Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
The Offering (2022)
ဒီကားလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဟော်ရာကားလေးလို့ ပြောရမယ်။ သမ္မာကျမ်းစာထဲ ဘုရားသခင်က အီဘရာဟမ်ကို သူ့သားနဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ ဇာတ်လမ်းကို သိကြမယ်ထင်တယ်။ ဒီကားက အဲဒီဇာတ်လမ်းနဲ့ ချိတ်ထားတဲ့ Horror ကားပါပဲ။
အဲဒီလိုပူဇော်ခိုင်းရခြင်းရဲ့အကြောင်းရင်းကိုလည်း ထည့်ထားတယ်။ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေတဲ့၊ ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်။ ဘုရားသခင်က အီဘရာဟမ်ကို သူ့ကို ပူဇော်ခိုင်းခြင်းနဲ့ လူမှုရေးရာ လောကီကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မျှခြေယူခဲ့ပြီး အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်။
ဒီဘက်ခေတ်ရောက်တော့ အဲဒီနတ်ဆိုးမကို ဂမ္ဘီရဆရာတစ်ယောက်က သူ့မိန်းမကို အသက်ရှင်စေချင်ဇောနဲ့ မှားယွင်းပြီး ဆင့်ခေါ်ခဲ့မိတယ်။ ဒီလိုနဲ့ သမိုင်းမတင်ခင် ဘုရားသခင်ခေတ်ကတည်းက ရှိနေတဲ့ နတ်ဆိုးမကို လူသားတွေ ဘယ်လိုတားဆီးမလဲ မြင်ကြရမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2222390798/157
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1