\ သိပ်ရက်စက်တယ် ဒေစီ \ <br>ဘယ်လိုငြိမ်းသက်ရမလဲ // ဖော်ကာ

မင်းအကြောင်းမတွေးပဲ မနက်ဖြန်မှာ ငါရှင်သန်တော့မယ် <br>လိုင်းကားစီးပြီးအိမ်ပြန်ပြီ // Square lake pirates

38 w - Translate

KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်
မေ ၁၅၊ ၂၀၂၅
Shy V (VOM)
KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန် သွားကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။
"အသက်ကြီးပြီ။ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ။" လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဟာ ကာလကြာရှည်စွာ နာမကျန်းဖြစ်တာကြောင့် ဆုံးပါးသွားတာလို့ သူက ပြောပါတယ်။
KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ၂၀၀၆ ခုနှစ် ဇူလိုင်လ ကနေ ၂၀၁၇ ဒီဇင်ဘာလ အထိ KIO/KIA ဥက္ကဌ နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၁၉၆၀ မှာ ရန်ကုန်တက္ကသိုလ် ကနေ ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ KIA တပ်ဖွဲ့ထဲ စတင် ဝင်ရောက် တာဝန်ထမ်းဆောင် ခဲ့ကြောင်း သိရပါတယ်။
Photo Crd# ဒေသခံ

image

Close your eyes and let’s listen to \anniversary\\ by Bunny Phyo together

သတိရညနေခင်း -

\ F1 \ ရုပ်ရှင် Main Trailer.

ကမ္ဘာ့နံပါတ် ၁ ရောင်းအား အကောင်းဆုံး သရဲကားဖြစ်လာတဲ့ ‘Until Dawn’
‘Until Dawn’ ကတော့ လက်ရှိ မြန်မာရော ကမ္ဘာတစ်ဝမ်းမှာပါ ရုံတင်ပြသနေတာဖြစ်ပြီး ဘတ်ဂျက် သန်း $15M သာ သုံးထားပြီး နိုင်ငံတကာဝင်ငွေ ဒေါ်လာ သန်း $44M အထိ ရရှိထားတဲ့ရုပ်ရှင်ဖြစ်လာပါပြီ။
ဒါ့အပြင် နောက်အပတ်မှာ Final Destination: Bloodlines ထွက်လာတော့မှာမို့ Sony ရဲ့ Until Dawn အနေနဲ့ ကမ္ဘာ့လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၀ သန်းကို ကျော်ဖို့ သိပ်မလိုတော့ဘူးလို့ပြောလို့ရပါတယ်။
ပြောရရင် ဒီလောက် ဘတ်ဂျက်ငွေ နည်းနည်းလေးနဲ့ အမြတ်များများပြန်ရလိမ့်မယ်လို့ ထင်ကိုမထင်ထားတဲ့ ဇာတ်လမ်းလို့ပြောရမှာပါပဲ။ Until Dawn က အမေရိကမှာ ဒေါ်လာ ၁၈ သန်းနဲ့ နိုင်ငံခြားမှာ ဒေါ်လာ ၂၆ သန်း စုစုပေါင်း ဒေါ်လာ ၄၄ သန်း ရှာထားပါတယ်။ ဒီရုပ်ရှင်ကို ဒေါ်လာ ၁၅ သန်း ဘတ်ဂျက်နဲ့ ထုတ်လုပ်ခဲ့တာမို့ Sony အတွက် တော်တော်လေး အောင်မြင်တဲ့ ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် တခြား Horror တွေရဲ့ ဝင်ငွေတွေကိုတော့ မယှဥ်နိုင်သေးပါဘူး။ ဥပမာ Annabelle: Creation ဆိုရင် ဒေါ်လာ ၁၅ သန်း ဘတ်ဂျက်နဲ့ ကမ္ဘာတဝှမ်း ဒေါ်လာ ၃၀၀ သန်းကျော် ရှာနိုင်ခဲ့ပါတယ်။ ‘Until Dawn’ အနေနဲ့ကတော့ စစပွဲထွက်ချင်းမှာတင် Rotten Tomatoes မှာ ၅၄% ပဲ ရထားပါတယ်။
ဆိုတော့ ‘Until Dawn’ က အောင်မြင်တယ်လည်းပြောလို့မရသလို မအောင်မြင်ဘူးလို့လည်းပြောလို့မရတဲ့ ကြားထဲမှာရှိနေတဲ့ ဇာတ်လမ်းလို့ပြောရင်ပိုပြီး မှန်ပါလိမ့်မယ်။
လက်ရှိမှာတော့ ရုံတင်နေတာဖြစ်ပြီး IMDb Rating မှာတော့ 6/10 လောက် ရထားပါတယ်။

image

အီတလီအိုးပင်း ၁၆ ဦးအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ရာဒူကာနူ
******************
(အားကစား)
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူရဲ့ အီတလီအိုးပင်း ချန်ပီယံဆုမျှော်လင့်ချက်က စတုတ္ထအဆင့်ပွဲမှာ ကိုကိုဂတ်ဖ်ကို ရှုံးနိမ့်ပြီး ရပ်တန့်သွားခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၅ တင်းနစ်ရာသီအစပိုင်းမှာ လက်စွမ်းကောင်းတွေ ရခဲ့သလို ကမ္ဘာ့အဆင့် ၅၀ အတွင်း ဝင်ရောက်ရပ်တည်လာနိုင်ခဲ့တဲ့ ရာဒူကာနူကတော့ အခုအီတလီအိုးပင်းမှာလည်း

လက်စွမ်းကောင်းကို ပြသနိုင်ခဲ့ပြီး စတုတ္ထအဆင့်အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုကိုဂတ်ဖ် က လက်စွမ်းတည်ငြိမ်မှု ပိုကောင်းခဲ့သလို ရာဒူကာနူထက်လည်း အမှားနည်းခဲ့ပါတယ်။

ပွဲကစားချိန် က ၁ နာရီနဲ့ ၁၉ မိနစ်သာ ကြာမြင့်ခဲ့ပြီး ကိုကိုဂတ်ဖ်က ၆း၁၊၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာတော့ ကိုကိုဂတ်ဖ်ဟာ ဆီဒင်အဆင့် (၇) ရထားတဲ့ အမေရိကန်တင်းနစ်မယ် အန်ဒရီဗာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကိုကိုဂတ်ဖ်ကတော့ မြေစေးကွင်းပွဲတွေမှာ ရလဒ်ကောင်းလေ့ မရှိပေမယ့် မကြာခင်ကျင်းပမယ့် ပြင်သစ်အိုးပင်းမှာ ရလဒ်ကောင်းရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

image

အခုလာမယ့် ‘THE LAST OF US’ အပိုင်း(၆) run time (၁)နာရီရှိမှာဖြစ်ပြီး " The Price " လို့ title ပေးထားတယ်။ အဓိက ပြသွားမှာက Ellie နဲ့ Joel တို့အကြောင်းကို focused ထားပြီး flash back ပုံစံများများသွားမယ်ထင်တယ်။

image

\ SUPERMAN \ New Trailer. ?