1 y - Translate

အဟမ်းစတာပါရှင့်....😂

image
1 y - Translate

ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို
ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတိုဆီ ယူဆောင်လာပါပြီ။
ဇာတ်ကားနာမည်လေးကတော့ The Nightmare Before
Christmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။
Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေ
သန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်း
iMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလိုခေါ်တဲ့
မြိုလေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြိုလေးပါ။
အဲဒီမြိုမှာ ဂျက်လိုခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြိုလုံးရဲ့
အလေးစားခံပုဂ္ဂိုလ်လိုပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာ
ငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တ
နေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့
လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။
အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြား
မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာက
ခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနေရာနဲ့ အစစ
အရာရာ ကွာခြားနေခဲ့ပါတယ်။ ဒါကို ဂျက်တစ်ယောက် သဘောတွေ
ကျသွားပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနယ်မြေမှာ ခရစ္စမတ်ဖန်တီးဖို
လုပ်ပါတော့တယ်။ ဆိုတော့ ဂျက်တို သရဲတစ္ဆေတွေက ခရစ္စမတ်ကို
ဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ သူတိုအမွှေဇယား
ထဲမှာ ဆန်တာကလော့စ်က ဘယ်လိုပါဝင်ပတ်သက်နေရမလဲဆိုတာ
ကိုတော့ ပရိသတ်ကြီးတိုကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါ။
အချိန်ကုန်ရကျိုးနပ်မှာဖြစ်တဲ့အပြင် အခုလို ခရစ္စမတ်ရာသီမှာ အိမ်က
မိသားစုတွေနဲ့အတူ ကြည့်ကိုကြည့်သင့်တဲ့ ကာတွန်းကားလေးတစ်ကား
ဖြစ်ကြောင်း အားလုံးကြည့်ကြဖို recommend ပေးလိုက်ပါတယ်နော်။

The Nightmare Before Christmas (1993) 

ဇာတ်ကားလင့်
https://t.me/c/2186686827/393

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 y - Translate

The Pai-nted (2024)

ပရိဘောဂလက်သမားအဖြစ်လုပ်ကိုင်တဲ့ အာဒမ် နဲ့ သူတိုမိသားစုဟာ ဖောက်သည်ရှားပါးမှုနဲ့အတူ တဖြည်းဖြည်း စီးပွားကျဆင်းလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အာဒမ် ဇနီး အယ်ဗလင်း ရဲ့ ဝမ်းကွဲညီမ လင်မယား သေဆုံးပြီးတော့ အမွေဆက်ခံမယ့်သူမရှိတာကြောင့် သူတိုမိသားစုဆီကို အမွေဆက်ခံဖို လမ်းကြောင်းပေါ်လာပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အာဒမ် က ဝမ်းသာနေပေမယ့်လည်း အယ်ဗလင်း ကတော့ စိတ်မသိုးမသန့်ဖြစ်နေတာမို အဲဒီအိမ်ကို သွားဖို တွန့်ဆုတ်နေခဲ့တာပါ။ ခင်ပွန်းသည်ရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အမွေခံအိမ်နဲ့ ပစ္စည်းတွေကို ရောင်းချနိုင်ဖိုအတွက် မိသားစုလိုက်ခေတ္တပြောင်းရွေ့လာခဲ့ကြပါတယ်။ သူတိုတွေ့လိုက်ရတာက အိမ်ကြီးထဲမှာ များပြားလှတဲ့ ပန်းချီကားတွေကို ချိတ်ဆွဲထားပြီးတော့ ဒီပန်းချီကားတွေက ဒီအိမ်ကြီးရဲ့ သမိုင်းကြောင်း ကျိန်စာနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။ ဒီပန်းချီကားတွေက ဘယ်လိုမျိုး သက်ဝင်လှုပ်ရှားနေကြတာလဲ။ သူတိုမိသားစုကရော ဒီကျိန်စာကနေ လွတ်မြောက်ပါ့မလားဆိုတာကိုတော့။

image
1 y - Translate

No Mercy
2010 ‧ Thriller/Action ‧ 2h 5m

ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်ကမတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်းထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young…
အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်းထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီးနှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာအွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖိုသွားခိုင်းပါတယ်။အဖိုးကြီးတွေအိပ်ဖိုကြိုးစားတဲ့အချိန်မှာ သူတိုကအခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီးရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါအွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ညီမလေးအိမ်ပြန်မလာလို စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်းအဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်းအရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီးပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင်အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်းဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရအဝကြည့်ရမှာမလို မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1732

image
1 y - Translate

ကိုယ်အားပေးတဲ့မန်ယူအသင်းနဲ့ကစားခွင့်ရတဲ့အပြင် ဂိုးပါသွင်းခွင့်ရခဲ့တော့ ကိုယ့်ကိုကိုယ်အရမ်းဂုဏ်ယူမိတယ် မဖြစ်နိုင်တာမရှိပါဘူး မဖြစ်သေးတာပဲရှိတာပါ မဖြစ်သေးတာကိုဖြစ်လာအောင်ကြိုးစားခွင့်ရှိပါတယ် ဖလားကိုကိုင်လိုက်ရတဲ့အချိန်မှာ ခံစားချက်ကအရမ်းကောင်းတယ် ဘာလို့လဲဆို တဖက်အသင်းကမန်ယူဖြစ်နေလို့၊ လောလောဆယ်တော့ကမ်းလှမ်းမှုတွေမရှိသေးပါဘူး မန်ယူအသင်းခေါင်းဆောင် ဘရူနိုဆီကဂျာဆီလက်ဆောင်တော့ရခဲ့တယ် လေ့ကျင့်ချိန် ၂ ရက်ပဲရခဲ့ပေမယ့် မန်ယူအသင်းကို ဂိုးသွင်းအနိုင်ရခဲ့လို့ တစ်ကမ္ဘာလုံးကကျွန်တော်တို့အသင်းကိုဝိုင်းချီးကျူးကြတယ် ကျွန်တော့မိဘတွေအတွက်ရော ကျွန်တော့တို့နိုင်ငံအတွက်ရော အားပေးနေတဲ့ပရိတ်သတ်တွေအတွက်ရော ဂုဏ်ယူပါတယ်၊ ကျွန်တော်အခုလိုမျိုးဖြစ်လာတာ အမေ့ကျေးဇူးတွေအများကြီးပါတယ် အမေ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးလို့ပြောလာတဲ့ မန်ယူအသင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား မောင်မောင်လွင်

image
1 y - Translate

Hand tattoo designs 😍

image
1 y - Translate

Hand tattoo designs 😍

image
1 y - Translate

Hand tattoo designs 😍

image
1 y - Translate

Hand tattoo designs 😍

image
1 y - Translate

Hand tattoo designs 😍

image