၀က်ခြေထောက်ပာင်းချို၊ ၀က်ခြေထောက်စတူး
-၀က်ခြေတောက်နဲ.၀က်လက်ဆိုရင် ၀က်ခြေတောက်က
အသားများပြီး ၀က်လက်က အရိုးများပါတယ်...
အသားများတာကြိုက်သူများ ၀က်ခြေတောက်ကိုရွေး၀ယ်ပါ။
၀က်ခြေထောက်ပာင်းချို၊ ၀က်ခြေထောက်စတူးအတွက်
-၀က်ခြေထောက်တချောင်း - အကွင်းလိုက်ခုတ်ထားတဲ.
၀က်ခြေထောက် နှင့် ခွာကိုဓါးနဲ.ခြစ်ကာရေဆေးပြီး
နာနတ်ပွင့် တစ်ခြမ်းနဲ. ေ၇ှာက်ကောပတ်ကောမှုန်.
အနဲငယ်၊ ဆား၊ပဲငံပြာရည်၊ ကြာညို.၊ ခရုဆီ၊
ဆန်အရက်၊အရသာမှုန်.၊ဂျင်း၊ကြက်သွန်ဖြူ ဓါးပြားရိုက်
တို.ကိုထည်.ကာနယ်ပြီးအနဲဆုံးတစ်နာရီခန်.နပ်ထားပါ။
- ချက်မည်.အိုးထဲသို. ရေ 2 liter ခန်.ထည်.ကာ
တည်ပြီး ပွက်ပွက်ဆူလျှင် ကြက်သွန်ဖြူ (5)မွာဓါး
ပြားရိုက်နှင့် ေ၇ှာက်ကောပတ်ကောမှုန်.
အနဲငယ်၊ နာနတ်ပွင့်တစ်ခြမ်း၊ဆား၊ပဲငံပြာရည်၊အရသာမှုန်.
ကိုထည်.ပြီးမီးအေးအေးနှင့်တည်ထားပါ။
-ကြော်မည်.ဒယ်အိုးထဲသို. ဆီဆန်ချိန်ခွက်တစ်ခွက်ခန်.ထည်.ကာ
ဆီကျက်လျှင် နပ်ထားတဲ.၀က်ခြေထောက်ထည်.ကာ
၀က်ခေါက်နီညိုေ၇ာင်သန်းလာသည်အထိကြော်ပါ။
ထိုနောက် ဆယ်ယူပြီးဆီစစ်ကာပွက်ပွက်ဆူ
အောင်တည်ထားသော ပာင်းရည်အိုးထဲသို.
ထည်.ပါ။ ၀က်ခြေတောက်နယ်တုန်းကကျန်တဲ.
အရည်ကိုထည်.ပြီး အဖုံးပိတ်ကာ နှစ်ရေ သုံးရေခန်.
ခန်းပြီး ၀က်ခေါက်နူးသည်အထိချက်ပါ။
၀က်ခေါက်နူး လျှင် ကိုယ်လိုသလောက် ပာင်းရည်ကို
ချန်ထားပါ။
ပာင်းချိုမစားပဲ ၀က်ခြေထောက် စတူးကို
စားမည်ဆိုလျှင်တော. ရေအနဲငယ်သာချန် ပြီး
ကိုက်လန်ရွက်(3)ပင်ေ၇နွေးဖျောကို အပေါ်မှအုပ်လိုက်ပါ။
ပာင်းချိုအတွက်
-ငရုပ်သီးစိမ်း (5)တောင့်ကို ရေဆေးကာပါးပါးလှီးထားပါ။
-နံနံပင် (2) ပင်ကို ရေဆေးကာပါးပါးလှီးထားပါ။
- သံပုရာသီး (1)လုံးကို အစိတလေးတွေစိတ်ထားပါ။
-စားခါနီးမှ ပာင်းချိုပူပူကို ပုဂံထဲခပ်ထည်.ကာ
ပါးပါးလှီးထားသောငရုပ်သီးစိမ်း၊ နံနံပင်၊ငံပြာရည်နှင့်
သံပုရာသီးညှစ်ကာ အပေါ.အငံမြည်းပြီး
ချဉ်၊ငံ၊စပ် အရသာ ၀က်ခြေထောက်က် ပာင်းချိုကို
သုံးဆောင်နုင်ပါပြီ ရှင်..
