ယူကရိန်းစစ်ပွဲ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတပူတင် ကြေညာ
ဝါရှင်တန်၊ ဧပြီ-၂၉-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ သုံးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတပူတင်က ကြေညာလိုက်ပြီး မေ ၈ ရက်က စတင်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာတွေကို အခြေခံပြီး အပစ်ရပ်ကြေညာတာဖြစ်ပြီး ယူကရိန်းကလည်း အလားတူလုပ်ဆောင်သင့်တယ်လို့ ရုရှားအနေနဲ့ ယုံကြည်ပြီး အပစ်ရပ်ချိုးဖောက်မယ်ဆိုရင် ရုရှားတပ်တွေက ထိရောက်စွာ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ယူကရိန်းအကျပ်အတည်းနဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အပြုသဘောဆောင်ဆက်ဆံမှုတွေအတွက် ကြိုတင်သတ်မှတ်ချက်မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ရုရှားက လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေးဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ အထိမ်းအမှတ် အောင်ပွဲအခမ်းအနားနဲ့လည်း တိုက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒါလီဆီဘီဟာကတော့ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလိုက်ပါတယ်။
နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်က အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို မြင်လိုတယ်လို့ ပြောပါတယ်။ ရုရှားဟာ အီစတာကာလကလည်း နာရီ ၃၀ ကြာ အပစ်ရပ်ကြေညာခဲ့ပြီး တိုက်ပွဲတွေ လျော့ပါးသွားပေမယ့် အပစ်ရပ်ချိုးဖောက်မှုတွေရှိတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် အကြိမ်ပေါင်း ၂၀ ကျော် ကြိုးပမ်းခဲ့ဖူးပေမယ့် တချို့ကတော့ မိနစ်ပိုင်းအတွင်းမှာပင် ပျက်ပြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်တရပ် ရတော့မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC

image

#နိုင်ငံတကာသတင်း
◼ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ထရီလီယံအထိစံချိန်တင်မြင့်တက်ခဲ့
ကမ္ဘာ့စစ်အသုံးစရိတ်သည် ၂၀၂၄ ခုနှစ်အတွင်းကန်ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံ အထိ ရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နှင့် ယင်းမှာ စစ်အေးခေတ်နောက်ပိုင်း နှစ်အလိုက် စစ်အသုံးစရိတ် အများဆုံး မြင့်တက်မှုဖြစ်ကြောင်း ပဋိပက္ခ‌ရေးရာ ထိပ်တန်းစောင့်ကြည့်အဖွဲ့ တစ်ဖွဲ့ ၏ အစီရင်ခံစာက ဖော်ပြသည်။
ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ခြင်းက စစ်ရေးအတွက်သုံးစွဲမှုများကို မြင့်တက်လာစေခဲ့ပြီး အထူးသဖြင့် ‌ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျူဒ်(SIPRI)၏ အချက်အလက်များက ပြသနေသည်။
“ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်က စစ်အသုံးစရိတ်တွေကို မြှင့်တင်ခဲ့ကြပါတယ်။” ဟု SIPRI ၏ အစီရင်ခံစာက ဖော်ပြသည်။
မကြာခဏဆိုသလို အခြား ဘတ်ဂျက်နယ်ပယ်များကို ချနင်း၍ အစိုးရများက စစ်ဘက်လုံခြုံရေးကို ဦးစားပေးခြင်းကြောင့် စီးပွားရေး နှင့် လူမှုရေးအလဲအထပ်များသည် နောင်နှစ်ပေါင်းများစွာတိုင် လူ့အဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု SIPRI က ဆိုသည်။
ယူကရိန်းစစ်ပွဲ နှင့် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အပေါ် အမေရိကန်၏ စိတ်ပိုင်းဖြတ်မှုကို သံသယများရှိလာခဲ့ခြင်းနှင့်အတူ ‌ဥရောပတွင် စစ်အသုံးစရိတ်များ ၁၇ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ယင်းမှာ စစ်အေးခေတ် အဆုံးသတ်ပြီးနောက်ပိုင်း အမြင့်ဆုံး ဥရောပစစ်အသုံးစရိတ် မြင့်တက်မှု ဖြစ်သည်။
ရုရှား၏ ၂၀၂၄ ခုနှစ် စစ်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၄၉ ဘီလီယံ အထိ ရောက်ရှိ ခဲ့သည်ဟု ခန့်မှန်းကြပြီး ၂၀၂၃ ခုနှစ်ကထက် ၃၈ ရာခိုင်နှုန်းပိုများလာခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်ထက် နှစ်ဆ ဖြစ်လာခဲ့သည်။
ယင်းမှာ ရုရှားနိုင်ငံစုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၇ ဒသမ ၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး အစိုးရအသုံးစရိတ်အားလုံး၏ ငါးပုံတစ်ပုံ ခန့်လည်းဖြစ်သည်။
ယူကရိန်း စုစုပေါင်း စစ်အသုံးစရိတ်သည်လည်း ၂ ဒသမ ၉ ရာခိုင်နှုန်း ပိုများလာခဲ့ကာ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇ ဘီလီယံ အထိ ‌ရောက်ရှိခဲ့သည် ။
ယင်းမှာ ယူကရိန်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ၃၄ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဖြစ်ရာ ယူကရိန်းသည် ၂၀၂၄ ခုနှစ်အတွင်း စစ်စရိတ် အထောင်းဆုံး နိုင်ငံလည်း ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ စစ်အသုံးစရိတ်သည်လည်း ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၉၉၇ ထရီလီယံ အထိ ရောက်ရှိခဲ့ရာ ယင်းပမာဏသည် စုစုပေါင်းနေတိုးအဖွဲ့ သုံးစွဲမှု၏ ၆၆ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ကမ္ဘာ့စစ်အသုံးစရိတ်၏ ၃၇ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုသည်။

image

မယုံဘဲ မနေသင့်
🙏🙏🙏🙏
ဘုရားသည် ....
အရာရာ သတိဖြင့်သာသုံး
စိတ်ကို စုရုံးလာခဲ့ပြီး ဖြစ်ခြင်းကြောင့်
ဘာမဆို အကုန်သိမြင်
သဗ္ဗညုတ ဥာဏ်ရှင်ဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
အကျိုးမရှိဆို တား
အကျိုးရှိရာဆို ညွှန်ကြားဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
တရားသည်လည်း ...
တစ်ချက်မှတ်လျှင် တစ်ချက်ပင်
ကိလေသာငြိမ်းဖြင့်ပင်
လူအများအား သံသရာခရီးခဲထဲမှ
ကယ်ထုတ်ပေးနေသည်ကို
သင်မယုံဘဲ မနေသင့်။
လူအများအား အပူသက်သာဆေး
တိုက်ကျွေးနေပါသည်ကို
သင်မယုံဘဲ မနေသင့်။
သံဃာသည်လည်း ...
ဆွမ်းတစ်ဇွန်း ဒါန ကပင်
လူဘဝ၊ နတ်ဘဝ အထိ တိုးပွားသည်ကို
သင်မယုံဘဲ မနေသင့်။
မကောင်းတွေ့ တား ကောင်းဟေ့ဆို
ညွှန်ကြားပေးနေပါသည်ကိုလည်း
သင်မယုံဘဲ မနေသင့်။။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

image

မင်္ဂလာရှိသောနေ့သစ်နံနက်ခင်းလေးပါ

image

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image
28 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နိုင်ငံကူးလက်မှတ်အွန်လိုင်းစနစ်လျှောက်ထားမှု မေ ၁ ရက် ပြန်ဖွင့်မည်
နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းစနစ် Online Appointment System ဖြင့် ကြိုတင်လျှောက်ထားရန် QRCode ရယူခြင်းအား ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာမှ မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့သည့်အတွက် Online Appointment System ဖြင့် နိုင်ငံကူး လက်မှတ် လျှောက်ထားမှုရပ်နားထားခြင်း တစ်လနီးပါးကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online AppointmentDate ရရှိထားသူများ ဆောလျင်စွာဆောင်ရွက်နိုင်ရေး Appointment Date များ ပြင်ဆင်ထားသည့်အတွက်ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲပြင်ဆင်ထားသည့်ရက်များတွင် သက်ဆိုင်ရာ ရုံးများအလိုက် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် QR code ရက်ချိန်း ယူခွင့်မရရှိသော်လည်း ကျန်းမာရေး၊ ပညာရေးစသည့် အရေးပေါ်ကိစ္စရှိသူများအတွက် Green Channel အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံကူးလက်မှတ်ရုံးများတွင် ကြိုတင်ရက်ချိန်းကို ဇွန်လအထိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

image

image
28 w - Translate

View from the top

image
28 w - Translate

အပ်စတိန်းအမှု​ဖော်ထုတ်သူသူ့ကိုယ်သူသတ်​​သေ

လူကုန်ကူးမှုနှင့်အသက်မပြည့်​သေးသူများကိုအဓ္ဓမပြုကျင့်သည့်သူ​ဌေးကြီးဂျက်ဖ​ရေအပ်စတိန်း(​ထောင်အတွင်းသူ့ကိုယ်သူသတ်​သေသွားသူ)၏အမှုကိုစတင်​ဖော်ထုတ်သူဗာဂျီးနီးယားဂျီယူဖရီသည်အသက်၄၁နှစ်အရွယ်ဧပြီလ၂၅ရက်တွင်သြစ​တေလျရှိသူ့မ၏​နေအိမ်၌သူ့ကိုယ်သူသတ်​သေသွားသည်။သူမသည်အသက်မပြည့်မီတွင်အပ်စတိန်းထံ၌အလုပ်​လျောက်ရာမှလိင််မယ်အဖြစ်ကမ္ဘာပတ်​ဖျော်​ဖြေရသူဖြစ်ခဲ့ပြီးအသက်၁၇နှစ်တွင်ဗြိတိန်မင်းသားအင်ဒရူးကိုလိင်ကိစ္စ​ဖျော်​ဖြေခဲ့ရသည့်အတွက်၂၀၁၁ခုနှစ်တွင်တရားစွဲခဲ့ဘူးသူဖြစ်သည်။

NOM

image
28 w - Translate

"ဥ​ရောပတွင်လျပ်စစ်မီးများပြတ်​တောက်"

​ပေါ်တူကီနှင့်စပိန်တွင်လျပ်စစ်မီး၈နာရီကြာပြတ်​တောက်သဖြင့်စပိန်ဝန်ကြီးချုပ်ကနိုင်ငံကိုအ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာပြီးမလိုအပ်ပဲခရီးမသွားရန်၊ဖုန်းများကိုခြွေတာသုံးစွဲရန်တိုက်တွန်းလိုက်သည်။​မော်ရိုကိုတွင်လည်းအင်တာနက်များပြတ်​တောက်လျက်ရှိသည်။

NOM

image