန်လ ၂ ရက်နေ့ ညမှာလည်း နောက်ထပ် CMEs ဝင်ရောက်မှုဖြစ်စဉ်များနဲ့ Geo magnetic storm များ ထပ်မံဖြစ်ပေါ်နေနိုင်သေးတာကြောင့် အဆိုပါ Aurora light များကို အမေရိကားနိုင်ငံမှ အချို့ ဒေသများနဲ့ ဥရောပမြောက်ပိုင်းဒေသအချို့ကထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်။
အမေရိကန်နိုင်ငံက Aurora light များကို ဒီနေ့ည ထပ်ပြီးမြင်တွေ့ရနိုင်တဲ့ ပြည်နယ်များကိုတော့ NOAA အဖွဲ့အစည်းက ထုတ်ပြန်ထားတာကိုတော့ သိရှိနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Ma-ry (2019)

တစ်နေ့မှာတော့ ပင်လယ်ထဲမှာ လူသူအရိပ်အယောင်မရှိပဲ ဒီတိုင်းမြောပါလာတဲ့ ရွက်လှေတစ်စီးကို ကမ်းခြေစောင့်တပ်ဖွဲက ရှာဖွေတွေ့ရှိတာကနေ ဇာတ်လမ်းကစပါတယ်။ သဘောၤပေါ်မှာ ပစ္စည်းပစ္စယတွေ ခြေရာလက်ရာတစ်ခုမှ မပျက်ပေမဲ့လူသူအရိပ်အယောင်ကတော့ လုံးဝမတွေ့ရပါဘူး။ တစ်နေ့မှာတော့ အဲဒီသဘောကို မိသားစုတစ်စုက ဝယ်လိုက်ပါတော့တယ်။ ကိုယ်ပိုင်သဘောနဲ့ ခရီးတွေထွက်မယ်လို ရည်မှန်းထားတဲ့ ဒီမိသားစုက သဘောကို ပြုပြင်ပြီး ခရီးထွက်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ။ အရင်တုန်းက လူတွေကရော ဘာလို ကြက်ပျောက်ငှက်ပျောက်သွားကြတာလဲ။ သဘောရဲ့နောက်ကွယ်က အဖြစ်မှန်ကို တဖြည်းဖြည်း သိလာချိန်မှာ ဒီမိသားစု ဘယ်လိုဆက်လုပ်မလဲ

image
1 နှစ် - ဘာသာပြန်ပါ။

19-20: Horr-ors of The Hea-rt (2023)

ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲဇာတ်လမ်းလေးတစ်ပုဒ်။ ဟုတ်ပါတယ်၊ အခုတစ်ဖန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 1920 ဆိုတဲ့ ခုနှစ်နဲ့ စတဲ့ သရဲကားတွေထဲကမှ လက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့ သဘောတရားခြင်းတူပေမဲ့ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကို ဆောင်ပါတယ်။ အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့ မရှာဘဲ အမုန်းတရားနဲ့ ရှာနေရင်တော့ မဆုံးနိုင်တဲ့ ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ ကောင်မလေးတစ်ယောက် အသက် ၂၁ နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။ သူ့အဖေ သေဆုံးရတဲ့အကြောင်းအရင်းက သူ့ကို ငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့ အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့။

image