3 w - Translate

လူဆိုတာ မာနကြီးရင်လည်း
မအောင်မြင်တတ်သလို
မနာလိုစိတ် အရမ်းများရင်လည်း
အရောင် သိပ်မထွက်ပါဘူး ။
အ၀တ်တွေဘယ်လိုကောင်းကောင်း
ရတနာတွေ ဘယ်လောက်တန်တန်
စိတ်ဓါတ်မမှန်ရင် အဖိုးမတန်ပါဘူး ။
ပိုင်ဆိုင်တာများလို့လည်း
ပေးကမ်းမှုမရှိရင် လူ့အကာပါပဲ ။
ဘွဲ့အာဏာပါဝါ ဘယ်လိုရှိရှိ
ကိုယ်ကျင့်တရားမရှိရင် လူအပိုပါပဲ ။
အသက်ဘယ်လောက်ရှည်ရှည်
အမှန်သိတဲ့စိတ်မရှိရင် ဆင်းရဲသူပါပဲ ။
နေရတာချင်း မတူကြပေမယ့်
သေရမှာချင်းဟာ အတူတူပဲဖြစ်လို့
မသေခင် ကူညီတတ်တဲ့လူတွေ
သူများဒုက္ခမပေးတဲ့လူတွေဖြစ်အောင်
နေထိုင်တတ်ဖို့ အရေးကြီးပါတယ် ။

image