ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၁၁ ခုနှစ်က ကြေကွဲဖွယ် ဆူနာမီဘေးအပြီးမှာ ဂျပန်နိုင်ငံဟာ ပြန်လည်နာလန်ထူရုံသာမကဘဲ နောက်ထပ်ဒီလိုသဘာဝဘေးကနေ ကာကွယ်နိုင်ဖို့ပါနည်းလမ်းတွေ ရှာဖွေခဲ့ကြပါတယ်
အဲ့တာကြောင့် ကမ်းရိုးတန်းတစ်လျှောက် ၃၉၅ ကီလိုမီတာ (၂၄၅ မိုင်) အရှည်ရှိပြီး ၁၂.၅ မီတာ (၄၁ ပေ) အထိ မြင့်မားတဲ့ ဆူနာမီတံတိုင်းကြီးကို အနာဂတ်ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက်ဆောက်လုပ်ခဲ့ပါတယ် ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ဒီတံတိုင်းကြီးနဲ့ဘဲ ရပ်တန့်မသွားခဲ့ပါဘူး
ဒီဧရာမ တံတိုင်းအတားအဆီးကြီးကို အားဖြည့်ဖို့အတွက် ဂျပန်နိုင်ငံဟာ သစ်ပင်ပေါင်း ၉ သန်းကို စိုက်ပျိုးခဲ့ပြီး အင်ဂျင်နီယာနည်းပညာနဲ့ ဆောက်ထားတဲ့ တံတိုင်းကြီးဘေးမှာ အသက်ဝင်နေတဲ့ အကာအကွယ်တစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်
ဒီလိုနဲ့ဘဲ သူတို့နှစ်ခု ပေါင်းစပ်ကာ "သဘာဝနဲ့ နည်းပညာ ပေါင်းစပ်ညီညွတ်ခြင်းမှတစ်ဆင့် အကာအကွယ်" ဆိုပြီးဖြစ်လာခဲ့တာပါ
#knowledge #ဗဟုသုတ
ဆွီဒင်နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမှာ အကောင်းဆုံးနိုင်ငံဖြစ်ပြီး စွန့်ပစ်ပစ္စည်းတွေကနေ စွမ်းအင်ထုတ်လုပ်တာ နဲ့ ပြန်လည်အသုံးပြုနိုင်အောင်လုပ်တဲ့ စက်ရုံအများအပြားရှိပါတယ် သူတို့ရဲ့ စက်ရုံတွေအမြဲလည်ပတ်နေဖို့အတွက် နိုင်ငံတွင်း မှာ ရှိတဲ့ အမှိုက်တွေ နဲ့ မလုံလောက်တာ ကြောင့် တစ်ခြားနိုင်ငံက အမှိုက်တွေကိုပါ တင်သွင်းနေရပါတယ်
#knowledge #ဗဟုသုတ
W-h-e-r-e’s t-h-e D-r-a-g-o-n? (2015)
============================
တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့်
အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။ နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့..အမှန်က ဇာမဏီပျောက်လိုနဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ပြီးတော့ နဂါးပျောက်လို ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ။ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ။
Fantasia (194
ဒီ Fantasia ဆိုတာဟာ ရုပ်ရှင်ကား တစ်ကားမဟုတ်ပဲ
သင့် ရင်ထဲရောက်တဲ့ အပိုင်းအစ လေးတွေ များစွာ ထည့်သွင်းပေးထားပါတယ်
သင့်ပတ်ဝန်းကျင်မှာ ယနေ့ထက်ထိ တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ
Walt Disney ရဲ့ အကောင်းဆုံး နောက်ခံ တေးဂီတ ကို Animation နဲ့
လိုက်ဖက်စွာ ပုံဖော်ပြီး ကမ္ဘာကျော် တေးဂီတ များစွာကို ဘယ်လိုတွေ
နောက်ခံ ဂီတ အဖြစ် အံဝင် ဂွင်ကျ တီးခတ်ထားကြသလဲ ဆိုတာ
Fantasia နဲ့ အတူ လိုက်ပါ ခံစားပေးကြပါအုံး
ဇာတ်ကားလင့်
https://t.me/c/2186686827/397
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Doraemon Movie ( 1980 )
Nobita's Dinosaur
တစ်နေ့မှာ သူဌေးသားလေး ဆူနဲအိုတစ်ယောက် သူ့အဖေ အမေရိကားကနေ ယူလာတဲ့ TRex ရဲ့ လက်သည်းကျောက်ဖြစ်ရုပ်ကြွင်းကိုကြွားနေတုန်း မနာလိုဖြစ်တဲ့ နိုဘီတတစ်ယောက်ဟာ ဒိုင်နိုဆော တစ်ကောင်လုံးစာ ရှာလာပြမယ်ဆိုပြီး အာချောင်ခဲ့ပါတော့တယ် မရှာနိုင်ခဲ့ရင် အပြစ်ကိုခံယူမယ်ဆိုပြီး အိမ်ပြန်ပြီး ဒိုရေမွန်ကို ထုံးစံအတိုင်း ပူဆာပါတော့တယ်။ ဒိုရေမွန်ကလည်း မဖြစ်နိုင်တာကြီးမိုမကူညီတာကြောင့် နိုဘီတလည်း ကိုယ်တိုင်ကြိုးစားပြီးရှာဖွေရာကနေ အမှတ်မထင် ဒိုင်နိုဆောဥလေးတစ်လုံးကိုရလာပြီးတဲ့နောက်မှာတော့
ဘယ်လိုအခက်အခဲတွေကြုံရမလဲ
ဘယ်သူတွေက လာနှောက်ယှက်မလဲ
ဘယ်လိုစွန့်စွန့်စားစား သူတိုတွေကြိုးစားရမလဲ ဆိုတာကို ကြည့်ရှုနိုင်ပါပြီခင်ဗျာ။
ဇာတ်ကားလင့်
https://t.me/c/2186686827/398
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Ganymede က နေအဖွဲ့အစည်းထဲမှာ အကြီးဆုံးလဖြစ်ပြီး မာကျူရီဂြိုဟ်ထက်တောင် ပိုကြီးပါတယ်။ သူ့မှာ သူ့ရဲ့ သံလိုက်စက်ကွင်း (Magnetic Field) တောင် သီးခြားရှိပါတယ်။
Io မှာ မီးတောင်အရှင်တွေ အများကြီးရှိပြီး နေအဖွဲ့အစည်းထဲမှာ မီးတောင်လှုပ်ရှားမှု အများဆုံးနေရာတစ်ခုဖြစ်ပါတယ်။
Europa မှာ ရေခဲပြင်အောက်မှာ အရည်အဖြစ်တည်ရှိတဲ့ သမုဒ္ဒရာကြီးတစ်ခုရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အဲဒီသမုဒ္ဒရာထဲမှာ သက်ရှိပုံစံတွေ ရှိနိုင်မလားဆိုပြီး လေ့လာမှုတွေ ပြုလုပ်နေကြပါတယ်။ ရှိမရှိကတော့ ၂၀၂၄ ခုနှစ်မှာလွှတ်တင်ခဲ့တဲ့ Europa clipper ယာဉ်ငယ်ဆီကနေ ၂၀၃၁ မှာ Data တွေပြန်ရလာရင် ပြောနိုင်မှာပါ။
MASES ကပြုလုပ်တဲ့ ကြယ်တာရာကြည့်ပွဲတွေလာဖူးကြတဲ့သူတွေက သူ့ရဲ့လလေးလုံးနဲ့ ဂျုပီတာ ဂြိုလ်ကြီးကို မြင်ရတာအကြိုက်ဆုံးလို့ပြောကြပါတယ်။
ပုံမှန်အားဖြင့်တော့ နေရဲ့ solar flare ဖြစ်စဉ်တွေ solar storm ဖြစ်စဉ် ဟာ ၁၁ နှစ်ကို တစ်ခါ အလှည့်ကျ ဖြစ်ပေါ်တတ်ပါတယ်။
NASA မှာ နေမင်းကြီးရဲ့ လှုပ်ရှားမှုတွေ၊ နေပေါက်ကွဲမှုတွေနဲ့ ကမ္ဘာအပါအဝင် တခြားဂြိုဟ်တွေအပေါ် သက်ရောက်မှုတွေကို လေ့လာဖို့အတွက် အာကာသယာဉ်တွေ အများကြီး ရှိပါတယ်။ ဒီယာဉ်တွေဟာ နေအဖွဲ့အစည်းရဲ့ နေရာအနှံ့အပြားကနေ ပတ်လမ်းကြောင်းအမျိုးမျိုးနဲ့ လှည့်ပတ်နေကြတာပါ။
NASA နဲ့ ဥရောပအာကာသအေဂျင်စီ (ESA) တို့ ပူးပေါင်းထားတဲ့ Solar and Heliospheric Observatory (SOHO)၊ NASA ရဲ့ Solar Dynamics Observatory (SDO) နဲ့ NASA ရဲ့ Solar Terrestrial Relations Observatory (STEREO) တို့ဟာ နေပေါ်က နေပူကွက်တွေ (sunspots) နဲ့ စွမ်းအင်ထုတ်လွှတ်တဲ့ နေရာတွေ (active regions) ကို အာကာသထဲက မတူညီတဲ့ နေရာတွေကနေ စောင့်ကြည့်လေ့လာကြပါတယ်။
ဒီယာဉ်တွေဟာ Coronal Mass Ejections (CMEs) လို နေကနေ နေအဖွဲ့အစည်းထဲကို ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ အမှုန်အမွှားတွေကိုလည်း လေ့လာပါတယ်။
တစ်ချိန်တည်းမှာပဲ NASA ရဲ့ Parker Solar Probe ကတော့ နေနဲ့ အနီးဆုံးကို ပုံမှန်ရောက်အောင် သွားပြီး နေမင်းကြီးရဲ့ အပြင်ဘက်ဆုံး လေထုအလွှာ နဲ့ Corona ဖြစ်ပေါ်တဲ့ အခါ corona ကို ဖြတ်သန်းပါတယ်။ ဒီယာဉ်ဟာ နေကနေ စွန့်ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေကို အနီးကပ်၊ ပုံမှန် ကြည့်ရှုလေ့လာနေတာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ နေမီးလျှံတွေကြောင့် ဖြစ်ပေါ်လာတဲ့ သံလိုက်မုန်တိုင်းတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ဓာတ်ပြုပြီး မြေပြင်ပေါ်က ဓာတ်အားပေးစနစ်တွေမှာ ကြီးမားတဲ့ လျှပ်စီးကြောင်း (induced currents) တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ဓာတ်အားလိုင်းတွေ ပြတ်တောက်တာ၊ Transformer တွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ (ဥပမာ- ၁၉၈၉ ခုနှစ် ကနေဒါနိုင်ငံ Quebec မှာ ဖြစ်ခဲ့တဲ့ ဓာတ်အားပြတ်တောက်မှုလိုမျိုးဖြစ်စဉ်တွေပါ။)
GPS (Global Positioning System) လို လမ်းညွှန်စနစ်တွေဟာ ဂြိုဟ်တုကနေ ပို့လွှတ်တဲ့ အချက်အလက်တွေပေါ် မူတည်ပါတယ်။ Solar Flare တွေက လေထုကို ထိခိုက်တဲ့အခါ ဒီအချက်အလက်တွေ နှောင့်နှေးတာ၊ တိကျမှု လျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။
နောက်ပြီး အာကာသထဲမှာ လှည့်ပတ်နေတဲ့ ဂြိုဟ်တုတွေနဲ့ နိုင်ငံတကာအာကာသစခန်းက အာကာသယာဉ်မှူးတွေအတွက် Solar Flare တွေက ဓါတ်ရောင်ခြည်ဘေးအန္တရာယ် (Radiation Hazard) ကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အာကာသယာဉ်တွေကို ကာကွယ်မှုတွေ ပြုလုပ်ရသလို၊ အာကာသယာဉ်မှူးတွေအတွက်လည်း လုံခြုံရေး အစီအမံတွေ ထားရှိရပါတယ်။
The Guar-dian (2021)
လီ ဆိုတဲ့ကောင်မလေးဟာရုပ်ရည်ရှိ အသံလေးလည်းကောင်းပေမယ့် သူဖြစ်ချင်တဲ့နာမည်ကြီးအဆိုတော်တော့ဖြစ်ခွင့်မကြုံသေးပါဘူးအဲဒီအစားနာမည်ကျော်ဂီတလောကရဲ့ မင်းသမီး လိုတင်စားကြတဲ့ လန်ဖွန်ရဲ့နောက်ခံအဆိုတော်လေးပေါ့။ တစ်နေ့မှာအဆိုတော်လန်ဖွန်ရဲ့ လိင်မှုဗီဒီယိုပျံ့နှံမှုနဲ့အတူသူမရဲ့ အဆုံးစီရင်တဲ့သတင်းကပါကပ်လိုက်လာတဲ့အခါလူတွေကြားမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်လာပါတော့တယ်.ထူးခြားတာကဖွန်သေဆုံးတဲ့နေရာမှာ ကူမန်သောင် အရုပ်ကို တွေ့ရှိရတာပါပဲ။ ဒီတော့ ကူမန်သောင် အရုပ်ကိုယုံကြည်သူတစ်ချိုကအရုပ်နဲ့ပတ်သတ်တယ်လို ယူဆကြပါတယ်။ ရဲဘက်ကတော့လိင်မှုဗီဒီယိုထဲမှာပါတဲ့ပါတီပွဲကို ဖွန်နဲ့လီအတူသွားခဲ့တယ်လိုပြောပြီးစစ်ဆေးပေမယ့်လီတစ်ယောက်ဘူးခံငြင်းနေပါတယ်။ တစ်နေ့မှာသီချင်းဆိုပြိုင်ပွဲမှာသူဌေးမတစ်ယောက်နဲ့ဆုံပြီးနောက် ကူမန်သောင် အရုပ်ကိုအသက်သွင်းလိုက်ပြီးလီတစ်ယောက် ရုတ်တရက်အောင်မြင်သွားပေမယ့် ဆက်တိုက်ဖြစ်လာတဲ့လူသတ်မှုတွေ ကပ်ပါလာတဲ့အခါ။