30 w - Translate

#ပြည်တွင်းသတင်း
◼ရန်ကုန်မြို့ရှိ Peninsula Hotel စီမံကိန်းရပ်ဆိုင်း
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ အမေရိကန်ဒေါ်လာသန်း ၁၃၀ အကုန်အကျခံတည်ဆောက်လျက်ရှိသည့် Peninsula Hotels စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း NIKKEI Asia ၏သတင်းဖော်ပြချက်အရသိရသည်။
အဆိုပါဟိုတယ်စီမံကိန်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များဝင်ရောက်မှု မရေမရာဖြစ်လာသည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံထားသည့် ဟောင်ကောင်ဒေါ်လာ ၁၆၉ သန်း (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁ သန်း) ကို ဆုံးရှုံးငွေအဖြစ်စာရင်းသွင်းမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ယင်းစီမံကိန်းကို အခန်းပေါင်း(၈၈) ခန်းပါ ဇိမ်ခံဟိုတယ်ကြီးတည်ဆောက်ရန် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်မှ ၇၀ ရာခိုင်းနှုန်းနှင့် ဖမ်းဆီးခံထားရသည့်ဦးသိမ်းဝေ၏ Yoma Group က ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် စီမံကိန်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ရန်လျာထားခဲ့ခြင်းဖြစ်သည်။
Peninsula Hotel စီမံကိန်းရပ်ဆိုင်းသွားသော်လည်း အဆိုပါမီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ Yoma Central စီမံကိန်းမှာမူ ‌အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်အရှုံးပေါ်နေသော်လည်း ရပ်ဆိုင်းခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းများတွင်ရေးသားထားသည်။

image

မြဝတီမြို့ရှိ KTV တွင် အလုပ်လုပ်နေရာမှ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသော ထိုင်းနှင့် လာအို အမျိုးသမီး ၅ ဦးကို ထိုင်းတပ်မတော် ဖမ်းဆီး

ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ KTV ဆိုင်တစ်ခုတွင် အလုပ်လုပ်နေရာမှ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ခိုးဝင်လာသော အမျိုးသမီး ၅ ဦးကို ထိုင်းတပ်မတော်က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၆ နာရီအချိန်က အဆိုပါ အမျိုးသမီး ၅ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ကျေးရွာဘက်သို့ သောင်ရင်းမြစ် ဖြတ်ကူး၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်လာချိန် ထိုင်းတပ်မတော် လုံခြုံရေးအဖွဲ့နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ဆေးရာတွင် မြန်မာနိုင်ငံဘက်ခြမ်း၌ လျှပ်စစ်မီးနှင့်အင်တာနက်မရရှိတော့သဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုကြကြောင်းလည်း သိရသည်။

အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်အရွယ် ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဖိုးဖရဲစခန်းတွင်ထိန်းသိမ်းထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Sources-siamrath

#သတင်းဟင်းလေးအိုးကြီး

image
image
image
30 w - Translate

#ကြည့်ချင်နေကြတဲ့ကား?
#ဘလကကီရာအပိုင်းနှစ်ဇာတ်ကားသစ်
=====================================
IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်
စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့
ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါ

ဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင်
ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...

လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ်
ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး
နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါ

တစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို
တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး
မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲ

မေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

#storymode
#crd

image

Part-1
*ကိုယ်စားပြုစနစ် မပေါ်ပေါက်မီ


အက်သင်း(စ)နောက်ပိုင်းတွင် ရောမ သမ္မတနိုင်ငံ (Roman Republic) ၌ အက်သင်း(စ) ဒီမိုကရေစီမျိုး မဟုတ်သော်လည်း ဥပဒေပြုသည့်အပိုင်းတွင် ပြည်သူများကိုယ်တိုင် ပါဝင်သည့် (citizen law making) စနစ်ကို ဘီစီ ၅ ရာစုမှ ၁ ရာစုအတွင်း နှစ်ပေါင်း ၄၀၀ ခန့် ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ နိုင်ငံသားတို့ ကိုယ်တိုင် မိမိတို့ လိုလားသော ဥပဒေများကို ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခြင်းနှင့် လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများအနက် မိမိတို့ မနှစ်သက် မလိုလားသည်များကို ရုပ်သိမ်း ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။
ရောမ သမ္မတနိုင်ငံ နောက်ပိုင်းတွင် တိုင်းပြည်ရေးရာ၌ လူထု ပါဝင်ခွင့် ရသည့် ဒီမိုကရေစီစနစ် တိမ်မြုပ် ပျောက်ကွယ်နေခဲ့ပြီး၊ ၁၃ ရာစု ဥရောပတွင် ဆွစ်ဇာလန် ဒေသ၌ ပြန်ပေါ်လာတာ တွေ့ရသည်။
ဆွစ်ဇာလန်တွင် ခေတ်ဟောင်း ဆွစ်(စ)ကွန်ဖီဒရေစီ (Old Swiss Confedracy) ထူထောင်သည့် ၁၂၉၁ ခုနှစ်က စတင်ကာ အရေးကြီးသော နိုင်ငံရေးကိစ္စများကို ရပ်ရွာလူထု စည်းဝေးပွဲများဖြင့် ဆုံးဖြတ် လုပ်ကိုင်သော စနစ် ကျင့်သုံးခဲ့သည်။ နောက်ရာစုနှစ်များအတွင်းလည်း ဆွစ်(စ)တို့သည် နိုင်ငံရေးတွင် လူထုကိုယ်တိုင် ပါဝင်နိုင်ရေးကို မပြတ် အားထုတ်ခဲ့ရာ ယခုအခါ ဆွစ်ဇာလန်သည် တိုက်ရိုက် ဒီမိုကရေစီ စနစ်ကို အများဆုံး ကျင့်သုံးသော နိုင်ငံတစ်ခုအဖြစ် တည်ရှိနေသည်။
ခေတ်သစ်၌ ဆွစ်ဇာလန်နည်းတူ လူထုစည်းဝေးပွဲစနစ်ကို ထင်ထင်ရှားရှား ကျင့်သုံးခဲ့သည်က ၁၇ ရာစု အမေရိကန်ပြည် နယူးအင်္ဂလန် ဒေသမှ မြို့များ ဖြစ်သည်။

#ဆက်ရန်ရှိ

Part-2
*“ရှားရှားပါးပါး ဒေါသ”

ဆိုင်ထဲမှာ ဆရာနိုးနဲ့ ဆရာစွမ်းတို့က ရောက်နေစောင့်နေကြပါတယ်။ ကျွန်တော်တို့ ဆိုင်ထဲဝင်တယ်ဆိုရင်ပဲ ဆရာစွမ်းက ပြုံးပြုံး ပြုံးပြုံးနဲ့ “ဆရာဂျမ်း ခင်ဗျာ့ထီး ကျွန်တော်ယူလာခဲ့တယ်ဗျ”ပြောလိုက်တော့ ဆရာဂျမ်း ထပ်ပြီးဒေါသ ပေါက်ကွဲလာကာ ငဝက် မင့်ကြောင့် ငါ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ် ဆိုပြီး အုတ်ခဲကျိုးနဲ့ လိုက်ထုတာ ဆရာစွမ်းလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမျှမပြောနိုင် တော့ဘဲ ထွက်ပြေးရတော့တယ်။ ဒီနှစ်ယောက်ပြေးပုံ လိုက်ပုံကိုကြည့်ပြီး သဘောကျ ပြုံးနေသူက ဆရာနိုးပါ။
အေးအေးဆေးဆေး စားပွဲကိုပြန်ထိုင်ကြတော့မှ ဆရာစွမ်းက ရှင်းပြတယ်။ ခင်ဗျား ရုံးဆင်းမှာ ချိုင့်တွေရော အိတ်တွေရော ယူရတာများနေမှာစိုးလို့ သက်သာ အောင် ကျွန်တော်တို့က ထီးကိုဆွဲလာခဲ့တာတဲ့။
ဒီတော့ ဆရာမိုးက ခင်ဗျား သက်သာအောင်က ကိစ္စမရှိဘူး၊ ကျုပ်က ဟိုမှာ လူကြီးတွေကို မျက်နှာပျက်ခဲ့ရပြီတဲ့။
တဖြည်းဖြည်းနဲ့ သောကြာဝိုင်းကို လာစပြုနေကြပါပြီ။ ဦးစွာရောက်ရှိလာ သူတို့ကတော့ နုနုရည်(အင်းဝ)+ကိုအောင်ကျော်တိုးတို ့ အတွဲ။ သူတို ့နောက်က ဗိုလ်ရဲထွဋ် သား ကျော်ကျော်+သန္တာတို့အတွဲ ပြီးတော့ ကိုသိန်းထိုက်နဲ့ ကိုဟန်တင် တို့လည်း ဝင်လာကြပါတယ်။ တစ်အောင့်လောက်ကြာတော့ မသီတာ(စမ်းချောင်း)၊ ချစ်ဦးညို၊ ပုံမှန်လို လာတတ်တဲ့ သံဃာတော်တစ်ပါး (နောင်တွင် ထိုဆရာတော်ကား “တောင်စွန်း ဓမ္မဘေရီအရှင်ဝီရိယ” ဖြစ်သည်။) တစ်ခါတစ်ရံလာတတ်တဲ့ ဒါရိုက် တာ မောင်မိုးသူ၊ ဗိသုကာပညာရှင် ဆရာရွှေ၊ တစ်ခါတစ်ရံ ပါလာတတ်သူက စန္ဒရားဦးသိမ်းမောင်။ ထိုအတူ ဆရာနိုးကိုအကြောင်းပြုပြီး ရောက်လာတတ်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်။ ဆရာမိုး၊ ဆရာနိုးတို့နဲ့ ပါလာတတ်တဲ့ ဆရာမ ဒေါ်ခင်ဆွေဦး စသည် စသည်တို ့အပြင် ဆရာမိုး၊ ဆရာနိုးတို့ရဲ့ လူရင်းကြီး ဂုဏ်ထူးဦးသိန်းနိုင်။ ဆရာ ဦးသိန်းနိုင်က ကျူရှင်အားတဲ့အခါ တစ်ခါတစ်ရံမှသာ လာတတ်ပါတယ်။ (ကျွန်တော်မေ့၍ ကျန်ခဲ့သူများကို ဖြည့်စွက်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ်။)
လူကလည်းစုံ၊ နေကလည်း ချိုလာပြီဆိုတော့ ဆိုင်အပြင် ဗာဒံပင်ရိပ်ကို ရွှေ့ကြပါတယ်။ ဗာဒံပင်အောက်မှာ ဝိုင်းလိုက်မှ ဒီလူနှစ်ကျိပ်လောက်က အဆင် ပြေသွားပါတယ်။

#ဆက်ရန်ရှိ

Funny Clip

ဘက်တစ်မှာ အလွန်ပျော်ရွှင်နေတယ်လို့ အန်တိုနီပြော

ဖေဖော်ဝါရီ ၂၀

ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့ တောင်ပံကစားသမား အန်တိုနီက သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။

အန်တိုနီက “အရေးကြီးဆုံးအရာက ပျော်ရွှင်ဖို့ဖြစ်ပြီး ဘက်တစ်မှာ ကျနော် အလွန်ပျော်ရွှင်နေပါတယ်။ အရာ အားလုံးက သဘာဝအတိုင်း ဖြစ်လာပါတယ်။ ကျနော့်ကို ဥရောပထံ ခေါ်ဆောင်လာတဲ့ ဘောလုံးအရည်အသွေးကို ကျနော်ဒီမှာ ပြသနိုင်ခဲ့ပါတယ်။ ကျနော်ဟာ အလုပ်ကို ဆက်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်စွာနဲ့ နေ့တိုင်း အာရုံစူးစိုက်နေပါတယ်။ ဒီအတိုင်းဆက်သွားမယ်”လို့ DAZN ကိုပြောခဲ့တာပါ။

အန်တိုနီဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ ဘက်တစ်အသင်းအတွက် လှပတဲ့ သွင်းဂိုးအပြင် ဂိုးဖန်တီးမှု ၁ ကြိမ်ကိုပါ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ ဘက်တစ်အသင်းကို ရောက်ရှိလာပြီးကတည်းက ကစားထားတဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးကာ လာလီဂါပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိထားတာပါ။

အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဘက်တစ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိနေတာဖြစ်ပါတယ်။

အန်တိုနီကတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ဒီရာသီအကုန်အထိ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေတာပါ။

ဘက်တစ်အသင်းဟာ အန်တိုနီကို လာမယ့် ရာသီအသင်းမှာ ဆက်ပြီးရှိစေချင်နေပေမယ့် သူ့ရဲ့အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပါဘူး။

အဲဒါကြောင့် အန်တိုနီဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပြီး မန်ချက်စတာကလပ်မှာ ခြေစွမ်းပြသဖို့ သူ့အတွက် နောက်ထပ် အခွင့်အရေးရဖို့ရှိနေတာပါ။

ဘက်တစ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဂျန့်အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ကစားရဖို့ ရှိနေပြီး ပထမအကျော့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - အန်တိုနီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

တောင်ကြီးမှာ ကား၊ ဆိုင်ကယ် ခိုးယူခံရမှုတွေ တိုးပွားလာ

ဖေဖော်ဝါရီ ၂၀

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ကားနဲ့ ဆိုင်ကယ်ခိုးယူခံရမှုတွေ ပိုမိုတိုးပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုသီတင်းပတ်အတွင်းကလည်း ပညာရေးဝန်ထမ်းအိမ်ယာက ကားတစ်စီးအပါအဝင် ကားနှစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၁၈ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ အမှတ်-၂ရဲစခန်းအနီး၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းဆုံးအနီးမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ Honda Fitအမျိုးအစား၊ ခဲရောင် ကားတစီးကို ကားမှန်ရိုက်ခွဲကာ သော့ဖျက်ပြီးတော့ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့ည ၈နာရီထိ ကားက ရှိနေပါသေးတယ်။ မိုးလင်းတော့ ကားက မရှိတော့ဘူး။ ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ။ မှန်ကွဲစတွေ ကျန်ခဲ့တယ်။ အစစအရာရာ ရှားပါးနေတဲ့ အချိန်မှာ ခိုးခံရတော့ နှမျောတာပေါ့။ ရှေ့ရက်က ဝါးပြားမှာ ခိုးခံရတဲ့ ကားတစ်စီးနဲ့ ဖြစ်ပုံက အတူတူပဲ”လို့ ကားခိုးယူခံရသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံ အနီးရှိ ပညာရေးဝန်ထမ်းအိမ်ယာမှာ ရပ်ထားတဲ့ အဖြူရောင် Hijet အမျိုးအစားကားကိုလည်း ကားမှန်ရိုက်ခွဲကာ ခိုးယူခံရမှုဖြစ်ပွားခဲ့ပေမယ့် ခိုးယူသူတွေကို ဒီကနေ့အချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

တောင်ကြီးမြို့မှာ ကားခိုးယူခံရမှုတွေ၊ မီးကြိုးခိုးယူခံရမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို ဆိုင်ကယ်ခိုးယူခံရမှုတွေလည်း နေ့တိုင်းဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ရက်၊ မနက်အစောပိုင်းကလည်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၃)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
30 w - Translate

➕ Aung Zaya အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် လုပ်ကိုင်ရန်

Marketing Executive (Female) - 2 Post
Reception (Female) - 1 Post

Marketing Executive
- ရုံးချိန်: 90 am to 50 pm
- Diploma in Marketing Management or Marketing
- လုပ်ငန်းအတွေ့ကြုံ: အနည်းဆုံး တစ်နှစ် ရှိရမည်။
- ဆယ်တန်းအောင် (သို့) ဘွဲ့ရ
- လစာ: 3 သိန်း - 4 သိန်းကြား
- တစ်ပတ်တစ်ရက် ပိတ်မည်။

Reception
- ရုံးချိန်: 7:30 am to 60 pm
- လုပ်ငန်းအတွေ့ကြုံ: အနည်းဆုံး တစ်နှစ် ရှိရမည်။
- ဝတ်စားဆင်ယင်မှု သေသပ်ပြီး ချမှတ်ထားသော စည်းမျဥ်း/စည်းကမ်းများကို အတိကျလိုက်နာပြီး အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။

လိပ်စာ: 487/မကွေးလမ်း/၉ရပ်ကွက်/မီးခွက်စျေးအနီး/ လှိုင်သာယာမြို့နယ်။
CV တင်ရန်
Viber - 09882715426 သို့ CV Form နှင့် လျှောက်ထားမည့်ရာထူး(သို့မဟုတ်) အလုပ်ခေါ်စာ Screenshot ဖြင့် လျှောက်ထားနိုင်ပါသည်။

image

အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ

ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က ပြောပါတယ်။

အင်းလေးဒေသထွက်ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေတာကြောင့် စက်သုံးဆီနဲ့ လုပ်သားငှားရမ်းခ မြင့်တက်မှုတွေ ဖြစ် ပေါ်နေချိန်မှာ စျေးနှုန်းက ကျဆင်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

“အောင်ပန်းအထိ သွားရောင်းရင်တော့ ၆၀၀ကနေ ၈၀၀လောက်အထိ ရတယ်။ ဒါပေမယ့် စက်လှေခ၊ အလုပ်သမားခ၊ ကားခတွေနဲ့ ပြန်တွက်လိုက်ရင် ဘာမှမထူးဘူး။ ရှုံးတာက ရှုံးတာပါပဲ။ ဈေးက အဲဒီဝန်းကျင်မှာပဲ ငြိမ်နေသေးတယ်။ ထပ်ကျဖို့တော့ မရှိလောက်ဘူး။ တခြားဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေက ကုန်ခါနီးပြီ။ သူတို့ဖက်က ကုန်ရင်တော့ ဈေးပြန်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုဖေဖော်ဝါရီလအတွင်း ခရမ်းချဉ်သီးအပြင် ဂျင်း၊ ပဲကြီး၊ ပဲစင်းငုံစတဲ့ ကုန်စည်တွေလည်း ဈေးဆက်တိုက်ကျဆင်းလာနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Aungban Trading

#သတင်းဟင်း​လေးအိုးကြီး

image