I'm what i'm 2 ကတော့ သိုင်းကားကြိုက်တဲ့ သူတွေအတွက် ရှယ်ပါပဲ
I'm what i'm 2 ကတော့ ပထမထွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ တော်တော်လေးလမ်းလွဲသွားတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို ရိုးရာသိုင်းနဲ့ ခြင်္သေ့ အက ကို သုံးပြီး ပြန်ထိန်းသွားတဲ့ အကွက်ကတော့ တော်တော်လေး ချီးကျူးရပါမယ်။
တရုတ် Animation တွေထဲမှာတော့ I'm what i'm က အကောင်းကြီးမဟုတ်ဘူးဆိုပေမယ့် ကြည့်လို့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်ထဲတော့ပါပါတယ်။ ဒီနေရာမှာ Disney တို့ Pixar တို့ ကြည့်ပါများနေရင်တော့ တရုတ် Animation တွေကတိုးမှာမဟုတ်ပါဘူး။
I'm what i'm 2 ကို အကြောင်းပြောရရင် ပထမ ဇာတ်လမ်းမှာ A Juan ဆိုတဲ့ ကောင်လေးတစ်ယောက်က ခြင်္သေ့ အကကို ငယ်ငယ်လေးထဲက ရူးသွပ်ခဲ့ပေမယ့် အဖေဖြစ်သူက ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ မတော်တဆဖြစ်ပြီး ကိုမာဝင်သွားတဲ့နောက်မှာ အဖေဖြစ်သူအစား မြို့တက် အလုပ်လုပ်ရတာနဲ့ အဆုံးသတ်ထားပါတယ်။
I'm what i'm 2 မှာတော့ မြို့တက်အလုပ်လုပ်ရင်းနဲ့ ဖခင်ရဲ့ ဆေးကုသစရိတ်ကိုရှာပြီး ကုသဖို့ လုပ်ပေမယ့် ခြင်္သေ့ အက ကရင်း ရတဲ့ ပိုက်ဆံက မလောက်တာကြောင့် သိုင်းပြိုင်ပွဲ ဝင်ပြိုင်ဖို့ ဖြစ်လာတာနဲ့ စတင်ထားပါတယ်။
I'm what i'm 1 မှာတော့ ခြင်္သေ့အကနဲ့ ပတ်သက်ပြီး ဆရာတွေ သူငယ်ချင်းတွေကြားထဲက အချိတ်ဆက်မိမိတွေပြသွားခဲ့ပေမယ့် I'm what i'm 2 မှာတော့ ခြင်္သေ့ အက ထက် သိုင်းပညာကို ဦးစားပေးထားပြီး သိုင်းကားကြိုက်တဲ့သူတွေအတွက် ကောင်းတယ်ဆိုပေမယ့် ဒီထက် အများကြီး မျှော်လင့်ထားတဲ့ ပရိတ်သက်တွေအတွက် နည်းနည်း ရိုးအီးနေတဲ့ ဇာတ်လမ်းလို့တော့ ပြောလို့ရပါတယ်။
ဒါပေမယ့် I'm what i'm 2 က ဇာတ်ရှိန်မကျသွားအောင် သွက်လက်တဲ့ သိုင်းကွက်တွေ၊ ရိုးရာသိုင်းနဲ့ Boxing ကြားကွာခြားချက်တွေကို တော်တော်လေး အသားပေးပြသသွားခဲ့ပါတယ်။
နောက်ပြီး ဆရာတွေအများကြီး လေ့ကျင့်ပြီး ကျောက်စရစ် လက်အိပ်ကို ထိုးခွဲပြသွားတဲ့ အကွက်တွေ၊ Social Media ကြောင့် လူတစ်ယောက်ဘဝ ပျက်စီးသွားတာတွေ၊ လေ့ကျင့်ရေးပုံစံတွေက မာန်ပါ ဟန်ပါပြီး ကြည့်နေရင်းနဲ့ IP Man တို့လို ဇာတ်ကားတွေကြည့်နေရသလို ခံစားခဲ့ရတာတွေတော့ရှိပါတယ်။
ဆိုတော့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် I'm what i'm 2 က Rating အနေနဲ့ 7.5/10 ရထားပြီး ရှေ့က ဇာတ်ကားနဲ့ လမ်းလွဲသွားတယ်ဆိုပေမယ့် သိုင်းကားတွေ ကြိုက်တဲ့သူဆိုရင် ကြည့်ဖို့ အကြံပေးပါတယ်။
