30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

image
30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

image
30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

image
30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

image
30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

image
30 w - Translate

မာန်အောင်ကျွန်း သဘာဝအလှတရား 😍🌊🏝
#crdphoto
#rakhineculture

imageimage
+6
30 w - Translate

Fair and lovely အစွမ်းအံ့မခန်းပါလား
Fair and lovely အစွမ်းအံ့မခန်းပါလား

30 w - Translate

#သန်မာ_နေမှဖြစ်မယ်
📚📚📚📚📚📚📚📚
စာလို တတ်ပြီး
လူလို မတတ်တဲ့
သူတွေကိုတွေ့တော့
စိတ်ကောင်းရှိမှ
လူကောင်းဖြစ်မယ် ဆိုတဲ့
စကားကိုပိုပြီး လက်ခံ လာတယ် ။
အသက်တွေသာကြီးပြီး
စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့
လူတွေကို တွေ့တော့
အသက်ကြီးလို့သာ
လူကြီးလိုခေါ်ပြီး
အသိ မရှိတော့
အလကားပဲလို့ မြင်လာတယ် ။
လူက ချမ်းသာနေပြီးတော့
စိတ်မချမ်းသာနိုင်တဲ့
လူတွေကိုတွေ့တော့
ဘယ်လို နေရနေရ
ဘယ်လို စားရစားရ
လွတ်လပ် ပျော်ရွှင်ခြင်းကသာ
ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။
ပညာတတ်ပြီး
အကျည်းတန်နေတဲ့
လူတွေကိုတွေ့တော့
စိတ်ကောင်းမရှိတဲ့
ပညာတတ်ခြင်းက
လောကကို ဒုက္ခပေးတတ်တယ်
ဆိုတဲ့ စကားလေးကို
ပိုပြီးတော့ ယုံကြည်လာတယ် ။
ဂုဏ်ဓနရှိပြီး
ရုပ်ရည်ချောတဲ့ သူတွေက
အခြောက်တိုက် ဘဝမြင့်နေပြီး
တစ်ဖတ်သားကို
လူရာမသွင်းချင်ကြတဲ့အခါ
ရိုးသားခြင်းနဲ့
ကိုယ်ချင်းစာတရားကဘဲ
လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။
တစ်ထောင်ဖိုး ပေးလို့
တစ်ရာဖိုးလောက်တောင်
အကောင်းမမြင်ဘဲ
ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က
အပြစ်ပဲမြင်နေကြတဲ့အခါ
ကိုယ်မှန်တယ် ထင်ရင်
ဂရုမစိုက်ပဲ နေတတ်လာတယ် ။
စေတနာ မေတ္တာတွေက
ကိုယ်ပေးသလောက်မဆိုးထားနဲ့
တစ်ခါတလေ တစက်လေးမှ
ပြန်မရတဲ့အခါ....
နောက်တခါ ပေးနိုင်ရင်ပေး
မပေးနိုင်ရင်လဲ ဥပေက္ခာပြုပြီးနေ
ဒါပေမယ့် မင်း မျော်လင့်ချက်တော့
သွားမထားမိစေနဲ့လို့
ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ် ။
လူတစ်ချို့က လိုမှခေါ်တယ်
လူတစ်ချို့က လိုမှ သုံးတယ်
လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်
လူတချို့က ဒုက္ခရောက်မှ သတိရတယ်
လူတချို့က ဒဏ်ရာတွေ ပေးပြီး
လိုသလို သုံးပြီးရင် ပြန်ထွက်သွားကြတယ်။
ဒါတွေဟာ ဘဝထဲမှာ
ခေါက်ရိုးကျိုးနေတဲ့အခါ
လူတွေနဲ့ အရောဝင်ရမှာကြောက်လာတယ်
လူတွေကို
ယုံကြည်ရမှာ ကြောက်လာတယ်
လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်
လူတွေအများကြီးနဲ့
တဟီးဟီး တဟားဟား နေရဖို့ထက်
တစ်ယောက်ထဲပဲ အေးအေးဆေးဆေး
နေချင်လာတော့တယ်
နေတတ်အောင်လဲ ကြိုးစားတယ် ။
မိုးရွာရင်လဲ ရွာမယ်
နေပူချင်လဲ ပူမယ်
တခါတေလ ဘဝက
ရာသီဥတု ဆန်တယ်
ကိုယ်က နေတတ်မှ
ဒီနေ့က မလွယ်ကူဘူး
နောက်နေ့က ပိုပြီးခက်ခဲနိုင်တယ်။
ဒီနေ့ထက် မနက်ဖြန်မှာ
ခံနိုင်ရည် ပိုပြီးရှိနေရမယ်
အပင်မြင့်ရင်လဲ လေတိုက် ခံရမှာဘဲ
အပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲ
လောကဓံက ကွက်ကြားမိုး မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ်
ကိုယ်က သန်မာနေမှ ဖြစ်မယ် ။
Crd

image

*အက်သင်း(စ)ပြည်က စနစ်
တိုက်ရိုက် ဒီမိုကရေစီကို အစောဆုံး သုံးစွဲခဲ့သူများဟု မှတ်ယူကြသည့် ဂရိပြည် အက်သင်း(စ) (Athens) မြို့၌ နိုင်ငံသားတိုင်း ပါဝင် အုပ်စိုးသည့်စနစ်ကို ဘီစီ ၅ ရာစုခေတ် လောက်က ကျင့်သုံးခဲ့ကြတာ တွေ့ရသည်။ သို့သော် နိုင်ငံသားများဆိုရာ၌ ယခုခေတ် ပေတံများနှင့် တိုင်းတာသော် ကြီးမားသော ချွတ်ယွင်းချက် တစ်ခုတော့ ရှိနေသည်။ အဲဒါက တိုင်းပြည်ကိစ္စ စီမံ ဖန်တီးခွင့်ရသည့် နိုင်ငံသားစာရင်းတွင် အမျိုးသမီးများနှင့် ငွေဝယ်ကျွန်များ မပါရှိခြင်း ဖြစ်သည်။ ထိုခေတ် မြို့ နိုင်ငံ (city-state) များတွင် လူဦးရေလည်း နည်းပါးသေးသည်ဖြစ်ရာ မိန်းမများနှင့်ကျေးကျွန်များကိုချန်လှပ်သော် အက်သင်း(စ) ဒီမိုကရေစီနိုင်ငံ နိုင်ငံသား ယောက်ျားဦးရေ ၃ဝဝဝဝ ခန့်ရှိသည်။ ထိုနိုင်ငံသားဦးရေ အားလုံးနီးပါးသည်မှု နိုင်ငံ စီမံခန့်ခွဲရေးတွင် ပါဝင်ကြသည်။
အက်သင်း(စ)တွင် နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲသည့် အဖွဲ့အစည်း သုံးရပ် ရှိခဲ့သည်။ ၎င်းတို့မှာ
၁။ လူဦးရေ ထောင်ချီ ပါဝင်သည့် လူထုအစည်းအဝေး (assembly)၊ ၎င်းကို နိုင်ငံသားတိုင်း တက်ရောက်လိုက တက်ရောက်နိုင်သည်။ ယင်း၏ လုပ်ငန်းများက ယနေ့ခေတ် လွှတ်တော်များနှင့် သဘောချင်း ဆင်တူသည်။
၂။ ကောင်စီ (boule)
၎င်း၌ တစ်နှစ်တစ်ကြိမ် မဲနှိုက် ရွေးချယ်သည့် လူ ၅ဝဝ ပါဝင်သည်။ အုပ်ချုပ်ရေး ပိုင်း၏ အလုပ်မျိုးကို လုပ်ဆောင်၍ တာဝန်အသီးသီးကို မဲစနစ်ဖြင့်ပင် အလှည့်ကျ ထမ်းဆောင်ရသည်။
၃။ တရားရုံးများ
၎င်းတို့၌ ပုဂ္ဂလိက အမှုအခင်း၊ အများပြည်သူနှင့် ဆိုင်သော အမှုအခင်း စသည့်အမှု အမျိုးအစားများကို လိုက်၍ ခုံသမာဓိ (jury) လူကြီးအနည်းဆုံး ၂ဝ၁ ယောက်၊ သို့မဟုတ် ၅ဝ၁ ယောက်မှသည် ဦးရေ ထောင်ချီ၍ ပါဝင်သည်။ အဆိုပါ လူကြီးများကိုလည်း မဲနှိုက်၍ ရွေးချယ်သည်။
ဤသည်ကို ကြည့်လျှင် နိုင်ငံသား သုံးသောင်းရှိသော အက်သင်း(စ) မြို့နိုင်ငံ၌ အနည်းဆုံး လူဦးရေ ထောင်ဂဏန်းမျှသည် နိုင်ငံရေးရာကိစ္စများကို နေ့စဉ် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုနိုင်ပြီး၊ မဲစနစ်ဖြင့် အလှည့်ကျ တာဝန်ယူကြခြင်းမျိုးဖြစ်ရာ နိုင်ငံသား အချင်းချင်းကြား၌ မျှတမှု အပြည့်အဝ ရှိသည်ဟု ဆိုနိုင်သည်။ ထိုစနစ်အရ နိုင်ငံသားတိုင်းပင် အရေးကြီးသော တာဝန်များ ထမ်းဆောင်ခွင့်ရပြီး၊ ကံကောင်းသောနေ့၌ အုပ်ချုပ်ရေးကောင်စီ (boule) ၏ ဥက္ကဋ္ဌအဖြစ် မဲပေါက်လျှင် ထိုတစ်နေ့တာအဖို့ ယခုခေတ်သမ္မတတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာများ သုံးစွဲ ခံစားခွင့်ရမည် ဖြစ်သည်။

#ဆက်ရန်ရှိ

30 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ်ဖွင့် လှစ်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက ချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန် မြန်မာပြက္ခဒိန်ပညာ ဒီပလိုမာသင်တန်းနှင့် နက္ခတ်တာရာကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာ စာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့်အမျိုးသားဇာတ်ရုံတို့ အသီးသီး တည်ထောင်ပြီး ဖြစ်သော်လည်း အမျိုးသားအနုပညာပြတိုက် တည်ထောင်ရန်ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။

image