*တိုက်ရိုက် ဒီမိုကရေစီ
ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) ဟူသည် တိုင်းပြည်ရေးရာ စီမံခန့်ခွဲရာ၌ ပြည်သူ့ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်းကို ဆိုသည်။
ဤသည်ကိုပင်
ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူများ၏ လက်ဝယ်၌ရှိသည်၊ သို့မဟုတ် ပြည်သူတို့မှ ဆင်းသက်သည်၊ စသဖြင့် ဆိုကြသည်။
အာဏာသည် ပြည်သူတို့လက်ဝယ်၌ ရှိ၍ ထိုအာဏာကို ပြည်သူတို့ ကိုယ်တိုင် (တိုက်ရိုက်) အသုံးပြုသော အနေအထားရှိသော် တိုက်ရိုက် ဒီမိုကရေစီ (direct democracy) (ပြည်သူတို့ကိုယ်တိုင် အုပ်စိုးမှု)ဟု ခေါ်၍၊ ပြည်သူတို့က မိမိတို့ လက်ဝယ်ရှိ အာဏာကို မိမိတို့ကိုယ်စား သုံးစွဲပေးရန်အတွက် ကိုယ်စားလှယ်များ ရွေးချယ် လွှဲအပ် သုံးစွဲစေခဲ့သော်ကိုယ်စားပြု ဒီမိုကရေစီ (representative democracy) (ကိုယ်စားလှယ်တို့ အုပ်စိုးမှု) ဟု ခေါ်ကြသည်။
တစ်ဖန်၊ ယနေ့ခေတ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဟူသည်ကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာဟူ၍ ကဏ္ဍသုံးရပ် ခွဲခြားထားရှိရာ ကိုယ်စားလှယ်တို့ အုပ်စိုးသော စနစ်၌ ၎င်းအာဏာ သုံးရပ်လုံးကိုပင် ကိုယ်စားလှယ်များအား အပ်နှင် ထားရကြောင်း အများသိသည်။ ထို့ကြောင့် ၎င်းမှ ပြန်၍ကြည့်သော် ပြည်သူတို့ကိုယ်တိုင် အုပ်စိုးသည့် တိုက်ရိုက် ဒီမိုကရေစီစနစ်၌မူ ၎င်းအာဏာ သုံးရပ်လုံးကို ပြည်သူတို့ကိုယ်တိုင် ကိုင်တွယ် သုံးစွဲခြင်းမျိုး ဖြစ်ရလိမ့်မည်ဟု စဉ်းစားမိနိုင်သည်။
ဒါဆိုလျှင် မည်သို့ သုံးစွဲသလဲ။

#ဆက်ရန်ရှိ

30 w - Translate

Part-1
နိဒါန်း
ကျွန်တော်တို့အားလုံးစကားပြောရမည်
၁။ လေထီးမပါဘဲ လေယာဉ်ပျံတစ်စီးက ခုန်ချမလား။
သို့မဟုတ်
၂။ ညစာစားပွဲတစ်ခုမှာ တစ်ခါမျှမဆုံဖူးသူရဲ့ ဘေးမှာ ထိုင်မလား။
အကယ်၍ သင်သည် နံပါတ် ၁ ကိုရွေးချယ်လျှင် သင့်လို လူ တွေအများကြီးရှိသည်။ စကားပြောသည့်ကိစ္စသည် ကျွန်တော်တို့အားလုံး နေ့စဉ်လုပ်နေသည့်ကိစ္စ ဖြစ်သော်လည်း ကျပ်တည်းသည့် အခြေအနေများစွာ ကြုံရသလို ပို၍အဆင်ပြေ နိုင်သည့် အခြေအနေများလည်းရှိသည်။ လူအများနှင့် ဆက်ဆံ ရာ၌ဖြစ်စေ၊ လုပ်ငန်းသဘောအရဖြစ်စေ စကားပြောဆိုရာတွင် အောင်မြင်ရန်နည်းလမ်းမှာ စကားပြောခြင်းဖြင့် စတင်ရန်ဖြစ် သည်။ စကားပြောသူ တစ်ယောက်အနေဖြင့် သင့်ကိုယ်သင် မယုံကြည်လျှင်၊ စကားပြောရမည်ကို ကြောက်နေလျှင် ထိုလမ်း သည် ကြမ်းတမ်းခက်ထန်နိုင်သည်။
ထို့ကြောင့်ပင် ဤစာအုပ်ကို ချောမွေ့ သည့်လမ်း တစ် လမ်းဖြစ်ရန်အတွက် ကျွန်တော်ရေးခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် စကားပြောပြီး အသက်မွေးလာသည်မှာ ၃၇ နှစ် ရှိပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံလွှင့်ထုတ်မှုများ၌ မီခေးလ်ဂေါ်ဗာချော့မှ အစ မိုက်ကယ်ဂျော်ဒန်အဆုံး ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားပြောဆိုခဲ့ရသည်။ ရဲများ မှအစ အရောင်းသမားများအဆုံး အုပ်စုပေါင်းများစွာကို လည်းမိန့်ခွန်းများ မှန်မှန်ပြောဆိုခဲ့သည်။ နောက်လာမည့် စာမျက်နှာများ၌ တစ်ဦးချင်းကို ပြောသည်ဖြစ်စေ၊ ရာပေါင်းများ စွာကို ပြောသည်ဖြစ်စေ ကျွန်တော်ဆည်းပူးခဲ့ရသည့် သင်ခန်းစာ များအကြောင်းကို ဖော်ပြထားသည်။
ကျွန်တော့်အတွက် စကားပြောဆိုခြင်းသည် ဘဝ အတွက် ပျော်စရာအကောင်းဆုံး ကိစ္စတစ်ခုဖြစ်ပြီး ကျွန်တော် အမြဲတမ်း လုပ်ချင်သည့် ကိစ္စတစ်ခုဖြစ်သည်။ ကျွန်တော် ငယ်စဉ်ကကိစ္စနှင့်ပတ်သက်၍ မှတ်မိသမျှတစ်ခုမှာ ဘရုကလင်း တွင် ၈၆ လမ်းနှင့် ဘေးပတ်ခ်ဝေးထောင့်၌ ရပ်ကာ ဖြတ်သန်း မောင်းနှင်လာသည့် ကားများကို မည်သည့်နိုင်ငံကလုပ်ကြောင်း ကြေညာသည့်အချိန်က ဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် ခုနစ်နှစ်သား အရွယ်သာဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို “လေအိုးကြီး”ဟုခေါ်ကြသည်။ ထိုအချိန်ကစတင် ၍ ကျွန်တော် စကားပြောနေသည်။
ထိုအချိန်ကစ၍ ယခုအချိန်ထိ ကျွန်တော့်၏ မိတ်ဆွေ ကောင်းဖြစ်နေသော ဟာ့ဘ်ကိုဟင်က အဲဘတ်စ်ကစားကွင်း၌ ဒေါ့ဂျား ဘယ်လိုကစားသည်ကို ဘယ်လိုအသံလွှင့်ကြောင်း ပြော လေ့ရှိသည်။ ကျွန်တော့်ဘာသာ ကျွန်တော် အမှတ်ပေးသည့် ကတ်ပြားများယူကာ ထိုပွဲစဉ်ကို အသံလွှင့်ပုံလုပ်လေ့ရှိသည်။ ထို့နောက် အိမ်ပြန်လာပြီး ကျွန်တော့်မိတ်ဆွေများအား ကစားပွဲ နှင့်ပတ်သက်၍ အစစအရာရာ ပြန်ပြောသည်။ ဟာ့ဘ်က “လယ်ရီဟာ အဲဘတ်ကစားကွင်းကို သွားတယ်၊ အဲဒီပွဲဟာ ၂ နာရီနဲ့ ၁ဝ မိနစ် ကြာတယ်ဆိုရင် လယ်ရီက အဲဒီပွဲကို ၂ နာရီ ၁ဝ မိနစ်ကြာအောင် ပြောနိုင်တယ်” ဟူ၍ ပြောလေ့ရှိ သည်။ ဟာဘီနှင့်ကျွန်တော် ၁၀ နှစ်သားအရွယ်က ကျောင်း အုပ်ကြီးရုံးခန်းတွင် ပထမဆုံးတွေ့ ခဲ့ကြသည်။ ကျွန်တော် ရုံးခန်း ထဲဝင်သွားသည့်အခါ သူကရောက်နေသည်။ ယခုအခါ ကျွန်တော်တို့ အဘယ်ကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ အပို့ ခံရသည်ကို မမှတ်မိကြသော်လည်း ကျွန်တော်တို့နှစ်ယောက် စလုံး အတန်းထဲမှာ စကားပြော၍ဖြစ်နိုင်သည်။

#ဆက်ရန်ရှိ

image

တံငါနားနီးတံငါတယ့်

စျေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ သုံးစွဲရန်မသင့်ကြောင်း FDA သတိပေး

ဖေဖော်ဝါရီ ၁၇

စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (ဖေဖော်ဝါရီလ ၁၇ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အရည်အသွေး၊ အာနိသင၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများကို ဈေးကွက်အတွင်းရောင်းချနေခြင်းအားတွေ့ရှိရသည်ဟုဆိုသည်။

ထိုသို့တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။

တရားဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင် အမှတ် (Mya Reg 2807EA02536) ပါရှိကြောင်း သိရသည်။ စာသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ ပါကစ္စတန်ဘာသာဖြင့် ဖော်ပြထားကြောင်း FDA က အသိပေး ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
30 w - Translate

လူတူစက်ရုပ်က ဆန်ဖရန်စစ္စကို ညကလပ်မှာ DJ နဲ့ ဖျော်ဖြေခဲ့
===================================
စက်ရုပ်တွေကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပြီး အခုတော့ အနုပညာရှင် စက်ရုပ်တွေလည်း ထွက်ပေါ်လာပါပြီ။
Foundation Robotics Lab က တီထွင်ထားတဲ့ Phantom MK1 လူတူစက်ရုပ်ဟာ ဆန်ဖရန်စစ္စကို ညကလပ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် “GigaParty” မှာ DJ နဲ့ ဖျော်ဖြေခဲ့ပါတယ်။ စက်ရုပ်ဟာ သီချင်းတွေ ပြောင်းဖွင့်တဲ့အခါမှာ လျှင်မြန်သလို တိကျပါတယ်။ DJ တီးခတ်စဉ်မှာ လက်ချောင်းတွေဟာ ချောမွတ်ပြီး တည်ငြိမ်တာကို တွေ့ရပါတယ်။
စက်ရုပ်ရဲ့ အောက်ပိုင်းမှာ ဟန်ချက်ညီအောင် ပြုလုပ်ပေးတဲ့ စနစ်ကို ထည့်သွင်းထားပြီး ကိုယ်ထည် အထက်ပိုင်းမှာ Processor , Cameras , Batteries နဲ့ Sensors တွေ တပ်ဆင်ထားပါတယ်။
Phantom MK1 ရဲ့ အလေးချိန်ဟာ ၁၇၅ ပေါင် ရှိပြီး အရပ်အမြင့်က ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိပါတယ်။ စက်ရုပ်ဟာ ၂၀ ကီလိုဂရမ် (၄၄ ပေါင်) အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ စက်ရုပ်ဟာ DJ တီးခတ်တာတင်မကဘဲ အဖျော်ယမကာကိုလည်း ဖျော်နိုင်ပါတယ်။

image

ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းဂိုးသမားကယ်လ်ဗင်ကလာဟဲလ်ရဲ့အနေအထားကိုအနီးကပ်စောင့်ကြည့်မှုရှိနေပြီး နွေရာသီကာလမှာအသင်းဆီခေါ်ယူအားဖြည့်ဖို့ရှေ့ဆက်လုပ်ဆောင်ဖွယ်ရှိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်အဖွဲ့ခေါင်းဆောင်ဟောင်းမက်ခ်ဘရောင်းန်က Football Insider သတင်းကိုပြောဆိုခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကလာဟဲလ်ဟာ အသင်းဆီ ဂိုးသမားဂျော်လ်ဂျီမာမာလ်ဒါချဗီလီပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့တတိယဂိုးသမားဖြစ်လာခဲ့တဲ့နောက် အန်ဖီးလ်ကွင်းကနေပြောင်းရွှေ့ထွက်ခွာဖွယ်ရှိနေပါတယ်။ဒီရာသီကာလမှာအယ်လ်လီဆွန်ဒဏ်ရာရရှိနေတုန်းပွဲထွက်ကစားခွင့် ၁၇ ပွဲပါဝင်ကစားထားခဲ့ရပေမဲ့ အာလ်နေးစလော့ဒ်ရဲ့နံပါတ်တစ်ဂိုးသမားနေရာရရေးအတွက်ခက်ခဲနေပုံရပါတယ်။

သူတို့အသင်းဟာ လီဗာပူးလ်အသင်းကကလာဟဲလ်ကိုစောင့်ကြည့်မှုရှိနေပါတယ်။သူဟာ ကောင်းမွန်တဲ့ဂိုးသမားဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက်ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ကျနော်ထင်ပါတယ်။သူကစားရတဲ့ဘယ်အခါမဆို အထင်ကြီးစရာကောင်းတဲ့ကစားပုံတွေပြသနိုင်ပြီး တိုက်ဆိုင်ရုံပဲ့လက်စွမ်းပြနိုင်တာမျိုးမဟုတ်ပါဘူး။ဒီဟာကသူ့ရဲ့အဆင့်အတန်းဖြစ်ပါတယ်လို့ ဘရောင်းန်ကဖွင့်ဟပြောဆိုခဲ့ပါတယ်။

ခြင်္သေ့ပြာအသင်းမှာလည်း ရောဘတ်ဆန်းချက်ဇ်နဲ့ပတ်သက်ပြီးယုံကြည်မှုပိုင်းအရပြသနာရှိနေပါတယ်။သူတို့အသင်းအနေနဲ့နွေရာသီကာလမှာဂိုးသမားသစ်ခေါ်ယူရေးအတွက်ငွေကြေးပုံအောသုံးဖို့ကြောက်ရွံ့မှုမရှိဘူးဆိုတာလည်းသိပါတယ်။

ဒါကြောင့်သူတို့အသင်းအနေနဲ့ကလာဟဲလ်ရဲ့အနေအထားကိုတဖြေးဖြေးစောင့်ကြည့်နေပြီးတကယ်လို့သူ့အနေနဲ့ပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်မယ်ဆိုရင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတဲ့အသင်းတွေထဲကတသင်းဖြစ်လာမှာဖြစ်ပြီး သူ့အနေနဲ့ချဲလ်ဆီးအသင်းနဲ့ဒီထက်မကပိုကောင်းအောင်လုပ်ဆောင်နိုင်မယ်ဆိုတာကျနော်ထင်ပါတယ်လို့ ထပ်မံဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
30 w - Translate

Action/ Spy ( IMDb - 7.8 )
———————————————
၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုရရှိထားတဲ့ မိန်းမသူလျို စပိုင်ကားကောင်း တစ်ကားပါ။ 🥰

အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံဟာ မတည့်လိုအမြဲစစ်ဖြစ်နေတဲ့ နိုင်ငံနှစ်ခုပါ။ အခုလည်း စစ်ဖြစ်မဲ့အနေအထားမှာ လင်မယား နှစ်ယောက်။ ယောက်ျားဖြစ်သူက ပါကစ္စတန်စစ်တပ်ရဲ့ထိပ်တန်းအကြီးအကဲမိသားစု၊ မိန်းမဖြစ်သူက အိန္ဒိယကလွှတ်လိုက်တဲ့ အထူးလေ့ကျင့်ထားတဲ့အိန္ဒိယစပိုင် သူလျို။ ဒီလောက်ဆို စိတ်ဝင်စားဖိုကောင်းနေပြီထင်ပါတယ်။

ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပြီး Rating 7.8 အထိရရှိထားတဲ့ စပိုင် ကားလေးပါ။ 1971 ခုနစ် အိန္ဒိယနဲ့ ပါကစ္စတန် စစ်ပွဲ ကို အခြေတည် ရိုက်ကူးထားတဲ့ကားဖြစ်ပြီး ဒီကားလေးမှာ ပေးချင်တဲ့ မက်ဆေ့တွေက အရမ်းကောင်းပါတယ်။

ကိုယ့်နိုင်ငံရဲ့အကြီးအကဲတွေ ဘယ်လောက်ပဲ မကောင်းဖြစ်နေပါစေ။ ကိုယ့်နိုင်ငံကိုတော့ ကိုယ်ချစ်တတ်ရပါမယ်ဆိုတဲ့စိတ်လေးပါ။

#crd
#storymode

image

ကျားဖြန့်နှိမ်နင်းရေး ထိုင်းက စက်သုံးဆီဖြတ်မှု လူထုပိုထိခိုက်

ဖေဖော်ဝါရီ ၁၇

ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများအား နှိမ်နင်းရန် ထိုင်းအစိုးရမှ လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြန့်ဝေမှုများကို ဖြတ်တောက်ထားခြင်းကြောင့် ကျားဖြန့်လုပ်ငန်းထက် ဒေသခံလူထုကို ပိုမိုထိခိုက်စေကြောင်း မြဝတီဒေသခံအချို့က ပြောသည်။

ထိုင်းနိုင်ငံမှပေးသည့် လျှပ်စစ်မီးများကို မြဝတီဆေးရုံကြီး၊ ဘဏ်လုပ်ငန်းနှင့် အခြား တရုတ်စီးပွားရေး လုပ်ငန်း များကသာ အသုံးပြုကြခြင်းဖြစ်ပြီး ဒေသခံလူထုမှာမူ ဒေသတွင်း လျှပ်စစ်မီးကိုသာ သုံးစွဲကြသဖြင့် ပြဿနာမရှိ ကြောင်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဒေသခံများသည် ထိုင်းဘက်မှ စက်သုံးဆီများကို အားထားနေရသောကြောင့် ယခုကဲ့သို့ ထိုင်းဘက်မှ ပိတ်လိုက်သဖြင့် တစ်လီတာကို ပုံမှန် ၇၀၀၀ ကျပ် ဝန်းကျင်ပေးရသည်မှ ယခုအခါတွင် ၁၅,၀၀၀ ကျပ်အထိ ပေးနေရကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “လောင်စာဆီ ဖြတ်တောက်တာနဲ့ပတ်သက်ပြီး မြဝတီပြည်သူတွေကတော့ အကုန်လုံးလိုလို အားလုံးပေါ့။ ကျနော်တို့ အပါအဝင် အားလုံး အခက်တွေ့သွားတယ်။ အခက်တွေ့သွားတယ်ဆိုတာက ကျနော်တို့ အဓိကက ထိုင်းဘက်ကမ်းက လောင်စာဆီကိုပဲ အားကိုးပြီး ရပ်တည်နေရတာဆိုတော့ သူတို့ဖြတ်တောက်လိုက်တော့ ဆိုင်တွေမှာ ဆီကို အချိန်ပိုင်းပဲ ရောင်းပေးတယ်။ ရှိတဲ့အချိန်ပေါ့။ မရှိရင်တော့ ဆိုင်ပိတ်ထားတာပေါ့။ ရှိတဲ့အချိန် ရောင်းပေးတဲ့အချိန်မှာ တိုးဝှေ့ပြီး ဝယ်ကြရတာပေါ့။ စက်သုံးဆီကတော့ ပုံမှန်ထက် ဈေးတက်တယ်။ အခုက မြဝတီမှာ မှောင်ခိုဈေးကွက်တစ်ခု ပေါ်လာတာပေါ့ နှစ်ဆလောက်ကို တင်ပြီးတော့ အပြင်ဈေးတွေနဲ့ ရောင်း နေကြတာ။ မြဝတီမြို့ထဲကို တစ်ပိုင်တစ်နိုင်လောက်ပဲ ဝင်တာရှိတယ်။ ဆီဘောက်စာ ကားကြီးတွေနဲ့ ဝင်တာ တော့ မရှိဘူး။ အောက်ကနေတက်တာ ရိုးရိုး ဆီပေပါပေါ့ လီတာ ၂၀၀ ကျော်တွေနဲ့ပဲ ဝင်တာရှိတယ်။ တစ်ပိုင် တစ်နိုင်ကားတွေနဲ့ အပေါ်တင်ပြီး ရောင်းတာမျိုးတွေပဲ ရှိတယ်။ စက်သုံးဆီကတော့ ဒေသခံ ပြည်သူ အားလုံးပဲ ပြောရမှာပေါ့။ ဒုက္ခရောက်နေတာမျိုးတွေ့ရတယ်” ဟု ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နှင်းရန် ထိုင်းအာဏာပိုင်များက မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်ဗက်တာ၊ ဆိုလာပြား စသည့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ထုတ်ကုန် ၁၂ မျိုးကိုလည်း မြန်မာပြည်ထဲ တင်ပို့ခွင့်ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။

လျှပ်စစ်မီးကို ထိုင်းဘက်မှ ဖြတ်တောက် လိုက်သည့်အတွက် မြဝတီဆေးရုံကြီးတွင် အနည်းငယ် ဒုက္ခရောက် သွားစေကြောင်းလည်း ဒေသခံများထံက သိရသည်။

ယခုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက်တာလောက်က ကျားဖြန့်လုပ်ငန်းတွေအတွက် လုပ်ငန်းနှောင့်နှေးသွားစေရုံ ဖြစ်ပြီး လူထုကိုသာ ထိခိုက်စေခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်း “အခုလောလောဆယ် ကျနော်တို့ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ မထိရောက်သေးဘူး။ လျှပ်စစ်မီးဖြတ် တာတို့က ရေတိုမှာ ကြည့်လိုက်မယ်ဆိုရင် ကျားဖြန့်လုပ်နေတဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ လုပ်ငန်း နည်းနည်း နှောင့်နှေးသွားတာပဲ ဖြစ်လိမ့်မယ် မပျက်ဘူးပေါ့။ ထိသွားတာကတော့ လူထုပဲဖြစ်တယ်ဆိုတာ အားလုံးမြင်နေကြရတာပဲ။ ဒါကြောင့်မို့လို့ မငြိမ်မသက်ဖြစ်အောင် ဆွပေးချင်တဲ့ လူတွေအတွက်ကလည်းအကွက် ကောင်း ဖြစ်တာပေါ့ လူထုက မကျေနပ်တော့။ ဒီကိစ္စကို ထိုင်းဘက်ကို မေးကြည့်တော့ ထိုင်းဘက်ကလည်း ဒါတွေကို သူတို့လည်း မျက်ခြေမပြတ် ကြည့်နေပါတယ်ပေါ့။ မကြာခင်လည်း သူတို့ ပြန်ဆန်းစစ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲသင့်တယ်ဆိုလည်း သူတို့ပြောင်းပါ့မယ်လို့ ပြောတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနှင့်မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များအား နှိမ်နင်းရေးကို တင်းကြပ် စွာ ကိုင်တွယ်ဆောင်ရွက်နေသကဲ့သို့ တရုတ်ဘက်မှလည်း ဖိအားပေးမှုများ ရှိနေသည်။

ထို့ပြင် ကျားဖြန့်လုပ်ငန်း၌ ပါဝင်သည်ဟု သံသယရှိသူများကိုလည်း ထိုင်းအရာရှိများမှ စုံစမ်းအရေးယူမှုများ ရှိကြောင်း ထိုင်းသတင်းတွေ၌ ဖော်ပြထားသည်။

ပုံ - မြဝတီမြို့မှ ဒေသခံများ ထိုင်းဘက်ကို စက်သုံးဆီထည့်ရန်သွားနေကြစဉ်

#centralnewsnaypyitaw

image

ရေဘေးကြောင့် ပုံးအင်းဒေသ ကျေးရွာပေါင်း ၂၅ ရွာမှာ မျိုးစပါး အကူအညီ လိုအပ်နေ

ဖေဖော်ဝါရီ ၁၇

ရေဘေးကြောင့် စပါးမျိုးတွေ ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသက ကျေးရွာပေါင်း ၂၅ရွာဟာ လက်ရှိအချိန်မှာ မျိုးစေ့အတွက် အကူအညီ လိုအပ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်သလို အဲဒီဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ဖက်အခြမ်းကတော့ ဒေသဦးစီးအဖွဲ့ကို စာတင်ထားတယ်။ တောင်ကြီးဖက် အခြမ်းကတော့ စိုက်ပျိုးရေးဦးသီးဌာနကို စာတင်ထားတယ်။ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာ၊ အခုထိတော့ အကြောင်းမပြန်လာသေးဘူး။ နွေစပါးက စိုက်ရတော့မှာဆိုတော့ အခက်အခဲက တော်တော်ဆိုးတယ်။ မျိုးစေ့က ရေဘေးကြောင့် လုံးဝမကုန်တော့တာလို့ တောင်သူတယောက်က ပြောပါတယ်။

ရေဘေးကြောင့် ကျေးရွာ ၂၅ရွာက စပါးစိုက်ဧကပေါင်း ၃၀၀ ဧကကျော် ပျက်စီးကုန်သလို စပါးမျိုးတွေပါ ပျက်စီးကုန်လို့ လယ်တွေပြန်မစိုက် နိုင်တော့တာ၊ စိုက်ဖို့အရင်းအနှီးမရှိတော့တာတွေအတွက် လယ်သမားရာချီဒုက္ခ ရောက်နေသလို မိသားစုဝင် ထောင်ချီအခက်ကြုံနေကြရတာလို့ သိရပါတယ်။

မျိုးစပါးဝယ်ဖို့နဲ့ စိုက်ဖို့ အရင်းအနှီးကလည်း မရှိကြတော့ဘူး။ ရေဘေးကြောင့် စပါးကလည်း မထွက်ပေမယ့် စိုက်ပျိုးရေးချေးငွေအပါအဝင် ချေးငွေတွေလည်း ဆပ်လိုက်ရတယ်လေ။ ရေဘေးတုန်းကတော့ ဆန်တွေ၊ ရိက္ခာတွေနဲ့ ပိုက်ဆံတချို့လာလှူကြပေမယ့် စပါးပြန်စိုက်ဖို့အတွက်တော့ ဘယ်လိုမှ မလုံလောက်ဘူးလို့ နောက်ဒေသခံတယောက်က ပြောပါတယ်။

ပုန်းအင်းဒေသမှာ အသုံးတော်၊ နားဟီး၊ ကက္ကူ (နမ့်တဘက်ချောင်းအနောက်ကမ်း)၊ ပေါင်းစင်း၊ နမ့်ခုတ်၊ ကုန်းကျိုင်း၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် စတဲ့ အုပ်စု ၉ စု၊ ကျေးရွာပေါင်း ၆၂ ရွာရှိပြီး ရွာတွေအားလုံးဟာ ပြီးခဲ့တဲ့ ဇွန်လက တကြိမ်၊ ဩဂုတ်လက တကြိမ်၊ စက်တင်ဘာထဲမှာ တကြိမ်၊ စုစုပေါင်း ၃ကြိမ်အထိ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-gg

Credit - VOM News Agency

#သတင်းဟင်း​လေးအိုးကြီး

imageimage
30 w - Translate

Sunflower always make me happy 🌻💐🫶

#flowers

image