"အခက်အခဲ တွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့
ဘာမှ မရှိတဲ့ ဘဝထဲကို
ဘာမှ မကြည့်ပဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။
#စာရယ်ကဗျာရယ်
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"အခက်အခဲ တွေကြားက
တူတူတွဲပြီး တိုးထွက်မှာပေါ့"တဲ့
ဘာမှ မရှိတဲ့ ဘဝထဲကို
ဘာမှ မကြည့်ပဲ ဝင်ရဲတယ်ဆိုတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတဲ့ အနှစ်သာရပါပဲ။
#စာရယ်ကဗျာရယ်
Guillermo del Toro’s Pinocchio (2022)
သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။
ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။
မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး
အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။
ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမိုလည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။
ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို
လူကြီးပရိသတ်တွေကတော့ ပိုခံစားလိုကောင်းပါလိမ့်မယ်။
Pan’s Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို
ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။
ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။
မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။
၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။
ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ တွေးစရာတွေထည့်သွင်းနေကျမို ကြည့်ရတာ စိတ်ဝင်စားဖိုကောင်းမှာပါ။
ဥပမာ ကောင့် ဗိုပီဆိုတဲ့ ဗီလိန်ဆိုရင် (ဗိုပီဆိုတာက အီတလီလို မြေခွေး) နှာခေါင်းအရှည်ကြီးဖြစ်နေတာကြောင့်
“လိမ်ပြောလေလေနှာခေါင်းရှည်လေလေ” ဆိုတဲ့ ပုံပြင်ကို လူသားမှာပါ သရုပ်ဖော်ထားသလိုဖြစ်နေတာမျိုးပေါ့။
ပီနိုခီရိုပုံပြင်ကို ခဏခဏကြည့်ဖူးဖတ်ဖူးပေမဲ့ ဒီတစ်ခါတော့ တစ်မျိုးခံစားကြည့်လိုက်ကြပါဦး။
ဇာတ်ကားလင့်
https://t.me/c/2186686827/336
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Extinct(2021) အညွှန်း
*******
၁၈၃၅ ခုနှစ် အမည်မသိကျွန်းတကျွန်းပေါ်မှာ အဒ်နဲ့အော့ပ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိကြတယ်..
သူတိုက ဘာကောင်လေးတွေလဲဆိုတော့ ဖလန်မယ်လိုအမည်ရတဲ့
ဒိုးနပ်ပုံစံ ဗိုက်မှာအပေါက်လေးတွေနဲ့ ချစ်စရာ ရှဉ့်လိုကောင်လေးတွေပါ…
ညီမဖြစ်သူအော့ပ်က တခြားမျိုးနွယ်တူတွေနဲ့အမြင်ကိုဂရုမစိုက်တတ်ပဲ
အဆော့သန်ပြီး ပေါက်တတ်ကရတွေ အမြဲလုပ်တတ်တယ်….
အစ်ကိုဖြစ်သူအဒ်ကတော့ အေးဆေးသမား အော့ပ်တလွဲလုပ်သမျှ ခံရပြီး မျိုးနွယ်တူ
ဖလန်မယ်အသိုင်းအဝိုင်းမှာ ဝင်ဆန့်ချင်ရှာတဲ့သူပေါ့….
တနေ့တော့ သူတိုနှစ်ကောင် အကြီးကြီးလွဲပြီး ၂၁ ရာစုက ရှန်ဟိုင်းမြိုကို time travel ရောက်သွားပါတော့တယ် ..
အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….
ဇာတ်ကားလင့်
https://t.me/c/2186686827/337
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Bigfoot Family 2020
ဒီတစ်ခေါက်တော့ ပရိတ်သတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Bigfoot Family (202ပါ။
2017 တုန်းက ထွက်ရှိခဲ့တဲ့ The Son of Bigfoot ဆိုတဲ့ Animation လေးရဲ့နောက်ဆက်တွဲအနေနဲ့ထွက်လာခဲ့တာပါ။
အသစ်စက်စက်ထွက်ရှိလာတဲ့ ဒီကားလေးရဲ့အကျဥ်းချုပ်ကိုလည်း အနည်းငယ်ပြောပြပါဦးမယ်။
ဒေါက်တာဟယ်ရီဆန်ဆိုတာက သုတေသန မတော်တဆမှုတစ်ခုကြောင့် ခြေထောက်ကြီးလူ၀ံဘ၀ကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။ကြီးလာတဲ့ခြေထောက်နဲ့အတူတူ တခြားအစွမ်းတွေလည်းရရှိထားပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်ကတော့ ဖခင်ဆီက မျိုးဗီဇကိုဆက်ခံပြီး အပြေးမြန်ပြီးစွမ်းအားတွေရှိသူတစ်ဦးပေါ့။
တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တစ်ယောက် လူ့အသိုင်းအ၀ိုင်းအလယ်ရောက်လာချိန်မှာ ဘစ်ဖုဒ်ဆိုရဲ့နာမည်ကျော် လူ၀ံတစ်ယောက်ဖြစ်လာပါတော့တယ်။
နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။
သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှု အန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။
စိတ်လှုပ်ရှားပျော်ရွှင်ပြီး မိသားစုနဲ့အတူတူကြည့်လိုရမယ့် ဒီကားလေးရဲ့ နာမည်ကတော့ Bigfoot Family(202ပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/338
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
နီပေါနိုင်ငံ၊ ဟိမဝန္တာတောင်တန်းရဲ့ အလယ် ထဲမှာရှိတဲ့ ယာလာ ရေခဲတောင်ကြီးအတွက် သရုပ်ပြ ဈာပန အခမ်းအနားတစ်ခုကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားဟာ ရေခဲတောင်ကြီး တကယ် ကွယ်ပျောက်သွားလို့ ပြုလုပ်ရတာ မဟုတ်ပေမဲ့၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုကြောင့် ရေခဲတောင်တွေ ဘယ်လောက် အလျင်အမြန် ပျောက်ကွယ်နေပြီလဲဆိုတာကို လူသားတွေ သတိပြုမိစေဖို့ နိုးဆော်တဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ်။
ယာလာ ရေခဲတောင်ဟာ နီပေါနိုင်ငံ ဟိမဝန္တာဒေသမှာ တည်ရှိပြီး ရာသီဥတုလေ့လာရေး သိပ္ပံပညာရှင်တွေ အများဆုံး သုတေသနပြု လေ့လာခဲ့ကြတဲ့ ရေခဲတောင်တွေထဲက တစ်ခုပါ။
ဒါပေမဲ့ အခုတော့ ဒီနေရာဟာ ကမ္ဘာကြီး ပူနွေးလာမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
ရေခဲတွေ အရည်ပျော်တဲ့နှုန်းဟာ အရင်ကထက် အင်မတန် မြန်ဆန်လာနေပါတယ်။
ဟိမဝန္တာတောင်တန်းပေါ်က ရေခဲတောင်တွေ ပျော်ဝင်နေတာဟာ တစ်ခုတည်းသော ပြဿနာ မဟုတ်ပါဘူး။ ကမ္ဘာရဲ့ အခြားတစ်ဖက်မှာရှိတဲ့ အာတိတ်ဒေသ (Arctic) က ပင်လယ်ရေခဲပြင်တွေဟာလည်း သိသိသာသာ လျော့နည်းကျဆင်းလာနေပါတယ်။ ကမ္ဘာကြီး ပိုမို ပူနွေးလာနေတယ်ဆိုတဲ့ အထင်ရှားဆုံး သက်သေတွေထဲမှာ ဒါတွေဟာ ပါဝင်ပါတယ်။
ဟိမဝန္တာနဲ့ ဟင်ဒူကွတ်ရှ် တောင်တန်းတွေပေါ်က ရေခဲတောင်တန်းတွေဟာ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်မှာ နေထိုင်ကြတဲ့ လူဦးရေ သန်း ၂ ထောင်ကျော်အတွက် အဓိက သောက်သုံးရေနဲ့ စိုက်ပျိုးရေးသုံးရေချို အရင်းအမြစ် ဖြစ်နေလို့ပါပဲ။မြစ်ကြီးများစွာရဲ့ အစပြုရာနေရာတွေ ဖြစ်ပါတယ်။
အခု ရေခဲတောင်တွေသာ လုံးဝပျောက်ကွယ်သွားရင် ဒီနေရာက လူဦးရေအများအပြားဟာ ရေရှားပါးမှု အကြီးအကျယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၁၉၇၀ ပြည့်နှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ဟိမဝန္တာဒေသတစ်ခုတည်းမှာတင် ကမ္ဘာ့ ရေခဲထုထည်ရဲ့ ထက်ဝက်လောက်ဟာ ဆုံးရှုံးသွားခဲ့ပြီး ဖြစ်ပါတယ်။
အကယ်၍ လက်ရှိ ရေခဲပျော်တဲ့နှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂၀၄၀ ပြည့်နှစ် လောက်မှာ ယာလာ ရေခဲတောင်ကြီးဆိုတာ ရှိတော့မှာ မဟုတ်ဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ရေခဲတွေ ဆုံးရှုံးတာ၊ ကမ္ဘာကြီး ပူနွေးလာတာတွေကြောင့် ရေချိုသယံဇာတရှားပါးမှု တွေ ဖြစ်ပေါ်လာပြီး ဒါတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အင်မတန် ကြီးမားပါတယ်။
သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ရေမလုံလောက်တာကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု ထိခိုက်လာနိုင်ပါတယ်။ လူမှုနေထိုင်မှုဘဝတွေ ခက်ခဲလာပြီး ဒေသတွင်း ပဋိပက္ခတွေ၊ လူဦးရေ ပြောင်းရွှေ့နေထိုင်ရမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာတာကြောင့် မုန်တိုင်းတွေ၊ အပူလှိုင်းတွေ၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ပိုမို မကြာခဏ ဖြစ်ပေါ်လာပြီး ပိုမိုပြင်းထန်လာပါတယ်။ ဒါတွေဟာ အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးရေးတွေနဲ့ လူ့အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။
ရေခဲတောင်တွေ ပျော်ဝင်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာတွေကြောင့် ကမ်းရိုးတန်းဒေသတွေ၊ သန္တာကျောက်တန်းတွေနဲ့ တခြားဂေဟစနစ်တွေ ပျက်စီးဆုံးရှုံးပြီး ဇီဝမျိုးစုံမျိုးကွဲတွေ လျော့နည်းလာနိုင်ပါတယ်။
ဒီလိုတွေ မဖြစ်ရအောင် ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်နိုင်လဲ။
ဒီလိုကြီးမားတဲ့ ပြဿနာကြီးကို တစ်ယောက်တည်း ပြောင်းလဲဖို့ မလွယ်ဘူးလို့ ထင်ရပေမဲ့၊ ကျွန်တော်တို့ တစ်ဦးချင်းစီနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ လုပ်ဆောင်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။
မီးဖိုချောင်သုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကို မလိုအပ်ဘဲ ဖွင့်မထားတာ၊ နေအိမ်တွေမှာ စွမ်းအင်သက်သာတဲ့ မီးသီးတွေ၊ ပစ္စည်းတွေ သုံးတာဟာ ကမ္ဘာကြီး ပူနွေးစေတဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရာမှာ ကူညီပါတယ်။
မလိုအပ်ဘဲ ရေဖြုန်းတီးတာမျိုး မလုပ်ဘဲ ရေကို တန်ဖိုးထား သုံးစွဲသင့်ပါတယ်။
အမှိုက်လျှော့ချခြင်းနဲ့ ပြန်လည်အသုံးပြုခြင်း တွေက ပလတ်စတစ် ပစ္စည်းတွေ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ပါတယ်။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာ၊ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အမှိုက်အဖြစ် မပစ်ဘဲ ပြန်လည်အသုံးပြုတာဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးပါတယ်။
ဒီလို ရာသီဥတု ပြောင်းလဲမှု ရာသီဥတု ဆိုးရွားမှုများဟာ ကမ္ဘာတစ်ဝှမ်းမှာ မဝေးတော့တဲ့အနာဂတ်မှာ မလွဲမသေကြုံရတော့မယ့် အခြေအနေတွေဖြစ်ပါတယ်။
အာတိတ်ဒေသ ၊ ဟိမဝန္တာ ဒေသတွေမှာ ကျင်လည်နေတဲ့ သတ္တဝါများအတွက်ပဲ အရေးကြီးတာမဟုတ်ပဲ ဒီလိုဖြစ်ရပ်များကို လေ့လာနေခြင်းဟာ ကြုံလာကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ပြင်ဆင်နိုင် ဖို့ အတွက် အခွင့်အလမ်းတွေကို စောလျင်စွာရရှိထားတာပဲဖြစ်ပါတယ်။ငလျင်ဖြစ်ပေါ်တာတွေကို ကြိုတင်မခန့်မှန်းနိုင်ပေမယ့် အခုလို ဖြစ်ပေါ်မယ့် ရာသီဥတုဖောက်ပြန်မှုတွေကို ကြိုတင် သိရှိနေနိုင်ပါတယ်။ကြိုတင်သိရှိနေတာကြောင့် ဒါတွေကို ကာကွယ်ဖို့ action တွေပြင်ဆင်နိုင်တာဖြစ်ပါတယ်။ အချိန်ကတော့ သိပ်မရှိတော့ပါဘူး။
ကိုယ်သိထားတဲ့ ရာသီဥတုပြောင်းလဲမှုအကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကို မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ပြန်ပြောပြပြီး ပညာပေးတာဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေမှာ ကိုယ်တတ်နိုင်သလောက် ပူးပေါင်းပါဝင်တာဖြစ်ပါတယ်။
ယာလာ ရေခဲတောင်ရဲ့ သင်္ကေတဆောင် ဈာပနဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ဖို့၊ ရာသီဥတုပြောင်းလဲမှုကို အခုထက်ပိုပြီး အလေးထားကိုင်တွယ်ဖို့၊ ကျွန်တော်တို့ရဲ့ အနာဂတ်ရေအရင်းအမြစ်တွေ ဘယ်လောက် အန္တရာယ်ရှိနေပြီလဲဆိုတာကို မြင်သာထင်သာရှိအောင် ပြသနေခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့တခြားတစ်ဖက်က ရေခဲတွေ ပျော်နေတာဟာ ကျွန်တော်တို့နဲ့ မဆိုင်ဘူးလို့ ထင်ရပေမဲ့ ရေရှားပါးမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ တစ်ကမ္ဘာလုံးကို သက်ရောက်စေမှာဖြစ်ပြီး မည်သူမျှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ဒီလို နှိုးဆော်သံတွေကို ကျွန်တော်တို့အားလုံး ဂရုပြုပြီး ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် ပူးပေါင်းပါဝင်လုပ်ဆောင်သင့်တဲ့ အချိန်တန်နေပြီဆိုတဲ့ သတင်းစကားကို ယာလာ ရေခဲတောင်ရဲ့ ဈာပနက သတိပေးနေတာပဲဖြစ်ပါတယ်။