Spider Man ဖြစ်ချင်လွန်းလို့ Marvel ကိုပါ ဝယ်ဖို့ ကြိုးစားခဲ့တဲ့ မိုက်ကယ် ဂျက်ဆန်
မိုက်ကယ် ဂျက်ဆန်ကတော့ Marvel ကိုပါ ဝယ်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် Stan Lee ကတော့ သူ Marvel ကို ဝယ်လိုက်လည်း Spider-Man ဖြစ်ချင်တဲ့ အိပ်မက်ကြီးက ဘယ်တော့မှ မဖြစ်လာနိုင်ဘူးလို့ပြောခဲ့ပါတယ်။
မိုက်ကယ် ဂျက်ဆန်က Spider-Man ကို ရိုးရိုးကုန်ပစ္စည်းလို လိုင်စင်ယူချင်ခဲ့တာ မဟုတ်ပါဘူး။ သူက Marvel Studio တစ်ခုလုံးကို ပိုင်ဆိုင်ချင်ခဲ့တာပါ။
မိုက်ကယ်က Spiderman လုပ်ဖို့ Moonwalk လုပ်နေရင်းနဲ့ အကြံရခဲ့တယ်လို့ Marvel က လူတွေကို အစည်းအဝေးလုပ်ပြီး ပြောပြခဲ့ဖူးပါတယ်။
ဒါတင်မဟုတ်သေးပါဘူး။ သူက Peter Parker အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ဖို့အတွက် ၁၉၉၀ ခုနှစ်တွေမှာ Marvel Comics ကို ဝယ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ King of Pop က Queens ရဲ့ ဘုရင်ဖြစ်လာဖို့ ကြိုးစားခဲ့ဖူးတယ်ပေါ့။ ဒါပေမယ့် Stan Lee အလိမ္မာသုံးပြီး ဒီအကြံကို နားထောင်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ မိုက်ကယ်ဟာ “ စီးပွားရေးလုပ်တဲ့နေရာမှာ အရမ်းညံ့တဲ့”လူတစ်ယောက်လို့ ပြောပြခဲ့ပါတယ်။
မိုက်ကယ်ရဲ့ Spider-Man အကြံဟာ စကားတင်မဟုတ်ပါဘူး။ တကယ်လုပ်ဖို့ နီးစပ်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်တွေမှာ Marvel ကို ဝယ်ဖို့ မိုက်ကယ် ဂျက်ဆန်ရဲ့ ကြိုးစားမှုဟာ သာမန်ကိစ္စမဟုတ်ခဲ့ပါဘူး။ မိုက်ကယ် ဂျက်ဆန်ရဲ့ တူဖြစ်တဲ့ တာဂျ် ဂျက်ဆန်ရဲ့ ပြောပြချက်အရ King of Pop ဟာ Marvel ရဲံ ရိုးရိုး ပရိသတ်တစ်ယောက်မဟုတ်ဘဲ Marvel ကိုပါ တကယ်ဝယ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။
Popcorned Planet နဲ့ အင်တာဗျူးမှာ တာဂျ်က သူ့ဦးလေးဟာ Marvel ကို ဝယ်ဖို့ စတန် လီနဲ့ အပြင်းအထန် ဆွေးနွေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမဆုံး Spider-Man ရုပ်ရှင်မှာ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နိုင်ဖို့ပဲလို့ပြောလာပါတယ်။
ဒါပေမယ့် ၁၉၉၀ ခုနှစ်တွေက Marvel ဟာ အခုလို ဘီလီယံနဲ့ချီတန်တဲ့ အင်ပါယာမဟုတ်သေးဘူးဆိုတော့ မိုက်ကယ့် အနေနဲ့ Spider Man ဖြစ်ဖို့ အရမ်းနီးစပ်ခဲ့တယ်လို့ သူ့တူဖြစ်တဲ့ တာဂျ် ဂျက်ဆန်က ဖွင့်ဟခဲ့ပါတယ်။
“သူက Stan Lee နဲ့အတူ Marvel ကို ဝယ်ဖို့ သူတို့ ဒါကို ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒါကို လုပ်ခွင့်မရခဲ့ဘူး။” လို့ပြောပါတယ်။
“Spider-Man တင်မဟုတ်ဘူး။ သူက Marvel ရဲ့ Character အားလုံးကို သိပါတယ်။ ဒါကြောင့် Spider-Man တစ်ခုတည်းကို ဝယ်ချင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် သူအဖြစ်ချင်ဆုံးကတော့ Spider-Man ဖြစ်ချင်ခဲ့တာပါလို့ပြောပါတယ်။
မိုက်ကယ်က Spider-Man ရုပ်ရှင်ကို ထုတ်လုပ်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့တယ်လို့ Stan Lee က ပြုံးပြီး ပြောပြပါတယ်။ သူက Spider-Man ဖြစ်ဖို့ အခွင့်ရေးမရှိမှန်းသိရော မိုက်ကယ်မှာ နောက်ထပ် အကြံရသွားပြီး “ဒါဆို Marvel တစ်ခုလုံးကို ငါဝယ်လိုက်မယ်” လို့” Stan Lee က ပြန်ပြောပြပါတယ်။
AP နဲ့ စကားပြောရင်း Stan Lee က မိုက်ကယ်နဲ့ ထူးဆန်းတဲ့ အမှတ်တရတစ်ခုကို ပြန်ပြောပြလာပါတယ်။ သူတို့ စစတွေ့ခဲ့တုန်းက နှစ်အနည်းငယ်အကြာမှာ မိုက်ကယ်က စတန်ကို ဟိုတယ်တစ်ခုမှာ တွေ့ဖို့ ဖိတ်ခဲ့တာကနေစခဲ့တာပါ။ Stan Lee ကတော့ မိုက်ကယ်က သူနဲ့ အတူစီးပွားရေး အကြောင်း ဆွေးနွေးမယ် ထင်ထားပြီး သွားခဲ့ပေမယ့် သူ မြင်လိုက်ရတာက ထိတ်လန့်စရာပါပဲ။ သူတို့ နှစ်ယောက်ရဲ့ အခန်းက အရမ်းကြီးတယ်၊ ထူးဆန်းလောက်အောင်ကို ကျယ်တာပါ။ ပရိဘောဂဆိုလို့ ဘာမှမရှိဘူး၊ နံရံတစ်ခုမှာ ကြည့်မှန်တစ်ချပ်ပဲ ရှိတာပါ။
အခန်းအလယ်မှာ မိုက်ကယ်တစ်ယောက်တည်း ကနေတယ် ဘေးမှာ ဘယ်သူမှ မရှိဘူး။ Stan Lee က ဒါကို ကြည့်ပြီး အရမ်း ဝမ်းနည်းခဲ့ရကြောင်းပြောပြခဲ့ပါတယ်။
“ငါသူ့ကို နောက်ဆုံးမြင်ခဲ့ရတာက အဲဒီအခန်းကျယ်ကြီးထဲမှာ တစ်ယောက်တည်း ရပ်နေတဲ့ သူ့ပုံစံပဲ။ ဘာကြောင့်လဲ မသိပေမယ့် အရမ်းဝမ်းနည်းစရာ ခံစားရတယ်။”
အိပ်မက်တွေနဲ့ လက်တွေ့ဘဝဟာ ဘယ်လို မှ မတိုက်ဆိုင်လွန်းတဲ့ ကမ္ဘာမှာ မိုက်ကယ် ဂျက်ဆန်ရဲ့ Marvel ဝယ်ဖို့ ကြိုးစားမှုဟာ Pop ယဉ်ကျေးမှုသမိုင်းမှာ အထူးဆန်းဆုံးနဲ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုပါပဲ။
ဒါပေမယ့် တစ်ခုတော့ သေချာတယ်။ သူက လူအများစုထက် ပိုမြင့်တဲ့ အိပ်မက်ကို မက်ခဲ့တာပေါ့ဗျာ။

image

ဒါကြောင့်လဲနင်းကန်စွတ်ပြေးနေတာပေါ့ ။

image

Final Destination ထဲမှာ အသက် ၇၁ နှစ်အရွယ် အဖွားကြီးတစ်ဦးကို တကယ် မီးရှို့ခဲ့ကြပါတယ်။
၇၁ နှစ်အရွယ် စတန့်သရုပ်ဆောင် Yvette Ferguson ဆိုသူက ဒီရုပ်ရှင်အတွက် အနားယူထားရာကနေ ပြန်လာခဲ့ပြီး တစ်ကိုယ်လုံး မီးလောင်တဲ့ အခန်းကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါတယ်။
“ဒီရုပ်ရှင်ထဲမှာ လူတော်တော်များများကို မီးလောင်ခဲ့ရတယ်။ အဲဒီထဲမှာ Yvette Ferguson က အသက်အကြီးဆုံးဖြစ်ပြီး သူက အခုဆိုရင် ကမ္ဘာ့စံချိန်ကို ချိိုးတော့မယ်လို့သိရပါတယ်။ သူက ငွေရောင်ဝတ်စုံနဲ့ တစ်ကိုယ်လုံး မီးလောင်တဲ့ အခန်းကို လုပ်ခဲ့တယ်” လို့ ဒါရိုက်တာ Zach Lipovsky က EW ကို ပြောပြလာပါတယ်၊ “ဒါက Camera ရှေ့မှာ မီးလောင်ခံခဲ့ရတဲ့ အသက်အကြီးဆုံးသူပဲ။”
ရုပ်ရှင်ရဲ့ စတန့်အဖွဲ့က Guinness World Records ကို ဒီအောင်မြင်မှုအကြောင်း တရားဝင် စံချိန်အဖြစ် သတ်မှတ်ဖို့ တင်ပြထားပေမယ့် ဟိုဘက်က အခုထိ အကြောင်းမပြန်သေးဘူးလို့သိရပါတယ်။
Ferguson က Mrs. Fuller အဖြစ် သရုပ်ဆောင်ထားပြီး၊ ဒီဇာတ်လမ်းရဲ့ အစဖြစ်တဲ့ ဇာတ်ဝင်ခန်းမှာတင် မီးလောင်သေဆုံးခဲ့ပါတယ်။
ဇာတ်လမ်းအစကတော့ Iris ဆိုတဲ့ မိန်းကလေးက အမြင့်ပေ ၄၀၀ ရှိတဲ့ မျှော်စင်ထိပ်က စားသောက်ဆိုင်မှာ ချိန်းတွေ့ရင်း၊ လူထူထပ်နေတဲ့ အဆောက်အဦး ပြိုကျမယ့် အကြောင်းကို ကြိုသိနေတဲ့ပုံစံနဲ့ ဇာတ်လမ်းကိုစထားတာဖြစ်ပါတယ်။
New Line Cinema နဲ့ Warner Bros. က ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ကို မေလ ၁၆ ရက်မှာ ရုံတင်သွားမှာဖြစ်ပါတယ်။
ဆိုတော့ ဇာတ်လမ်းအစတွေစီပြန်သွားမယ့် ဒီဇာတ်လမ်းက တော်တော်လေးကြမ်းတဲ့ ဇာတ်ကွက်တွေပါဝင်တဲ့အတွက် ကလေးတွေအနေနဲ့ ရုံမှာမကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

image

Iron man ရဲ့ မျိုးဆက်သစ် ညဏ်ကြီးရှင် 'IRONHEART’ ရဲ့ ပထမဦးဆုံး Poster

June 24 ရက်နေ့ Disney+ မှာပြသသွားမှာဖြစ်ပါတယ်။

image

#နိုင်ငံတကာသတင်း
◼ အပစ်အခတ်ရပ်စဲရေးသဘောမတူပါက ပိတ်ဆို့မှုအသစ်များနှင့် ရုရှားရင်ဆိုင်ရမည်ဟု ပြင်သစ်သမ္မတပြော
မော်စကိုက အပစ်အခတ်ရပ်စဲ‌ရေးကို သဘောမတူခဲ့ပါက ရှေ့လာမည့်ရက်များတွင် ရုရှားအပေါ် တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်သွား‌ရေးကို လိုလားကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန် က ယမန်နေ့က ပြောကြားခဲ့ကာ ဘဏ္ဍာရေးလုပ်ငန်းများ နှင့် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းတို့မှာ ပစ်မှတ်များဖြစ်နိုင်ကြောင်း ပြောသည်။
အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်ရန် မော်စကိုကငြင်းဆန်ခဲ့ပါက ရှေ့လာမည့်ရက်များတွင် ရုရှားအပေါ် တားဆီးပိတ်ပင်မှုအသစ်များ ချမှတ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက်လည်း မိမိတို့ ပူးပေါင်းလုပ်ဆောင်နေကြကြောင်း မက်ခရွန် က TF1 ရုပ်သံနှင့် တွေ့ဆုံမေးမြန်းမှု၌ ပြောကြားသည်။
မက်ခရွန်၏မှတ်ချက်များသည် ယမန်နေ့ကပင် ဂျာမနီအဓိပတိ ဖရက်ဒရစ်မားစ် ပြောကြားခဲ့သည့် မှတ်ချက်များကို ပဲ့ထင်ထပ်ခဲ့သည်။
ရုရှားသမ္မတ ပူတင်က အပစ်အခတ်ရပ်ရေးကို သဘောမတူခဲ့ပါက ရုရှားအပေါ် တားဆီးပိတ်ဆို့မှုများအား ပိုမိုတင်းကျပ်သွားရေး ဥရောပမဟာမိတ်များက လုပ်ဆောင်သွားမည်ဟုမားဇ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
စွမ်းအင် နှင့် ဘဏ္ဍာရေးကဏ္ဍများကို ပစ်မှတ်ထားသွားနိုင်ကြောင်းကိုလည်း ဂျာမနီ‌ခေါင်းဆောင်က ပြောသည်။
ယင်းနယ်ပယ်များတွင် ပိတ်ဆို့တားဆီးမှုအသစ်များကို အဆိုပြုပေးရန် ဥရောပကော်မရှင်ကို တောင်းဆိုထားကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်နိုဝယ်ဘာရော့ က တနင်္လာနေ့တွင် ပြောသည်။
ရက် ၃၀ အပစ်ရပ်ရေး တောင်းဆိုမှုများအား ရက်ပိုင်းအတွင်း မနာခံခဲ့ပါက ရုရှားအပေါ် ဒဏ်ခတ်ရေးအစီအစဉ်သစ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ပိုလန် ခေါင်းဆောင်များက စနေနေ့တွင် ပြောကြားခဲ့သည်။
သို့သော် ယင်းကြုံးဝါးမှုက မစ္စတာပူတင်အား မလှုပ်ခတ်စေခဲ့ဘဲ ယင်းအစား မေ ၁၅ ရက်တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့တွင် ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးသွားရန် ပူတင်ကကမ်းလှမ်းခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထောက်ခံခဲ့သည်။
ယင်းနှင့်အတူ ၎င်းတို့၏ ခြိမ်းခြောက်မှုကို ဒေါ်နယ်ထရန့် က လက်ခံကြောင်းပြသရန် ဥရောပခေါင်းဆောင်များ၏ ကြိုးပမ်းမှုများလည်း အရာမထင်ဖြစ်သွားခဲ့ရသည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားအပေါ် အီးယူက တားဆီးပိတ်ပင်မှု ၁၆ ကြိမ် လုပ်ဆောင်ထားခဲ့ပြီးနောက်တွင် ပိတ်ဆို့မှုအစီအစဉ်သစ်များ ချမှတ်ရေးနှင့်ပတ်သက်၍ အီးယူ ၂၇ နိုင်ငံကြား တစ်လေသံတည်းဖြစ်ရန် ပိုမိုခက်ခဲလာခဲ့ကြောင်း သံတမန်များက ပြောကြားကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

Superman မှာတွေ့ရမယ့် Guy Gardner (Green Lantern), Hawkgirl နဲ့ Mister Terrific တို့ဖြစ်ပါတယ်။
ပုံစံတွေကြည့်ရသလောက်တော့ တော်တော်လေးအဆင်ပြေနေသလို Character နဲ့လိုက်ဖက်မှုရှိတာလည်းတွေ့ရပါတယ်။

image

ငါးသလောက်ကိုဆီမထည့်ပဲ ရခိုင်အရည်ဆမ်းအာပူချက်လေးပါ
ငါးသလောက်ကိုသန့်စင်ပြီးအိုးထဲထည့်ပါ
မျှင်ငပိ၊ဆား၊အချိုမှုန့်၊ဆနွင်း၊မကျဉ်းသီး၊ငရုပ်သီးစိမ်းထောင်းပြီးထည့်၊ရေထည့်ပြီး အိုးဆူလာတဲ့အထိထားပေးပါ။အိုးဆူလာပြီးဆိုမှ အဖုံးဖွင့်ပေးပါ။အရည်နည်းနည်းကျသွားပြီးဆိုရင်အပေါ့အငံ၊အချဉ်အရသာလေးမြည်းပါ။အပေါ့အငံလိုသလိုထည့်ပြီး အဆင်ပြေပြီဆိုရင် အိုးချခါနီး ၁ မိနစ်အလို အာပူရွက်လေးရေးဆေးပြီးထည့်လိုက်ပါ။အနံ့အရသာနဲ့ပြီးပြည့်စုံတဲ့ဟင်းတစ်ခွက်အသေအချာပါပဲဗျ။အပူရွက်ထည့်ချက်တာဟာအညှီနံ့လုံးဝမနံပဲ စားချင်စိတ်ကိုလဲလုံးဝဖြစ်စေပါတယ်ဗျ

image

စားလို့လဲကောင်း လွယ်လဲလွယ်တဲ့ "ကြက်ဥတို့ဖူး မှိုပေါင်း" လုပ်စားကြမယ်။ ဆီမပါဘဲ စားလို့လည်းကောင်းတော့ ဝိတ်ထိန်းတဲ့သူတွေအကြိုက်ဘဲဗျို့။

ပါဝင်ပစ္စည်းများ

✅ ပင်အပ်မှို အထုပ်ကြီး (၁) ထုပ်
✅ ဂျပန်ကြက်ဥတို့ဖူး (၂) တောင့်
✅ ကြက်သွန်မြိတ် အနည်းငယ်

အရသာရည် စပ်နည်း

✅ ပဲငံပြာရည်အကြည် ထမင်းစားဇွန်း (၁) ဇွန်းခွဲ
✅ ပဲငံပြာရည် အချို လက်ဖက်ရည်ဇွန်း (၁) ဇွန်း
✅ ခရုဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း
✅ နှမ်းဆီ လက်ဖက်ရည်ဇွန်း(၁) ဇွန်း

ပြုလုပ်နည်း

1. ဂျပန်ကြက်ဥတို့ဖူးအား အနေတော် အတုံးလေးများလှီးပြီး Kitchen Tower (မီးဖိုချောင်သုံး တစ်ရှုးအကြီး) များနှင့် ရေခြောက်အောင် လုပ်လိုက်ပါ။ (တခြားတစ်ရှုးဆိုရင် တစ်ရှုးဖက် ကပ်တတ်လို့ပါရှင်။ ရေခြောက်တော့ ကြော်ရင် ဆီမပေါက်တော့ဘူးပေါ့)
2. ရေခြောက်အောင် လုပ်ထားသော တို့ဖူးကို ဆီကြော်ပြီး ပြန်ဆယ်ထားလိုက်ပါ။
3. မှိုကိုသန့်ရှင်းအောင်လုပ်ပြီး ပန်းကန်ထဲတွင် ထည့်ကား အပေါ်တွင် ကြော်ထားသော ဂျပမ်တို့ဖူးများကို ထားပါ။
4. ထို့နောက် ဆပ်ထားသော အရသာရည်ကို အပေါ်မှ ဆမ်းပြီး (၁၀) မိနစ်ခန့်ပေါင်းပါ။
5. စားခါနီးတွင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။

❗️ကိုယ်တိုင်ချက်စားတာလေးကို ရေးပေးလိုက်တာပါနော်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကျောင်းဖွင့်ရာသီတွင် ကိုဗစ်(၁၉)ကူးစက်မှု သတိထားရန် ထိုင်းနိုင်ငံ အစိုးရထုတ်ပြန်
ထိုင်းနိုင်ငံတွင် မကြာမီကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ပြီး ကိုဗစ်(၁၉) မကြာမီကျောင်းများ ရောဂါကူးစက်မှုသတိထားရန် ဗန်ကောက်အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သည်နေးရှင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကလေးငယ်များတွင် ကိုဗစ် (၁၉) ရောဂါကူးစက်မှု စိုးရိမ်ရပြီး မြို့ခံလူထုအနေဖြင့် နှာခေါင်းစည်းများတပ်ဆင်ရန်နှင့် လက်ကိုသန့်ရှင်းအောင်ထားရှိရန်ဗန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BangkokMet-ropolitan Administration)၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာဆွန်သွန်ဆွန်သွရာချာ့တ်က တိုက်တွန်းထားသည်။
စောင့်ကြည့်မှုများအရ ကိုဗစ် (၁၉) ကူးစက်ပျံ့နှံ့မှုသည် သင်္ကြန် ကာလအပြီးမှစတင်၍ အရှိန်ရလာပြီး မိုးရာသီသို့ ကူးပြောင်းချိန်တွင် ကူးစက်မှုပိုမိုလွယ်ကူစေနိုင်ကြောင်းသိရသည်။ သို့သော် ၂ဝ၂၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှိုင်းယှဉ်ပါက လူနာအရေအတွက်မှာ များစွာစိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးဘဲ ယခင်ကထက် လျော့နည်းနေဆဲဖြစ်သည်ဟု သိရသည်။
ပြည်သူ့ကျန်းမာရေးဌာနက လူစည်ကားသည့်နေရာများတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူထူထပ်သည့်နေရာများကို ရှောင်ရှားခြင်း၊ ရောဂါလက္ခဏာပြသူတစ်ဦးဦးနှင့် နီးကပ်စွာရှိပါက နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့်ပုံမှန် ဆေးကြောခြင်း သို့မဟုတ် Hand sanitizer အသုံးပြုခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား ပိုမိုသတိထားကာ ရောဂါကာကွယ်ရန် ကူညီဆောင်ရွက်သင့်ကြောင်း သိရသည်။
ဗန်ကောက်မြို့တွင် ကိုဗစ်(၁၉)ရောဂါလက္ခဏာခံစားရသူ မည်သူမဆို မြို့အနှံ့ရှိ ပြည်သူ့ကျန်းမာရေးဌာန ၆၉ ခုတွင် ဆေး ကုသမှုခံယူနိုင်ပြီး ပြည်သူ့ကျန်းမာရေးဌာန ဖုန်း- ဝ၂၂ဝ၃၂၈၈၇-၉ (ရုံးချိန်အတွင်း) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားကြောင်းသိရသည်။

image

image