‘FINAL DESTINATION: BLOODLINES’ ရုပ်ရှင် New Poster ဖြစ်ပါတယ်။ May 16 ရုံတင်မှာပဲ ဖြစ်ပါတယ်။

image
28 w - Translate

ထောက်ကြန့်က အYite ခံရတဲ့ ကလေးနဲ့ အတူ မိခင်ဖြစ်သူကိုပါ ခေါ်ယူစောင့်ရှောက်ပေးထားမယ့် ခိုင်နှင်းဝေ
သရုပ်ဆောင် ခိုင်နှင်းဝေက အဆိုပါ ကလေးကိစ္စနဲ့ပတ်သက်ပြီး သွားရောက်စုံစမ်းမယ့်အကြောင်းကို အသိပေးထားပြီးသားပါ။ ဒီကနေ့မှာပဲ အဆိုပါ ကလေးနဲ့အတူ မိခင်ဆီသို့သွားရောက်ခဲ့ပြီး စုံစမ်းသိရှိရသမျှကို ပြောပြလာခဲ့ပါတယ်။ ကလေးနဲ့မိခင်ဟာ သားအမိအရင်းအချာတွေဖြစ်ကြပြီး ၁ နှစ်အရွယ်ကလေး ပျောက်သွားလို့ မိခင်ဖြစ်သူက Yite ခဲ့မိကြောင်း ဝန်ခံခဲ့ပြီး အမှန်တကယ်လည်း ခိုကိုးရာမဲ့ဖြစ်နေတာကြောင့် သူမက ကလေးကိုလည်း ကျောင်းထားပေးမည်ဖြစ်ကာ မိခင်ဖြစ်သူကို အခန်းငှားပြီးအလုပ်ရှာပေးမယ့် အစီအစဉ်ကို လက်ခံတာကြောင့် သူမရဲ့စောင့်ရှောက်မှုအောက်မှာ ခေါ်ထားမယ့်အကြောင်း အသိပေးလာခဲ့တာပါ။ နောက်နောင်လည်း ဒီလိုအမှားမျိုးမကျူးလွန်တော့မယ့်အကြောင်း ခံဝန်ကတိထိုးထားပြီးဖြစ်ကာ စောင့်ကြည့်သွားမယ်လို့ ခိုင်နှင်းဝေကပြောပါတယ်။

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

image
28 w - Translate

#tattooideas

imageimage
+4
28 w - Translate

#တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ့်ကျောင်းသားတွေကို လေ့ကျင့်ရေးစခန်းသွင်းပြီး သင်ကြားပေးမှာဖြစ်လို့ ကလေးတွေကိုပို့ပေးကြဖို့လို
ဧပြီ ၂၉ - ၂၀၂၅

စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်း၊နေပြည်တော်၊ကချင်ပြည်နယ်တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြရမယ့် ကျောင်းသားကျောင်းသူတွေကို လေ့ကျင့်သင်ကြားရေးစခန်းတွေဖွင့်ပြီး Camp သဘောမျိုးလုပ်ကာ Revision Class တွေနဲ့အနီးကပ်သင်ကြားပြသပေးမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ အုပ်ချုပ်မှုကိစ္စရပ် တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီးစာမေးပွဲဖြေချိန်မှာ စနစ်တကျဖြစ်စေရေးနဲ့ သမာသမတ်ရှိဖို့အတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မိဘတွေအနေနဲ့လည်း သားသမီးတွေကို လေ့ကျင့်ရေးစခန်းဆီကို စိတ်ချလက်ချနဲ့ ပို့ပေးကြဖို့ လိုတယ်လို့ ပြောပါတယ်။
" လေ့ကျင့် သင်ကြားရေးစခန်းတွေမှာ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေက ဘာသာရပ် တွေကို Short to the point သင်ကြားပို့ချ ပေးမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေကတော့ လေ့ကျင့်သင်ကြားလမ်းညွှန်ပေးမှာဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် လာရောက် မသင်ကြားနိုင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက်လည်း Online ကနေ လေ့လာသင်ယူဖို့ စီစဉ်ပေးထားပါတယ်။ ဥပမာအနေနဲ့ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရတဲ့ ကလေးတစ်ယောက်ကို Online ကနေ သင်ခန်းစာတွေကို လေ့လာ နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ မိဘများအနေနဲ့ ငွေကြေးအခက်အခဲကြောင့်ပြန်ပြီး စာမေးပွဲဖြေဆိုဖို့ မဖြစ်နိုင်ဘူး ဆိုတာမျိုး မရှိရလေအောင် စာစစ်ဌာနအလိုက် Camp လေ့ကျင့်သင်ကြားရေးစခန်းတွေ ပြုလုပ်ပေးပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Education Channel ကနေလည်း ပြန်လည်လေ့လာဖို့ သင်ခန်းစာတွေ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ အွန်လိုင်းက တဆင့်တက်ရောက်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။"လို့ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာက နိုင်ငံပိုင်မီဒီယာကနေတဆင့် ပြောဆိုထားတာဖြစ်ပါတယ်။
စာမေးပွဲပြန်လည်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေကို Text Book ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံကအစ သင်ကြားမှု အထောက်အကူပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ့်အပြင် သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ အထောက်အကူပြုသင်ခန်းစာ စာရွက်စာတမ်းတွေကိုပါလိုအပ်ပါက ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
ယခုလို တက္ကသိုလ်ဝင် စာမေးပွဲတွေ ပြန်လည်စစ်ဆေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တရားမျှတမှုဖြစ်စေဖို့၊ ဂုဏ်သိက္ခာရှိဖို့နဲ့ Academic Career ကို အထောက်အကူပြု ဖို့ဖြစ်တယ်လို့သိရပါတယ်။
အခုလို တကက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေရမယ့်အပေါ် ကျောင်းသားမိဘဖြစ်သူတယောက်က " ငလျင်ကတမျိုး ဒီစာမေးပွဲကတမျိုးဖြစ်နေတာပေါ့။စာပြန်ကျက်ဖို့လည်း ကလေးကစိတ်မပါတော့ဘူး ။အကုန်အအောင်ပေးလိုက်တာပဲအဆင်ပြေပါတယ်။ကလေးကလည်းမဖြေချင်တော့ဘူးဆိုပြီးပြောနေတာ တဖွဖွပဲ။ခုထိ အိမ်မှာပဲရှိတယ်။ဘာမှမတက်ရသေးဘူး။ "လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတဲ့ကျောင်းသားကျောင်းသူအပါအဝင် မိဘအားလုံးက စာမေးပွဲပြန်လည်ကျင်းပတဲ့အပေါ် ကန့်ကွက်နေကြပြီး အားလုံးကို စာမေးပွဲအအောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေကို ပုဂ္ဂလိက ကျောင်းအချို့နဲ့ ဘော်ဒါအချို့၊ပညာရေးဝန်ဆောင်မှုစင်တာတွေ ကလည်း စာသင်ကြားမှုအတွက် ငွေထပ်မံတောင်းခံမှုတွေရှိနေ တယ်လို့သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပျဥ်းမနားမြို့နယ်မှကျောင်းဆရာ တယောက်က " ကိုယ်ပိုင်ကျောင်းတွေ၊ကျူရှင်တွေ၊
နေ့အထူးနဲ့ ဘော်ဒါတွေအနေနဲ့ငလျင်ဘေးကြောင့် Grade (12)ပြန်ဖြေရမယ့်ကျောင်းသားဟောင်းတွေဆီက လခတွေ ယူနေတာတွေ့ရတယ်၊ မဖြစ်သင့်ပါဘူး။အခမဲ့ သင်ပေးသင့်တယ်၊ဘော်ဒါ‌ ဆောင်တွေ ထမင်းကျွေးသင့်တယ်။ တည်ထောင်သူတွေ
အရမ်းကိုအမြတ်ထွက်ပြီးသားပါဗျာ။ကိုယ့်တပည့်တွေကိုဒီကာလလေး အခမဲ့ ပညာကုသိုလ်ပြုရင်း
ငလျင်ဘေးမှာတနေရာက ဝင်ထမ်းလိုက်ကြစမ်းပါဗျာ။" ဆိုပြီးပြောဆိုထားပါတယ်။
ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ၁၆-၆-၂၀၂၅ ရက်မှ ၂၁-၆-၂၀၂၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားကျောင်းသူ ၆၃၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၂၀၀ နီးပါးရှိမှာ ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကအသိပေးထားပါတယ်။
စစ်ကိုင်း၊ကချင်၊မန္တလေးနဲ့နေပြည်တော်ကောင်စီနယ်မြေမှာ ဖြေဆိုထားကြတဲ့ ကျောင်းသားကျောင်းသူ တွေရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မီးလောင်ကျွမ်းပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ငလျင်လှုပ်ခတ်ချိန်မှာ ဆရာ ဆရာမ ၂၆၇ ယောက်က စာစစ်လုပ်ငန်းလုပ်ဆောင်နေချိန်ဖြစ်ကြောင်း ငလျင်နောက်ဆက်တွဲမီးလောင်ကျွမ်းမှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးတခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး စာဖြေလွှာတွေပါ မီးလောင်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

image