25 w - Translate

USB C to 5V 9V 12V 15V 20V DC Adapter Cable: PD fast charging protocol, supports maximum output current 3A, maximum power 60W (20V3A)
Flexible use: DC5521 output interface can be converted into 10 interface outputs (DC7954, DC7450, DC5525, DC4530, DC6544, DC5517, DC5530, DC4017, DC3011 and ThinkPad)
How to use: Press the button to cycle the output voltage between 5V/9V/12V/15V/20V
Compact and portable: small size, convenient for travel. It can be placed in a small pocket of your backpack for emergencies and is a perfect replacement for bulky chargers.
Note: The USB C to DC decoy cable must be used with a charger or mobile power supply that supports one of the PD protocols, otherwise it can only output 5V. Please check whether your charger or mobile power supply supports the required load power supply level before purchasing. , so as not to waste your time, please cut off the power when replacing different connector ports.

image

imageimage
+4
25 w - Translate

စေတနာ

အဘိုးအိုတစ်ယောက်သည် မိမိ၏ခြံစည်းရိုးနားတွင် မြေများကို တူးဆွကာ သရက်ပင်ပေါက်ကလေးများကို စိုက်ပျိုးနေ၏။ အိမ်ရှေ့မင်းသားသည် တောကစားထွက်လာရင်း ထိုခြံစည်းရိုးအနားသို့ ရောက်လာ၏။

အဘိုးအိုလည်း မင်းသားကို တွေ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြို ပြုပြီးလျှင် လတ်ဆတ်၍ မွှေးကြိုင် ချိုမြိန်သော သရက်သီးတို့ဖြင့် ဧည့်ခံ၏။ မင်းသားလည်း အားရစွာသုံးဆောင်ပြီးသော် -

မင်းသား။ ။ သရက်သီးများကို သုံးဆောင်ရသည်မှာ အလွန်အရသာရှိလှပါသည်။ ကျွန်ုပ်တစ်ခု မေးပါရစေ၊ ကျွန်ုပ်လာစဉ်က အဘိုး မည်သည့်အပင်ပေါက်များ စိုက်နေပါသနည်း။

အဘိုးအို။ ။ သရက်ပင်ပေါက်ငယ်များ စိုက်နေပါသည် အရှင့်သား။

မင်းသား။ ။ အဘိုးအသက် မည်မျှ ရှိပြီနည်း။

အဘိုးအို။ ။ ကျွန်ုပ်အသက်သည် ရှစ်ဆယ် ရှိပါပြီ။

မင်းသား။ ။ အဘိုးအသက်သည် မည်မျှဆက်၍ ရှည်နေဦးမည်ဟု အဘိုး ထင်သနည်း။

အဘိုးအို။ ။ ကျွန်ုပ် သေရဖို့ နေရဖို့ အရေးသည် ကုသိုလ်အတိုင်းသာ ဖြစ်သောကြောင့် မခန့်မှန်းနိုင်ပါ အရှင့်သား။

မင်းသား။ ။ (ရယ်သွမ်းသွေး၍) ထိုသို့ဖြစ်လျှင် ယခု အဘိုး စိုက်ပျိုးနေသော သရက်သီးကို အဖိုးစားဖို့ရန် မျှော်လင့်နေပါသလား၊ မိမိအတွက် အကျိုးခံစားခွင့် မရနိုင်သည့် အလုပ်ကို လုပ်ခြင်းသည် မိုက်မဲရာ မကျသလော။

အဘိုးအို။ ။ ယခု ကျွန်ုပ်တို့ စားသုံးနေသော သရက်သီးသည် ကျွန်ုပ်၏ ဘိုးဘေးများက စိုက်ပျိုးခဲ့သောကြောင့် ဖြစ်ပါသည်၊ ယခု ကျွန်ုပ် စိုက်ပျိုးနေသော သရက်ပင်ပေါက်များ ကြီးပြင်းလာသော အချိန်တွင် ကျွန်ုပ်၏ သားမြေးနှင့် နောင်လာနောက်သားများ စားသုံးနိုင်ကြပါလိမ့်မည်။

ထိုသို့ အဘိုးအိုက ဟုတ်တိုင်းမှန်ရာကို လျှောက်ထားသော် အိမ်ရှေ့မင်းသားသည် များစွာ သဘောကျသဖြင့်

မင်းသား။ ။ အဘိုးဖြေသော အဖြေသည် မှတ်သားထိုက်ပေစွ၊ ကျွန်ုပ် မစဉ်းမစား မဆင်မခြင် ပြောမိခြင်းကို သည်းခံပါ၊ ကျွန်ုပ်သည် ယနေ့မှ စ၍ ကျွန်ုပ်ဖို့ တစ်ဘို့တည်းကို မကြည့်တော့ပါ၊ ကျွန်ုပ်နှင့်တကွ နောင်လာနောက်သားတို့ အကျိုးရှိမည့် အလုပ်မျိုးကိုသာ လုပ်ပါတော့မည်၊ အဘိုးအား ပူဇော်ပါရစေ။

ထိုသို့ ဆို၍ အိမ်ရှေ့မင်းသားသည် ပတ္တမြားလက်စွပ် တစ်ကွင်းကို ချီးမြှင့်ပြီးလျှင် စီးတော်မြင်းကို ရွှင်လန်းစွာ နှင်၍ ထွက်သွားလေ၏။ အဘိုးသည် ဝမ်းမြောက်ဝမ်းသာစွာ မြည်တမ်းသည်မှာ-

ငါ့စေတနာအလျောက် စိုက်ပျိုးသော အပင်ကလေးများသည် ယခုလက်ငင်း ပတ္တမြားသီး သီးကြပေပြီ။ အင်း... စေတနာ... စေတနာ။

image
25 w - Translate

Crab Nebula (Messier 1)

ဂဏန်းနက်ဗျူလာဟာ Taurus ကြယ်စုထဲမှာရှိတဲ့ supernova အကြွင်းအကျန်တစ်ခု ဖြစ်ပါတယ်။ အေဒီ ၁၀၅၄ မှာ ရှေးခေတ် တရုတ်နက္ခတ္တဗေဒပညာရှင်တွေ လေ့လာတွေ့ရှိခဲ့တဲ့ ကြီးမားတဲ့ကြယ်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတာပါ။ အပြာရောင်၊ အစိမ်းရောင်နဲ့ လိမ္မော်ရောင်တွေနဲ့ တောက်ပနေတဲ့ ရှုပ်ထွေးတဲ့ဓာတ်ငွေ့နဲ့ အမှုန်အမွှားတွေက စိတ်ဝင်စားဖွယ်ကောင်းပြီး လှပတဲ့အရာတစ်ခု ဖြစ်စေပါတယ်။

image
25 w - Translate

Indigo (2023)

ဒီကားလေးကတော့ MIDb 5.5 ထိရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက်
Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါ
တစ်ခြားအပနှင်ကားတွေနဲ့ နည်းနည်းလေးကွဲထွက်ပြီးတော့
ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာပါ
ဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတိုဟာ
သူတိုမိဘတွေဆုံးသွားလို အိမ်ကြီးထဲမှာ နှစ်ယောက်ထဲနေကြရတယ်
သူတိုညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများတွေမမြင်ရ မကြားရတဲ့
ပရလောကသားတွေကိုမြင်ရကြားရတဲ့အစွမ်းကိုပိုင်ဆိုင်ထားကြတယ်
တကယ့်ကိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတိုညီမနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုချင်လို
လိုက်သောင်းကျန်းနေတာကို သူတိုတွေ ဘယ်လိုသည်းထိပ်ရင်ဖို ခုခံကာကွယ်ကြလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်

ဒါရိုက်တာ Rocky Soraya ရိုက်ကူးထားပြီးတော့
Main cast အဖြစ် အင်ဒို မင်းသမီးချောလေး Amada Manopo သရုပ်ဆောင်ထားပါတယ်
မင်းသမီးလေးချောချက်ကလဲ သူနဲ့တင်ကြည့်ရတန်နေပါပြီ
စိတ်ဝင်စားဖိုကောင်းတဲ့ကားလေးဖြစ်ပြီး အာရှပရလောကကားတွေကြိုက်တဲ့သူတွေအတွက်
လက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်

image
25 w - Translate

Omoi, Omoware, Furi, Furare[2020]

ဒီmovieလေးဟာဆိုရင် ကျောင်းသားလူငယ်လေးဦးရဲ့ အချစ်ဇာတ်လမ်းနဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
အချစ်အပေါ် ခံယူချက်ကွဲပြားကြတဲ့ အထက်တန်းကျောင်းသူလေးနှစ်ဦး Yunaနဲ့ Akari ။

အချစ်ကို အရမ်းစိတ်ကူးယဉ်တတ်ပြီး shoujo manga တွေထဲကလို မင်းသားတစ်ပါးကို စောင့်မျှော်နေတဲ့ Yunaနဲ့ အချစ်ကို လက်တွေ့ဆန်ဆန်စဉ်းစားတတ်တဲ့ Akari ။

အချစ်အပေါ်အမြင်မတူကြတဲ့ အထက်တန်းကျောင်းသားနှစ်ဦး Kazuomiနဲ့ Rio ။

အချစ်နဲ့ ပတ်သက်လာရင် ဘာမှမသိတဲ့ ငတုံးဖြစ်တဲ့ Kazuomi နဲ့ ဖွင့်ပြောလာတဲ့ မိန်းကလေးမှန်သမျှကို အခွင့်အရေးယူပြီး တွဲတတ်တဲ့ Rio ။

သူတိုလေးဦးရဲ့ အချစ်ရေးက ဘယ်လိုတွေ ရှုပ်ထွေးပြီး ဘယ်လိုတွေဖြစ်လာမှာလဲ ။သူတိုမျှော်လင့်ထားတဲ့ အချစ်ရေးကို ရှာတွေ့နိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်လိုက်ပါ။

image
25 w - Translate

Psychokinesis(2018)

ဇာတ်လိုက်မင်းသားကြီးနေရာမှာ တော့ဝါရင့် သရုပ်ဆောင် Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။မင်းသမီးကတော့Shim Eun Kyung ဖြစ်ပါတယ်
ဒီဇာတ်ကားဟာ သာမန်အက်ရှင်ကားတွေလို တိုက်ခိုက်ခန်းတွေ မင်းသားနဲ့မင်းသမီးချစ်ကျွမ်းဝင်တာ စတာတွေကို ရိုက်ကူးထားတာမဟုတ်ပါဘူး…..သဘာဝလွန်စွမ်းအားကိုမတော်တဆရရှိသွားတဲ့ဖခင်ဖြစ်သူက သမီးလေးကို ကာကွယ်ဖိုကြိုးစားအားထုတ်ပုံ…..တစ်ခြားသူတွေကိုတက်နိုင်သလောက်ကူညီပေးပုံစတာတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်….ပိုစတာမှာပြထားသလို ကောင်းကင်ယံမှပျံဝဲနေတဲ့ လူကြီးတစ်ယောက်ဟာ ဘယ်လိုတွေအစွမ်းပြသွားမလဲဆိုတာ ပရိသတ်တွေကြည့်ရှုလိုက်ပါဦးနော်
#movie

image

ဆေးဖက်ဝင် သခွတ်ပွင့်အကြောင်း သိကောင်းစရာ
မြန်မာနိုင်ငံဒေသ အနှံ့အပြား၌ ပေါက်ရောက်သည့် ဖြူဖြူဖွေးဖွေး အပွင့်ကားကား သခွတ်ပွင့်ကို ဟင်းငုတ်ပွင့်၊ ဟင်းခတ်ပွင့်ဟု ဒေသအလိုက် ခေါ်ဆိုတတ်ကြသည်။ သခွတ်ပင်သည် နွေအခါတွင် အရွက်ကြွေသော အပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ ဗစ်နိုးနီးယားစီအီး (Bignoniaceae) မျိုးရင်းဝင်ဖြစ်ပြီး သခွတ်မျိုးစိတ်မှာ D. spathacea ဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါဟု ခေါ်သည်။ သခွတ်ပင်သည် ပေ ၄၀ မှ ပေ ၆၀ အတွင်း မြင့်သည်။ ပါဠိဘာသာဖြင့် ဃောသာချဟုခေါ်သည်။ ယင်းမှာဃောကြေ၍ သာချမှ သခွတ်ဖြစ်လာသည်ဟု ဆိုပါသည်။
သခွတ်ဖိုပင်နှင့် သခွတ်မပင်ဟူ၍ သခွတ်ပင်အမျိုး အစားနှစ်မျိုးရှိသည်။ သခွတ်ဖိုပင်၏ ရုက္ခဗေဒအမည် မှာ စတီရီယို စပါမံပါဆိုနာတမ် (Stereospermum personatum) ဟုခေါ်၍ သခွတ်မပင်ကို ဒိုလီချန်ရုန်း စပါသာဆီး (Dolichandrone spathacea) ဟု
ခေါ်သည်။ သခွတ်ဖိုပင်ကို မြန်မာနိုင်ငံအက်ပိုင်း၌ အများဆုံးတွေ့ရ၍ သခွတ်မပင်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို စစ်ကိုင်း၊ ပျဉ်းမနားနှင့် သံတွဲမြို့တို့၌ ပေါပေါများများ တွေ့နိုင်သည်။
သခွတ်ပင်၏အရွက်သည် အလျား ၃ လက်မခန့်ရှိ၍ အဖျားချွန်သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားမှာ ခွေးသွားစိပ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်မှာ အစိမ်းရင့်ရောင် ပြောင်လက်နေသည်။ ဇူလိုင်လမှ အောက်တိုဘာလအတွင်း အပွင့်ပွင့်သည်။ သခွတ်ပွင့်သည် မလွှပွင့်ကဲ့သို့ အဝကား၍ နံနက်စောစောအချိန် တွင် အပင်မှ ကြွေကျလေ့ရှိသည်။ အနီရောင်အဆင်းရှိသော အပွင့်ပွင့်သည့် သခွတ်ပင်မျိုးရှိသော်လည်း အနီမျိုးမှာ ရှားပြီး တွေ့ရခဲသည်။
သခွတ်ပွင့်၏ဆေးဖက်ဝင်ပုံ
• မြန်မာဆေးကျမ်းများအဆိုအရ သခွတ်ပွင့်အနီ၊ အဖြူ နှစ်မျိုးစလုံး ချို၊ ဖန်၊ ခါး အရသာရှိ၏။ အေး၏။ အစာကိုပွစေတတ်၏။ သွေး၊ သလိပ်ကိုနိုင်၏ဟုဆိုသည်။
• ဥတုဘောဇနကျမ်းအရ သခွတ်ပွင့်သည် ချို၊ ဖန်၊ ခါး အရသာရှိ၏။ အေး၏။ အစာကို မျှစေတတ်၏။ သွေး၊ သလိပ်တို့ကိုနိုင်၏။ ပန်းနာ၊ရင်ကျပ်ရောဂါ၊ အော့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောခြင်း၊ ဆီးအောင့်ခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်း၊ ကြို့ထိုးခြင်း၊ လေနာရောဂါဖြစ်ခြင်းတို့ကို ပျောက်စေတတ်၏ ဟုဆိုထားသည်။
• သခွတ်ပွင့်ကိုပြုတ်၍ သုပ်စားနိုင်သကဲ့သို့ ချက်စားပါက အသံဝင်သူများ အသံထွက်လာသည်။
• မြွေကိုက်ခံရပါက သခွတ်ပင်၏ အခေါက်ကို ဝါးစားပေးခြင်းဖြင့် မြွေဆိပ် ပြေစေနိုင်သည်။
• အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါ စသည့် အသည်းရောဂါအမျိုးမျိုးတို့အတွက် သခွတ်ပွင့်က လွန်စွာဆေးဖက်ဝင်သည်။
• သွေး၊ လေကျေစေကာ သွေးကိုသန့်စင်စေသဖြင့် အမျိုးသမီးများအတွက် အလွန်ကောင်းသည့်ဓာတ်စာဖြစ်သည်။
• အခါးဓာတ်ကြောင့် အသည်းကိုလွန်စွာ ကောင်းကျိုးပြုသည်။
• ဆီးချို၊ သွေးချိုရောဂါရှိသူများလည်း အထူးစားသင့်သည်။
• ခန္ဓာကိုယ်ထဲ သွေး၊ လေလည်ပတ်မှုအားကောင်းသဖြင့် လေငန်းရောဂါအတွက် ကောင်းကျိုးပြုသည်။
• သွေးတိုးရောဂါရှိသူများ သခွတ်ပွင့်၏ဝတ်ဆံကိုဖယ်ပြီး အသင့်အတင့်စားနိုင် သည်။
• ကလေးများရေကျောက်ပေါက်လျှင် သခွတ်ပင်၏အရွက်ပြုတ်ရည်ကို တိုက်ကျွေးနိုင်သည်။
• ခြေ၊ လက်ကိုက်ခဲလျှင် သခွတ်ပင်၏အရွက်၊အခေါက်တို့ကိုပြုတ်၍ ယင်းပြုတ်ရည်ဖြင့်ရေချိုးပါက ကိုက်ခဲမှုကို ပျောက်ကင်းနိုင်သည်။
• မျက်စိနာလျှင် သခွတ်ပင်၏အခေါက်ကို သွေးလိမ်းနိုင်သည်။
• အိမ်မွေးတိရစ္ဆာန်များ အဆိပ်ရှိ အကောင် ကိုက်ခံရလျှင် အရွက်ကိုထောင်း၍ ကျွေးပါက အဆိပ်ပြေစေသည်။
• အလွန်အဆိပ်ပြင်းသော အင်ဒရင်းပိုးသတ်ဆေးကို သခွတ်ပင်အောက်၌ တစ်ညတာထားရုံဖြင့် ဓာတ်ပြယ်စေသည်။
သခွတ်ပွင့်၏ဝတ်ဆံသည်အလွန်ခါးသဖြင့် အခါးကြောက်သူများက ဝတ်ဆံကို ဖယ်၍စားကြသည်။
သခွတ်ပွင့်တွင် Moisture ရေငွေ့ဓာတ်များသဖြင့် ပုပ်ရိလွယ်တတ်သည်။ ထို့ကြောင့် ကြာကြာခံစေရန် အပွင့်ကိုနေရောင်ပြပြီး အခြောက်လှန်း၍ သိမ်းရသည်။ သခွတ်ပွင့်ကို အခြောက်လှန်းမည်ဆိုပါက အပွင့်အတွင်းမှ ဝတ်ဆံများကိုဖယ်ပြီး အပွင့်ကို ထက်ခြမ်းခွဲကာ ခြောက်သွေ့အောင် နေပူကျဲကျဲတွင် နှစ်ရက်ခန့်ပြရသည်။ ဖြူဆွတ်ဆွတ်သခွတ်ပွင့်သည် နေလှန်းလျှင် မည်းသွားတတ်ပြီး အပွင့်စိုကိုချက်ပြုတ်သောအခါ အရောင်ညိုမည်းသွားသည်။
သခွတ်ပွင့်အစိုကို ရေနွေးဖြော၍ အတို့အမြှုပ်အဖြစ် စားနိုင်သည်။ ငါးဟင်းထဲတွင် အပွင့်စို သို့မဟုတ် အပွင့်ခြောက်ကိုထည့်ပြီး ချက်စားနိုင်သကဲ့သို့ ကြော်၍လည်းစားနိုင်သည်။ သခွတ်ပွင့်ခြောက်ကိုပြုတ်ပြီး သုပ်စားပါက ခံတွင်းမြိန်စေသည်။
အချုပ်အားဖြင့်ဆိုသော် သခွတ်ပွင့်ခြောက်သည် အစာအာဟာရအတွက်သော် လည်းကောင်း၊ ကျန်းမာရေး အတွက်သော်လည်းကောင်း ဆေးဖက်ဝင်သည့် အပင်ဖြစ်သကဲ့သို့ သခွတ်ပွင့်၏ ချို၊ ဖန်၊ ခါးအရသာတွင် အခါးစွက်နေသဖြင့် နှုတ်မြိန်စေကာ အစွမ်းထက်သည့် ဆေးဖက်ဝင် ဟင်းလျာတစ်ခွက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
#ကျန်းမာရေးဗဟုသုတ