2 w - Translate

Over the Moon (202
=================

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ
သိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲ
ဖြစ်ပါတယ်။
ဖေးဖေးတိုမိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေး
ဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေး
ကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကို
လက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို အကြောင်းဖန်လာခဲ့
ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့
အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို သူ့အဖေနောက်အိမ်ထောင်ကို
တားဆီးနိုင်ဖို လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကား
ကောင်းလေးတစ်ကား ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/449

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image