" ပစ် မထားပါနဲ့ "

ကိုရင်ဆိုတာ သာသနာ့ မျိုးစေ့တွေ
ရဟန်းဆိုတာ
သာသနာ့ သစ်ပင်တွေ ဖြစ်ပါတယ် ။
သာသနာ့ သစ်ပင် ရဟန်းတော်တွေ
များပြားလေလေ လောကကြီး
အရိပ်ရလေလေ
အေးမြလေလေ ဖြစ်ပါတယ် ။
သာသနာ့သစ်ပင် ရဟန်းတွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်သလို
သာသနာ့မျိုးစေ့ ကိုရင်တွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်ပါတယ် ။
မျိုးစေ့ကောင်းရှိမှ
သစ်ပင်ကောင်းဆိုတာ ဖြစ်လာတာ ။
ကိုရင်ပျောက်ရင် ရဟန်းပျောက်မယ် ။
ရဟန်းပျောက်ရင် သာသနာပျောက်မယ် ။
သာသနာပျောက်ရင် ဆင်းရဲကြမယ် ။
ဒါ့ကြောင့် သာသနာ့မျိုးစေ့နဲ့ တူသော
"ကိုရင်များကို ပစ်မထားပါနဲ့"
ဘုန်းဘုန်းကျောင်းမှာ သာရေးနာရေး
ဘယ်လိုပွဲ ရှိရှိ ကိုရင်တွေကို
လှူပါ ဘယ်လောက် လှူရမယ်
မပြောလိုပါဘူး ။
စွမ်းနိုင်သလောက်သာ လှူပါဟု
ဒါယကာ ဒါယိကာမများကို
အထူးတိုက်တွန်းရပါတယ် ။
အရှင်ဉာဏာဝုဓ { ဉာဏရောင်ခြည် }

image

လူဖြစ်ရကျိုးနပ်ပါစေ

ကဲ.. ဘုန်းကြီးတို့တစ်တွေကတော့
ကံကောင်းလို့ လူ့ဘဝ ရလာကြပြီ။
လူ့ဘဝရောက်ဖို့ ဆိုတာ ....
အလွန်အင်မတန်မှ ခဲယဉ်းတယ်။
မြန်မာမှာလည်း ပြောကြတယ်။
ဗြဟ္မာပြည်က အပ်တစ်စင်း၊
လူ့ပြည်က အပ်တစ်စင်း ချလိုက်ရင်
အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။
လူ့ဘဝရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်လို့။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကို
မဖြစ်နိုင်ဘူးလို့ ဆိုလိုတာနော်။
မြတ်စွာဘုရားက လူ့ဘဝ ဘယ်လောက်ရဖို့
ခက်ခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့
ဥပမာပေးထားတယ်။
လိပ်ကန်းကြီးတစ်ကောင်က
ပင်လယ်ထဲမှာ ကျက်စားတယ်။
အနှစ်တစ်ရာကြာမှ ပင်လယ်ရေမျက်နှာပြင်ပေါ်
ခေါင်းလေးပြူကြည့်ပြီး အသက်ရှူတယ်။
အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေ
မျက်နှာပေါ်မှာ တက်မလာဘူးတဲ့။
ပင်လယ်ရေနက်ပိုင်းထဲမှာပဲ
လှည့်လည် ကျက်စားပြီး နေတယ်။
အဲဒီလိပ်ကြီးက မျက်စေ့နှစ်ကွင်း
အလင်းမရလို့ လိပ်ကန်းတဲ့။ ဟုတ်ကဲ့လား။
အဲဒီပင်လယ်ပြင်ထဲမှာ
ထမ်းပိုးတုံးကြီး တစ်ခုက
အပေါက်ကလေး တစ်ခုပဲပါတယ်။
ပင်လယ်ဆိုတာက
အမြဲတမ်း လှုပ်ရှားနေတာ၊
ငြိမ်နေတာ မဟုတ်ဘူး။
အဲဒီ ထမ်းပိုးတုံးကြီး ပင်လယ်ထဲမှာ
မျောချင်ရာ မျောနေတယ်။
လိပ်ကန်းကြီးကလဲ သွားချင်ရာသွား၊
အနှစ်တစ်ရာ ကြာတဲ့အခါ
ပင်လယ်ရေမျက်နှာပေါ်တက်ပြီး
ခေါင်းကလေးပြူလိုက်တယ်။
အဲဒီပြူလိုက်တဲ့ ခေါင်းလေးနဲ့ ခုနက
မျောချင်ရာမျောနေတဲ့ ထမ်းပိုးတုံးကြီးရဲ့
အပေါက်နဲ့ သွားစွပ်မိတယ်ဆိုတာ
ဖြစ်ကောင်း ဖြစ်နိုင်သေးတယ်တဲ့။
အပါယ်လေးဘုံ ရောက်သွားတဲ့
သတ္တဝါတစ်ယောက် လူဖြစ်ဖို့ ဆိုတာ
ပိုပြီး ခဲယဉ်းတယ် တဲ့။
ဒါကြောင့် ...
ကိုယ့်ဘဝလေး ကိုယ်
တန်ဖိုးထားတတ်ဖို့ လိုတယ်။
အကယ်၍ ကာမဂုဏ် အာရုံတွေပေါ်မှာ
လောဘတွေနဲ့ အချိန်ကုန်မယ်။
ဒေါသတွေနဲ့ အချိန်ကုန်မယ်။
လုပ်သင့် မလုပ်သင့်ဆိုတာတွေ မသိတဲ့
မောဟနဲ့ အချိန်ကုန်နေမယ်ဆိုရင် ...
တိရစ္ဆာန်ဘဝနဲ့ ဘာမှသိပ်ပြီး ကွာခြားမှာ
မဟုတ်တော့ဘူးနော်။
ဒါကြောင့်မို့ ...
လူ့ဘဝ ရလာတဲ့အခါမှာ
လူဖြစ်ကျိုးနပ်ပါစေတဲ့။
လူဖြစ်ကျိုးနပ်ဖို့
အင်မတန်မှ အရေးကြီးတယ်တဲ့။
သေရမယ့် ခန္ဓာကို ရင်းပြီးတော့ …
မသေမယ့်တရားကို ရှာနိုင်မှသာလျှင်
သူတော်ကောင်းအစစ်တွေ
ဖြစ်လာနိုင်တယ်။
တရားအသ်ိရှိမှ အသိတရားရှိမယ်။
အသိတရား ရှိတော့ ...
တရားနဲ့ လျော်အောင်
နေတတ်, ထိုင်တတ်
ပြုမူ, ပြောဆိုတတ်တယ်။
တရားနဲ့ လျော်အောင်
နေတတ်, ထိုင်တတ်
ပြုမူ ပြောဆိုတတ်တော့
အပြစ်ကင်းတယ်။
အပြစ်ကင်းတော့ ချမ်းသာတယ်။
တရားကိန်းနေသူဟာ
သာသနာနဲ့ တွေ့နေသူပဲ။
တရားကျင့်ကြံအားထုတ်နေသူဟာ
သာသနာတွင်းသားပဲ။
အေး .. ဒါကြောင့်မို့ လူဖြစ်ရကျိုးနပ်ဖို့
ကိုယ့်ဘဝအရေး စဉ်းစားရမယ်။
ဒီအတိုင်း အမှတ်တမဲ့ မနေရဘူး။
လူဖြစ်ကျိုးနပ်အောင် နေရမယ်။
လူဖြစ်ကျိုးနပ်တယ် ဆိုတာ
ကုသိုလ်မျာများ လုပ်သွားနိုင်သူတွေကို
ဆိုလိုတယ်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။?

image

?မင်္ဂလာနံနက်ခင်းပါရှင့်?
?မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင့်
၂၂-၀၅-၂၀၂၅ ကြာသပတေးနေ့

?ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ၊ သ

image
44 w - Translate

တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေ
မထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး
ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse
ဆန်ဆန်လေး ရိုက်ပြထားတာပါ။

Night of the Zoopocalypse (2024)

ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီး
နေရာမှာလဲ Stranger Things ထဲက Jim Hopper
နေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ်

ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို
ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင်
တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊

🌷💐 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

💐🌷ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1870

image

လူတချို့ကို မှန်တစ်ချပ်လို ပြန်ပြီး ဆက်ဆံနိုင်လာတဲ့ နေ့ကစပြီး ဘဝက Drama နည်းနည်းနဲ့ ပိုပြီး အေးချမ်းလာတယ်လို့ ခံစားလာရတော့တာပါပဲ ။ သူတို့ပေးသလောက်ပဲ ပြန်ပေးဖြစ်တော့တယ်။
ကိုယ်ကလည်း ပိုမပေးဖြစ်တော့သလို “ငါကကျတော့ ဘယ်လောက်တောင် အနစ်နာခံထားရတယ် ။ သူကကျတော့” ဆိုတဲ့ စိတ်လည်း မရှိတော့ဘူး။ “I give the same energy they gave” ပဲ။
အရင်ကတော့ ဘယ်ဆက်ဆံရေးမှာမဆို အကောင်းဆုံး ဖြစ်ချင်ခဲ့တာ ။ တစ်ခုခုဆို သူ မကောင်းရင်တောင် ကိုယ်က ဆယ်ဆ ပြန်ကောင်းပေးချင်တာ ၊ တစ်ခုခုဆို ချစ်တဲ့ စိတ်နဲ့ ဖြည့်တွေးပေး ၊ သည်းခံပေးခဲ့တာ ။
ဒါကိုတောင်မှ တစ်ဖက်က ကိုယ့်ကို နာကျင်အောင်လုပ်ရင် ဝမ်းနည်းခံစားနေတတ်တာ ။ “ ငါကတော့ ကောင်းပေးလိုက်ရတာ ၊ ငါ့ကို ဒီလို လုပ်ရသလား” ဆိုပြီး တနုံ့နုံ့နဲ့ပေါ့ ။ အဓိကကတော့ ကျွန်မတို့ရဲ့ “သူကတော့ ဒီလိုမလုပ်လောက်ပါဘူး” ဆိုတဲ့ မျှော်လင့်ချက်က ပြန်သတ်တာပါပဲ။
အဲဒီကနေ အသက်ကြီးလာတော့ ဘာသိလာသလဲဆို ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား အဲ့ဒါက လူတချို့အတွက်၊ ဆက်ဆံရေးတချို့အတွက် အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ များသောအားဖြင့်တော့ ပန်းချီကားလို လူဖြစ်ဖို့ပဲ ကြိုးစားပေမဲ့ လူတချို့အတွက် မှန်လိုလူအနေနဲ့ နေတာပဲ ကောင်းတယ်။
ကိုယ့်အပေါ် မကောင်းရင် ကိုယ်လည်း ပြန်ယုတ်မာရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ မှန်တစ်ချပ် ထောင်ပြ ခိုင်းတာ။ ကိုယ့်ကိုယ်ကိုယ် အဲဒီလူတွေအနားကနေ ခွာခိုင်းတာပါ။ ကိုယ့်ကို တစ်ခုပေးလာရင် တစ်ခုပြန်ပေးလိုက်၊ အရင်လို ဆယ်ခုပြန်မပေးချင်နဲ့။ ကိုယ့်အပေါ် မကောင်းဘူး မဟုတ်လား၊ respect မထားဘူးမဟုတ်လား။ ခွာလိုက်။ သွားပြီး အောက်ကျို့မနေနဲ့။
ထွက်သွားချင်တဲ့လူကို ဆွဲမထားဘဲ တံခါးဖွင့်ပေးခိုင်းတာ၊ ကိုယ့်ကို တန်ဖိုးမထားဘူးမဟုတ်လား ဘာလို့လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ မေးမနေဘဲ၊ တောင်းဆိုမနေဘဲ၊ တောင်းပန်မနေဘဲ နင်တန်ဖိုးမထားပေမဲ့ ငါ့ကိုယ်ငါတန်ဖိုးထားတယ်ဆိုတဲ့ စိတ်ကို ထားပြီး အဲ့ဒီ အရပ်ဒေသကနေ ထွက်လာခိုင်းတာပါ။
ဘယ်အရာမဆို ကိုယ်ပေးနိုင်သလောက်ပေး၊ ကိုယ်လုပ်နိုင်သလောက်လုပ်၊ ကိုယ်အနစ်နာခံ ပေးထားရတယ်ဆိုတိုင်း လူတိုင်းက ကိုယ့်အပေါ် ပြန်သိတတ်မယ် မထင်နဲ့။ မမျှော်လင့်နဲ့။ လူတွေအပေါ် စိတ်ကောင်းစေတနာကောင်းထားတာ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့် Limit နဲ့ ကိုယ်ကောင်း။ ကိုယ်အဆင်ပြေမပြေကို အရင်ကြည့်၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးတွေကို အထိခိုက်ခံပြီး ကာကွယ်ပေးရလောက်တဲ့အထိ လောကမှာ အရေးကြီးတဲ့အရာ ဘာမှမရှိပါဘူး။
#ကိုယ့်ဘဝကိုယ့်စိတ်ကြိုက်

image
44 w - Translate

Tota-lly Kill-er (2023)

ဗာနွန် ဆိုတဲ့မြိုငယ်လေးက ၁၉၈၇ ခုနှစ် ဟောလိုဝင်းရာသီမှာ ၁၆ နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားက ငြိမ်နေပေမဲ့ နောက် ၃၅ နှစ်အကြာမှာ ဂျေမီ ရဲ့အမေကို သတ်သွားပြီး ဂျေမီ ရဲ့နောက်ကိုပါ လိုက်လာတဲ့အချိန်မှာ ထူးဆန်းတာတွေဖြစ်ပြီး ဂျေမီ တစ်ယောက် လူသတ်မှုတွေမတိုင်ခင် ၁၉၈၇ ခုနှစ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ပြန်တွေ့တဲ့ မိခင်ဖြစ်သူနဲ့အတူ လူသတ်မှုရဲ့နောက်ကွယ်က တရားခံကို ဘယ်လိုရှာဖွေမလဲ၊ လူသတ်မှုကို ဘယ်လိုတားဆီးမလဲ ဆိုတာ ဟာသလေးစွက်ပြီး တင်ဆက်ထားတဲ့ ကားကောင်းတစ်ကားမိုလို အားလုံးပဲ ပိတ်ရက်မှာ ကြည့်ရှုအပန်းဖြေလိုက်ကြပါဦး။

image
44 w - Translate

ဆန်စေ့တစ်စေ့ထက် သေးငယ်ပြီး ဘက်ထရီမလိုအပ်တဲ့ နှလုံးစက်

အမေရိကန်သိပ္ပံပညာရှင်တွေဟာ ဆန်စေ့ တစ်စေ့ထက် သေးငယ်ပြီး ဘက်ထရစ် မလိုတဲ့ ကြိုးမဲ့ နှလုံးစက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ကာလတိုအသုံးပြုဖို့ ရည်ရွယ် ဖန်တီးထားတဲ့ အဲဒီနှလုံးစက်ဟာ ခန္ဓာကိုယ်အရည်တွေနဲ့ လည်ပတ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်အတွင်းမှာ သဘာဝအတိုင်း ပျော်ဝင်သွားနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

ရင်ဘတ်မှာ တပ်ဆင်ထားနိုင်တဲ့ ကပ်ခွာရဲ့ အလင်းလှိုင်းအချက်ပြမှုကနေ နှလုံးစက်ကို ထိန်းချုပ်ထားနိုင်တာကြောင့် နှလုံးခွဲစိတ်မှုလုပ်ထားတဲ့ လူနာတွေအတွက် အလွန်သင့်တော်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။

တိရစ္ဆာန်တွေမှာ စမ်းသပ်မှုအောင်မြင်ခဲ့ပြီး သိပ်မကြာခင်ကာလအတွင်း လူတွေမှာ စမ်းသပ်မှုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီဖန်တီးမှုဟာ နှလုံးစောင့်ရှောက်မှုကဏ္ဍကို ပြောင်းလဲပစ်နိုင်မယ့် ဖန်တီးမှုတစ်ခုဖြစ်ပြီး အထူးသဖြင့် မွေးကင်းစ ကလေးငယ်တွေနဲ့ ခွဲစိတ်မှုလုပ်ထားသူတွေအတွက် အလွန်အသုံးဝင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

Ref: Scientists in the U.S. have created pacemaker that’s smaller than a grain of rice.

image

U did the Best ??? ခီဆာလေးရေ
Proud of you ✨?
#RoadtoMissWorld2025

44 w - Translate

Detachment
2011 ‧ Drama/Psychological Fiction ‧ 1h 38m

Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလိုလည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတိုသားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လိုခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလိုပြောတော့ "သန်မာတာနဲ့ မဆိုင်ဘူး... မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ... မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖိုလိုတယ်... " လို ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလိုခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို ကျွန်တာ်တို ယူဆလိုရတယ်။

နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို ကျွန်တော်တို ယူဆလိုရလို သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို ပြောလိုရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို ဘယ်လိုမှခေါ်မရလို ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လိုဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖိုလိုတယ်လိုပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို ကျွန်တော်တို ယူဆလိုက်လိုရပြန်တယ်။

ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလိုပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တိုလို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

🆕👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🔖✉️ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1401

image